Showing posts with label How To and Tips. Show all posts
Showing posts with label How To and Tips. Show all posts
Monday, October 7, 2013
ကွန်ပျူတာ ကာကွယ်ရေးနည်းလမ်းများ
ကွန်ပျူတာ ကာကွယ်ရေးနည်းလမ်းများ
ကွန်ပျူတာကို အင်တာနက်ကနေ ချိတ်ဆက်အသုံးပြုတဲ့အခါမှာ ပြဿနာ
အမျိုးမျိုးကိုရင်ဆိုင်ရနိုင်ပါတယ်.အထူးသဖြင့် သင့်သတင်းအချက်
အလက်တွေကို ရယူပြီး သင့်အနေနဲ့ လုပ်ချင်ရာလျှောက်လုပ်တာမျိုးဟာ ဘဝပျက်တဲ့အထိ ထိခိုက်နိုင်ပါတယ်... သင့်ကွန်ပျူတာစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်အောင်လုပ်ဆောင်တာမျိုးတွေလည်း မဖြစ်မနေကြုံရနိုင်ပါတယ်... ဒါကြောင့် သင့်သတင်းအချက်အလက်တွေနဲ့ သင့်ကွန်ပျူတာစနစ်ကို ကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၁၀) ချက်ကို ဆွေးနွေးဖော်ပြပေးပါမယ်...
၁) ပထမအချက်အနေနဲ့ အရာအားလုံးကို Back up လုပ်ထားဖို့လိုပါမယ်... ဒါဆိုရင်အကြောင်းတစ်ခုခုကြောင့် သင့်စနစ်တွေထိခိုက်သွားမယ်
ဆိုရင်တောင် နဂိုအတိုင်း အမြန်ဆုံးပြန်ရောက်နိုင်ပါတယ်..
၂) ခန့်မှန်းရခက်တဲ့ password မျိုးကိုရွေးထားပါ... ဂဏန်းတွေချည်း
သက်သက် စာလုံးရေနည်းနည်းထားတာမျိုးတွေမလုပ်ပါနဲ့... default password တွေကို အမြဲပြောင်းပေးပါ...
၃) Antivirus တွေကို အသုံးပြုပါ... update နေ့စဉ်လုပ်ပါ...
၎) သင့် OS ကို မကြာခဏ update လုပ်ပေးပါ... software ထုတ်လုပ်
သူတွေက ထည့်ပေးထားတဲ့ security patches တွေအားလုံးကို apply လုပ်ထားပါ...
၅) Hacker တွေ တည်ကျက်အဖြစ်သုံးတတ်တဲ့ apps တွေကို ရှောင်ပါ... သင့် email က အချက်အလက်တွေကို အလိုအလျောက်ယူသုံးခွင့် မပေးပါနဲ့...
၆) အရေးကြီးတဲ့ email တွေပို့တဲ့အခါ PGP (Pretty good privacy) လိုမျိုး encryption software တွေကို အသုံးပြုပါ... သင့် hard drive တစ်ခုလုံးကို ကာကွယ်ဖို့လည်း ဒီ software ကို သုံးနိုင်တယ်လို့သိရပါတယ်...
၇) Spyware detection app တစ်ခုခုကို install လုပ်ထားပါ... ဖြစ်နိုင်ရင် တစ်ခုမကတွဲသုံးပါ... SpyCop လိုမျိုး program တွေကို မကြာခဏ run ပေးပါ...
၈) Personal Firewall တစ်ခုခုကို အသုံးပြုပါ... တခြားကွန်ပျူတာတွေ၊ network တွေနဲ့ site တွေက သင့်ကိုချိတ်ဆက်တာကနေ တားဆီး
ကာကွယ်ထားပါ... ကွန်ရက်ကိုအလိုအလျောက်ဆက်သွယ်ခွင့်ပြုမယ့် program တွေကို ရွေးချယ်သတ်မှတ်ထားပါ...
၉) သင်အသုံးမပြုတဲ့ system services တွေကို disable လုပ်ထားပါ... အထူးသသဖြင့် Remote Desktop, RealVNC နဲ့ NetBIOS တို့လိုမျိုး တခြားကနေ သင့်ကွန်ပျူတာကို remote access လုပ်နိုင်မယ့် app မျိုးတွေဖြစ်ပါတယ်...
၁၀) သင့် wireless network တွေကို လုံခြုံမှုရှိပါစေ... အိမ်မှာသုံးတဲ့အခါ WPA (Wi-Fi protected access) ကို စာလုံးရေအနည်းဆုံး ၂၀ လုံးပါတဲ့ password နဲ့ enable လုပ်ထားပါ... သင့် laptop ကို Infrastructure mode ကနေပဲ ချိတ်ဆက်ပါစေ... WPA မသုံးထားတဲ့ network တွေကို မချိတ်ဆက်ပါနဲ့...
