Monday, October 22, 2012
Widgets
Disable Login After Sleep In Windows 7 & 8
သင့်ကွန်ပြူတာကို sleep လုပ်ထားပြီး ပြန်အသုံးပြုတဲ့အခါ ၀င်းဒိုး က password ပြန်တောင်းပါတယ်။ အဲဒီအခါ password ရိုက်ထည့်ပေးရတာအလုပ်ရှုပ်ပါတယ်။ Sleep လုပ်ထားပြီး ပြန်အသုံးပြုတဲ့အခါ password ပြန်ထည့်စရာမလို တဲ့နည်း ရှိပါတယ်။ အရင်ဆောင်းပါးတစ်ခုဖြစ်တဲ့ Make Windows 7 & Vista Logon Automatically မှာတော့ Windows Logon လုပ်တိုင်း password ရိုက်စရာမလိုဘဲ Auto Logon လုပ်ပေးနိုင်တဲ့နည်းကို လေ့လာနိုင်ပါတယ်။ဒါပေမယ့် ဒီနည်းက sleep mode ကနေ ပြန်အသုံးပြုတဲ့အခါမှာတော့ အသုံးမ၀င်ပါဘူး။အဲဒီအတွက်အခုဆောင်းပါးမှာတော့ sleep mode ကနေ သင့်ကွန်ပြူတာကို ပြန်အသုံးပြုတိုင်း logon dialog box ပြန်မပေါ်လာဘဲတိုက်ရိုက်သင့်ကွန်ပြူတာကို အသုံးပြုလို့ ရတဲ့နည်းကို ရေးပေးပါ့မယ်။
Taskbar မှာရှိတဲ့ battery notification icon ကိုနှိပ်ပြီး more power options ကိုနှိပ်ပါ။ပြီးရင်ပေါ်လာတဲ့ power option box ရဲ့ ဘယ်ဘက်ဘေးက require a password on wakeup ကိုနှိပ်ပါ။
1
နောက်ပေါ်လာတဲ့ box မှာ change settings that are currently unavailable ကိုနှိပ်ပါ။
2
နောက်ပေါ်လာတဲ့ box မှာတော့ Don’t require a password ကိုရွေးပေးပြီး save changes ကိုနှိပ်ပါ။
3
0 comments:
Post a Comment