Showing posts with label Social Network Tips. Show all posts
Showing posts with label Social Network Tips. Show all posts
Sunday, September 22, 2013
Hashtags အသုံးပြုနည်းသုံးနည်း။
How-To-Use-Hashtags-In-Novel-Ways-For-Better-Search-840x420
Twitter, Facebook, Instagram, Google+, Flickr စတဲ့ Social Networks တွေမှာ Hashtags(#) ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါ  ပြီ။ Hashtag ရဲ့  အဓိကရည်ရွယ်ချက်ကတော့ တူညီတဲ့ Topic တွေကို တစ်စုတစ်စည်းထဲ ရှာဖွေနိုင်ဖို့ ပါ။ဒါ့အပြင် Brand , Products တွေ ကိုလည်း လူကြိုက်များအောင် Hashtags ကို အသုံးပြုနိုင်ပါသေးတယ်။ဒီဆောင်းပါးမှာတော့ Social Networks တွေ မှာ Hashtags အသုံးပြုနည်းကို ရေးမှာမဟုတ်ပါဘူး။ တစ်ခြား နေရာတွေ မှာ Hashtags ကိုအကျိုးရှိရှိအသုံးပြုနိုင်တဲ့နည်းတွေကို ရေးမှာပါ။
Mobile Message တွေကို အလွယ်တကူရှာလို့ ရအောင်သုံးပါ။
WhatsApp က နာမည်ကြီး Messaging App တစ်ခုဖြစ်ပြီးမကြာမီက Voice Message ပါပို့ လို့ ရအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။သူ့ မှာ Message တွေကို ရှာနိုင်တဲ့ စွမ်းရည်ရှိပေမယ့် အရေးကြီး Message တွေကို အမှတ်အသားလုပ်နိုင်ဖို့ နည်းလမ်းမရှိပါဘူး။Hashtag ကိုသုံးခြင်းဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။တစ်စုံတစ်ယောက်ကို အရေးကြီးတဲ့ Message ပို့ တဲ့အခါမျိုး ဒါမှမဟုတ်  ပို့ မယ့် Message ဟာ နောင်တစ်ချိန်မှာ   ပြန်ပြီးရှာဖတ်ရမယ့် Message မျိုးကို ပို့ တဲ့အခါမျိုးတွေမှာ #important  ဆိုပြီး  Hashtag နဲ့ အမှတ်အသားလုပ် ပြီး ပို့ ပါ။နောက်ပြန်ရှာတဲ့အခါကျရင် #important လို့ ရိုက်ပြီးရှာလိုက်တာနဲ့  လွယ်လွယ်ကူကူ ရှာတွေ့ နိုင်ပါပြီ။
Hashtag ကို Shopping List တွေ လုပ်တဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။သူငယ်ချင်းနှစ်ယောက် ဈေးဝယ်ဖို့  Message ပို့ ရင်းကနေ ၀ယ်မယ့် ပစ္စည်းတွေကို Hashtag ခံပြီးအမှတ်အသားလုပ်ထားလို့ ရပါတယ်။အဲဒီအတွက် တစ်ခြား ပြောတဲ့စကားတွေနဲ့ မရောနှောတော့ဘဲ လွယ်လွယ်ပြန်ရှာနိုင်ပါတယ်။
ashampoo 02
ဒီနည်းကို Search Function ပါရှိတဲ့ SMS App တွေ ,  Messenger App တွေ မှားသုံးနိုင်ပါတယ်။
Email တွေကိုအလွယ်တကူရှာဖို့ သုံးပါ။
ဥပမာအားဖြင့် သင့် အလုပ်က Boss ကို SystemA ရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ProjectX နဲ့ ပတ်သက်ပြီးအီးမေးပို့ ရင်အောက်ကပုံမှာလို Hashtag ခံအမှတ်အသားလုပ်ပြီးပို့ နိုင်ပါတယ်။
Use-Hashtags-In-Gmail-For-Search
အဲဒီ အီးမေးကို ပြန်ရှာချင်ရင် Search Box ကနေ #ProjectX,   #SystemA လို့ ရိုက်ပြီးအလွယ်တကူရှာနိုင်ပါတယ်။ဒီနည်းကို Gmail အပြင်တစ်ခြား Search Engine ပါရှိတဲ့ Email Service တွေမှာသုံးနိုင်ပါတယ်။
သတင်းအချက်အလက်တွေ နဲ့  အကြံပြုချက်တွေကို Chat Logs မှာမှတ်သားပါ။