 နှိုင်းရင့်နွေ
Ref: Computer & Mobile (٠ Hacking Tips & Trick ٠)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
IP address အကြောင်းသိကောင်းစရာ
IP address အကြောင်းသိကောင်းစရာ
computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု 
မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ကျွန်တော်တို့ လူတွေမှာလည်းဘာသာ
စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။
ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့
computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ
သုံးဖို့လိုပါတယ်။
TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP address
တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။
IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bits
နဲ့အလုပ်လုပ်ပြီးV6ကတော့
128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ
Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့
နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။
( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့
machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။
( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ
အပြန်အလှန်ဆက်သွယ်နိုင်တဲ့
address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer
5 လုံး၊ Group 2 မှာ computer 5 လုံး၊
ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2
ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ်
Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)
Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။
အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်
Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့
အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့
addressအစုအဝေးတစ်ခုဖြစ်ပြီး၊
HostAddressဆိုတာတော့
Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။
IP address ဒီလို အလုပ်လုပ်တယ်
IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ
32bitsကို8bitsစီ၊8bitsစီအပိုင်း
လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့်
သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊
ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။
( ဥပမာ- 192.168.1 .100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။
8bits ပါဝင်တဲ့
အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။
ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို
IP address ရဲ့ ပထမဆုံးအပိုင်း
( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့
ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
local machine address ဆိုတာ
computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ -
လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊
ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့
(စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်
စတဲ့ နာမ်စားတစ်ခုနဲ့
ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol
သုံးပြီး Network ချိတ်တဲ့
computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်
ကိုယ့် computer ကို
ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော့
 computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ
အလုပ်လုပ်နိုင် မလုပ်နိုင်၊
NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။
ကျွန်တော် network အကြောင်းကိုလေ့လာနေဆဲ လူတစ်ယောက်အနေနဲ့ ကျွန်တော် IP address အကြောင်းကိုလေ့လာရင်း တွေ့လို့ ပြန်လည် မျှဝေလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။
အိုင်တီခေတ်
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Friday, June 28, 2013
eMo Web Browse Optimizer : Browsers တွေရဲ့  Memory အသုံးပြုမှုကိုလျှော့ချပေးနိုင်တဲ့ Tool
ashampoo 06
