Wednesday, April 30, 2014
Firefox ဒီဇိုင်းအသစ်ပေါ့ပါး 29 Download PC
Saturday, October 12, 2013
Firefox ကို ပိုမိုကောင်းမွန်စေမယ့် About:Config Tweaks များ။
Firefox က အကောင်းဆုံး Browser တွေထဲက တစ်ခု ဖြစ်ပြီး သင့်စိတ်ကြိုက် Customize လုပ်နိုင်ပါတယ်။Firefox ရဲ့ About:Config မှာ ပြောင်းလဲနိုင်တဲ့ Options တွေအများကြီးရှိပါတယ်။အဲဒီထဲက ကောင်းတဲ့ Tweaks တွေကို ဖော်ပြလိုက်ပါတယ်။
About:Config ကို အသုံးပြုဖို့ အတွက် Address Bar ကနေ about:config လို့ ရိုက်ပြီး Enter နှိပ်ပါ။ သတိပေးတဲ့ Message Box တစ်ခုကျလာရင် “I’ll be careful.I promise” ကို နှိပ်ပါ။ပြုပြင်ချင်တဲ့ Entry ကို Search Box ကနေရှာပြီး Double Click နှိပ်ပြီး ပြောင်းလဲပေးရမှာပါ။
Extension တွေ အင်စတောလုပ်တဲ့အခါ မှာ အချိန်စောင့် ခိုင်းတာကို Disable လုပ်ပါ။
Extension တစ်ခုကို အင်စတောလုပ်တဲ့အခါမှာ Firefox က သင့်ကို ငါးစက္ကန့် စောင့်ခိုင်းပါတယ်။အဲလို မစောင့်ချင်ရင် about:config page မှာ အောက်က စာသားကိုရှာပါ။
security.dialog_enable_delay
သူ့ ရဲ့  Value ကို 0 ပြောင်းလဲပေးပါ။
Awesomebar Dropdown က Number of Suggestions ကို တိုးမြှင့် ပါ။
Firefox ရဲ့  Awesomebar မှာ တစ်ခုခုရိုက်လိုက်ရင် Suggestions (၁၂) ခုကိုပဲဖော်ပြပေးပါတယ်။ဒီထက်ပိုပြီးဖော်ပြစေချင်ရင်အောက်က Entry ကိုရှာပါ။
browser.urlbar.maxRichResults
သူ့ ရဲ့ Value ကို သင်ပြပေးစေချင်တဲ့ Suggestions အရေအတွက်ကို ပြောင်းနိုင်ပါတယ်။ Suggestion တွေကို မပြပေးစေချင်ရင် -1 သတ်မှတ်ပေးပါ။
Search Results တွေကို New Tab မှာ ဖွင့်ပါ။
Firefox ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Search Box ကနေ တစ်ခုခုကိုရှာလိုက်ရင် လက်ရှိဖွင့်ထားတဲ့ Tab မှာ Search Results တွေကို ပြပေးမှာပါ။အဲဒီအတွက် လက်ရှိဖွင့်ထားတဲ့ Tab ကိုဆုံးရှုံးမှာပါ။ Search Box ကနေရှာလိုက်ရင် Tab အသစ်တစ်ခုဖွင့်ပြီး Search Results တွေကို ပြပေးဖို့ ပြုလုပ်နိုင်ပါတယ်။ဒီိလိုလုပ်ဖို့ 
browser.search.openintab
ကိုရှာပြီး Double Click နှိပ်ပါ။ သူ့ ရဲ့  Setting ကို True ပြောင်းပေးပါ။
Extensions တွေအတွက် Compatibility Checking လုပ်တာကို Disable လုပ်ပါ။
Firefox က Extension တွေအတွက် Compatibility Checking ပြုလုပ်ပါတယ်။Compatibility Checking မပြုလုပ်စေချင်ရင် Disable လုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် about:config page ကိုသွားပါ။လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New>Boolean ကိုနှိပ်ပါ။ပြီးရင်အောက်ကစာသားကိုဖြည့်ပေးပါ။
extensions.checkCompatibility
သူ့ ရဲ့  Value ကို False သတ်မှတ်ပေးပါ။
Tabs တွေကို Preview ကြည့်ပါ။
