Sunday, January 13, 2013

Widgets

Keep Your Desktop Wallpapers Always Fresh With John’s Background Switcher

1

သင့်ကွန်ပြူတာ desktop background တွေကို ကြည့်ရတာရိုးအီ နေရင်တော့ fresh ဖြစ်တဲ့ background တွေကို အမြဲ update လုပ်ပေးနိုင်တဲ့ John’s Background Switcher ဆိုတဲ့ freeware ကို သုံးကြည့် ပါ။Facebook,instagram,flickr,google image search,rss photo feed,picasa web album စတာတွေကနေ ပုံတွေကို အမြဲ update လုပ်ပေးနိုင်ပါတယ်။ဒါ့အပြင် သင့် ကွန်ပြူတာက ပုံတွေကို လည်း background အဖြစ်ပြုလုပ်နိုင်ပါတယ်။သင်ကြိုက်နှစ်သက်တဲ့ပုံတွေကို သိမ်းထားနိုင်သလို အီးမေး ပို့ နိုင်ပါတယ်။

Set Facebook Photos As Background

Application ကို ဖွင့်ပြီးရင် Add ကို နှိပ်ပါ။Facebook က သူငယ်ချင်းတွေရဲ့ ပုံတွေကို desktop background အနေနဲ့  update ကြည့်နိုင်ဖို့ အတွက် Facebook photos ကို နှိပ်ပါ။Username and password ပေးပြီး authenticate လုပ်ခိုင်းရင်လုပ်ပေးပါ။Switching options မှာ လည်း အချိန်အပိုင်းအခြား ၊ mode တွေကို လည်းပြောင်းနိုင်ပါတယ်။

Ashampoo_Snap_2013.01.13_12h27m45s_001_

သင့်ပုံတွေကို ပဲ background ပြုလုပ်နိုင်သလို သူငယ်ချင်းအားလုံး သူငယ်ချင်းတစ်ယောက် ထဲ ရဲ့ ပုံတွေ ကို လည်း background အဖြစ်ပြုလုပ်နိုင်ပါတယ်။OK ကို နှိပ်ပြီးရင် background switcher က system tray မှာ run နေပြီး သင့် facebook က သူငယ်ချင်းပုံတွေကို desktop background အဖြစ်ပြုလုပ်ပေးနေမှာပါ။အလားတူပဲ flickr,instagram,picasa web album,Rss photo feed ,google image search စတာတွေကနေလည်း desktop background အဖြစ်ပြုလုပ်နိုင်ပါတယ်။သင့် desktop ကို ကြည့်ပြီး တစ်နေ့ လုံး ရီမောချင်ရင်တော့ google image search ကနေ funny photos တွေကို desktop background အဖြစ်ပြုလုပ်ပါ။

Ashampoo_Snap_2013.01.13_12h32m10s_002_

Save And Send Background Image

Background ပုံတွေ ကို သိမ်းထားချင်ရင် system tray မှာ run နေတဲ့ background switcher ကို right click နှိပ်ပြီး Save Picture As ကိုနှိပ်ပြီးသင့်စက်မှာသိမ်းနိုင်သလို Send To ကို နှိပ်ပြီး အီးမေး ပေးပို့ နိုင်သလို Twitter ကို လည်း upload လုပ်နိုင်ပါတယ်။

Ashampoo_Snap_2013.01.13_15h52m50s_006_

Downlaod John’s Background Switcher @ http://johnsadventures.com/software/backgroundswitcher/

0 comments:

Post a Comment