ဘယ် ရုပ်ရှင်တွေ၊သီချင်းတွေ ကောင်းလဲဆိုတာ ကျွန်တော်တို့ တွေ သူငယ်ချင်းတွေ ဆီက အကြံရယူတတ်ကြပါတယ်။များသောအားဖြင့် သူငယ်ချင်းတွေနဲ့  Google Hangouts မှာ စကားပြောကြတဲ့အချိန်တွေ မှာ ဖြစ်တတ်ပါတယ်။ Mobile Phone တွေ မှာ Multitask လုပ်ရတာမလွယ်တဲ့အတွက် သူတို့ ပြောတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေကို ရှာဖို့  အဆင်မပြေပါဘူး။အဲလို နေရာမှာ လည်း Hashtag ကအသုံးဝင်ပါတယ်။ #Watchthis ,   #Readthis , #Hearthis စသဖြင့် အမှတ်အသားလုပ်ထားနို်င်ပါတယ်။
Use-Hashtag-ReadThis-WatchThis-In-GTalk-Hangouts-For-Search 
သင့်ကွန်ပြူတာကို အသုံးပြုလို့ ရတဲ့အချိန်ကျမှ Gmail ကိုဖွင့်ပြီးSearch Box ကနေ အမှတ်အသားလုပ်ထားတဲ့ Hashtag နဲ့ ရှာလိုက်ရင် လွယ်လွယ်ကူကူရှာဖွေနိုင်ပြီပေါ့။
Use-Hashtag-WatchThis-In-GTalk-Hangouts-For-Search-Results
ဒီနည်းကို Hangouts ရဲ့  Web Version မှာလည်းသုံးနိုင်သလို Mobile App မှာလည်းသုံးနိုင်ပါတယ်။Desktop Client ဖြစ်တဲ့ GTalk မှာလည်းသုံးနိုင်ပါတယ်။GTalk or Hangouts မှာသာမကဘဲ Chat Logs တွေကို သိမ်းပေးနိုင်တဲ့ Chat Services တွေ အားလုံးမှာသုံးနိုင်ပါတယ်။
Myanamr ICT  မှာကျွန်တော်ရေးသားထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
Sunday, July 28, 2013
Tawea : Websites တိုင်းမှာ Facebook Chat သုံးမယ်။
ashampoo 11
သင် ဘယ် ၀က်ဆိုက်ကို ကြည့်နေနေ facebook chat ကို သုံးလို့ ရအောင်လုပ်ပေးနိုင်တဲ့ browser extension or add-on တစ်ခုပါ။အဲဒီအတွက် သင့် facebook သူငယ်ချင်းတွေ နဲ့ အဆက်အသွယ်မပြတ်ဘဲ စကားပြောနိုင်မှာပါ။Chrome, Safari, Firefox, Opera, and Internet Explorer  စတဲ့ browser တွေမှာသုံးနိုင်ပါတယ်။Tawea ကို သင့် browser မှာအင်စတောလုပ်ပြီးရင် ကွန်ပြူတာ screen ရဲ့ ညာဘက်အောက်ထောင့်မှာ ဘားတန်းလေးကိုတွေ့ မြင်နိုင်ပြီး အဲဒီကနေ Login လုပ်ပြီး Tawea ကို Permission ပေးပါ။
ashampoo 05
ashampoo 06
ပြီးရင်တော့ သင်ဘယ်ဝက်ဆိုက်ကိုကြည့်နေကြည့်နေ သင့် facebook သူငယ်ချင်းတွေနဲ့ ချက်လို့ ရပါပြီ။
ashampoo 09
Smileys တွေသုံးလို့ ရသလို web ပေါ်ကပုံတွေကို chat box ပေါ်ကို drag and drop လုပ်ပြီးပို့ လို့ ရပါတယ်။နောက်ပြီး ပုံတွေကို facebook , twitter တို့ မှာ share အလွယ်တကူလုပ်လို့ ရပါတယ်။
ashampoo 07
Checkout Tawea @ tawea.com/
Wednesday, July 10, 2013
FACEBOOK / GMAIL ACCOUNT သစ်ဖွင့်ရာမှာ SMS CODE လာတောင်းနေသလား ပေးထားတဲ့နည်းလမ်းနှစ်မျိုးနဲ့ ကျော်ခွလိုက်ပါ
1
ကဲ ကနေ့ဘဲ ကျနော်ရှာတွေ့လာတဲ့ နည်းလမ်းလေးနှစ်ခုပါ.. Facebook / Gmail Account သစ်ဖွင့်ရာမှာ SMS Code လာတောင်းနေလို့အဆင်မပြေဖြစ်နေတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် တွေ့တွေ့ချင်းဘဲတင်ပေးလိုက်ပါတယ်။လွယ်လဲလွယ်ပါတယ် ကဲ ကလိနိုင်ကြပါပြီ..ကျနော်လဲ ကလိပါတော့မည် ..အဆင်ပြေကြပါစေခင်ဗျာ။