Windows Programs တွေကို Alt+Tab နှိပ်ပြီးပြောင်းလဲ ကြည့်လို့ ရသလို Firefox မှာလည်း Tabs တွေကို Ctrl + Tab နှိပ်ပြီးပြောင်းနိုင်ပါတယ်။ဒါပေမယ့် Tabs တွေကိုပဲပြောင်းပေးမှာဖြစ်ပြီး Preview ကြည့်လို့ ရမှာမဟုတ်ပါဘူး။ Preview ကြည့်ချင်ရင်တော့
browser.ctrlTab.previews
ရဲ့  Value ကို True ပြောင်းပေးပါ။
New Tab Page မှာ Rows,Columns တွေကို ထပ်ဖြည့်ပါ။
Default အားဖြင့် Firefox New Tab Page မှာ Websites ကိုးခုကိုပဲဖော်ပြပေးပါတယ်။Websites တွေပိုပြီးပြပေးစေချင်ရင်
browser.newtabpage.rows
browser.newtabpage.columns
အဲဒီနှစ်ခုရဲ့  Numbers တွေကို ပြောင်းလဲသတ်မှတ်ပေးပါ။
အပေါ်မှာဖော်ပြပေးထားတဲ့ Tweaks တွေက ကောင်းနိုးရာရာ အနည်းငယ်ကိုသာဖော်ပြပေးထားတာပါ။ About:config Entries တွေအကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်ရင် Mozilla ၀က်ဆိုက်မှာလေ့လာနိုင်ပါတယ်။
Myanmar ICT မှာကျွန်တော် ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
Saturday, September 14, 2013
သင့်ရဲ့  Privacy,Security ကိုကာကွယ်ဖို့  Private Browsing Mode အသုံးပြုနည်းများ။
Browsers တွေ က သင့်ရဲ့  ဒေတာတွေ၊ Login Passwords စတာတွေကို သိမ်းထားတဲ့အတွက် အင်တာနက်ဆိုင်တွေ၊ Public Pc တွေမှာ Browser အသုံးပြုရင် သတိထားသင့်ပါတယ်။Browsers တွေမှာ Private Browsing Mode တွေရှိပါတယ်။အဲဒီ Private Browsing Mode ကို အသုံးပြုရင် သင့်ရဲ့ ဒေတာတွေ၊ Cookie တွေ၊ Login Passwords တွေ ၊ History တွေ၊Temporary Internet Files တွေကိုယာယီပဲသိမ်းပေးထားမှာဖြစ်ပြီး Browser ကိုပိတ်လိုက်တာနဲ့ အလိုလို ဖျက်ဆီးပေးမှာဖြစ်ပါတယ်။အဲဒီအတွက် သင့်ရဲ့  Privacy,Security ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။
Internet Explorer မှာ InPrivate Browsing လို့ ခေါ်ပြီး Chrome မှာတော့ Icognito Mode ,Opera မှာ Private Browsing, Firefox မှာ Private Browsing လို့ ခေါ်ပါတယ်။ဒီဆောင်းပါးမှာ အဲဒီ Browsers တွေမှာ Private Browsing Mode အသုံးပြုနည်းတွေကို ရေးပါမယ်။
Internet Explorer
InPrivate Browsing ကိုအသုံးပြုရင် Cookie,Temporary Internet Files,History နဲ့ တစ်ခြားဒေတာတွေကို သိမ်းပေးထားခြင်းမရှိပါဘူး။ Toolbars, Extensions တွေကို တော့ Disable လုပ်မှာဖြစ်ပါတယ်။InPrivate Browsing ကိုအသုံးပြုဖို့  Settings>Safety>InPrivate Browsing ကိုနှိပ်ပါ။ Shortcut Key ဖြစ်တဲ့ Ctrl+Shift+P ကိုနှိပ်ပြီးလည်းသုံးနိုင်ပါတယ်။
နောက်တစ်နည်းက IE taskbar icon ပေါ်မှာ right-click နှိပ်ပြီး Start InPrivate Browsing ကိုနှိပ်ပြီးသုံးနိုင်ပါတယ်။
Firefox
