Showing posts with label Android. Show all posts
Showing posts with label Android. Show all posts
Tuesday, October 29, 2013
Android Phone ကို Remote Control အဖြစ်အသုံးချနည်းများ။
clip_image002
YouTube
သင့် ကွန်ပြူတာကနေပဲဖြစ်ဖြစ်၊ Smart TV ကနေပဲဖြစ်ဖြစ် YouTube ကြည့်တဲ့ အခါမှာ Android Phone ကနေ ထိန်းချုပ်နိုင်အောင် Google ကပြုလုပ်ပေးထားပါတယ်။ Google ရဲ  YouTube Remote app ကိုသုံးနိုင်ပါတယ်။အဲဒီ App သုံးစရာမလိုဘဲလည်း YouTube app ကနေလည်း ထိန်းချုပ်လို့ ရပါတယ်။
ဒီလိုလုပ်ဖို့  youtube.com/leanback ကို ကွန်ပြူတာ ရဲ့ Browser ကနေ ဖွင့်ပါ။ Gear Icon  ကိုနှိပ်ပြီး   Pair Device ကိုနှိပ်ပြီး Code ရယူပါ။
clip_image003
Android Phone က YouTube app ကိုဖွင့်ပြီး Menu Button ကိုနှိပ်ပါ။ Settings ကိုနှိပ်ပြီး Connected TVs ကိုဖွင့်ပါ။ Add a TV ကိုနှိပ်ပါ။ ရယူထားတဲ့ Code ကိုထည့်ပါ။ ဒါဆိုရင် သင့် Android Phone ကနေ ကွန်ပြူတာ၊ Smart TV က YouTube Video တွေကို ရွေးချယ်ကြည့်နိုင်ပါပြီ။ Playback တွေကို Pause , Resume စတာတွေလုပ်နိုင်ပါတယ်။
Android Tablet က YouTube Video တွေကို Android Phone ကနေ Control လုပ်ချင်ရင် CheapCast app ကိုသုံးနိုင်ပါတယ်။
clip_image004
uTorrent Remote
Torrent ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပေးတဲ့ Torrent Downloader or Torrent Client App ဖြစ်တဲ့ uTorrent ကို Android ဖုန်းကနေထိန်းချုပ်ဖို့  uTorrent Remote ဆိုတဲ့ Android App ကိုသုံးနိုင်ပါတယ်။ uTorrent Remote ကနေ သင့်ကွန်ပြူတာက uTorrent ကို ဒေါင်းလုပ် လုပ်ခိုင်းလို့ ရပါတယ်။
သင့် ကွန်ပြူတာမှာ ဒေါင်းလုပ် လုပ်ပြီးတဲ့ဖိုင်ကိုလည်း uTorrent Remote ကနေ ပြန်ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
clip_image005
Media Player တွေကို Control လုပ်ပါ။
နာမည်ကြီး Free Media Player တွေဖြစ်တဲ့ GOM, VLC တို့ က သူတို့ ရဲ့ Player တွေကို Android Phone ကနေ ထိန်းချုပ်ဖို့ အတွက် App တွေပြုလုပ်ပေးထားပါတယ်။ GOM Remote App အကြောင်းကို ရေးပေးထားပြီး အဲဒီ လင့်ကနေလေ့လာပါ။ VLC Media Player Remote ဆိုတဲ့ Android App က VLC ရဲ့ Playback တွေကို Play,Pause, Volume Control စတာတွေကို ပြုလုပ်နိုင်ပါတယ်။
သင့်ကွန်ပြူတာက VLC မှာ  VLC's HTTP Interface ကို Enable လုပ်ထားဖို့ လိုပါတယ်။
clip_image006
Unified Remote
သင့် ကွန်ပြူတာမှာလည်း Unified Remote Server App ကို အင်စတောလုပ်ထားဖို့ လိုပါတယ်။ သင့်ကွန်ပြူတာ နဲ့ ဖုန်း နှစ်မျိုးစလုံးက Local Network တစ်ခုထဲမှာရှိရမှာဖြစ်ပြီး အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။
Windows 8 PC တွေကို ထိန်းချုပ်ဖို့ အတွက်သီးသန့် ပြုလုပ်ထားတဲ့ Windows 8 Controller ဆိုတဲ့ Android App အကြောင်းကိုလည်း အသေးစိတ်ရေးပေးထားပြီးလေ့လာနိုင်ပါတယ်။
clip_image007
TeamViewer Remote Desktop
Unified Remote, Windows 8 Conroller တို့ က သင့်ကွန်ပြူတာ ရဲ့  အနီးအနားကနေပဲထိန်းချုပ်ပေးနိုင်တာပါ။ သင့်ကွန်ပြူတာကို အဝေးတစ်နေရာကနေထိန်းချုပ်ဖို့ အတွက်တော့ နာမည်ကြီး TeamViewer ကိုသုံးနိုင်ပါတယ်။
TeamViewer for Windows ကို အင်စတောလုပ်ပြီးရင် ကုတ် တစ်ခု ရပါမယ်။အဲဒီကုတ် ကို Android ဖုန်း က TeamViewer App မှာထည့်ပေးရမှာပါ။ ဒါဆိုရင် သင့်ကွန်ပြူတာကို ဖုန်းကနေ Control လုပ်လို့ ရပါပြီ။
clip_image008
Sunday, October 13, 2013
Reddit Website မှ Tech Hacks နည်းများ။
clip_image001
Reddit က နာမည်ကြီးဝက်ဆိုက်တစ်ခုဖြစ်ပြီးကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ သိပ်အသုံးမပြုကြသေးတာတွေ့ ရပါတယ်။ Reddit မှာစိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတွေ ရှိပြီး Life Hacks နည်းတွေ၊ Tech Hacks နည်းတွေလည်းရှိပါတယ်။ဒီဆောင်းပါးမှာ Reddit မှာတွေ့ ရှိရတဲ့ Tech Hacks နည်းများထဲကကောင်းတဲ့နည်းတွေကို မျှဝေပါတယ်။