Method 1
1. Go to Pinger/Textfree and Sign-Up for a free account.
2. Enter a Zip Code located in the United States ( you can use this : 35004)
3. Select the Gender and Set the Age of the person using this number and click Ok .
4. Select a number from the List ( Remember the number! You are not able to change it later on.)
5. Click Confirm .
6. Now just enter the mobile number in the verification website (google/facebook),
     The received SMS should appear in the windows of Pinger Inbox.
_____________________________________________________________________________
Method 2
1. Go to Receive-Sms-Online .
2. Pick a number from the List in the page and Copy it.
3. Paste that number in the verification website (google/facebook).
4. Go back to receive-sms-online and Click on the number you picked.
5. You'll notice the received verification SMS appear on the list.
Credit : myanmarithelper
Wednesday, July 3, 2013
Facebook For Android Beta Testing Program : Android User တွေအတွက် Facebook Beta App ကို စမ်းသုံးနိုင်ပြီး bugs, errors တွေကို feedback ပြန်လုပ်ပေးနိုင်မယ့် Program
ashampoo 01
Android users တွေ အတွက် facebook beta application ကို စမ်းသပ်သုံးစွဲနိုင်ပြီး features အသစ်တွေ , bugs ,errors တွေကို feedback လုပ်ပေးနိုင်မယ့် program တစ်ခု facebook က ပြုလုပ်လိုက်ပါတယ်။ဒီ program ရဲ့ ရည်ရွယ်ချက်ကတော့ facebook app ကို ပို မို ကောင်းမွန်အောင် ပြုလုပ်ဖို့ အတွက်ဖြစ် ပါတယ်။ Facebook beta app က bugs,errors တွေကို feedback ပြန်ပေးဖို့ အတွက် facebook for android beta tester group မှာ join ရမှာပါ။ဒီ group ကို join ဖို့ အတွက်အောက်မှာဆက်ဖတ်ပါ။
ပထမအဆင့်အနေနဲ့ Google က ‘Facebook for Android Beta Testers’ Google group မှာ အရင် join လုပ်ရပါမယ်။
ashampoo 04
Google profile နဲ့  link လုပ်တာတွေ email subscribe လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။
ashampoo 05
နောက်အဆင့်အနေနဲ့ google play store က facebook for android beta tester page ကို သွားရမှာပါ။ကျွန်တော် သွားကြည့်တော့ error page ကျလာပါတယ် အဲဒီအတွက် ကျော်ခွတဲ့ ဆော့ဝဲသုံးရပါမယ်။Become a tester ကိုနှိပ်ပါ။တစ်ခု မှတ်ထားရမှာက google email နဲ့  facebook email က တစ်ခု ထဲ ဖြစ်ရပါမယ်။ပြီးရင်download facebook from play store ကိုနှိပ်ပြီး play store ကနေ facebook ကို update လုပ်ပါ။တကယ်လို့  facebook version အဟောင်း page ပဲကျလာရင် android phone ကို restart လုပ်ပြီး android phone က play store ကနေ update လုပ်ပါ။အခု စာရေးနေတဲ့ အချိန်မှာ facebook app beta version က 3.4 ပါ။