Private Browsing မှာ History,Search History,Download History,Web Form History,Cookies,Temporary Internet Files တွေကို အသုံးပြုပြီးတာနဲ့ အလိုလို ဖျက်ဆီးပေးပါလိမ့်မယ်။ ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်တွေနဲ့  Bookmarks တွေကိုတော့ သိမ်းပေးထားမှာပါ။ Private Browsing ကိုအသုံးပြုဖို့  Settings>New Private Window ကိုနှိပ်ပါ။Keyboard Shorcut ဖြစ်တဲ့ Ctrl+Shift+P ကိုနှိပ်ပြီးလည်းသုံးနိုင်ပါတယ်။ IE လို ပဲ Firefox Taskbar Icon ပေါ်မှာ Right-Click နှိပ်ပြီး New Private Window ကိုနှိပ်ပြီးလည်းသုံးနိုင်ပါတယ်။
Opera
Opera မှာ Private Browsing ကိုအသုံးပြုရင် Browsing History,Cache,Cookies တွေကို အသုံးပြုပြီးတာနဲ့ ချက်ချင်းဖျက်ဆီးပေးမှာပါ။ Setting > New Private Window ကိုနှိပ်ပြီးသုံးနိုင်ပါတယ်။ Ctrl+Shift+N ကိုနှိပ်ပြီးလည်းသုံးနိုင်ပါတယ်။Opera Taskbar Icon ပေါ်မှာ Right-Click နှိပ်ပြီး New Private Window ကိုနှိပ်ပြီးလည်းသုံးနိုင်ပါတယ်။
Chrome
Chrome ရဲ့ Icognito Mode ကိုသုံးရင် ကြည့်ရှုတဲ့ ၀က်ဆိုက်တွေ၊ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်တွေကို History မှာ Record လုပ်ထားမှာမဟုတ်ပါဘူး။ Cookies တွေကိုလည်း အသုံးပြုပြီးတာနဲ့ ဖျက်ဆီးပေးမှာဖြစ်ပါတယ်။ Bookmarks,ပြောင်းလဲလိုက်တဲ့ Setting တွေကိုတော့သိမ်းပေးထားမှာပါ။Icognito Mode ကိုအသုံးပြုဖို့  Chrome Menu ကနေ New Icognito Window ကိုနှိပ်ပါ။Keyboard Shortcut ဖြစ်တဲ့ Ctrl+Shift+N ကိုသုံးနိုင်ပါတယ်။တစ်ခြား Browser တွေလို ပဲ Taskbar Icon ကနေလည်း အသုံးပြုနိုင်ပါတယ်။
ရွေးချယ်စရာ Browsers တွေ အများကြီးထဲမှာ ဘယ် Browser ကို သင်နှစ်သက်သလဲဆိုတာ ကွန်းမန့် ရေးပေးခဲ့ပါအုံး။ကျွန်တော်ကတော့ Chrome ကိုအသုံးပြုပါတယ်။Browser တွေ ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးပေးနိုင်တဲ့ Peacekeeper ဆိုတဲ့ Browser Benchmark Tool အကြောင်းရေးပေးထားပြီး ဘယ် Browser အမြန်ဆုံးလဲဆိုတာ စာဖတ်သူကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။
Sunday, August 25, 2013
Phone Message ကို PC ကဖတ်မယ် ၊ ပို့ မယ်။
Windows , Chrome, Android Phone အားလုံးမှာ ကောင်းမွန်တဲ့ Notification System တွေ ရှိကြပါတယ်။အဲဒီ System တွေကို တစ်နေရာထဲကနေအသုံးပြုလို့ ရမယ်ဆိုရင် သင့်အတွက် အဆင်ပြေစေပါတယ်။ကွန်ပြူတာရှေ့ မှာရှိနေချိန် ဖုန်းကို Message ၀င်လာရင် ဖုန်းကို Unlock လုပ်ပြီး Message ဖတ်၊ Message ပြန်ရေးပြီး Reply လုပ်ရတာ အလုပ်ရှုပ်ပါတယ်။ ကွန်ပြူတာကနေပဲ Message ဖတ်၊ Reply လုပ်လို့ ရရင်အဆင်ပြေပါတယ်။ဒီဆောင်းပါးမှာ အဲလို လုပ်လို့ ရတဲ့နည်းတွေကို ရေးပါမယ်။
MightyText က သင့်ဖုန်း ကို ၀င်လာတဲ့ Message တွေကို ကွန်ပြူတာကနေ ဖတ်ရှုနိုင်ပြီး ကွန်ပြူတာကနေပဲ Message တွေကို ပြန်လည်ပေးပို့ နိုင်ပါတယ်။MightyText ရဲ့ Android App နဲ့  Extension ကို သင့်ဖုန်း နဲ့  သက်ဆိုင်ရာ Browser မှာအင်စတောလုပ်ပါ။ Chrome,Firefox,Safari,IE,Opera စတဲ့ Browser တွေမှာသုံးနိုင်ပါတယ်။ပြီးရင် Google အကောင့်နဲ့ ချိတ်ဆက်ပေးပါ။Extension မသုံးချင်တဲ့သူတွေ အနေနဲ့ MightyText ၀က်ဆိုက်မှာလည်းအသုံးပြုနိုင်ပါတယ်။ဒါဆိုရင် သင့် Browser ကနေပဲ ဖုန်း Message တွေကို ဖတ်နိုင်ပေးပို့ နိုင်ပါပြီ။