Gmail အကောင့်တစ်ခု ထဲနဲ့  Online Accounts တွေများစွာဖွင့်ပါ။
Website or Web Service တစ်ခု မှာ အကောင့်နှစ်ခု ဒါမှမဟုတ် အကောင့်များစွာဖွင့်ဖို့  Gmail အကောင့်တစ်ခုထဲကိုအသုံးပြုလို့ ရတယ်ဆိုတာသင်သိပါသလား? သင့် Gmail အကောင့်မှာ Plus Sign ထည့်ပြီး Gmail အကောင့်ကို ပွားပြီးသုံးလို့ ရပါတယ်။ ဥပမာ သင့် Gmail အကောင့်က thuya@gmail.com ဆိုပါစို့ ။ thuya+one@gmail.com  လို့ ပြောင်းလဲ ပေးလိုက်ပြီးအကောင့် နောက်တစ်ခု ဖွင့် လို့ ရပါတယ်။ thuya+one@gmail.com လို့ ပြောင်းလိုက်တဲ့အတွက် Website or Web Service က အသုံးမပြုရသေးတဲ့ အကောင့်တစ်ခု လို့ အထင်မှားစေပါတယ်။ thuya+one@gmail.com လို့ လိပ်စာပြောင်းလိုက်ပေမယ့်လည်း  Website or Web Service ကပို့ တဲ့ အီးမေး က  thuya@gmail.com ဆီကိုပဲရောက်မှာဖြစ်ပါတယ်။
Number Keys , J , K, L ကိုသုံးပြီး YouTube ကြည့်ပါ။
သင့် Keyboard က Number Keys တွေဖြစ်တဲ့ 1 to 9 ကိုသုံးပြီး YouTube Video တွေကို 10% to 90%  ကျော်ကြည့်လို့ ရတယ်ဆိုတာသင်သိပါသလား? ဒါ့အပြင် J ,  L  key ကိုသုံးပြီး Video ကို ၁၀ စက္ကန့် စာ Rewind , Fast Forward ကြည့်လို့ ရပါတယ်။ K  key ကိုနှိပ်ပြီး Play/Pause လုပ်နိုင်ပါတယ်။
သင့် Smartphone ကို ပေတံလို အသုံးပြုပါ။
clip_image002
ပိတ်ထားတဲ့ဝက်ဆိုက်တွေကို ကြည့်ဖို့  Google Translate ကိုသုံးပါ။
ဒီနည်းကတော့ သိတဲ့သူတွေ သိကြသလို မသိတဲ့သူတွေ လည်း ရှိပါတယ်။ဝက်ဆိုက်တစ်ခု ကို ပိတ်ထားလို့ ကြည့်မရဘူးဆိုရင် www.translate.google.com ကိုသွားပြီး ကြည့်မရတဲ့ ၀က်ဆိုက်လိပ်စာကိုထည့်ပေးပါ။ဒါဆိုရင် အဲဒီဆိုက်ကို သင်ကြည့်နိုင်ပါပြီ။
သင့် ပိုက်ဆံအိတ်ကို Smartphone Stand အနေနဲ့ အသုံးပြုပါ။
Video Chat ဖို့ ပဲဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်ဖို့ ပဲဖြစ်ဖြစ် ၊ Movie ကြည့်ဖို့ ပဲဖြစ်ဖြစ် Smartphone Stand တစ်ခုလို နေလား? သင့် ပိုက်ဆံအိတ်ကို Smartphone Stand အနေနဲ့ အသုံးပြုနိုင်ပါတယ်။
clip_image003
Laser Pointer ကို Smartphone Camera အတွက် Macro Lens အဖြစ်အသုံးပြုပါ။
clip_image004
Presentations တွေအတွက် သီးခြား User Account တစ်ခုအသုံးပြုပါ။
သင့် Laptop ကိုအသုံးပြုပြီး Presentation တွေပြုလုပ်နေကျဆိုရင် User Account ကိုသီးခြားအသုံးပြုသင့်ပါတယ်။မဟုတ်ရင် Presentation ပြုလုပ်နေတဲ့အချိန်မှာ Email, Messenger တွေက Notifications တွေတက်လာပြီးအနှောင့်အယှက်ဖြစ်စေပါတယ်။Windows,Mac,Linux အားလုံးမှာ သီးခြား User Account တွေပြုလုပ်အသုံးပြုနိုင်ပါတယ်။
Printer ကိုစမ်းသပ်ဖို့  Google ကိုအသုံးပြုပါ။
clip_image005
စာဖတ်သူရဲ့ Favourite Hacks တွေကိုလည်းဝေမျှခဲ့ပါအုံး။
Reddit မှာ Tech Hacks နည်းတွေ များစွာရှိပြီး အခုဖော်ပြထားတာတွေက အနည်းငယ်သာဖြစ်ပါတယ်။စာဖတ်သူမှာလည်း အင်တာနက်ကနေ လေ့လာထားတဲ့ Tech Hacks,Life Hacks နည်းတွေရှိရင် လည်း မျှဝေခဲ့ပါအုံး။
Saturday, October 12, 2013
Firefox For Android အတွက် အသုံးဝင် Addons များ။
Ashampoo_Snap_01
Firefox Browser က Desktop ရော Android Version မှာပါ Addons တွေကိုအသုံးပြုလို့ ရတဲ့ Browser တစ်ခုဖြစ်ပါတယ်။ Android အတွက် Addons တွေကတော့ Desktop လောက်မများသေးပေမယ့် အသုံးဝင်တဲ့ Addons တွေ ရှိပါတယ်။
Full Screen Mobile
Mobile Devices တွေမှာ Screen ကသေးငယ်တဲ့အတွက် ကြည့်ရတာအဆင်မပြေလှပါဘူး။ Full Screen Mobile Addon က Firefox Menu မှာ Full Screen ကြည့်ဖို့  Option ကို ဖြည့်ပေးမှာဖြစ်ပြီး Website တွေကို Full Screen ကြည့်နိုင်ပါတယ်။Full Screen ကြည့်ရင် Android Noti Bar နဲ့  Firefox’s Interface ကို Hide လုပ်ပေးထားမှာဖြစ်တဲ့အတွက် ၀က်ဆိုက်တွေကို ကောင်းမွန်စွာကြည့်နိုင်ပါတယ်။Full Screen Mode ကနေ Exit လုပ်ဖို့ အတွက် Menu Button ကနေ ပြုလုပ်နိုင်သလို Screen ကို Long-Press ဖိထားလို့ ရပါတယ်။