ashampoo 06
သင် facebook beta app ကို စမ်းသပ်မသုံးချင်တော့တဲ့ရင် ဒီ page ကို ပြန်လာပြီး Leave the test ကိုနှိပ်ပါ။ သင့် ဖုန်းက beta app ကို uninstall လုပ်ပြီး play store ကနေ stable version ကို ပြန်သုံးနိုင်ပါတယ်။
3
ဒါဆိုရင် facebook beta version ကို သင်စမ်းသပ်သုံးစွဲနိုင်ပါပြီ။ Feature အသစ်တွေ ကိုလည်း စမ်းသပ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ သင့်ဖုန်း မှာ ဖြစ်တဲ့ bugs , errors တွေကို feedback ပြန်ပေးနိုင်ဖို့  အတွက် facebook for android beta tester group on facebook မှာ join လုပ်ပါ။
ashampoo 07
Wednesday, June 19, 2013
Schemes : SMS,Gmail,Facebook,Twitter တို့ မှာ Scheduled Message ပို့  မယ်
1
သင့်သူငယ်ချင်းတွေ ရဲ့ မွေးနေ့ တွေ ၊အမှတ်တရ နေ့ တွေ မှာ happy birthday message ပို့ ပေးဖို့ အရမ်းအလုပ်များနေတဲ့ အချိန်မျိုးတွေ၊ Gamil မှာ Scheduled Email ပေးပို့ ချင်တဲ့အခါမျိုးတွေ ၊ Facebook ,Twitter တို့ မှာ Scheduled Status တင်ချင်တဲ့ အခါမျိုးတွေ မှာ Schemes ဆို တဲ့ Android Application က ကူညီပေးပါလိမ့်မယ်။
Schemes က beta အဆင့်ပဲရှိသေးပေမယ့် စမ်းသုံးကြည့်တော့ ကောင်းကောင်းအလုပ်လုပ်ပေးနိုင်ပါတယ်။Schemes ကို အင်စတောလုပ်ပြီးရင် Gmail,Facebook,Twitter အကောင့် တွေကို ဖြည့်ပေးပြီး permission ပေးပါ။ပြီးရင်တော့ Scheduled Message တွေ စပြီးပို့ လို့ ရပါပြီ။
23
Download Schemes @ Google Play Store  
Tuesday, June 18, 2013
Coolpic : Facebook မှာ Funny Photo တွေလုပ်မယ်
Coolpic-Install
Coolpic ဆိုက်ကိုသွားပြီး DOWNLOAD FREE ! ကိုနှိပ်ပြီး အင်စတောလုပ်ပါ။
Coolpic-Install
Coolpic က Facebook မှာတင် အသုံးပြုရတာ ဖြစ်တဲ့အတွက်ဆင်ပြေပါတယ်။Facebook က သင်ရုပ်ပြောင်တွေ ထည့်ချင်တဲ့ပုံကို နှိပ်ပါ။ဒါဆိုရင် ဘယ်ဘက်ဘေးမှာ အစိမ်းရောင် dock လေးပေါ်လာပါမယ်။အဲဒါကို နှိပ်ပါ။
3
ပုံမှာမြင်တဲ့အတိုင်းပဲ headgear, facial hair,eyewear,props စတာတွေကို ထည့်ပြီးရုပ်ပြောင်လေးတွေ ပြုလုပ်နိုင်ပါတယ်။ ရုပ်ပြောင်လေးတွေကို နေရာပြန်ချနိုင်ပြီး resize လုပ်နိုင် rotate လုပ်နိုင်ပါတယ်။
1
Speech bubbles တွေလည်းပြုလုပ်နိုင်ပြီး နှစ်သက်ရာစာသားထည့်နိုင်ပါတယ်။ပြီးရင်တော့ save your work ကို နှိပ်ပြီးအဲဒီပုံကို သင် share လုပ်နိုင်ပါပြီ။
2
Facebook မှာရုပ်ပြောင်ပုံတွေလုပ်ချင်တဲ့သူတွေ အတွက် တစ်ခြား ဆော့ဝဲတွေ သုံးစရာမလို ဘဲ Facebook မှာတင် ပြုလုပ်ပေးနိုင်တဲ့အတွက် Coolpic ကအသုံးဝင်ပါတယ်။
Download Coolpic @ html.coolpic.me/site/index.html