AirDroid app ကို သင့်ဖုန်းမှာအင်စတောလုပ်ပါ။AirDroid ၀က်ဆိုက်မှာအကောင့်တစ်ခုလုပ်ပါ။ ဖုန်းနဲ့  ကွန်ပြူတာက တူညီတဲ့ Network တစ်ခုထဲမှာရှိရပါမယ်။ AirDroid ကဖုန်း Message တွေကို Browser ကနေဖတ်နိုင် ပြန်ပေးပို့ နိုင်တဲ့အပြင် App တွေကို Manage လုပ်တာ၊ ဖုန်းနဲ့ ကွန်ပြူတာကြား ဖိုင်တွေ ပေးပို့ ရယူတာတွေ၊ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာတာတွေ ပါပြုလုပ်နိုင်ပါတယ်။
AidDroid app ကို Run ပြီးရင် ရလာတဲ့ ၀က်ဆိုက်လိပ်စာကို Browser ကနေဖွင့်ပါ။ Connection ကို Accept လုပ်ပါ။AirDroid page က Message အိုင်ကွန်ကိုနှိပ်ပြီး Message တွေ ဖတ်နိုင် ပေးပို့ နိုင်ပါတယ်။
Browser မှာသိမ်းထားတဲ့ Password တွေမေ့သွားလား ? WebBrowserPassView ကိုသုံးပါ။
ဒီနေ့ ခေတ် Modern Browser တွေ မှာ Password Manager တွေ ပါရှိပါတယ်။ Password Manager တွေက သင့် အကောင့်တွေ ရဲ့ Username, Passwords တွေကို သိမ်းပေးထားနိုင်ပြီး ၀က်ဆိုက် တွေ Login ၀င်ရင်အလိုလို ဖြည့်ပေးနိုင်ပါတယ်။ အဲဒီ Password တွေကို ဖျက်မိလို့ ဖြစ်ဖြစ် ၊ မေ့ လို့ ဖြစ်ဖြစ်မသိတော့ရင် Recover လုပ်ပေးနိုင်တဲ့ WebBrowserPassView ဆိုတဲ့ Freeware ကိုသုံးပါ။
WebBrowserPassView က Internet Explorer (Version 4.0 - 10.0), Mozilla Firefox (All Versions), Google Chrome, Safari, and Opera က Password တွေကို ပြန်ပြီး ရှာပေးနိုင်ပါတယ်။Scan လုပ်ပြီးတာနဲ့ ဝက်ဆိုက် URL , Browser, User Name, Password စတာတွေကို တွေ့ မြင်နိုင်ပါတယ်။ အကောင့်တွေ အများကြီးရှိသူတွေ အတွက်လည်း Find command ကိုသုံးပြီးရှာနိုင်ပါတယ်။
Sunday, July 28, 2013
Tawea : Websites တိုင်းမှာ Facebook Chat သုံးမယ်။
သင် ဘယ် ၀က်ဆိုက်ကို ကြည့်နေနေ facebook chat ကို သုံးလို့ ရအောင်လုပ်ပေးနိုင်တဲ့ browser extension or add-on တစ်ခုပါ။အဲဒီအတွက် သင့် facebook သူငယ်ချင်းတွေ နဲ့ အဆက်အသွယ်မပြတ်ဘဲ စကားပြောနိုင်မှာပါ။Chrome, Safari, Firefox, Opera, and Internet Explorer စတဲ့ browser တွေမှာသုံးနိုင်ပါတယ်။Tawea ကို သင့် browser မှာအင်စတောလုပ်ပြီးရင် ကွန်ပြူတာ screen ရဲ့ ညာဘက်အောက်ထောင့်မှာ ဘားတန်းလေးကိုတွေ့ မြင်နိုင်ပြီး အဲဒီကနေ Login လုပ်ပြီး Tawea ကို Permission ပေးပါ။
ပြီးရင်တော့ သင်ဘယ်ဝက်ဆိုက်ကိုကြည့်နေကြည့်နေ သင့် facebook သူငယ်ချင်းတွေနဲ့ ချက်လို့ ရပါပြီ။
Smileys တွေသုံးလို့ ရသလို web ပေါ်ကပုံတွေကို chat box ပေါ်ကို drag and drop လုပ်ပြီးပို့ လို့ ရပါတယ်။နောက်ပြီး ပုံတွေကို facebook , twitter တို့ မှာ share အလွယ်တကူလုပ်လို့ ရပါတယ်။
Checkout Tawea @ tawea.com/