clip_image001
Phony
Phony က User Agents ကိုပြောင်းပေးနိုင်တဲ့ Addon ဖြစ်ပါတယ်။ သင့် Android Phone မှာ ၀က်ဆိုက်တွေကို ကြည့်ရင် Android Version အနေနဲ့ ပဲကြည့်နိုင်မှာပါ။ Desktop , iPhone,iPad Versions တွေ နဲ့  ကြည့်ချင်ရင် Phony ကိုသုံးပါ။ Phony ကိုသုံးရင် သင့် Android Phone ကနေ ၀က်ဆိုက်တွေကြည့်နေပေမယ့် iPhone,iPad,Desktop ကနေကြည့်သလို မြင်တွေ့ ရမှာပါ။နောက်အသုံးဝင်တဲ့ အချက်တစ်ခုကတော့ တစ်ချို့ ဝက်ဆိုက်တွေက iPhone,iPad စတဲ့ Device တွေကနေကြည့်မှကြည့်လို့ ရတာဖြစ်ပါတယ်။ Phony ကိုသုံးရင် သင့် Android Device မှာ အဲဒီကြည့်မရတဲ့ဆိုက်တွေကို ကြည့်နိုင်မှာပါ။
Phony ကို အင်စတောလုပ်ပြီးရင် Firefox Menu ကနေ Phony ကိုနှိပ်ပါ။Desktop Firefox,Android(Phone),Android(Tablet),iPhone,iPad စတဲ့  User Agents တွေကိုတွေ့ မြင်နိုင်ပြီး အသုံးပြုနိုင်ပါတယ်။
clip_image002
URL Fixer
Android Device တွေ ဟာ Screen သေးငယ်တဲ့အတွက် စာရိုက်ရတာ အဆင်မပြေလှပါဘူး။ စာမှားပြီးရိုက်မိတဲ့ အဖြစ်အပျက်တွေ ခနခန တွေ့ ကြုံရမှာပါ။ URL Fixer က မှားရိုက်မိတဲ့ Web Address တွေကို အလို လို ပြုပြင်ပေးနိုင်ပါတယ်။
clip_image003
YouTube Embed2Link
Firefox Browser ကနေ YouTube Video တွေကြည့်ရတာ YouTube App ကနေကြည့်ရသလောက်အဆင်မပြေလှပါဘူး။YouTube Embed2Link က Browser က YouTube Video တွေကို YouTube App ကနေကြည့်လို့ ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။
clip_image004
RememberPass
Firefox မှာ Passwords တွေကို မှတ်သားပေးနိုင်ပြီး Websites တွေ Login ၀င်တဲ့အခါအလိုလို ဖြည့်ပေးနိုင်ပါတယ်။ဒါပေမယ့် တစ်ချို့ ဝက်ဆိုက်တွေက အဲဒီ Option ကို Block လုပ်တတ်ကြပါတယ်။RememberPass ကအဲဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ဝက်ဆိုက်တွေမှာ Login  ၀င်တဲ့အခါမှာ Firefox က Password ကိုမှတ်သားပေးဖို့  Message ကျမလာတဲ့အခြေအနေကြုံတွေ့ နေရရင်တော့ RememberPass ကိုသုံးပါ။
clip_image005
Stylish
နာမည်ကြီး Addon တစ်ခုဖြစ်ပြီး Facebook အပါအ၀င် ၀က်ဆိုက်တွေကို သင်နှစ်သက်ရာ ဒီဇိုင်းနဲ့ ကြည့်လို့  ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။Stylish က Desktop Browsers တွေမှာလည်းသုံးနိုင်ပြီး အသုံးပြုနည်း ကိုရေးပေးဖူးပါတယ်။ Android မှာလည်း Stylish ကို သုံးလို့ ရလာပြီဖြစ်ပါတယ်။
clip_image006
Adblock Plus
နာမည်ကြီး Addon တစ်ခုဖြစ်ပြီး Desktop Browsers တွေမှာလည်းသုံးလို့ ရပါတယ်။ Desktop Browsers တွေမှာအသုံးပြုနည်းကိုရေးပေးထားပြီး ဒီဆောင်းပါး မှာလေ့လာပါ။အခုတစ်ခါ Firefox Android  မှာသုံးလို့ ရလာပါပြီ။ Adblock Plus က ၀က်ဆိုက်တွေ က ကြော်ညာတွေကို Block လုပ်ပေးနိုင်တဲ့အတွက် ၀က်ဆိုက်တွေ ကြည့်ရတာအဆင်ပြေသလို ၊ ကြော်ညာတွေကို ပိတ်ထားခြင်းအားဖြင့် ကွန်နက်ရှင်ကို ကောင်းစေမှာပါ။Adblock Plus က ကြော်ညာတွေကို အလိုလို Block လုပ်ပေးမှာပါ။ တစ်ခြား အနှောင့်အယှက်ဖြစ်စေတဲ့ ပုံတွေ ၊ Elements တွေကိုလည်း Manual Block လုပ်နိုင်ပါတယ်။
clip_image001
Android အတွက် Firefox Addons တွေကို Firefox Browser က Menu > Add-ons ကနေ ဒေါင်းလုပ်လုပ်နိုင်သလို ၀က်ဆိုက်ကနေ တစ်ဆင့်လည်း ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Visit Firefox Addons Page
Friday, October 4, 2013
Internet Connection ကိုမြှင့်တင်ပေးဖို့  DNS Server ပြောင်းနည်းများ။
ethernet-connection
Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com) ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Addressတွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ ဥပမာ သင်က facebook.com လို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS Serverက IP Address အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က facebookကို အသုံးပြုလို့ ရတာပါ။ သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS Server က ကြားထဲကနေ အလုပ် လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့ DNS ကို သုံးကြပါတယ်။ သင့် အင်တာနက် Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISPရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ Router, Windows, Smart Phones တွေမှာ DNS Server ကို ပြောင်းနည်းတွေကို ရေးပေးလိုက်ပါတယ်။
On Your Router
သင့်ရဲ့ Network တစ်ခုလုံးအတွက် DNS Serverကို ပြောင်းလဲချင်ရင် Router ကနေ ပြောင်းပါ။ အဲဒီ Network တစ်ခုလုံးမှာ ချိတ်ဆက်နေတဲ့ PCs, Smartphones, Tablets, Game Consolesနဲ့ တစ်ခြား Device တွေ အားလုံးက Router က DNS Server ကို အသုံးပြုတာ ဖြစ်ပါတယ်။ Default အားဖြင့်တော့ Router တွေက Internet Service Providerရဲ့ DNS Server ကို အသုံးပြုကြတာပါ။ Router က DNS Server ကို ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် အဲဒီ Network ထဲမှာ ချိတ်ဆက်နေတဲ့ Device တွေ အားလုံးက သင်သတ်မှတ်ထားတဲ့ DNS Server ကို အသုံးပြု ကြမှာပါ။
ဒီလိုလုပ်ဖို့ Routerရဲ့ Web Interfaceကို အသုံးပြုပါ။ ပြောင်းလဲနည်းကတော့ သင့်ရဲ့ Router ပေါ်မူတည်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာ သင်မသိရင် Router’s Manual မှာ Instructions တွေကို ရှာပြီးလေ့လာပါ။ Default Password ကိုလည်း မှတ်သားပါ။
လေ့လာပြီးရင် Pages တစ်ခုခု မှာ DNS Option ကို တွေ့ရှိရမှာဖြစ်ပြီး DNS Server ကို ပြောင်းလဲပါ။ ဒီလို ပြောင်းလဲခြင်းဟာ Network တစ်ခုလုံးကို အကျိုးသက်ရောက်စေပါတယ်။ ပြောင်းလဲအသုံးပြုဖို့ Google DNS, Open DNS စသဖြင့် အမျိုးမျိုးရှိပြီး Google ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အောက်ကပုံမှာ တွေ့မြင်ရတာကတော့ Google DNS Server ဖြစ်ပြီး Primary DNS Server က  8.8.8.8 ဖြစ်ပြီး Secondary DNS Serverက  8.8.4.4 ဖြစ်ပါတယ်။
clip_image004
Windows – Control Panel
တစ်ခြား Device တွေမှာလည်း DNS Serverကို သီးခြား ပြောင်းလဲအသုံးပြုနိုင်ပြီး Windows မှာ Network Adapter တစ်ခုချင်းစီအတွက် သီးခြား DNS Serverတွေ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သင်က Laptop တစ်လုံးထဲမှာ Wireless, Wired Network Connections နှစ်ခုစလုံး အသုံးပြုတယ်ဆိုရင် Wi-Fi, Ethernet စတဲ့ ကွန်နက်ရှင်တွေအတွက် တစ်ခုချင်းစီ သီးခြားပြောင်းလဲပေးရမှာပါ။ Windows မှာ DNS Server ပြောင်းလဲဖို့  Taskbar က Network Icon ပေါ်မှာ Right Click နှိပ်ပြီး Open Network and Sharing Center ကိုနှိပ်ပါ။
clip_image005
ဘယ်ဘက်မှာရှိတဲ့ Change adapter settings ကိုနှိပ်ပါ။
clip_image006
ပြောင်းလဲချင်တဲ့ Network Adapter ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။
clip_image007
Properties ၀င်းဒိုးပေါ်လာရင် Internet Protocol Version 4 (TCP/IPv4) ကိုရွေးချယ်ပြီး Properties ကိုနှိပ်ပါ။
clip_image008
Use the following DNS server addresses” ကို ရွေးချယ်ပေးပြီး “Preferred DNS server:”, “Alternate DNS server:” စတာတွေမှာ သင်နှစ်သက်ရာ DNS Server Addressesကို ဖြည့်ပေးပါ။ DNS Server Addressesတွေကို Google ကနေရှာနိုင်ပါတယ်။ အောက်မှာတော့ Google DNS, OpenDNS နှစ်ခုရဲ့ DNS Server Addresses တွေကို ဖော်ပြပေးထားပါတယ်။
