Saturday, January 26, 2013

Widgets

How To Use Windows Installer Disc To Backup Your Files When Your Computer Won’t Boot

1

သင့်ကွန်ပြူတာက ဖိုင်တွေကို Backup  လုပ်မထားမိဘူး ၊ ကွန်ပြူတာကလည်း boot မတက်နိုင်တော့ဘူး၊ဒါဆိုရင် သင့်ဖိုင်တွေ ဆုံးရှုံးသွားပြီလား? စိတ်မပူပါနဲ့ ။အဲဒီအတွက် အဖြေရှိပါတယ်။သင့်မှာ လို အပ်တာက Windows 7 (or) Windows 8 Installation Disc ပါ။အဲဒီ disc ကနေ boot မတက်တော့တဲ့ Windows XP, Windows Vista , Windows 7 and Windows 8 ကွန်ပြူတာကဖိုင်တွေကို ပြန်ပြီး ရယူနိုင်ပါတယ်။သင့်မှာ Windows installation disc မရှိရင်လည်း USB Drive ကနေ Boot တက် နိုင်ပါတယ်။

Using Windows 7 Installer Disc

Windows 7 Installer Disc ကို ကွန်ပြူတာထဲထည့်ပြီးရင် Installer Disc ကနေ boot တက်ပါ။Installation Wizard ပထမဆုံးမှာ Next နှိပ်ပါ။

1

နောက်အဆင့်မှာ “Repair Your Computer” ကိုနှိပ်ပါ။

2

Restore your computer using a system image that you created earlier. ဆိုတဲ့ option ကိုရွေးပြီး Next နှိပ်ပါ။

3

System image ရှာမတွေ့ ပါဘူး ဆိုတဲ့ error ကျလာရင် Cancel နှိပ်ပါ။နောက် Windows တစ်ခုမှာလည်း Cancel နှိပ်ပါ။

4

“System Recovery Options” ကိုရောက်သွားပြီး Command Prompt ကို နှိပ်ပါ။

5

Command Prompt မှာ notepad လို့ ရိုက်ပြီး enter နှိပ်ပါ။

6

Notepad ပွင့်လာပြီးရင် File menu ကနေ Open ကို နှိပ်ပါ။ “Files of type” မှာ “All files” ကို ပြောင်းပေးပါ။

7

အခုဆိုရင် Notepad ကို Windows explorer လို အသုံးပြုနိုင်ပြီး External Drive တစ်ခုကို ချိတ်ဆက်ပြီးသင့်ဖိုင်တွေကို ကော်ပီကူးနိုင်ပါပြီ။

8

File တွေကို double click နှိပ်မိလို့  notepad freeze ဖြစ်သွားရင် command prompt ကနေ taskmgr လို့ ရိုက်ပြီး task manager ကနေ notepad ကို ရွေးပြီး End Task လုပ်ပေးပါ။ပြီးတော့မှ notepad ကို ပြန်ဖွင့်ပြီးသင့်ဖိုင်တွေကို ရှာဖွေသိမ်းယူနိုင်ပါတယ်။

9

Using Windows 8 Installer Disc

Windows 8 installer disc ကို သုံးမယ်ဆိုရင်တော့ installation wizard မှာ “Repair your computer” ကိုနှိပ်ပါ။

1

ပြီးရင်  Troubleshoot > Advanced Options > Command Prompt ကို နှိပ်ပါ။ ကျန်တဲ့ အဆင့်တွေကို အပေါ်ကအဆင့်တွေအတိုင်းလုပ်ပေးပြီး သင့်ဖိုင်တွေကို ပြန်ရှာဖွေရယူနိုင်ပါပြီ။

2

0 comments:

Post a Comment