Friday, June 28, 2013
eMo Web Browse Optimizer : Browsers တွေရဲ့  Memory အသုံးပြုမှုကိုလျှော့ချပေးနိုင်တဲ့ Tool
Modern browsers တွေ ဟာ ကွန်ပြူတာရဲ့  memory ကို အသုံးပြုမှုများပါတယ်။အဲဒီအတွက် ကွန်ပြူတာရဲ့  performance ကို ကျဆင်းစေပါတယ်။အထူးသဖြင့် memory နည်းတဲ့ စက်တွေ ၊ browser tab တွေအများကြီးဖွင့်သုံးတတ်တဲ့ စက်တွေမှာ performance ကျတတ်ပါတယ်။အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ eMo Web Browse Optimizer ဆိုတဲ့  freeware တစ်ခု ထွက်ရှိလာပါတယ်။ဒီ tool က browsers တွေရဲ့  memory အသုံးပြုမှုကိုလျှော့ချပေးပြီး သင့်ကွန်ပြူတာရဲ့  memory ကို တိုးမြှင့်ပေးပြီး optimize လုပ်ပေးနိုင်ပါတယ်။ကျွန်တော် က chrome user ဖြစ်ပြီး chrome ဟာ တစ်ခြား browser တွေ ထက်မြန်သလောက် memory အသုံးပြုမှုကလည်းပိုများပါတယ်။ဒီဆောင်းပါးမှာ chrome ကို အသုံးပြုပြီး eMo ကို အသုံးမပြုမီနဲ့ eMo အသုံးပြုပြီး memory ကို optimize လုပ်ပေးနိုင်တာကို လက်တွေ့ စမ်းသပ်ရေးပါမယ်။eMo က chrome,firefox,IE,maxthon,safari ,opera တွေ အပြင်တစ်ခြား တော်တော်များများကို optimize လုပ်ပေးနိုင်ပါတယ်။
eMo ကိုအင်စတောမလုပ်ခင်မှာ chrome မှာ tab ၅ ခု ဖွင့်ပြီး chrome ရဲ့  memory အသုံးပြုမှုကို မှတ်ထားပါမယ်။ဒီလိုလုပ်ဖို့ အတွက် tab အသစ်တစ်ခုဖွင့်ပြီး address bar မှာ chrome:memory-redirect လို့ ရိုက်ပါ။Memory အသုံးပြုမှုက 600 mb ကျော်ရှိပါတယ်။သင်ဟာ တစ်ခြား browser အသုံးပြုသူဆိုရင်လည်း အဲဒီ browser တွေရဲ့  memory အသုံးပြုမှုကို အဲဒီ chrome page မှာပဲကြည့်နိုင်ပါတယ်။
eMo ကို အင်စတောလုပ်ပြီး chrome ကို အမှန်ဖြစ်ပေးပြီး Optimize : Memory မှာ On ပေးထားပါ။
Chrome memory page ကို refresh လုပ်ကြည့်ရင် memory အသုံးပြုမှုက 300 mb ကျော်ပဲရှိတော့တဲ့အတွက် memory တစ်ဝက်လောက်ကို လျှော့ချပေးနိုင်ပြီး သင့် system ကအသုံးပြုနိုင်ပါပြီ။အဲဒီအတွက် တစ်ခြား application တွေအသုံးပြုရတာ ၊ စက် ရဲ့  performance မြန်မြန်ဆန်ဆန် အလုပ်လုပ်ပေးနိုင် တာတွေကို တွေ့ မြင်ရမှာပါ။
Memory များတဲ့စက်တွေ မှာဆိုရင် မသိသာပေမယ့် Memory နည်းတဲ့စက်တွေ မှာ eMo ကို အသုံးပြုရင် စက်ရဲ့  performance သိသိသာသာတက်လာတာတွေ့ ရမှာပါ။
Download eMo @ sourceforge.net/projects/browseoptimizer/?source=dlp
No Small Text For Firefox : Font Size ကို သင့်စိတ်ကြိုက်ချိန်ညှိဖို့ 
Firefox user တွေ အတွက် မျက်စိမကောင်းလို့  စာတွေဖတ်ရတာ ခက်ခဲနေရင်တော့ No Small Text ဆို တဲ့ firefox add-on ကိုသုံးပါ။Browser ရဲ့  zoom function ဖြစ်တဲ့ Ctrl + (+ (or) – sign) ကို သုံးပြီးတော့လည်း zoom in ,zoom out ကြည့်နိုင်ပါတယ်။ဒါပေမယ့် ၀က်ဆိုက်တိုင်းကို အမြဲ ချိန်ညှိပြီးကြည့်ချင်ရင်တော့ No Small Text ကပို အဆင်ပြေပါတယ်။ Add-on ကို အင်စတောလုပ်ပြီးရင် restart လုပ်စရာမလို ပါဘူး။ Toolbar မှာ အိုင်ကွန်ကို တွေ့ မြင်နိုင်ပြီး dropdown arrow ကို နှိပ်ပြီး သင် အဆင်ပြေစွာကြည့်နိုင်မယ့် ဖောင့်ဆိုက်ကို ရွေးပေးပါ။ဝက်ဆိုက်တိုင်းကို သင်သတ်မှတ်ထားတဲ့ ဖောင့်ဆိုက်အတိုင်းကြည့်နိုင်မှာပါ။