Google DNS
Preferred: 8.8.8.8
Alternate: 8.8.4.4
OpenDNS
Preferred: 208.67.222.222
Alternate: 208.67.220.220
clip_image009
Windows – Quick Switching
DNS Servers တွေကို အပေါ်ကနည်းအတိုင်း ပြောင်းလဲ အသုံးပြုရတာ လုပ်ရတဲ့အဆင့်တွေများပြီး အလုပ်ရှုပ်ပါတယ်။ သင့် ဟာ DNS Servers တွေကို အမြဲပြောင်းလဲပြီး အသုံးပြုသူတစ်ယောက်ဆိုရင်တော့ DNS Jumper ဆိုတဲ့ Freeware ကို အသုံးပြုဖို့ အကြံပေးပါတယ်။
DNS Jumperကို သုံးရင် အလွယ်တကူနဲ့ Google Public DNS, OpenDNS စတာတွေ အပြင်တစ်ခြား DNS (၃၉) ခုကို အလွယ်တကူ ပြောင်းလဲသုံးနိုင်ပါတယ်။ နောက်ပြီး DNS Jumperက Fastest DNS တွေကို ရှာပေးနိုင်လို့ အမြန်ဆုံး DNS ကို ရွေးချယ် သုံးနိုင်ပါတယ်။ DNS Jumper ကို run ပြီး Fastest DNS ကို နှိပ်ပါ။
clip_image010
Find Fastest DNS ကိုနှိပ်ပါ။
clip_image011
ဒါဆိုရင်အမြန်ဆုံး DNS ကိုတွေ့ မြင်နိုင်ပြီး Apply Fastest DNS ကိုနှိပ်ပါ။
clip_image012
သင့် ISP ရဲ့ DNS ကို ပြန်ပြောင်းချင်ရင်တော့ star iconကို နှိပ်ပြီး Default DNSကို နှိပ်လိုက်ရင် နဂို DNS ကို ပြန်ပြောင်းပေးမှာပါ။
clip_image014
Windows – Command Line
အပေါ်ကနည်းတွေကို မသုံးဘဲ Command ကို အသုံးပြုနိုင်ပါသေးတယ်။ Command Prompt ကို Administrator အနေနဲ့ Run ပြီးအောက်က Command ကို ရိုက်ထည့်ပေးပြီး Enter ခေါက်ပါ။ ဒီ Command ကို Batch Files အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
netsh interface ip set dns name=”Local Area Connection” static 8.8.8.8
change-dns-server-from-command-prompt
On Your Smartphone or Tablet
Android, iOS Device တွေမှာလည်း DNS Server ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီလို ပြောင်းလဲအသုံးပြုတာက Single Network တစ်ခုတည်းကိုပဲ အကျိုးသက်ရောက်စေပါတယ်။ သဘောက Home Networkမှာ DNS Server ပြောင်းလဲ အသုံးပြုတယ်ဆိုပါစို့ ။ Wi-Fi Network တစ်ခုကို ချိတ်ဆက်ပြီး အသုံးပြုရင် DNS Serverကို ထပ်ပြီး ပြောင်းလဲပေးဖို့ လိုပါတယ်။
ဒီလိုလုပ်ဖို့ Android ရဲ့ Wi-Fi Network List ကိုဖွင့်ပြီး ချိတ်ဆက်မိနေတဲ့ Network ပေါ်မှာ ဖိထားပါ။ Modify Network ကို နှိပ်ပြီး “Show advanced options” ဆိုတဲ့ Check Box မှာ အမှန်ခြစ်ပေးပါ။ IP Settingsမှာ Static ပြောင်းပေးရင် DNS Server ကို ပြောင်းလဲဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။
clip_image018
အပေါ်ကနည်းက သင့်ကို အလုပ်ရှုပ်စေတယ်ထင်ရင် DNS Serverကို အလွယ်တကူ ပြောင်းပေးတဲ့ Application ကို သုံးနိုင်ပါတယ်။ သင့် Android ဖုန်းက Root လုပ်ထားတယ် ဆိုရင်တော့ Set DNS  app ကိုသုံးနိုင်ပြီး သင်ပြောင်းချင်တဲ့ DNS Server ကို အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Set DNS က သင့်ဖုန်း Network တစ်ခုကို ချိတ်ဆက်မိပြီဆိုတာနဲ့ DNS Server ကို အလိုလို ပြောင်းပေးနိုင်ပါတယ်။
clip_image020
iOS Device တွေမှာလည်း ဒီနည်းအတိုင်း ပြောင်းနိုင်ပါတယ်။ Wi-Fi Settings ကိုသွားပြီး ချိတ်ဆက်မိနေတဲ့ Networkက Arrowကို Tap တစ်ချက်နှိပ်ပါ။ DNS field ကို တစ်ချက်နှိပ်ပြီး နှစ်သက်ရာ DNS Server ကို ပြောင်းနိုင်ပါတယ်။
Windows PCမှာ DNS Server ပြောင်းပြီးရင်တော့ အကျိုးသက်ရောက်စေဖို့  DNS Cache ကို Flush လုပ်ပေးရပါမယ်။ ဒီလို လုပ်ဖို့အောက်က Command ကို Command Prompt မှာ ရိုက်ပေးပါ။ DNS Jumper ကို အသုံးပြုရင်တော့ Flush DNS ပြုလုပ်ဖို့ Function ပါရှိပါတယ်။
ipconfig /flushdns
Myanmar ICT မှာကျွန်တော်ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
Saturday, September 28, 2013
Adobe Flash Player ကို Android မှာအင်စတောလုပ်ပြီးအသုံးပြုနည်း။
clip_image001
