Wednesday, January 16, 2013

Widgets

How To Use Windows 8 's Built-In Anti-Virus

4

Windows 8 မှာ Microsoft Security Essential ကို အင်စတောလုပ်လို့ မရပါဘူး။ဘာလို့ လဲဆိုရင် MSE က Windows 8 မှာ Windows Defender အနေနဲ့  Built-In ပါပြီးသားမို့ ပါ။Windows 8 မှာ တစ်ခြား Antivirus တွေကို အသုံးပြုချင်ရင်လည်း သုံးနိုင်ပါတယ်။ဒါမှမဟုတ် အသင့်ပါပြီးသား Windows Defender ကို သုံးချင်တဲ့သူတွေ အတွက် နည်းလမ်းမျှဝေပါတယ်။

Windows explorer ကနေ C:\Program Files\Windows Defender ကို သွားပြီး MSASCui.exe  ကို run ပါ။ Windows Defender ကို turn on မလုပ်ရသေးလို့  message ပေါ်လာရင် control panel>system and security>action center အောက်မှာ turn on လုပ်ပေးပါ။ဒါဆိုရင် Microsoft Security Essential ပါရှိပြီးသား Winodws Defender ကို အသုံးပြုလို့ ရပါပြီ။Desktop မှာ shortcut ပြုလုပ်ဖို့  အတွက် MSASCui.exe ပေါ်မှာ right click နှိပ်ပြီး Send to ကနေ Desktop( Creat Shortcut) ကို နှိပ်ပါ။

Ashampoo_Snap_2013.01.16_12h41m02s_001_

Add Windows Defender Scan To Context Menu

Antivirus တော်တော်များများမှာ ဖိုင်တွေ ဖို ဒါတွေကို right click context menu ကနေ အလွယ်တကူ scan လုပ်နိုင်ဖို့  ပြုလုပ်ပေးထားပါတယ်။Windows Defender ကို လည်း ဖိုင်တွေ ဖိုဒါတွေကို context menu ကနေအလွယ်တကူ scan လုပ်နိုင်ဖို့ ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် batch ဖိုင်ကို Download လုပ်ပါ။ပြီးရင် Win+R ကို နှိပ်ပြီး shell:sendto  လို့ ရိုက်ပြီး enter နှိပ်ပါ။ဒေါင်းလုပ်လုပ်ထားတဲ့ zip ဖိုင်ကို ဖြည်ပြီး scan.bat ဖိုင်ကို ကော်ပီကူးထည့်ပါ။

1

ဒါဆိုရင်တော့ သင် scan လုပ်ချင်တဲ့ ဖိုင်တွေ ဖိုဒါတွေကို right click နှိပ်ပြီး send to ကနေ scan လုပ်နိုင်ပါပြီ။

2

Command lind scanner နဲ့  scan လုပ်ပေးမှာဖြစ်ပေမယ့် သင် scan လုပ်ချင်တဲ့ ဖိုင်တွေ ဖိုဒါတွေကို အလွယ်တကူ scan လုပ်နိုင်ပါတယ်။

3

0 comments:

Post a Comment