Facebook Timeline Cover Photo ကိုအလွယ်တကူသင့်စိတ်ကြိုက်ပြုလုပ်ပေးနိုင်တဲ့ Timeline Cover Photo Maker
facebook-cover-photo
Facebook Cover Photo ကို အလွယ်တကူပြုလုပ်ပေးနိုင်တဲ့ ဆိုက်တစ်ခုပါ။Color , effects တွေကို ထည့်သွင်းနိုင်တဲ့အပြင် text တွေကိုလည်းထည့်သွင်းနိုင်ပါသေးတယ်။ပုံတွေ အများအပြားကို layer အနေနဲ့ အသုံးပြုနိုင်ပါတယ်။ဒီဆောင်းပါး မှာတော့ ကျွန်တော်က tech blogger တစ်ယောက်ဖြစ်တဲ့အတွက် နည်းပညာနဲ့ ပတ်သက်တဲ့ Cover Photo တစ်ခု ကိုယ်တိုင်ပြုလုပ်ပြီးရေးသားထားပါတယ်။သင်တို့  နှစ်သက်တဲ့ Cover Photo တွေကို လွယ်လွယ်နဲ့ ပြုလုပ်နိုင်ပါတယ်။
Dimension of Cover Photo
ashampoo 02
text , effect , layer တွေ ထည့်ခြင်း
ပုံကို upload လုပ်ပြီးရင် photo editor မှာ မြင်ရမယ့် ပုံဟာ သင့် facebook timeline မှာ မြင်တွေ့ ရမယ့် cover photo နဲ့  အရွယ်အစား တစ်ပုံစံထဲနဲ့ တွေ့ မြင်ရမှာပါ။Background အောက်မှာ tab သုံးခုရှိပြီး effects တွေ ထည့်သွင်းနိုင်ပါတယ်။
ashampoo 04
Add Text မှာ သင် နှစ်သက်ရာ စာတွေ ထည့်နိုင်ပါတယ်။Text Effect တွေကိုလည်းထည့်နိုင်ပါတယ်။Font, font size တွေကို သင်နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။
ashampoo 05
တစ်ခြားပုံတွေကို layer အနေနဲ့ အသုံးပြုဖို့  Upload Photo ကို နှိပ်ပြီး Upload image ကိုနှိပ်ပါ။
ashampoo 06
ashampoo 07
Checkout Facebook Timeline Cover Photo Maker @ www.timelinecoverphotomaker.com/
Tuesday, June 11, 2013
How To Use Facebook Profile Photos As Emoticons In Chat
ashampoo 04
ashampoo 01
တစ်ခါတစ်လေမှာ Profile Page ရဲ့  URL က အောက်ကပုံမှာလို တွေ့ မြင်ရမှာပါ။အဲဒီလို အခြေအနေမှာတော့ ? ကစပြီးနောက်ပိုင်းဟာ Facebook ID မှာမပါဝင်ရပါဘူး။
ashampoo 02
Chat မှာ Facebook ID ကို   [[Facebook ID]]  ဒီလို ရိုက်ပါ။
ashampoo 03
ashampoo 04
Facebook Chat မှာ Sticker တွေ သုံးချင်ရင်တော့ Facemoji ဆိုတဲ့ Chrome Extension ကိုသုံးပါ။
Saturday, June 1, 2013
Facebook ရဲ့  Verified Pages & Profiles အကြောင်း
1
Facebook မှာ celebrities တွေ ရဲ့ official pages , accounts တွေကို ရှာရင် တစ်ခြား celebrity fan page တွေ ၊အတုအယောင် အကောင့်တွေနဲ့  ရောထွေးနေပါတယ်။အခု တော့ facebook က verified pages & profiles ဆို တဲ့ အမှတ်အသားတစ်ခု ကို စတင်ပြုလုပ်ပေးလိုက်ပါပြီ။အဲဒီအတွက် သင် crazy ဖြစ်တဲ့ celebrity တွေရဲ့ official page ,account တွေကို အလွယ်တကူရှာဖွေနိုင်ပါပြီ။Facebook graph search box ကနေ taylor swift လို့ ရိုက်လိုက်ရင် အရင်ကဆိုရင် taylor swift fan page တွေနဲ့ ရောထွေးနေပါတယ်။အခု တော့ taylor swift ရဲ့  official page မှာ အမှန်ခြစ်အမှတ်အသားကို မြင်တွေ့ နိုင်ပါပြီ။