Adobe က Mobile Flash Development ကိုရပ်နားတော့မယ်လို့  မကြာခင်က ဆုံးဖြတ်ခဲ့ပါတယ်။နောက်ပိုင်း Android Device တွေမှာ Flash Player ပါရှိလာမှာမဟုတ်တော့ပါဘူး။အဲဒီအတွက် Internet က Video,Flash Content တွေကို သင့်ဖုန်းကနေ ကြည့်လို့  မရတော့ပါဘူး။ဒါပေမယ့် Flash Player ကို အင်စတောလုပ်ပြီးအသုံးပြုနည်း  တော့ရှိပါတယ်။
Download Flash Player
Flash Player ကို Play Store မှာ မတင်ပေးတော့ပါဘူး။Flash Player ကို Adobe ရဲ  Official Page ကနေဒေါင်းလုပ်လုပ်ပါ။အောက်ဘက်ကိုဆင်းကြည့်ရင် Android အတွက် Flash Player တွေကိုတွေ့ နိုင်ပါတယ်။သက်ဆိုင်ရာ Android Version အလိုက်ရွေးချယ်ဒေါင်းလုပ်လုပ်ပါ။Flash Player နောက်ဆုံး Version ကိုရွေးချယ်ဒေါင်းလုပ်လုပ်ပါ။ဥပမာအားဖြင့် Android Version 4.0 အတွက် Flash Player Version တွေအများကြီးရှိပြီး နောက်ဆုံး Version ကိုရွေးချယ်ဒေါင်းလုပ်လုပ်ပါ။ Android 4.0 အထိပဲတွေ့ ရမှာဖြစ်ပါပေမယ့် 4.0 ထက်အမြင့်ဖုန်းတွေအတွက် 4.0 ကိုပဲအင်စတောလုပ်လို့ ရပါတယ်။
clip_image002
Flash ကို Install ပြုလုပ်ခြင်း။
အင်စတာလုပ်ဖို့ အတွက် Settings>Security>Unknown Sources ကို အမှန်ခြစ်ပေးထားရပါမယ်။ ဖုန်းတစ်လုံးနဲ့ တစ်လုံးတော့တူမှာမဟုတ်ပါ။ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ Flash Player (apk) ကိုအင်စတောလုပ်လို့ ရပါပြီ။
clip_image003
Flash Player ကိုအသုံးပြုခြင်း။
Flash Player ကိုအင်စတောလုပ်ပြီးရင် အသုံးပြုဖို့  Browser App တစ်ခုကို Configure လုပ်ရပါမယ်။အရင်လို Browser တွေအားလုံးမှာ အလိုလို အသုံးပြုလို့ မရတော့ပါဘူး။Browser တော်တော်များများက Flash Player ကို Support မပေးတော့လို့ ဖြစ်ပါတယ်။အကောင်းဆုံး အဆင်အပြေဆုံး ဖြစ်မယ့် Browser ကတော့ Firefox ဖြစ်ပြီး Firefox ကိုဖွင့်ပြီး Menu ကိုနှိပ်ပါ။ Settings>Plugins ထဲဝင်ပြီး Enabled or Tap to play ရွေးပေးထားပါ။
clip_image005
တစ်ခုမှတ်ထားရမှာက Update မပေးတော့တဲ့ Plugin တွေ အထူးသဖြင့် Flash Player ကိုအသုံးပြုခြင်းဟာ Security ပိုင်းအရစိုးရိမ်စရာရှိပါတယ်။အဲဒီအတွက်  Flash Player ကို အသုံးပြုဖို့  “Tap to play” option ကိုရွေးချယ်ပြီးအသုံးပြုသင့်ပါတယ်။
Chrome (Android) လေးလံနေရင် ဒီနည်းသုံးပါ။
Google Chrome Browser က Desktop Browser တွေထဲမှာတော့ အကောင်းဆုံး၊အမြန်ဆုံးတစ်ခုပါ။Browser တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးပေးနိုင်တဲ့ Browser Benchmark Tool တစ်ခုဖြစ်တဲ့ Peacekeeper နဲ့ စမ်းသပ်ထားတဲ့ ရလဒ် ဆောင်းပါး မှာလေ့လာနိုင်ပါတယ်။ Android မှာ Chrome ကိုသုံးရင်လေးလံနေတာကိုသတိထားမိတာကြာပါပြီ။Chrome ရဲ့ Android Version ဟာ ဒီလောက်ညံ့သလားလို့ လည်း မကျေမနပ်ဖြစ်မိပါတယ်။အခုတော့ အဖြေရှာတွေ့ ပါပြီ။
Chrome ကိုဖွင့်ပြီး Setting ထဲက Preferences ထဲဝင်ပါ။ပြီးရင် Developer Tools ထဲက Check Box ကအားလုံးကို Uncheck လုပ်ပါ။
clip_image002
ဒီ Feature နှစ်ခုကို Disable လုပ်ပြီးရင်တော့ Chrome က မြန်ဆန်လာတာတွေ့ မြင်နိုင်ပါတယ်။ကြိုက်တဲ့ အချိန်မှာ Enable  ပြန်လုပ်နိုင်ပါတယ်။ Google က အဲဒီ Developer Tools နှစ်ခုကို Default အားဖြင့် Disable လုပ်ပေးထားသင့်တယ်လို့ ထင်ပါတယ်။
Chrome Browser က သင့် Google Account နဲ့ ချိတ်ဆက်ထားလို့ ရပြီး Windows,Tablet,Mobile စတဲ့ သင့် Device တွေအားလုံးမှာ Bookmarks,Passwords တွေကို Sync လုပ်ပေးနိုင်တဲ့ကောင်းမွန်တဲ့ Browser တစ်ခုပါ။ Tab တွေလည်း အများကြီးအသုံးပြုနိုင်ပြီး Tab Management လည်းကောင်းမွန်ပါတယ်။ အဲဒီအတွက် Chrome ကိုအသုံးပြုဖို့  အကြံပေးပါတယ်။
Download Chrome(Android) From Play Store  or  Android Drawer
Friday, September 27, 2013
iOS 7 ရဲ့  Features တွေကို Android မှာသုံးချင်လား?
