Tuesday, January 29, 2013

Widgets

Take Gmail Offline With Gmail Offline [Chrome Extension]

1

သင့် gmail က မေးတွေကို offline ဖတ်နိုင်အောင်ပြုလုပ်ပေးနိုင်တဲ့ chrome extension ပါ။ဒါ့အပြင် မေးတွေပါပေးပို့ နိုင်ဖို့ ရေးသားထားနိုင်ပြီး ကွန်နက်ရှင် ရတာနဲ့ အလို လို ပေးပို့ ပေးနိုင်ပါတယ်။ဒီ extension ရဲ့ အလုပ်လုပ်ပုံက ကွန်နက်ရှင်ရနေတဲ့ အချိန်မှာ background မှာ run နေပြီး မေးတွေကို synchronizes  လုပ်ထားတာဖြစ်လို့  offline ဖြစ်နေတဲ့ အချိန်မှာ သင့်မေးတွေကို ဖတ်ရှနိုင်တာပါ။Firefox user တွေအတွက်တော့ ဒီလို မျိုး add-on မရှိသေးပါဘူး။Gmail အကောင့် တစ်ခုထက်ပို ရှိတဲ့ သူတွေ အတွက် လည်း အကောင့်တစ်ခု ထက်ပို အသုံးပြုနိုင်ပါတယ်။

Getting Started

Gmail Offline ကို အင်စတောလုပ်ပြီတာနဲ့ new tab page တစ်ခု ပေါ်လာပြီး Gmail Offline ကို နှိပ်ပါ။

Ashampoo_Snap_2013.01.29_19h01m32s_002_

Gmail Offline Application ပေါ်လာပြီး သင့် မေးတွေကို ဒေါင်းလုပ်စလုပ်ပါပြီ။ဒေါင်းလုပ်လုပ်နေတဲ့ မေးတွေရဲ့  အချိန်ကာလ နဲ့  ဒေါင်းလုပ်အခြေအနေ ကို လည်း တွေ့ မြင်နိုင်ပါတယ်။

3

Default အားဖြင့် တစ်ပတ်အကြာက မေးတွေကို ပဲ ဒေါင်းလုပ်လုပ်မှာဖြစ်ပြီး အချိန် အပိုင်းအခြားသတ်မှတ်ဖို့  gear icon ကို နှိပ်ပါ။အလွန်ဆုံး တစ်လအကြာကမေးတွေကို ဒေါင်းလုပ်လုပ်နိုင်ပြီး သင် offline ဖတ်ရှုနိုင်ပါတယ်။

4

သင့်မှာ gmail အကောင့်တစ်ခုထက်ပို ရှိရင်လည်းအဲဒီအကောင့်တွေကမေး တွေကို offline ဖတ်ရှုနိုင် ပါသေးတယ်။ 

5

Offline ဖြစ်နေတဲ့ အချိန်မှာ Compose ကို နှိပ်ပြီး မေးတွေကို ရေးသားထားပြီး send ကို နှိပ်ပြီး ပေးပို့ ဖို့  ဆင်ထားနိုင်ပါတယ်။Online ဖြစ်တာနဲ့ အလိုလို ပေးပို့ ပေးပါလိမ့်မယ်။ 6

Background Sync

Gmail Offline Application က chrome browser ကို ပိတ်ထားရင်တောင်မှ background မှာ run နေပြီး အသစ်ဝင်လာတဲ့ မေးတွေကို synchronize လုပ်နေမှာပါ။System tray ကိုနှိပ်ကြည့်ရင် Gmail Offline Application ကို တွေ့ မြင်နိုင်ပါတယ်။

6

တကယ်လို့  system tray မှာ gmail offline ကို မတွေ့ ရရင် chrome setting ထဲက advanced setting ထဲမှာ Background apps က check box ကို အမှန်ခြစ်ပေးပါ။

Ashampoo_Snap_2013.01.29_19h55m21s_003_

Checkout Gmail Offline @ https://chrome.google.com/webstore/detail/gmail-offline/ejidjjhkpiempkbhmpbfngldlkglhimk/related

သင့်အီးမေးတွေအားလုံးကို offline ဖတ်ရှုချင်ရင်တော့ email client တွေဖြစ်တဲ့ Mozilla Thunderbird , Postbox စတဲ့ desktop applications တွေကို သုံးပါ။

0 comments:

Post a Comment