Modern browsers တွေ ဟာ ကွန်ပြူတာရဲ့ memory ကို အသုံးပြုမှုများပါတယ်။အဲဒီအတွက် ကွန်ပြူတာရဲ့  performance ကို ကျဆင်းစေပါတယ်။အထူးသဖြင့် memory နည်းတဲ့ စက်တွေ ၊ browser tab တွေအများကြီးဖွင့်သုံးတတ်တဲ့ စက်တွေမှာ performance ကျတတ်ပါတယ်။အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ eMo Web Browse Optimizer ဆိုတဲ့  freeware တစ်ခု ထွက်ရှိလာပါတယ်။ဒီ tool က browsers တွေရဲ့  memory အသုံးပြုမှုကိုလျှော့ချပေးပြီး သင့်ကွန်ပြူတာရဲ့  memory ကို တိုးမြှင့်ပေးပြီး optimize လုပ်ပေးနိုင်ပါတယ်။ကျွန်တော် က chrome user ဖြစ်ပြီး chrome ဟာ တစ်ခြား browser တွေ ထက်မြန်သလောက် memory အသုံးပြုမှုကလည်းပိုများပါတယ်။ဒီဆောင်းပါးမှာ chrome ကို အသုံးပြုပြီး eMo ကို အသုံးမပြုမီနဲ့ eMo အသုံးပြုပြီး memory ကို optimize လုပ်ပေးနိုင်တာကို လက်တွေ့ စမ်းသပ်ရေးပါမယ်။eMo က chrome,firefox,IE,maxthon,safari ,opera တွေ အပြင်တစ်ခြား တော်တော်များများကို optimize လုပ်ပေးနိုင်ပါတယ်။
eMo ကိုအင်စတောမလုပ်ခင်မှာ chrome မှာ tab ၅ ခု ဖွင့်ပြီး chrome ရဲ့  memory အသုံးပြုမှုကို မှတ်ထားပါမယ်။ဒီလိုလုပ်ဖို့ အတွက် tab အသစ်တစ်ခုဖွင့်ပြီး address bar မှာ chrome:memory-redirect လို့ ရိုက်ပါ။Memory အသုံးပြုမှုက 600 mb ကျော်ရှိပါတယ်။သင်ဟာ တစ်ခြား browser အသုံးပြုသူဆိုရင်လည်း အဲဒီ browser တွေရဲ့  memory အသုံးပြုမှုကို အဲဒီ chrome page မှာပဲကြည့်နိုင်ပါတယ်။
ashampoo 05
eMo ကို အင်စတောလုပ်ပြီး chrome ကို အမှန်ဖြစ်ပေးပြီး Optimize : Memory မှာ On ပေးထားပါ။
ashampoo 06
Chrome memory page ကို refresh လုပ်ကြည့်ရင် memory အသုံးပြုမှုက 300 mb ကျော်ပဲရှိတော့တဲ့အတွက် memory တစ်ဝက်လောက်ကို လျှော့ချပေးနိုင်ပြီး သင့် system ကအသုံးပြုနိုင်ပါပြီ။အဲဒီအတွက် တစ်ခြား application တွေအသုံးပြုရတာ ၊ စက် ရဲ့  performance မြန်မြန်ဆန်ဆန် အလုပ်လုပ်ပေးနိုင် တာတွေကို တွေ့ မြင်ရမှာပါ။
ashampoo 07
Memory များတဲ့စက်တွေ မှာဆိုရင် မသိသာပေမယ့်  Memory နည်းတဲ့စက်တွေ မှာ eMo ကို အသုံးပြုရင် စက်ရဲ့  performance သိသိသာသာတက်လာတာတွေ့ ရမှာပါ။
Download eMo @ sourceforge.net/projects/browseoptimizer/?source=dlp
No Small Text For Firefox : Font Size ကို သင့်စိတ်ကြိုက်ချိန်ညှိဖို့ 
1
Firefox user တွေ အတွက် မျက်စိမကောင်းလို့  စာတွေဖတ်ရတာ ခက်ခဲနေရင်တော့ No Small Text ဆို တဲ့ firefox add-on ကိုသုံးပါ။Browser ရဲ့  zoom function ဖြစ်တဲ့ Ctrl + (+ (or) – sign) ကို သုံးပြီးတော့လည်း zoom in ,zoom out ကြည့်နိုင်ပါတယ်။ဒါပေမယ့် ၀က်ဆိုက်တိုင်းကို အမြဲ ချိန်ညှိပြီးကြည့်ချင်ရင်တော့ No Small Text ကပို အဆင်ပြေပါတယ်။ Add-on ကို အင်စတောလုပ်ပြီးရင် restart လုပ်စရာမလို ပါဘူး။ Toolbar မှာ အိုင်ကွန်ကို တွေ့ မြင်နိုင်ပြီး dropdown arrow ကို နှိပ်ပြီး သင် အဆင်ပြေစွာကြည့်နိုင်မယ့် ဖောင့်ဆိုက်ကို ရွေးပေးပါ။ဝက်ဆိုက်တိုင်းကို သင်သတ်မှတ်ထားတဲ့ ဖောင့်ဆိုက်အတိုင်းကြည့်နိုင်မှာပါ။
ashampoo 04
Checkout No Small Text @ addons.mozilla.org/en-US/firefox/addon/no-small-text/?src=cb-dl-updated
ပျောက်နေတဲ့ Android Phone မှာ Tracking App မရှိရင်တောင်ပြန်ရှာနိုင်ပါတယ်။
ashampoo 02
Android Phone ပျောက်သွားလား? Tracking App လဲဖုန်းမှာထည့်မထားမိဘူးဆိုရင် ဘယ်လို ပြန်ရှာမလဲ?ပြန်ရှာလို့ ရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ သင့်ဖုန်းပျောက်သွားပြီးမှ ဖုန်းမှာ tracking app ကို Google Play Store ကနေ remote install လုပ်လို့ ရတဲ့ အတွက်ကြောင့်ပါ။သင့်ဖုန်းမှာတော့ သင့် google account ကို add ထားဖို့ တော့လိုပါတယ်။
Android Lost
ဒီဆောင်းပါးမှာတော့ android lost ကို သုံးပါမယ်။Android lost က android 2.2 and up မှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် ဖုန်းတော်တော်များများနဲ့  အဆင်ပြေပါတယ်။တစ်ခြား သင့်ဖုန်း နဲ့  compatible ဖြစ်တဲ့ tracking app တွေကိုလည်းသုံးနိုင်ပါတယ်။ Google Play Store မှာ Android Lost ကို အင်စတောလုပ်ပါ။This item cannot be installed in your device's country ဆိုပြီး အင်စတောလုပ်မရရင် VPNium Premium,TunnelBear,Ultrasurf တို့ လို ကျော်ခွတဲ့ ဆော့ဝဲသုံးပါ။
2
နောက် ပြီး ရင် တစ်ခြားဖုန်း တစ်ခု ကနေ သင့်ဖုန်းကို androidlost register လို့ ရိုက်ပြီး message ပို့ ပေးပါ။
Tracking
2
3
