Thursday, October 11, 2012

Widgets

Folders.io : Share Files & Folders Directly From Your Computer Without Uploading

သင့်ကွန်ပြူတာမှာရှိတဲ့ဖိုင်တွေ ဖိုဒါတွေကို သူငယ်ချင်းတွေ ကို share လုပ်ဖို့ cloud storage ကို upload လုပ်စရာမလို ဘဲ သင့်ကွန်ပြူတာကနေ ပဲ direct share လုပ်နိုင်ပါတယ်။အဲလို လုပ်နိုင်ဖို့  free web service တစ်ခုဖြစ်တဲ့ folders.io ကကူညီပါလိမ့်မယ်။ဒီ service ကိုသုံးခြင့်းဖြင့် သင်ဖိုင်တွေကို upload လုပ်ရတဲ့ အချိန်တွေအကုန်ခံစရာမလိုတော့ပါဘူး။Folders.io ဆိုက်ကိုသွားပြီး sign up လုပ်ပါ။Sign up မလုပ်ရင်တော့ သင့် ဖိုင်တွေကို ၁ ရက်ပဲသိမ်းပေးထားပြီး 500 mb ပဲ storage space ရမှာပါ။အကောင့်လုပ်ရင်တော့ ဖိုင်တွေကို အမြဲတမ်းသိမ်းနိုင်ပြီး 2 gb storage space ရမှာပါ။

သင့်အကောင့်ထဲဝင်ပြီးရင်တော့ drag and drop လုပ်ပြီး သင့် ဖိုင်တွေ ဖိုဒါတွေကို share လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် add file , add folder button ကိုနှိပ်ပြီး share လုပ်နိုင်ပါတယ်။Upload လုပ်စရာမလိုပါဘူး။

1

ပြီးရင် link တစ်ခုရပါလိမ့်မယ်။အဲဒီလင့် ကို သင့်သူငယ်ချင်းတွေကို ပေးပို့ ပြီး သင့်ဖိုင်၊ ဖိုဒါတွေကို direct share လုပ်နိုင်ပါတယ်။

2

တစ်ခုမှတ်ထားရမှာက သင် share လုပ်နေချိန်မှာ browser ကိုဖွင့်ထားရမှာဖြစ်ပါတယ်။ Chrome extension ကို install လုပ်ထားရင်တော့ browser ဖွင့်စရာမလိုဘဲ background မှာအလုပ်လုပ်ပေးပါလိမ့်မယ်။ဖိုင်တွေ၊ဖိုဒါတွေကို cloud storage ကို upload လုပ်သလို လည်း upload လုပ်နိုင်ပါသေးတယ်။

Checkout folders.io @ www.folders.io

Install chrome extension @ chrome web store

0 comments:

Post a Comment