Windows , IOS , Android စတဲ့ device တွေ ကြားမှာ ဖိုင်တွေ ကို synchronize, backup လုပ်ပေးနိုင်ပါတယ်။GoodSync က peer-to-peer နည်းကိုသုံးတာဖြစ်တဲ့ အတွက် ကြားခံ sync services , cloud storage , server တွေ မလို အပ်တော့ဘဲ သင့်ကွန်ပြူတာ နဲ့  devices တွေ ကြားမှာ ဖိုင်တွေကို တိုက်ရိုက် sync လုပ်ပေးနေတာပါ။ ဥပမာအားဖြင့် Dropbox, Google Drive စတဲ့ sync service, cloud storage services တွေ က နေတဆင့် သင့်ကွန်ပြူတာ ကဖိုင်တစ်ခု ကို သင့်ဖုန်းကနေအသုံးပြုချင်တယ်ဆိုပါစို့ ။အရင်ဆုံး သင့်ကွန်ပြူတာက ဖိုင်ကို Dropbox,Google Drive ကို upload,sync လုပ်ထားရမှာပါ။ပြီးမှ အဲဒီဖိုင်ကို cloud storage ကနေတစ်ဆင့် သင့်ဖုန်း က နေ download လုပ် ရမှာပါ။အဲဒီအတွက် upload , download လုပ်ရတဲ့ အတွက် အချိန်ပို ကြာသလို ကြားခံ cloud storage တစ်ခု ရှိဖို့ လိုအပ်ပါတယ်။GoodSync ကို အသုံးပြုရင် ကြားခံ cloud storage တွေ မလို ဘဲ သင့်ကွန်ပြူတာနဲ့  သင့် IOS, Android device တွေ ကြားမှာ တိုက်ရိုက် ဖိုင်တွေ sync , backup လုပ်နိုင်သလို သင့် ရဲ့  ကွန်ပြူတာ၊Android,IOS device တွေက ဖိုင်တွေကို ရောက်လေရာနေရာတိုင်းကနေ အသုံးပြုလို့ ရပါတယ်။