သင့်ဖုန်း မှာ Android Lost ကို remote install လုပ်ဖို့ နဲ့  register လုပ်ဖို့  သင့်ဖုန်းမှာ  google accout ရှိရ ပါမယ် ၊ သင့်ဖုန်း power on နေရ ပါမယ် ၊ သင့်ဖုန်းမှာ ကွန်နက်ရှင်ရှိနေရ ပါမယ်။ အောက်ကပုံမှာလို သင့် ဖုန်း က register လုပ်တာကို စောင့်နေပါတယ်  ဆို တဲ့ message ပေါ်နေရင်တော့ register လုပ်ပြီးတဲ့အထိစောင့်ပေးပါ။ Play Store ကနေ remote install ခနခနပြန်လုပ်ပေးပါ။ SMS ပို့ ပြီး register ခနခနပြန်လုပ်ပေးပါ။
4
Thursday, June 27, 2013
Download Windows 8.1 Preview
1
Windows 8 အသုံးပြုသူတွေ အနေနဲ့ Windows 8.1 ကို အခမဲ့ update လုပ်နိုင်ပါတယ်။ISO ဖိုင်ကိုတော့ နောက်ရက်အနည်းငယ်မှာ ထုတ်ပေးမယ်လို့ ဖတ်ရပါတယ်။အခုလောလောဆည်မှာတော့ Windows 8 အသုံးပြုသူများသာ Windows Store ကနေ update install လုပ်လို့ ရပါတယ်။Windows 8.1 ကို update လုပ်ဖို့ အတွက် Windows 8 device ကနေ Windows 8.1 Preview Download Page ကို သွားပါ။
Get the update ကိုနှိပ်ပါ။နောက် page တစ်ခု ထပ်ပေါ်လာရင် Get the update ကို ထပ်နှိပ်ပါ။ Windows 8 Enterprise သုံးသူတွေ ကတော့ ISO ဖိုင်ထွက်မှာသာ update လုပ်နိုင်မှာကို ရေးထားတာကို သတိပြုပါ။
2
ဒါဆိုရင် ဖိုင်တစ်ခု ကိုဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ပြီးရင် အင်စတောလုပ်ပြီး system ကို restart လုပ်ပါ။ဝင်းဒိုးပြန်တက်လာရင် Window Store ကနေ Windows 8.1 Preview ကိုဒေါင်းလုပ်လုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ဒေါင်းလုပ်လုပ်ပါ။ဒါဆိုရင် Windows 8.1 Preview ကို update လုပ်တာပြီးဆုံးပါပြီ။
3
Window Store ကို အသုံးပြုလို့ မရဘူးဆိုရင် VPNium Premium , TunnelBear ,Ultrasurf တို့ လို ကျော်ခွပြီးသုံးလို့ ရတဲ့ ဆော့ဝဲတွေသုံးပါ။ VPNium ကတော့ premium server တွေကို သုံးလို့ ရနိုင်တဲ့အတွက် တစ်ခြား ဆော့ဝဲတွေထက်ပို မြန်လို့ သဘောကျပါတယ်။ဒီဆောင်းပါးကို pcworld , lifehacker ဆောင်းပါးနှစ်ပုတ်ကို ဖတ်ပြီးရေးပါတယ်။ကွန်နက်ရှင်မကောင်းလို့ မစမ်းသပ်ရသေးပါဘူး။လက်ရှိအရင် ၀င်းဒိုးတွေကို ပဲသုံးနေပြီး Windows 8 ကိုစမ်းသပ်သုံးစွဲချင်တဲ့ သူတွေ အတွက်
Virtualbox မှာ စမ်းသပ်သုံးနည်း
Windows 7 နဲ့ dual-boot လုပ်ပြီးသုံးနည်း 
တွေကို ရေးပေးထားပါတယ်။
Prism-Linked Websites တွေ ၀င်ကြည့်တိုင်း သတိပေးမယ့် Firefox Add-On
1
US အစိုးရရဲ့  အင်တာနက်အသုံးပြုသူတွေကို စောင့်ကြည့်လေ့လာနေတဲ့ PRISM လို့ နာမည်ပေးထားတဲ့ လျှို့ ဝှက် စီမံကိန်း ပေါက်ကြားခဲ့ပါတယ်။အဲဒီအတွက်အင်တာနက်အသုံးပြုသူတွေ ရဲ့  privacy ကို ထိခိုက်တဲ့ အတွက် ဆန္ဒပြမှုတွေလည်းဖြစ်ပေါ်နေပါတယ်။Facebook,Google,Yahoo,Microsoft စတဲ့ US company တွေ က services, websites,social networks စတာတွေကို သုံးတဲ့သူတိုင်း သင်တို့ ရဲ့  သတင်းအချက်အလက်တွေကို US အစိုးရက စောင့်ကြည့်သိရှိနေတယ်ဆို တာ သတိပြုပါ။US အစိုးရက စောင့်ကြည့်နေတဲ့ဆိုက်တွေကို သင်ဘယ်လို သိနိုင်မလဲ?Dark side of the prism ဆို တဲ့ firefox add-on က US အစိုးရစောင့်ကြည့်နေတဲ့ဆိုက်တွေ ရောက်တိုင်း သင့်ကို သတိပေးပါလိမ့်မယ်။အဲဒီဆိုက်တွေကို ရောက်တိုင်း firefox ရဲ့ ညာဘက်အပေါ်ထောင့်မှာ အောက်ကပုံမှာလို သတိပေးမှာဖြစ်ပြီး အသံအနေနဲ့  Pink Floyd ရဲ့  Dark Side of the Moon သီချင်းကို ကြားရမှာပါ။
ashampoo 01
Checkout Dark Side Of The Prism
Saturday, June 22, 2013
Myandroid V 1.3
ashampoo 01
မြန်မာ developer ကိုဖြိုးချမ်း  ရဲ့ Myandroid V 1.3 တွေ့ လို့ တင်ပေးလိုက်ပါတယ်။
Features
Huawei & Other မြန်မာစာ၊မြန်မာစာလက်ကွက်သွင်းခြင်း
Sony မြန်မာစာ၊မြန်မာစာ လက်ကွက်သွင်းခြင်း
Android 2.3 Google App Installing,
Android 4.0 Google App Installing,
Android 4.1 Google App Installing,
HTC Unlock Bootloader,
Huawei Unlock Bootloader
Sony Unlock Bootloader,
Factory Rest,
Pattern Delete,
Download Mode,
Fastboot Mode,
Recovery Mode,
အစရှိတဲ့ Function တွေပါဝင်ပါတယ်။Myandroid က portable ဖြစ်ပြီး အင်စတောလုပ်စရာမလို ပါဘူး။Myandroid ကို သုံးဖို့  Password ဖြည့်ပေးဖို့ လိုပါတယ်။ Password က   mmsd   ဖြစ်ပါတယ်။
Download Myandroid V 1.3
2
ashampoo 01
Friday, June 21, 2013
Web Of Trust : သင့် ယုံကြည်စိတ်ချစွာ ကြည့်နိုင်မယ့် ဆိုက်တွေကို ဖော်ပြပေးမယ့် WOT
1
