Wednesday, January 9, 2013

Widgets

Ways To Access Startup Settings In Windows 8

1

Windows 8 မှာ Safe Mode ကို ၀င်ဖို့ အရင်  Windows တွေမှာ လို function key, F8 စတာတွေ နှိပ်ပြီးဝင်လို့ မရတော့ပါဘူး။BIOS configuration ထဲဝင်လို့ လည်းမရတော့ပါဘူး။Startup Settings ကို အသုံးပြုပြီးတော့ boot options menu ကို ၀င်ရောက်နိုင်မှာပါ။ဒီဆောင်းပါးမှာဒီနည်းတွေကို ရေးပါမယ်။

Through PC Setting

ပထမနည်းကတော့ pc setting ကနေ ၀င်မှာပါ။Win+I ကို နှိပ်ပြီး Change PC Setting ကိုနှိပ်ပါ။

2

General ကို နှိပ်ပြီး Advanced Startup အောက်က restart now ကိုနှိပ်ပါ။

3

နောက်အဆင့်မှာတော့ Troubleshoot ကို နှိပ်ပါ။

4

နောက်အဆင့်မှာ Advanced options ကိုနှိပ်ပါ။

5

Startup Settings ကို နှိပ်ပါ။

6

နောက်အဆင့်မှာ windows restart လုပ်ရင် ရွေးချယ်နိုင်မယ့် options ကို မြင်တွေ့ နိုင်ပြီး restart ကို နှိပ်ပါ။

7

ဒါဆိုရင် restart ကျပြီး Startup Setting Menu ကို ရောက်ရှိပါပြီ။အဲဒီကနေ safe mode ကိုဝင်ရောက်နိုင်ပြီး တစ်ခြား options တွေကို လည်းဝင်ရောက်နိုင်ပါတယ်။

8

Through The Power Option

နောက်တစ်နည်းကတော့ pc setting ထဲ ၀င်စရာမလိုတဲ့ အတွက်ပိုမြန်ပါတယ်။Win+ I ကိုနှိပ်ပြီး power button ကိုနှိပ်ပါ။Shift key ကိုဖိထားပြီး restart ကို နှိပ်ပါ။Troubleshoot screen ပေါ်လာရင် အပေါ်ကအဆင့်တွေ အတိုင်းဆက်လုပ်ပါ။

9

0 comments:

Post a Comment