ashampoo 01
Taylor Swift Official Page မှာလည်း အမှန်ခြစ်ကို တွေ့ မြင်နိုင်ပြီဖြစ်ပါတယ်။အဲဒီအတွက် သင် နှစ်သက်တဲ့ celebrity တွေ ရဲ့  official page တွေကို အလွယ်တကူရှာဖွေနိုင်ပါပြီ။
ashampoo 02
Friday, May 24, 2013
Google Plus က Posts တွေရဲ့  Width ကိုအကြီးချဲ့ ကြည့် မယ်
1
မကြာသေးမီက google က google plus ရဲ့ ဒီဇိုင်းကို ပြောင်းခဲ့ပါတယ်။ဒီဇိုင်းအသစ်မှာ တော့ posts တွေကို two column layout ,  one column layout နှစ်မျိုးနဲ့ ကြည့်နိုင်ပါတယ်။ဒါပေမယ့် post တွေ ရဲ့ width က သေးသွားတာတွေ့ ရပါတယ်။တကယ်လို့  သင်ဟာ ကျွန်တော့်လို ပဲ google plus က post တွေကို ဖတ်ရတာ အားမရတဲ့သူဆိုရင် အောက်ကနည်းနဲ့  post တွေရဲ့ width ကို အကြီး ချဲ့ ကြည့်နိုင်ပါတယ်။
Facebook News Feed ဒီဇိုင်းအသစ်ယူမယ်
1
Facebook ရဲ့ ဒီဇိုင်းအသစ်ကို အောက် ကလင့်ကနေ သွားကြည့်ကြည့်ပြီး waiting list ကို နှိပ်ထားရင် အဲဒီဒီဇိုင်းအသစ်ကို သုံးစွဲနိုင်မယ့် အချိန်ရောက်ရင် သင်အသုံးပြုနိုင်မှာပါ။ဒီဇိုင်းအသစ်မှာ ထူးခြားလာတာကတော့ ပုံတွေကို ကြီးကြီး နဲ့ ရှင်းရှင်း မြင်ရတာရယ် ပုံတွေကိုပဲ သီးသန့် ကြည့်ရှုဖို့  photo feed ပါရှိလာပါတယ်။Mobile application နဲ့  ဆင်တူတဲ့ ဒီဇိုင်းကို တွေ့ မြင်နိုင်မှာပါ။အောက်ကလင့်ကနေ ဒီဇိုင်းအသစ်ကို ကြည့်ရှုနိုင်ပြီး သဘောကျတယ်ဆိုရင် page ရဲ့ အောက်ဆုံးက waiting list ကို နှိပ်ပြီးစာရင်းပေးထားနိုင်ပါတယ်။
Wednesday, May 22, 2013
Send Facebook Chat Stickers From Google Chrome Using Facemoji
ashampoo 03
Facebook မှာ စာလုံးဖောင့်လှလှလေးတွေ သုံးပြီး  chat နည်း ကို ရေးပေးဖူးပါတယ်။ အခု တစ်ခါ sticker လှလှလေးတွေ သုံးပြီး chat နည်း ပါ။ ဒီလို chat sticker လေးတွေ အသုံးပြုနိုင်ဖို့  Chrome extension Facemoji ကို အသုံးပြုရမှာပါ။
Saturday, April 27, 2013
Facebook မှာ PowerPoint Presentation တွေ Share လုပ်မယ်
1
Facebook မှာ ပုံတွေ စာတွေ ကို share လုပ်တာ အပြင် စကားပြောတဲ့ပုံ  တွေ share လုပ်နည်းကိုရေးပေးဖူးပါတယ်။အခု တစ်ခါ ကတော့ PowerPoint Presentation တွေကို share လုပ်နည်းပါ။ဒီလို လုပ်ဖို့  authorSTREAM ဆို တဲ့ facebook application ကို သုံးမှာပါ။ဒီဆောင်းပါးမှာတော့ စာရှည်ရှည်ဝေးဝေးမရေးတော့ပါဘူး။ authorSTREAM ကို စမ်းသပ်အသုံးပြုရင်း presentation တစ်ခု ပြုလုပ်ထားပါတယ်။ အောက်က presentation ကို ကြည့်ပြီး facebook မှာ PowerPoint Presentation တွေကို share လုပ် နိုင်ပါပြီ။Presentation ကို full screen ကြည့်လို့ လည်းရပါတယ်။
Checkout authorSTREAM app for Facebook