Internet Websites တွေမှာ သင့်အကောင့်တွေ ကို ခိုးယူနေတဲ့ဆိုက်တွေ ၊ virus , malware တွေ ဖြန့် ဝေနေတဲ့ဆိုက်တွေ များစွာ ရှိပါတယ်။အဲဒီဆိုက်တွေ ကို သင် ဘယ်လို သိနိုင်မလဲ? Web Of Trust (WOT) က community-driven service တစ်ခု ဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ဆိုက်တွေကို ကမ္ဘာတစ်ဝန်း က WOT အသုံးပြုသူတွေ က rate လုပ်ပေးထားကြပါတယ်။အဲဒီအတွက် WOT ကို အသုံးပြုရင် ယုံကြည်စိတ်ချရတဲ့ဆိုက်လား ? အန္တရယ် ရှိတဲ့ဆိုက်လား ? ဆိုတာ သင်ခွဲခြားသိနိုင်ပါတယ်။WOT က browser မှာ အင်စတောလုပ်ပြီး အသုံးပြုရတဲ့ add-on ,extension ဖြစ်ပြီး Firefox,Chrome , Internet Explorer, Safari and Opera စတဲ့ browser တွေ မှာသုံးနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ chrome ကို အသုံးပြုပြီး ရေးမှာပါ။
Setting Up WOT
WOT ကို chrome မှာ အင်စတောလုပ်ပြီးရင် welcome page ကို ရောက်သွားပါမယ်။ Protection setting ၃ ခု ထဲက သင် အသုံးပြုမှုပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ဝက်ဆိုက်အားလုံးမှာ rating icon ပြပေးစေချင်ရင် Basic ကို ရွေးချယ်ပါ။ Poorly rated sites တွေကို ပဲ rating icon ပြပေးစေချင်ရင် Light ကိုရွေးပါ။Parental Control ကို ရွေးပြီး ကလေး တွေ နဲ့ မသင့်တော်တဲ့ဆိုက်တွေကို block လုပ်ခိုင်း လို့ ရပါတယ်။Welcome page ဒုတိယအဆင့်မှာ sign up လုပ်ရင်တော့ ၀က်ဆိုက်တွေ နဲ့ ပတ်သက်ပြီး ကွန်းမန့် တွေ ရေးနိုင်တာတွေ ၊ ဖိုရမ် တွေ မှာ ၀င်ရောက်ဆွေးနွေးနိုင်တာတွေ လုပ်နိုင်ပါတယ်။ဒီအဆင့်က optional ဖြစ်ပြီး မလုပ်လည်းရပါတယ်။
2
Using WOT
Google ကနေ ဖြစ်ဖြစ် တစ်ခြား search engine ကနေ ဖြစ်ဖြစ် တစ်ခုခုကို ရှာရင် ၀က်ဆိုက်တွေ ဘေးမှာ WOT icon ကို တွေ့ မြင်နိုင်ပြီးစိတ်ချရတဲ့ဆိုက် ဟုတ်မဟုတ်သိရှိနိုင်ပါတယ်။Social Media, online email, shortened urls, many popular sites တွေမှာပါ wot icon ကိုတွေ့ မြင်နိုင်ပါတယ်။ အရောင်သတ်မှတ်ချက်တွေကို အောက်ကပုံမှာတွေ့ မြင်နိုင်ပါတယ်။
ashampoo 03
Browser က WOT icon ကို နှိပ်ပြီး  သင် ရောက်ရှိနေတဲ့ ၀က်ဆိုက် ရဲ့  rating ကို ကြည့်နိုင်သလို သင်ကိုယ်တိုင်လည်း rate လုပ်ပေးနိုင်ပါတယ်။ 
ashampoo 04
Rating မကောင်းတဲ့ ဆိုက်တစ်ခုကို သင်ဝင်ရောက် ရင် WOT က သင့်ကို warning ပေးပါလိမ့်မယ်။ ဒါပေမယ့် warning ကို လစ်လျှူ ရှုပြီး ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံပေါ့ဗျာ။
ashampoo 05
Browser  က WOT icon ကို right click နှိပ်ပြီး options ထဲဝင်ရောက်နိုင်ပါတယ်။Options ထဲမှာတော့ သင်ဟာ adult ဖြစ်ရင် child safety ကို off လုပ်လို့ ရတာတွေ ၊ wot icon ကို ပြပေးမယ့် search engine တွေကို ရွေးချယ်တာတွေ ၊warning level ကို ချိန်ညှိတာတွေ ၊ color blind တွေ အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ wot ကို အသုံးပြုနိုင်တာတွေ ပြုလုပ်နိုင်ပါတယ်။
Checkout WOT @ www.mywot.com/
ViscomSoftOnline : သင့် ပုံတွေမှာ Effects , Animated Effects တွေ ထည့်သွင်းပေးနိုင်တဲ့ ၀က်ဆိုက်
1
သင့်ပုံတွေ မှာ effects , animated effects  တွေ ထည့်သွင်းပေးနိုင်တဲ့ website  တစ်ခုပြီး image viewer,gif frame maker , video to gif converter, webcam effect ,gif webcam, webcam to avi စတာတွေ အပါအ၀င်  tools (15) ခု ရှိပါတယ် ။သင့် browser မှာ Microsoft ရဲ့  silverlight plug-in မရှိသေးရင်တော့  အရင် ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ် ဖို့ ပြောပါလိမ့်မယ်။Tools တွေ ကတော့
(1) Free Online Photo Collage
(2) Free Online GIF Frame
(3) Free Online GIF Effect
(4) Free Online Photo Effect
(5) Free Online GIF Slideshow
(6) Free Online Video To GIF Converter
(7) Free Online GIF Webcam
( 8 ) Free Online Image Viewer
(9) Free Online Color Splash Effect
(10) Free Online Photo Frame
(11) Free Online GIF Page Turn Effect
(12) Free Online Webcam Effect
(13) Free Online Webcam To AVI
(14) Free Online Protecting An Image(Watermark)
(15) Free Online Photo Jigsaw Puzzles
Visit ViscomSoftOnline
ashampoo 01
How to Create System Restore Point in Windows 8 & 7
1
