Windows 8 နဲ့ Windows 7 မှာ password ရိုက်ထည့်စရာမလိုဘဲ logon လုပ်လို့ ရတဲ့နည်းကို ရေးပေးဖူးပါတယ်။နောက်ပြီး windows built-in password reset feature ကို အသုံးပြုပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ကို သုံးပါ။Windows XP,Vista,7 စတဲ့ os တွေ မှာ အင်စတောလုပ်နိုင်ပါတယ်။Password မေ့ နေတဲ့ Windows XP,Vista,7 and 8 သုံးတဲ့ ကွန်ပြူတာတွေက Password တွေကို reset လုပ်ပေးနိုင်ပါတယ်။