Thursday, January 24, 2013
Profi.ly : Get Uniform Web Address For Your Different Online Profiles
ဒီနေ့ ခေတ် မှာ social networks တွေအများအပြားရှိလာပြီးတော့ popular social networks တွေဖြစ်တဲ့ facebook,linkedin,twitter စတာတွေမှာ အကောင့်တစ်ခုစီရှိကြမယ်လို့ ယုံကြည်မိပါတယ်။မိသားစု၊သူငယ်ချင်း၊မိတ်ဆွေ တွေနဲ့  အဆက်အသွယ်ရဖို့ လည်း ဒီ social networks တွေကို အသုံးပြုကြပါတယ်။သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ သင့်ရဲ့  profile address တွေကို ပေးပို့ ရယူကြပါတယ်။Facebook,linkedin,twitter စတာတွေက profile address တွေဟာ ရှည်လျားပြီးမှတ်ရတာ မလွယ်ပါဘူး။Profile address တွေကို တူညီပြီးမှတ်သားရလွယ်ကူတဲ့ address တွေရအောင်ပြုလုပ်ပေးနိုင်တဲ့ free web service တစ်ခုကတော့ Profi.ly ပါ။ ဥပမာ ။ ကျွန်တော့် ရဲ့  facebook profile address က profi.ly/thuya/facebook  ၊ Twitter အတွက် က profi.ly/thuya/twitter ၊ Linkedin အတွက် က profi.ly/thuya/linkedin ပါ။မှတ်ရတာလွယ်ကူပြီး သင့်သူငယ်ချင်းတွေကို အလွယ်တကူ ပဲ profile address ကို ပေးပို့ နိုင်ပါတယ်။
Monday, December 31, 2012
Fotobabble : Create Talking Photo & Share On Social Networks
1
Social Networks တွေမှာ ပုံတင်ရတာ အားမရသေးဘဲ အသံပါထည့် ပြီး သူငယ်ချင်းတွေကို share လုပ်ချင်ရင်တော့ free web service တစ်ခု ဖြစ်တဲ့ fotobabble ကို သုံးကြည့်ပါ။စကားပြောတဲ့ ပုံလေးတွေကို သင့်သူငယ်ချင်းတွေ နှစ်ခြိုက်သဘောကျကြမှာပါ။Facebook ,twitter,google plus ,gmail, other mail  စတာတွေ အပြင်တစ်ခြား social networks အများအပြားမှာလည်း share လုပ်နိုင်ပါတယ်။ Blogger တွေအတွက် လည်း ဆောင်းပါးတွေမှာ အသံပါပါတဲ့  ပုံတွေကို ထည့်သွင်းနိုင်  ပြီး blogger,tumblr စတဲ့ blog တွေမှာ အသုံးပြုနိုင်ပါတယ်။
Tuesday, December 18, 2012
Plus.ly : Shorten Your Google + Profile URL
1
သင့်သူငယ်ချင်းတွေ   သင့်ကို google plus မှာ join ဖို့ အတွက် သင့် google plus profile လိပ်စာပေးဖို့ အခက်တွေ့ နေရရင်တော့ ဒီ free service ကိုသုံးကြည့်ပါ။သင်သတိထားမိရင် သင့် google plus profile ရဲ့ url address ဟာ အလွန်ရှည်လျားပြီး ဂဏန်းတွေအများကြီးနဲ့ မှတ်သားရခက်ပါတယ်။Plus.ly ဆိုတဲ့ free web service ကဒီအခက်အခဲကို ဖြေရှင်းပေးပြီး သင့်ရဲ့  google plus profile url ကို တိုတောင်းပြီး မှတ်သားရလွယ်ကူတဲ့ လိပ်စာ အဖြစ်ပြုလုပ်ပေးနိုင်ပါတယ်။နောက်ပြီး သင့်စိတ်ကြိုက် နာမည်နဲ့ လိပ်စာပြုလုပ်နိုင်ပါတယ်။
Saturday, December 15, 2012
Decide Which Facebook Friends See You Online & Which Don’t , The Easy Way
1