Checkout No Small Text @ addons.mozilla.org/en-US/firefox/addon/no-small-text/?src=cb-dl-updated
Thursday, June 27, 2013
Prism-Linked Websites တွေ ၀င်ကြည့်တိုင်း သတိပေးမယ့် Firefox Add-On
US အစိုးရရဲ့  အင်တာနက်အသုံးပြုသူတွေကို စောင့်ကြည့်လေ့လာနေတဲ့ PRISM လို့ နာမည်ပေးထားတဲ့ လျှို့ ဝှက် စီမံကိန်း ပေါက်ကြားခဲ့ပါတယ်။အဲဒီအတွက်အင်တာနက်အသုံးပြုသူတွေ ရဲ့  privacy ကို ထိခိုက်တဲ့ အတွက် ဆန္ဒပြမှုတွေလည်းဖြစ်ပေါ်နေပါတယ်။Facebook,Google,Yahoo,Microsoft စတဲ့ US company တွေ က services, websites,social networks စတာတွေကို သုံးတဲ့သူတိုင်း သင်တို့ ရဲ့  သတင်းအချက်အလက်တွေကို US အစိုးရက စောင့်ကြည့်သိရှိနေတယ်ဆို တာ သတိပြုပါ။US အစိုးရက စောင့်ကြည့်နေတဲ့ဆိုက်တွေကို သင်ဘယ်လို သိနိုင်မလဲ?Dark side of the prism ဆို တဲ့ firefox add-on က US အစိုးရစောင့်ကြည့်နေတဲ့ဆိုက်တွေ ရောက်တိုင်း သင့်ကို သတိပေးပါလိမ့်မယ်။အဲဒီဆိုက်တွေကို ရောက်တိုင်း firefox ရဲ့ ညာဘက်အပေါ်ထောင့်မှာ အောက်ကပုံမှာလို သတိပေးမှာဖြစ်ပြီး အသံအနေနဲ့  Pink Floyd ရဲ့  Dark Side of the Moon သီချင်းကို ကြားရမှာပါ။
Friday, June 21, 2013
Web Of Trust : သင့် ယုံကြည်စိတ်ချစွာ ကြည့်နိုင်မယ့် ဆိုက်တွေကို ဖော်ပြပေးမယ့် WOT
Internet Websites တွေမှာ သင့်အကောင့်တွေ ကို ခိုးယူနေတဲ့ဆိုက်တွေ ၊ virus , malware တွေ ဖြန့် ဝေနေတဲ့ဆိုက်တွေ များစွာ ရှိပါတယ်။အဲဒီဆိုက်တွေ ကို သင် ဘယ်လို သိနိုင်မလဲ? Web Of Trust (WOT) က community-driven service တစ်ခု ဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ဆိုက်တွေကို ကမ္ဘာတစ်ဝန်း က WOT အသုံးပြုသူတွေ က rate လုပ်ပေးထားကြပါတယ်။အဲဒီအတွက် WOT ကို အသုံးပြုရင် ယုံကြည်စိတ်ချရတဲ့ဆိုက်လား ? အန္တရယ် ရှိတဲ့ဆိုက်လား ? ဆိုတာ သင်ခွဲခြားသိနိုင်ပါတယ်။WOT က browser မှာ အင်စတောလုပ်ပြီး အသုံးပြုရတဲ့ add-on ,extension ဖြစ်ပြီး Firefox,Chrome , Internet Explorer, Safari and Opera စတဲ့ browser တွေ မှာသုံးနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ chrome ကို အသုံးပြုပြီး ရေးမှာပါ။
Setting Up WOT
