Tuesday, October 30, 2012

Widgets

FireShot : Capture + Edit Webpage Screenshot

1

Internet ကနေ သင်ကြိုက်နှစ်သက်ရာဆောင်းပါးတွေ ပုံတွေ စာတွေ ကို ကူး ယူ ပြီး  image ဖိုင်တွေအဖြစ်သိမ်းထားဖို့ အတွက် Screen capture software တွေဟာမရှိမဖြစ်အရေးပါပါတယ်။Screen capture အတွက် windows snipping tool ဟာ ၀င်းဒိုး မှာ built-in ပါရှိပါတယ်။တစ်ခြား screen capture software တွေလည်းအများအပြားရှိပါတယ်။ ဒါပေမယ့် သင့်  browser ကနေ အလွယ်တကူလျှင်လျှင်မြန်မြန် screen capture လုပ်ဖို့ အတွက် FireShot ကိုသုံးကြည့်ပါ။ Google chrome extension အတွက်ရော Mozilla firefox addon အတွက် ပါ အသုံးပြုနိုင်ပါတယ်။

FireShot ကို browser မှာ install လုပ်ပြီးတာနဲ့  FireShot icon ကိုသင့် browser မှာ မြင်တွေ့ နိုင်ပြီး အဲဒီကနေ သင်ကြိုက်နှစ်သက်ရာ ဆောင်းပါးတွေ၊စာတွေ၊ပုံတွေကို ဖမ်းယူနိုင်ပါတယ်။Screen တစ်ခုလုံးကိုဖမ်းယူနိုင်သလို အလိုရှိ   တဲ့အပိုင်းကိုပဲရွေးချယ်ပြီး ဖမ်းယူနိုင်ပါတယ်။ဖမ်းယူရရှိတဲ့ screenshot တွေကို png , pdf , jpeg ,gif, bpm စတဲ့ ဖိုင်ဖော်မက်တွေအဖြစ်သိမ်းနိုင်ပါတယ်။ဖမ်းယူပြီးတာနဲ့ edit လုပ်နိုင်သလို  upload လုပ်နိုင် email ပို့ နိုင်ပါတယ်။ဖမ်းယူလိုက်တဲ့ screenshot  တွေကိုသိမ်းဖို့ အတွက် နေရာကို fireshot option/preference  ရဲ့ editor option/setting ရဲ့ general menu အောက်က specify working folder မှာသတ်မှတ်ပြီး သိမ်းနိုင်ပါတယ်။

3

Checkout FireShot for  Mozilla Firefox  (or)  Google Chrome

0 comments:

Post a Comment