Windows က သင့်ကွန်ပြူတာမှာ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး လုပ်တဲ့ အချိန်တွေမှာ သိရှိပြီး မပြုလုပ်ခင် system restore point တွေ အလိုလို ပြုလုပ်တတ်ပါတယ်။Windows Updates တွေ အင်စတောလုပ်တဲ့ အခါတွေ ၊  Driver တွေ အင်စတောလုပ်တဲ့ အခါတွေ ၊ တစ်ချို့ ဆော့ဝဲတွေ အင်စတောလုပ်တဲ့ အခါမျိုးတွေ မှာ လည်း အလို လို system restore point တွေ ပြုလုပ်တတ်ပါတယ်။System restore point တွေက system files နဲ့   registry settings တွေကိုသိမ်းပေးထားတာဖြစ်ပါတယ်။အဲဒီအတွက် သင့်ကွန်ပြူတာ ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးရောက်ရင် ပြုလုပ်ထားတဲ့ system restore point ကိုအသုံးပြုပြီး သင့်ကွန်ပြူတာ ကောင်းကောင်းအလုပ်လုပ်တဲ့ အခြေအနေ ကို ပြန်ရောက်ရှိအောင်ပြုလုပ်နိုင်ပါတယ်။
System restore က System Protection ဆို တဲ့ Feature ကို အသုံးပြုပါတယ်။System Protection က သင့်ကွန်ပြူတာရဲ့ system files, registry settings and previous versions of files စတာတွေ ရဲ့  သတင်းအချက်အလက်တွေ ကို အမြဲ သိမ်းပေးထားပါတယ်။System restore က Windows system files, installed programs, registry settings, changes to scripts, batch files and other types of executable files စတာတွေအပေါ်သက်ရောက်မှုရှိပြီး အဲဒါတွေကို သိမ်းပေးနိုင် restore ပြန်လုပ်ပေးနိုင်ပါတယ်။ဒါပေမယ့် personal files တွေ အပေါ်သက်ရောက်မှုမရှိတဲ့ အတွက်သင့်ဖိုင်တွေ မပျက်ဆီးဘဲ တည်ရှိနေမှာပါ။ သင့်ကွန်ပြူတာ setting ,registry setting တွေကို မပြုပြင်ခင်မှာ system restore point ပြုလုပ်ထားသင့်ပါတယ်။ဒီဆောင်းပါးမှာတော့ windows 8 ကို အသုံးပြုပြီး system restore point ပြုလုပ်တာ၊ ပြုလုပ်ထားတဲ့ system restore point ကို အသုံးပြုပြီး system restore ပြုလုပ်တာ ကို ရေးမှာပါ။ Windows 7 မှာလည်း ဒီနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။
Create  System Restore Point
Control panel က search box ကနေ system restore လို့ ရိုက်ပြီး Create a restore point ကိုနှိပ်ပါ။
2
Create ကိုနှိပ်ပါ။
ashampoo 01
နာမည်တစ်ခု ပေးပြီး Create နှိပ်ပါ။
3
System restore point ပြုလုပ်တာ တစ်မီနစ်လောက်ပဲကြာတတ်ပါတယ်။
4
ဒါဆိုရင် system restore point တစ်ခု ပြုလုပ်ပြီးပါပြီ။
5
Revert Windows to a Restore Point
သင့်ကွန်ပြူတာ ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးရောက်ရင် ပြုလုပ်ထားတဲ့ system restore point ကို အသုံးပြုပြီး သင့်ကွန်ပြူတာအလုပ်ကောင်းကောင်းလုပ်ပေးနေတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိအောင်ပြုလုပ်နိုင်ပါတယ်။System Properties box က System Restore ကိုနှိပ်ပါ။
6
နောက်တစ်နည်းက win + r ကို နှိပ်ပြီး  rstrui.exe လို့ ရိုက်ပြီး Ok နှိပ်ပါ။
7
System Restore box ပေါ်လာရင် Next  နှိပ်ပါ။
8
ပြုလုပ်ထားတဲ့ restore point ကို ရွေးပေးပြီး Next နှိပ်ပါ။
9
နောက်တစ်ဆင့်မှာ confirm လုပ်ပေးပါ။
10
System restore က စလုပ်ပြီးတာနဲ့  ရပ်လို့ မရဘူးလို့ သတိပေးပါလိမ့်မယ်။Yes ကိုနှိပ်ပါ။
11
ဒါဆိုရင် system restore စလုပ်ပါပြီ။
12
ဒါဆိုရင်  system restore ပြုလုပ်တာပြီးပါပြီ။
ashampoo 02
တစ်ခါတစ်ရံမှာ System Restore did not complete successfully ဆိုတဲ့ message box ကျလာတတ်ပါတယ်။အဲဒီလို ကျလာရင် System Restore လုပ်တာ မအောင်မြင်ပါဘူး။အဲဒီလို အခြေအနေမှာ ပြုလုပ်ရမယ့်နည်းတွေကို 3 things to check if your system restore is not working ဆိုတဲ့ဆောင်းပါးကို ဖတ်ပါ။
Undo changes System Restore makes
System restore ပြုလုပ်ပြီးတိုင်း ၀င်းဒိုး က Undo System Restore ဆို တဲ့ restore point တစ်ခု အလို လို ပြုလုပ်ပေးပါတယ်။အဲဒီအတွက် system restore ပြုလုပ်ပြီးလို့ စိတ်တိုင်းမကျရင် system restore ကို ဖွင့်ပြီး Undo System Restore ကို  အသုံးပြုနိုင်ပါတယ်။
Thursday, June 20, 2013
Microsoft ရဲ့  Enhanced Mitigation Experience Toolkit (EMET) 4.0
1
EMET ကို အင်စတောလုပ်ရင်နောက်ဆုံးမှာ configuration wizard ကိုတွေ့ မြင်နိုင်ပြီး use recommended settings ကို ရွေးရင်တော့ Internet Explorer,WordPad, Oracle Java, Microsoft Office , Adobe Reader, Adobe Acrobat စတဲ့ programs တွေကို ကာကွယ်ပေးမှာပါ။Twitter, Facebook, Yahoo စတဲ့ site တွေကို  Certificate Trust Rule ထည့်ပေးမှာပါ။အဲဒါတွေကို နောက်မှ configure လုပ် ဖို့ လည်းရွေးချယ်နိုင်ပါတယ်။
