Monday, January 7, 2013

Widgets

Close All : Shut Down All Running Windows Applications With One Click

သင့်ကွန်ပြူတာကို အသုံးပြုပြီးလို့ ပိတ်တော့မယ်ဆိုရင် run နေတဲ့ applications တွေအားလုံးကို တစ်ခု ချင်းစီလိုက်ပိတ်ရတာ အလုပ်ရှုပ်ပါတယ်။အဲဒီအစား click တစ်ချက်နှိပ်ရုံနဲ့ ဒါမှမဟုတ် shortcut key တစ်ချက်နှိပ်ရုံနဲ့ run နေတဲ့ applications တွေအားလုံးကို ပိတ်ပေးနိုင်တဲ့ Close All ဆို တဲ့ application ကို သုံးကြည့်ပါ။Freeware ဖြစ်ပြီး Protable အမျိုးအစားဖြစ်တဲ့အတွက် install လုပ်စရာမလိုသလို သင်သွားလေရာတိုင်းယူဆောင်အသုံပြုနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီးအသုံးပြုရတာလွယ်ကူပါတယ်။Windows XP, Windows Vista, Windows 7 and Windows 8 စတဲ့ OS တွေမှာ အသုံးပြုနိုင်ပါတယ်။

Close All ကို ဒေါင်းလုပ်လုပ်ပြီးရင် zip ဖိုင်အနေနဲ့  ရရှိမှာပါ။Zip ဖိုင်ကို ဖြည်ပြီးရင် သင့်ကွန်ပြူတာရဲ့  OS version အလိုက် ရွေးချယ်အသုံးပြုပါ။CloseAll.exe ကို run လိုက်တာနဲ့ applications တွေအားလုံးကို ပိတ်ပေးပါလိမ့်မယ်။

2

Taskbar မှာ pin လုပ်ထားချင်ရင်တော့ CloseAll.exe ပေါ်မှာ right click နှိပ်ပြီး Pin to Taskbar ကို နှိပ်ပါ။

3

Close All အတွက် shortcut key ကို အသုံးပြုချင်ရင်တော့ desktop မှာ shortcut တစ်ခုပြုလုပ်ပါ။Shortcut’s properties ထဲက shortcut key မှာ သင်ကြိုက်နှစ်သက်ရာ key အသုံးပြုနိုင်ပါတယ်။

4

Download Close All @ www.ntwind.com/software/utilities/close-all.html

0 comments:

Post a Comment