WOT ကို chrome မှာ အင်စတောလုပ်ပြီးရင် welcome page ကို ရောက်သွားပါမယ်။ Protection setting ၃ ခု ထဲက သင် အသုံးပြုမှုပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ဝက်ဆိုက်အားလုံးမှာ rating icon ပြပေးစေချင်ရင် Basic ကို ရွေးချယ်ပါ။ Poorly rated sites တွေကို ပဲ rating icon ပြပေးစေချင်ရင် Light ကိုရွေးပါ။Parental Control ကို ရွေးပြီး ကလေး တွေ နဲ့ မသင့်တော်တဲ့ဆိုက်တွေကို block လုပ်ခိုင်း လို့ ရပါတယ်။Welcome page ဒုတိယအဆင့်မှာ sign up လုပ်ရင်တော့ ၀က်ဆိုက်တွေ နဲ့ ပတ်သက်ပြီး ကွန်းမန့် တွေ ရေးနိုင်တာတွေ ၊ ဖိုရမ် တွေ မှာ ၀င်ရောက်ဆွေးနွေးနိုင်တာတွေ လုပ်နိုင်ပါတယ်။ဒီအဆင့်က optional ဖြစ်ပြီး မလုပ်လည်းရပါတယ်။
Using WOT
Google ကနေ ဖြစ်ဖြစ် တစ်ခြား search engine ကနေ ဖြစ်ဖြစ် တစ်ခုခုကို ရှာရင် ၀က်ဆိုက်တွေ ဘေးမှာ WOT icon ကို တွေ့ မြင်နိုင်ပြီးစိတ်ချရတဲ့ဆိုက် ဟုတ်မဟုတ်သိရှိနိုင်ပါတယ်။Social Media, online email, shortened urls, many popular sites တွေမှာပါ wot icon ကိုတွေ့ မြင်နိုင်ပါတယ်။ အရောင်သတ်မှတ်ချက်တွေကို အောက်ကပုံမှာတွေ့ မြင်နိုင်ပါတယ်။
Browser က WOT icon ကို နှိပ်ပြီး သင် ရောက်ရှိနေတဲ့ ၀က်ဆိုက် ရဲ့  rating ကို ကြည့်နိုင်သလို သင်ကိုယ်တိုင်လည်း rate လုပ်ပေးနိုင်ပါတယ်။
Rating မကောင်းတဲ့ ဆိုက်တစ်ခုကို သင်ဝင်ရောက် ရင် WOT က သင့်ကို warning ပေးပါလိမ့်မယ်။ ဒါပေမယ့် warning ကို လစ်လျှူ ရှုပြီး ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံပေါ့ဗျာ။
Browser က WOT icon ကို right click နှိပ်ပြီး options ထဲဝင်ရောက်နိုင်ပါတယ်။Options ထဲမှာတော့ သင်ဟာ adult ဖြစ်ရင် child safety ကို off လုပ်လို့ ရတာတွေ ၊ wot icon ကို ပြပေးမယ့် search engine တွေကို ရွေးချယ်တာတွေ ၊warning level ကို ချိန်ညှိတာတွေ ၊ color blind တွေ အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ wot ကို အသုံးပြုနိုင်တာတွေ ပြုလုပ်နိုင်ပါတယ်။
Checkout WOT @ www.mywot.com/
Sunday, June 16, 2013
Manage Firefox’s Bookmarks With These Add-Ons
Internet အသုံးပြုသူတွေအနေနဲ့  မိမိနှစ်သက်တဲ့ web sites တွေကို မှတ်သားထားကြတဲ့အတွက် အချိန်ကြာလာတာနဲ့ အမျှ bookmarks တွေ များပြားလာပြီး organize လုပ်ဖို့ လိုလာပါတယ်။ဒီဆောင်းပါးမှာ firefox bookmarks တွေကို alphabetically sort လုပ်ပေးနိုင်တဲ့ auto-sort bookmarks နဲ့  duplicate bookmarks တွေကို ရှာပြီးဖျက်ပေးနိုင်တဲ့ bookmark deduplicator ဆို တဲ့ add-on နှစ်ခု အကြောင်းရေးပါမယ်။
Auto-Sort Bookmarks ကိုအင်စတောလုပ်ပြီးရင် add-on manager ထဲက auto-sort bookmarks ရဲ့  options ထဲမှာ Autosort မှာ အမှန်ခြစ်နဲ့ တွေ့ မြင်နိုင်ပြီး bookmarks တွေကို alphabetically အလို လို sort လုပ်ပေးမှာပါ။Autosort မလုပ်ချင်ရင် အမှန်ခြစ်ဖြုတ်ပြီး manual လုပ်နိုင်ပါတယ်။Manual လုပ်ဖို့  Add-on bar က auto-sort bookmarks အိုင်ကွန်ကို နှိပ်ရမှာပါ။Sort bookmark bar ကတော့ Bookmark bar က bookmarks တွေကို sort လုပ်ဖို့ မလုပ်ဖို့  ရွေးချယ်နိုင်ပါတယ်။
Sort Order မှာ folder , bookmarks တွေရဲ့  sort order ကို drag and drop လုပ်ပြီး ပြောင်းလဲနိုင်ပါတယ်။
