Saturday, January 12, 2013

Widgets

How To Take A Screenshot In Windows 8 With No Extra Software

Windows 8 မှာတစ်ခြားဆော့ဝဲတွေ မသုံးဘဲနဲ့  အလွယ်တကူ screenshot ရိုက်နိုင်မယ့်နည်းလေးပါ။Windows 8 ကို ဒေါင်းလုပ်လုပ်နိုင်ဖို့ တင်ပေးထားပါတယ်။Windows 8 and 7 ကို dual-boot လုပ်နည်း၊dual-boot ကနေ windows 8 ကို remove လုပ်နည်းတွေလည်းရေးပေးထားပြီးပါပြီ။Windows 8 start screen ကို customize လုပ်နည်း၊start menu အသုံးပြုနည်း၊refresh and reset လုပ်နည်း၊automatically logon လုပ်နည်း၊full screen metro apps တွေကို shut down and minimize လုပ်နည်းတွေကို လည်းရေးပေးထားပါတယ်။

Windows 8 မှာ လျှင်လျှင်မြန်မြန် အလွယ်တကူ screenshot လုပ်နိုင်ဖို့  Win + PrtScn(Print Screen) ကို နှိပ်လိုက်တာနဲ့  desktop တစ်ခုလုံးကို screenshot ရိုက်ပေးပါလိမ့်မယ်။

1

ရိုက်ထားတဲ့ screenshot ကို ကြည့်ဖို့ အတွက် Win + E  ကို နှိပ်ပြီး windows explorer ကို ဖွင့်ပါ။Pictures library ထဲကို ၀င်ကြည့်ရင် အသစ် ပြုလုပ်ထားတဲ့ Screenshots ဖိုဒါကို တွေ့ မြင်နိုင်ပြီးဖိုဒါထဲဝင်ပြီး သင့် ရဲ့ screenshot ကို အသုံးပြုနိုင်ပါပြီ။

2

ဒါပေမယ့် ဒီနည်းက desktop တစ်ခုလုံးကို screenshot ရိုက်မှာပါ။Windows ,menu,video,webpages တွေကို screenshot ရိုက်ပြီး edit ပါလုပ်နိုင်ဖို့ tools တွေ စုံလင်စွာပါရှိတဲ့ Ashampoo Snap 6 ကို တင်ပေးထားပြီး Windows 8 နဲ့ လည်း compatible ဖြစ်ပါတယ်။

0 comments:

Post a Comment