သင် facebook မှာ ရှိနေတာကို သင့် သူငယ်ချင်းတွေ မသိအောင် လုပ်ပေးနိုင်တဲ့နည်းလေးကို မျှဝေပေးချင်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်  သင် မတွေ့ ချင်တဲ့ သူငယ်ချင်း တွေကို မမြင်အောင်လုပ်နိုင်သလို ၊ သင်တွေ့ ချင်တဲ့ သူငယ်ချင်းကို ပဲ ရွေးပြီး မြင်အောင်လုပ်နိုင်ပါတယ်။သူငယ်ချင်းတစ်ယောက်ချင်း ရွေးနိုင်သလို friend list တွေကို လည်းရွေးချယ်နိုင်ပါတယ်။Facebook ရဲ့  list feature ဟာ google plus ရဲ့ circle နဲ့ ဆင်တူပါတယ်။သင် share လုပ်တာကို သင့်အနီးကပ်ဆုံးသူငယ်ချင်းတွေကို ပဲ သိစေချင်တဲ့အခါ၊ အလုပ်ကသူငယ်ချင်းတွေကို ပဲသိစေချင်တဲ့အခါမျိုးတွေမှာ list feature ကအသုံးဝင်ပါတယ်။ 
Wednesday, December 12, 2012
Free Download Facebook Chat Spammer 1.0
1
ဒီ software လေးကတော့ သင့် facebook ကသူငယ်ချင်းတွေ အများအပြားဆီကို chat box ကနေ message တွေအလိုလို ပို့ ပေးနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီးသုံးရတာလွယ်ကူပါတယ်။သင် ပို့ ချင်တဲ့ message ကို facebook chat spammer မှာ ရိုက်ထားပြီး second  အပိုင်းအခြားဘယ်လောက်မှာတစ်ကြိမ် ပေးပို့ မလဲဆိုတာကို  အချိန် သတ်မှတ်ပေးထားရုံပါပဲ။Facebook chat spammer က သင်သတ်မှတ်ပေးထားတဲ့ အချိန် အပိုင်းအခြား ရောက်တိုင်း သင်ပေးပို့ ချင်တဲ့ message ကို ပေးပို့ ပေးပါလိမ့်မယ်။
Sunday, November 11, 2012
PhotoLive : Download Entire Photo Albums Off Facebook
သင့် facebook ကသူငယ်ချင်းတွေရဲ့ photo albums တွေကပုံတွေအားလုံးကို download လုပ်ချင်ရင်တော့ PhotoLive ကိုသုံးကြည့်ပါ။ပုံတစ်ပုံချင်းစီကို ဒေါင်းလုပ်လုပ်စရာမလို တဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ Album တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးနိုင်ပြီး zip ဖိုင်အနေနဲ့  ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Chrome,firefox,safari,IE အပြင်တစ်ခြား browser တွေအတွက် extension/add on တွေရှိပါတယ်။အမြန်ဆုံးနည်းကတော့ bookmarklet ကို browser ရဲ့  bookmark bar ပေါ်တင်ပြီးအသုံးပြုတာပါပဲ။
Monday, November 5, 2012
RSS Graffiti : Publish RSS Feed To Your Facebook Automatically
1
သင့်မှာ blog ,website တစ်ခုရှိရင်သင်ဆောင်းပါးတစ်ခုတင်လိုက်တိုင်း facebook wall/timeline, page စတဲ့နေရာတွေမှာအလိုလို ဆောင်းပါးတွေတင်ပေးနိုင်တဲ့ facebook application ပါ။ဒါ့အပြင် သင်ကြိုက်နှစ်သက်တဲ့ ဆိုက်က rss feed တွေ၊ youtube video rss feed တွေ ကိုလည်း အလိုလိုတင်ပေးနိုင်ပါတယ်။သင် google plus မှာ စာတစ်ခုတင်တိုင်းလည်း facebook မှာ auto post လုပ်ပေးနိုင်ပါတယ်။Google plus rss feed ရဖို့ Create RSS Feed From Your Google Plus Stream ဆောင်းပါးကိုဖတ်ပါ။