Manual လုပ်တဲ့သူတွေ အတွက် Add-On Bar က Auto-Sort Bookmarks အိုင်ကွန်ကို နှိပ်ပါ။ အိုင်ကွန်ကို ရှာမတွေ့ ရင် Alt နှိပ်ပြီး Menu Bar က View>Toolbar>Customize ထဲဝင်ပြီး အိုင်ကွန်ကို drag and drop လုပ်ပြီး Add-on bar ပေါ်တင်ပါ။
Bookmard Deduplicator ကို အင်စတောလုပ်ပြီးရင် add-on manager ထဲက Bookmark Deduplicator Options ထဲကိုသွားပြီး Start ကိုနှိပ်ရင် duplicates bookmarks တွေကို ရှာပေးပြီးဖျက်နိုင်ပါတယ်။
သင် organize လုပ်ထားတဲ့ Firefox က bookmarks တွေကို တစ်ခြားကွန်ပြူတာတွေမှာသုံးနိုင်ဖို့  Sync firefox bookmarks across computers ဆောင်းပါးကို ဖတ်ပါ။
How To Install Extensions From Outside The Chrome Web Store
Chrome Web Store က မဟုတ်တဲ့ extension တွေကို Chrome မှာ အင်စတာလုပ်ရင် အပေါ်ကပုံမှာလို message ပြပါလိမ့်မယ်။အဲဒီ message ပြရင် extension ကို manual install လုပ်ရပါမယ်။အဲဒီကန့် သတ်ချက်က malicious website တွေက extension တွေကနေ တစ်ဆင့် သင့် browser မှာ malware တွေ ကူးစက်ခြင်းမဖြစ်အောင် ကန့် သတ်ထားတာပါ။ဒါကြောင့် သင်ယုံကြည်ရတဲ့ ဆိုက်တွေက extension တွေကို ပဲ အင်စတောလုပ်သင့်ပါတယ်။
Extension ကို manual အင်စတောလုပ်ခြင်း
အပေါ်ကပုံမှာလို message ကျလာရင် extension ကို ဒေါင်းလုပ်လုပ်ပြီးပါပြီ။ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်ကို chrome download folder မှာ တွေ့ မြင်ရမှာပါ။ တကယ်လို့ ဒေါင်းလုပ်ဖိုဒါမှာ extension ဖိုင်ကို မတွေ့ ရင် extension ကို အင်စတောလုပ်တဲ့ လင့်အပေါ် right click နှိပ်ပြီး save as နဲ့ သိမ်းပါ။ Extension ဖိုင်ဆိုရင် .crx အနေနဲ့ တွေ့ မြင်ရမှာဖြစ်ပြီး user script ဖိုင်ဆိုရင် .js အနေနဲ့ တွေ့ မြင်ရမှာပါ။
ပြီးရင် Wrench icon ကနေ Tools>Extensions ကို နှိပ်ပါ။
.CRX (or user.js) ဖိုင်ကို drag ဆွဲပြီး extension page မှာ drop လုပ်ပါ။
Chrome Web Store ကနေ အင်စတာလုပ်သလို ပဲ Confirm လုပ်ပေးပါ။
Always Allow Extensions From Outside the Chrome Web Store
့Chrome Web Store က မဟုတ်တဲ့ extension တွေကို အမြဲအင်စတောလုပ်တဲ့သူဆိုရင် chrome properties မှာ command-line flag ထည့်သွင်းထားနိုင်ပါတယ်။ဒီလို လုပ်ဖို့  chrome ကို ပိတ်ပြီး desktop က chrome shortcut ပေါ်ကို right click နှိပ်ပြီး Properties ကိုနှိပ်ပါ။
Shortcut tab မှာ အောက်ကစာသားကို Target နောက်မှာ ဖြည့်ပေးပါ။
-enable-easy-off-store-extension-install
Chrome ကို ဖွင့်ပြီး chrome web store ကမဟုတ်တဲ့ extension ကို အင်စတောလုပ်ကြည့်ပါ။Chrome Web Store ကမဟုတ်တဲ့အတွက် warning ပေးပါလိမ့်မယ်။Continue ကိုနှိပ်ပြီးအင်စတောလုပ်ပါ။ဒါဆိုရင် install လုပ်လို့ မရပါဆိုတဲ့ message ကျလာမှာမဟုတ်တော့ဘဲ အင်စတောလုပ်နိုင်ပါပြီ။