clip_image001
iOS 7  ရဲ    Features တွေကို Android မှာသုံးလို့ ရမလား?  ရပါတယ်။ Third-Party Developer တွေ က iOS နဲ့  တစ်ခြား  နာမည်ကြီး  Android Phone တွေမှာပါရှိလာတဲ့ Features တွေကို သာမာန် Android User တွေသုံးနိုင်အောင် Application ပြုလုပ်ပေးကြပါတယ်။
Control Center
iOS 7 ရဲ့ ထူးခြားပြောင်းလဲမှုတစ်ခုကတော့ iOS Control Center ဖြစ်ပြီး Wi-Fi , Bluetooth,Brightness,Music Playback တွေကို Control အလွယ်တကူ လုပ်နိုင်ပါတယ်။ဒါ့အပြင် Flashlight,Calculator,Camera စတာတွေအားလုံးကိုလည်း Screen ရဲ့ အပေါ်ကဘားကနေ Control လုပ်နိုင်ပါတယ်။
Android User တွေ မှာလည်း အဲဒီ Feature တွေ ပါရှိပြီးသားဖြစ်ပါတယ်။ iOS 7 Control Center လို ဒီဇိုင်းမျိုးနဲ့ သုံးချင်ရင်တော့ iOS 7 Control Center  ဆိုတဲ့ Android App ကိုသုံးပါ။နောက်တစ်ခုကတော့ 1 Tab Quick Bar ဖြစ်ပြီး Noti Bar က App Shortcut တွေကိုသင်နှစ်သက်ရာ Shortcut လှလှလေးတွေ နဲ့ ပြောင်းလဲနိုင်ပါတယ်။
AirDrop
iPhone 5 နဲ့ နောက်ပိုင်းမှာ AirDrop ပါရှိလာပါတယ်။iPhone တွေ အချင်းချင်း ဖိုင်တွေကိုလွယ်လွယ်ကူကူ Transfer လုပ်ပေးနိုင်တဲ့ App တစ်ခုပါ။
Android မှာလည်းဖိုင်တွေကို Transfer လုပ်ဖို့ အတွက် App တွေအများကြီးရှိတာကိုအားလုံးသိကြပါတယ်။ Samsung ကလည်း သူ့ ရဲ့ ဖုန်းတွေ အချင်းချင်း မှာဖိုင်တွေ Transfer လုပ်ဖို့  S Beam ဆိုတဲ့ App ကိုပြုလုပ်ပေးထားပါတယ်။အဲဒီအတွက် AirDrop က သိပ်ပြီးပြောပလောက်တဲ့ Feature မဟုတ်ပါဘူး။
Camera Features
Android Phone မှာ Burst mode, slo-mo စတာတွေကိုသုံးနိုင်ဖို့  Fast Burst Camera Lite ,AndroVid Video Trimmer  လို Apps တွေသုံးနိုင်ပါတယ်။Fast Burst Camera Lite က တစ်စက္ကန့် ကို ပုံ  သုံးဆယ်ရိုက်ပေးနိုင်ပါတယ်။AndroVid Video Trimmer ကတော့ Video  တွေကို slow motion အနေနဲ့ ပြောင်းပေးနိုင်ပါတယ်။
HTC One , Galaxy S4 တို့ မှာဒီ Features တွေက ပါရှိပြီးသားဖြစ်ပြီးတစ်ခြား Apps တွေမလို ပါဘူး။
Multi-Tasking
iPhone User တွေအတွက် Apps တွေ ပြောင်းသုံးချင်ရင်  Home Button ကို Double Tap လုပ်နိုင်ပါတယ်။ iOS 7 မှာတော့ Multi-Tasking ပိုမိုကောင်းမွန်လာပြီး App Preview လုပ်တာတွေ၊ App တစ်ခုကို Swipe လုပ်ပြီး Force Close လုပ်တာတွေ ပါပါရှိလာပါတယ်။
Multi-Tasking ကိုလည်း Android Phone တွေမှာ အရင်ထဲကအသုံးပြုလို့ ရတာဖြစ်ပြီး Home Button ကို ဖိထားပြီး App တွေ  ပြောင်းသုံးလို့ ၊ ပိတ်လို့ ရပါတယ်။တစ်ချို့ Android Version တွေမှာ System Controls တွေပါပြုလုပ်နိုင်ပါတယ်။Multi-Tasking လုပ်ဖို့ အတွက် ကောင်းမွန်တဲ့ Android Apps တွေများစွာရှိပြီး Sidebar  ,  SwipePad  တို့ ကိုသုံးနိုင်ပါတယ်။
Audio Calls Over FaceTime
iOS 7 ရဲ့ FaceTime App က Video Call အပြင် Audio Call တွေပါခေါ်ဆိုလာနိုင်ပါတယ်။
Audio Calls ဟာ အထူးအဆန်းမဟုတ်ပါဘူး။ Audio Calls အတွက် Android App တွေများစွာရှိပြီး Viber,Skype,Tango စတာတွေကိုသုံးနိုင်ပါတယ်။
Safari
ဒါ့အပြင် Desktop Version အနေနဲ့ ဝက်ဆိုက်တွေကြည့်နိုင်သလို Bandwidth ကို Manage လုပ်တာတွေ၊ Desktop Browser က Tab တွေနဲ့  Sync လုပ်တာတွေပါလုပ်နိုင်ပါသေးတယ်။
Sunday, September 22, 2013
Hashtags အသုံးပြုနည်းသုံးနည်း။
How-To-Use-Hashtags-In-Novel-Ways-For-Better-Search-840x420
