Tuesday, October 9, 2012

Widgets

USB Disk Manager : Protect Your USB Disk & Computer From Viruses




USB disk တွေဟာကွန်ပြူတာတစ်လုံးနဲ့ တစ်လုံးကြားမှာ virus တွေသယ်ဆောင်ဖြန့် ဖြူးပေးနိုင်တဲ့အတွက် USB disk တွေအသုံးပြုမယ်ဆိုရင် ဒီဆော့ဝဲ လေးနဲ့ ကာကွယ်ထားသင့်ပါတယ်။USB disk manager ကသင့်စက်အတွင်းကို virus တွေမ၀င်နိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်။Features တွေကိုအောက်မှာဆက်ဖတ်ပါ။























Write Protect ကို Turn On လုပ်ပေးခြင်းဖြင့် သင့်စက်မှဖိုင်တွေကို usb disk ကို ကူးယူနိုင်ခြင်းမှကာကွယ်ပေးထားပါတယ်။ဒါ့အပြင် usb disk မှ virus တွေကိုလည်းသင့်စက်အတွင်းမ၀င်နိုင်အောင်ကာကွယ်ပေးထားပါတယ်။

Execute Deny လုပ်ထားခြင်းဖြင့် usb disk ကနေ သင့်စက် ထဲမှ program တွေကို run လို့ မရအောင်လုပ်ပေးနိုင်ပါတယ်။

Disable USB လုပ်ထားရင် တော့ သင့်စက်နဲ့ usb disk ကြားမှာ အဆက်အသွယ်မရှိအောင်လုပ်ပေးနိုင်ပါတယ်။

Setting ထဲမှလည်း windows auto run/ auto play function ကို disable လုပ်နိုင်ပါတယ်။

USB disk manager က freeware ပါ။Latest version ကို official site မှာ ဒေါင်းလုပ်လုပ်ပါ။
Download USB Disk Manager @  http://www.syedgakbar.com/products/usb/

0 comments:

Post a Comment