ashampoo 26
EMET user interface မှာ Quick Profile Name မှာ Profile ၃ ခု ပါရှိပါတယ်။ Recommended security setting, Maximum security setting စတာတွေ ကတော့ configure လုပ်ပြီးသားဖြစ်ပြီးအသင့်သုံးနိုင်ပါတယ်။Custom security setting ကတော့ Advanced User တွေ အတွက် ရည်ရွယ်ပါတယ်။ Profile setting တွေကိုပြောင်းလဲ  ပြီးလို့  system ကို restart လုပ်ခိုင်းရင်လုပ်ပေးပါ။
ashampoo 31
Apps ကိုနှိပ်ပြီး လက်ရှိ profile ကကာကွယ်ထားတဲ့ application တွေကိုတွေ့ မြင်နိုင်ပြီး Add Application ကိုနှိပ်ပြီး လည်း application တွေကို ကာကွယ်နိုင်ပါတယ်။ဒါပေမယ့် တစ်ချို့ application တွေနဲ့  compatible မဖြစ်တာကို သတိပြုပါ။
ashampoo 32
EMET က system background  မှာ run နေပြီးကာကွယ်ပေးနေမှာပါ။EMET ကို configure လုပ်ချင်ရင် start menu ကနေသုံးနိုင်ပါတယ်။ သင့်ကွန်ပြူတာကို အမြင့်မားဆုံး security နဲ့ ကာကွယ်ထားချင်ရင်တော့ antivirus, antimalware တွေ အပြင် EMET ကိုပါ အင်စတောလုပ်ထားသင့်ပါတယ်။သင့်ကွန်ပြူတာရဲ့  security  ကို  analyze လုပ်ပြီးတွက်ချက်ပေးနိုင်တဲ့ Security Score  နဲ့ လည်း စစ်ဆေးကြည့်ဖို့ အကြံပေးပါတယ်။
Sandboxie : Applications တွေကို Sandboxie မှာ စမ်းသပ်အသုံးပြုမယ်
1
Applications တွေကို သင့် ကွန်ပြူတာမှာ တကယ် အင်စတောမလုပ်ပဲနဲ့ စမ်းသပ်သုံးစွဲချင်တဲ့ အခါမျိုးတွေ ၊ အန္တရာယ် ရှိနိုင်တဲ့ Applications တွေကို စမ်းသပ်အသုံးပြုချင်တဲ့ အခါမျိုးတွေ မှာ Sandboxie ကအသုံးဝင်ပါတယ်။သင့်ကွန်ပြူတာမှာ အင်စတောလုပ်ပြီးသား  applications,browsers, email client  တွေကိုလည်း Sandboxie မှာ run ပြီးသုံးနိုင်ပါတယ်။Sandboxie က အရင် version တွေ မှာ Windows 32 bit system တွေမှာပဲသုံးနိုင်ပါတယ်။ အခု version 4.02 မှာတော့ Windows 64 bit system တွေကို  fully support ပေးလာတဲ့အတွက် Sandboxie အကြောင်းရေးပေးလိုက်ပါတယ်။
Sandboxie က Sandbox လို့ ခေါ်တဲ့ Virtual Environment တစ်ခု ဖန်တီးပြီး Applications တွေကို run ပေးနိုင်တာကြောင့်  သင့်ရဲ့ System ကို မထိခိုက်စေပါဘူး။
1
Installation
Sandboxie ကို အင်စတောလုပ်ရင် Driver ကို အင်စတောလုပ်ပါလိမ့်မယ်။ Driver အင်စတောလုပ်တာ fail ဖြစ်ရင် System ကို restart ချပြီး Sandboxie ကို ပြန်ပြီးအင်စတောလုပ်ပါ။အင်စတောလုပ်ပြီးရင် Software Compatibility ၀င်းဒိုးကိုတွေ့ မြင်ရပြီး အဲဒီ Software တွေ Sandboxie မှာကောင်းကောင်းအလုပ်လုပ်နိုင်ဖို့  OK နှိပ်ပါ။ပြီးရင်တော့ Sandboxie အသုံးပြုနည်း အခြေခံကို ပြပေးပါလိမ့်မယ်။ဒီဆောင်းပါးမှာတော့ Sandboxie က ပြပေးတဲ့ အခြေခံအသုံးပြုနည်းတွေကို မရေးတော့ဘဲ ကျော်သွားပါမယ်။
ashampoo 01
Using Sandboxie
Programs တွေကို Sandboxie မှာ အသုံးပြုခြင်း
Sandboxie ကို အင်စတောလုပ်ပြီးရင် Sandboxie Control ၀င်းဒိုးမြင်ရမှာပါ။ Sandbox DefaultBox အပေါ်မှာ right click နှိပ်ပြီး browser , email reader, program, start menu , windows explorer စတာတွေကို sandboxie မှာ run ပြီးသုံးနိုင်ပါတယ်။Program တစ်ခု ကို sandboxie မှာ run ဖို့  တစ်ခြားနည်းတစ်ခု က desktop က program  shortcut ပေါ်မှာ right click နှိပ်ပြီး context menu ကနေ Run sandboxed ကိုနှိပ်ပါ။
ashampoo 05
ashampoo 21
System tray မှာလည်း sandboxie အိုင်ကွန်ကို တွေ့ မြင်နိုင်ပြီး right click နှိပ်ပြီး  sandboxie ကို အသုံးပြုနိုင်ပါတယ်။
ashampoo 17
Program တစ်ခု ကို Sandboxie မှာ run ကြည့်ရင် title bar မှာ [#] ကို တွေ့ မြင်ရပြီး အ၀ါရောင်ဘောင်ခတ်ပြီး တွေ့ မြင်ရမှာပါ။ပုံမှာ Paint ကို Sandboxie မှာ run ကြည့်တာပါ။
ashampoo 07
Paint ကို အသုံးပြုပြီးပြုလုပ်လိုက်တဲ့ ပုံတွေကို C:\Sandbox ဖိုဒါအောက်မှာတွေ့ နိုင်ပါတယ်။Sandboxie ထဲ မှာ အသုံးပြုတဲ့ programs တွေကနေ ပြုလုပ်လိုက်တဲ့ဖိုင်တွေ Browsers တွေကနေ ဒေါင်းလုပ်လုပ်လိုက်တဲ့ ဖိုင်တွေကို အဲဒီဖို ဒါမှာ တွေ့ မြင်နိုင်ပြီး အဲဒီဖိုင်တွေကို သင် ပြောင်းချင်တဲ့နေရာကို ကူးနိုင်ပါတယ်။အဲဒီသိမ်းထားတဲ့ဖိုင်တွေကို ကြည့်ဖို့   Sandbox DefaultBox ပေါ် right click နှိပ်ပြီး Explore Contents ကိုနှိပ်ပါ။
ashampoo 14
ashampoo 08
Programs တွေကို Sandboxie မှာ အင်စတောလုပ်ခြင်း