Twitter, Facebook, Instagram, Google+, Flickr စတဲ့ Social Networks တွေမှာ Hashtags(#) ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါ  ပြီ။ Hashtag ရဲ့  အဓိကရည်ရွယ်ချက်ကတော့ တူညီတဲ့ Topic တွေကို တစ်စုတစ်စည်းထဲ ရှာဖွေနိုင်ဖို့ ပါ။ဒါ့အပြင် Brand , Products တွေ ကိုလည်း လူကြိုက်များအောင် Hashtags ကို အသုံးပြုနိုင်ပါသေးတယ်။ဒီဆောင်းပါးမှာတော့ Social Networks တွေ မှာ Hashtags အသုံးပြုနည်းကို ရေးမှာမဟုတ်ပါဘူး။ တစ်ခြား နေရာတွေ မှာ Hashtags ကိုအကျိုးရှိရှိအသုံးပြုနိုင်တဲ့နည်းတွေကို ရေးမှာပါ။
Mobile Message တွေကို အလွယ်တကူရှာလို့ ရအောင်သုံးပါ။
WhatsApp က နာမည်ကြီး Messaging App တစ်ခုဖြစ်ပြီးမကြာမီက Voice Message ပါပို့ လို့ ရအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။သူ့ မှာ Message တွေကို ရှာနိုင်တဲ့ စွမ်းရည်ရှိပေမယ့် အရေးကြီး Message တွေကို အမှတ်အသားလုပ်နိုင်ဖို့ နည်းလမ်းမရှိပါဘူး။Hashtag ကိုသုံးခြင်းဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။တစ်စုံတစ်ယောက်ကို အရေးကြီးတဲ့ Message ပို့ တဲ့အခါမျိုး ဒါမှမဟုတ်  ပို့ မယ့် Message ဟာ နောင်တစ်ချိန်မှာ   ပြန်ပြီးရှာဖတ်ရမယ့် Message မျိုးကို ပို့ တဲ့အခါမျိုးတွေမှာ #important  ဆိုပြီး  Hashtag နဲ့ အမှတ်အသားလုပ် ပြီး ပို့ ပါ။နောက်ပြန်ရှာတဲ့အခါကျရင် #important လို့ ရိုက်ပြီးရှာလိုက်တာနဲ့  လွယ်လွယ်ကူကူ ရှာတွေ့ နိုင်ပါပြီ။
Hashtag ကို Shopping List တွေ လုပ်တဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။သူငယ်ချင်းနှစ်ယောက် ဈေးဝယ်ဖို့  Message ပို့ ရင်းကနေ ၀ယ်မယ့် ပစ္စည်းတွေကို Hashtag ခံပြီးအမှတ်အသားလုပ်ထားလို့ ရပါတယ်။အဲဒီအတွက် တစ်ခြား ပြောတဲ့စကားတွေနဲ့ မရောနှောတော့ဘဲ လွယ်လွယ်ပြန်ရှာနိုင်ပါတယ်။
ashampoo 02
ဒီနည်းကို Search Function ပါရှိတဲ့ SMS App တွေ ,  Messenger App တွေ မှားသုံးနိုင်ပါတယ်။
Email တွေကိုအလွယ်တကူရှာဖို့ သုံးပါ။
ဥပမာအားဖြင့် သင့် အလုပ်က Boss ကို SystemA ရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ProjectX နဲ့ ပတ်သက်ပြီးအီးမေးပို့ ရင်အောက်ကပုံမှာလို Hashtag ခံအမှတ်အသားလုပ်ပြီးပို့ နိုင်ပါတယ်။
Use-Hashtags-In-Gmail-For-Search
အဲဒီ အီးမေးကို ပြန်ရှာချင်ရင် Search Box ကနေ #ProjectX,   #SystemA လို့ ရိုက်ပြီးအလွယ်တကူရှာနိုင်ပါတယ်။ဒီနည်းကို Gmail အပြင်တစ်ခြား Search Engine ပါရှိတဲ့ Email Service တွေမှာသုံးနိုင်ပါတယ်။
သတင်းအချက်အလက်တွေ နဲ့  အကြံပြုချက်တွေကို Chat Logs မှာမှတ်သားပါ။
ဘယ် ရုပ်ရှင်တွေ၊သီချင်းတွေ ကောင်းလဲဆိုတာ ကျွန်တော်တို့ တွေ သူငယ်ချင်းတွေ ဆီက အကြံရယူတတ်ကြပါတယ်။များသောအားဖြင့် သူငယ်ချင်းတွေနဲ့  Google Hangouts မှာ စကားပြောကြတဲ့အချိန်တွေ မှာ ဖြစ်တတ်ပါတယ်။ Mobile Phone တွေ မှာ Multitask လုပ်ရတာမလွယ်တဲ့အတွက် သူတို့ ပြောတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေကို ရှာဖို့  အဆင်မပြေပါဘူး။အဲလို နေရာမှာ လည်း Hashtag ကအသုံးဝင်ပါတယ်။ #Watchthis ,   #Readthis , #Hearthis စသဖြင့် အမှတ်အသားလုပ်ထားနို်င်ပါတယ်။
Use-Hashtag-ReadThis-WatchThis-In-GTalk-Hangouts-For-Search 
သင့်ကွန်ပြူတာကို အသုံးပြုလို့ ရတဲ့အချိန်ကျမှ Gmail ကိုဖွင့်ပြီးSearch Box ကနေ အမှတ်အသားလုပ်ထားတဲ့ Hashtag နဲ့ ရှာလိုက်ရင် လွယ်လွယ်ကူကူရှာဖွေနိုင်ပြီပေါ့။
Use-Hashtag-WatchThis-In-GTalk-Hangouts-For-Search-Results
ဒီနည်းကို Hangouts ရဲ့  Web Version မှာလည်းသုံးနိုင်သလို Mobile App မှာလည်းသုံးနိုင်ပါတယ်။Desktop Client ဖြစ်တဲ့ GTalk မှာလည်းသုံးနိုင်ပါတယ်။GTalk or Hangouts မှာသာမကဘဲ Chat Logs တွေကို သိမ်းပေးနိုင်တဲ့ Chat Services တွေ အားလုံးမှာသုံးနိုင်ပါတယ်။
Myanamr ICT  မှာကျွန်တော်ရေးသားထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။