Programs တွေကို Sandboxie မှာ စမ်းသပ်သုံးဖို့  installer ပေါ်မှာ right click နှိပ်ပြီး Run sandboxed ကိုနှိပ်ပါ။အင်စတောလုပ်တဲ့ဖိုဒါက တကယ့် system folder မှာ အင်စတောလုပ်တာမဟုတ်ဘဲ C:\sandbox ဖိုဒါမှာအင်စတောလုပ်ပေးမှာပါ။ဒါဆိုရင် Programs တွေကို တကယ့် system မှာ အင်စတောလုပ်စရာမလို ဘဲ စမ်းသပ်အသုံးပြုနိုင်ပါပြီ။
ashampoo 09
Sandboxie မှာ အင်စတောလုပ်ထားတဲ့ programs တွေရဲ့  install folder ကို  C:\sandbox အောက်မှာ ရှာတွေ့ နိုင်ပြီး shortcut တွေကို desktop မှာတင်ထားနိုင်ပါတယ်။အဲဒီ programs တွေက delete contents မလုပ်မချင်းသုံးနိုင်ပါတယ်။
ashampoo 16
ashampoo 15
Immediate Recovery
ဖိုင်တွေကို save လုပ်တဲ့အခါ immediate recovery လုပ်မလားမေးတတ်ပါတယ်။အဲဒါက sandbox ဖိုဒါမှာဖိုင်တွေသိမ်းတာဖြစ်တဲ့အတွက်  Delete contents လုပ်တဲ့အချိန်မှာ ဖိုင်တွေ ဖျက်ပြစ်မှာပါ။အဲဒီအတွက် sandbox ဖိုဒါကဖိုင်တွေကို သင်ကြိုက်တဲ့နေရာမှာသိမ်းဖို့  ပြောတာပါ။ Same Folder ထဲမှာ recover လုပ်နိုင်သလို Any Folder ကိုရွေးပြီး recover လုပ်နိုင်ပါတယ်။နောက်မှ Quick recovery လုပ်ပြီးသိမ်းနိုင်တဲ့အတွက်ချက်ချင်း မသိမ်းချင်ရင် Close ကိုနှိပ်ပါ။
ashampoo 11
Quick Recovery
Sandboxie ထဲမှာ အသုံးပြုထားတဲ့ programs  တွေကနေပြုလုပ်ထားတဲ့ဖိုင်တွေ browsers တွေကနေ  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်တွေကို ရယူဖို့ အတွက်အပေါ်ကနည်း တွေအတိုင်းပြုလုပ်နိုင်ပါတယ်။နောက်နည်းဖြစ်တဲ့ Quick recovery ကပို ပြီးလွယ်ကူအဆင်ပြေပါတယ်။Sandbox DefaultBox ပေါ်မှာ right click နှိပ်ပြီး Quick recovery ကိုနှိပ်ပါ။
ashampoo 12
Same Folder ထဲမှာ recover လုပ်နိုင်သလို Any Folder ကိုရွေးပြီး recover လုပ်နိုင်ပါတယ်။တစ်ခု မှတ်ထားရမှာက Quick recovery က sandbox  ဖိုဒါအောက်က Desktop, Favorites and My Documents  စတဲ့ဖိုဒါကဖိုင်တွေကိုပဲ scan လုပ်ပေးမှာပါ။သင်သိမ်းထားတဲ့ ဖိုဒါက တစ်ခြားနေရာမှာဆိုရင် Add Folder ကိုနှိပ်ပြီး ဖိုင်တွေ သိမ်းထားတဲ့ဖိုဒါကို add ပါ။ပြီးမှ scan လုပ်ခိုင်းပြီး recover လုပ်ပါ။
ashampoo 13
Delete Contents
Programs တွေကိုလည်းစမ်းသပ်အသုံးပြုပြီးပြီ လို ချင်တဲ့ ဖိုင်တွေကိုလည်း recover လုပ်ပြီးပြီဆိုရင် Sandbox ထဲမှာအင်စတောလုပ်ထားတဲ့ programs တွေ သိမ်းထားတဲ့ဖိုင်တွေကို ရှင်းနိုင်ပါတယ်။ဒီလိုလုပ်ဖို့ Sandbox DefaultBox ပေါ်မှာ right click နှိပ်ပြီး Delete Contents ကိုနှိပ်ပါ။
ashampoo 19
Free Vs Pro
ကျွန်တော် စမ်းသပ်သုံးကြည့်တာတော့ Sandboxie ကအလုပ်ကောင်းကောင်းလုပ်ပါတယ်။ဒါပေမယ့် Sandboxie ထဲမှာ run လို့ မရတဲ့ programs အနည်းငယ်ရှိပြီး Known Conflicts page မှာကြည့်ပါ။ Sandboxie က free နဲ့  pro version နှစ်မျိုးရှိပြီး pro version မှာတော့ programs , folders တွေကို အလို လို sandbox မှာ run အောင်ပြုလုပ်နိုင်တဲ့ Forced Programs, Forced Folders ဆိုတဲ့ feature ပါဝင်ပါတယ်။Sandboxie မှာ Sandbox DefaultBox အပြင် နောက်ထပ် sandbox တွေပြုလုပ်သုံးနိုင်ပါတယ်။ဒါပေမယ့် sandbox နှစ်ခု မှာ programs တွေကို တစ်ပြိုင်နက်သုံးလို့ မရဘဲ pro version သုံးမှသာ sandbox နှစ်ခု လုံးမှာ programs တွေတစ်ပြိုင်နက်သုံးလို့ ရမှာပါ။Pro version ကို ရှာတွေ့ ရင်တင်ပေးပါမယ်။ Programs တွေကို စမ်းသပ်အသုံးပြုဖို့ အတွက်ဆိုရင်တော့ Free version သုံးရတာလည်းအဆင်  အဆင်ပြေပါတယ်။Free version သုံးလို့  ရက် ၃၀  ပြည့်ရင်တော့ pro version သုံးဖို့  message ကျလာပါတယ်။စက္ကန့် အနည်းငယ်စောင့်ပြီး Click to close this window and continue ကိုနှိပ်ပြီး free version ကို ဆက်သုံးနိုင်ပါတယ်။Free version က အချိန်အကန့် အသတ်မရှိသုံးနိုင်ပါတယ်။အောက်က message box လေးသာကျလာတာပါ။
ashampoo 04
Sandboxie Vs  VirtualBox
Programs တွေကို စမ်းသပ်သုံးစွဲဖို့  အတွက်  VirtualBox ကို လည်းသုံးနိုင်ပါတယ်။VirtualBox ကိုအသုံးပြုရင် သင့် system က ram memory ကို မျှပြီးပေးထားရပါတယ်။အဲဒီအတွက် VirtualBox ကို သုံးရင် စက်လေးတတ်ပါတယ်။ အဲဒီအတွက် programs တွေကို စမ်းသပ်သုံးမယ်ဆိုရင် Sandboxie ကပိုကောင်းပါတယ်။ Operation System တွေကို စမ်းသပ်သုံးချင်တယ်ဆိုရင်တော့ VirtualBox က ကောင်းပါတယ်။
Download Sandboxie @ www.sandboxie.com/