Showing posts with label iOS နှင့်ဆိုင်သော. Show all posts
Showing posts with label iOS နှင့်ဆိုင်သော. Show all posts
Tuesday, November 10, 2015
iCloud Account အား Password မလိုပဲ Delete လုပ်နည်း။ ( Only for Jailbroken Device) ( Tested on iOS 9- 9.0.2 )
ကဲ iDevice Users တွေအတွက် Jailbreak ပြု လုပ်ထားသူတွေအတွက်နှစ်သက်စေမယ်ထင်ပါ တယ်။ Apple မှာ iCloud Account ကြောင့်စိတ် ညစ်ရနေသူတွေရှိကြမှာပါ။ ဆိုင်တွေမှာ Jailbreak လုပ်ပြီး iCloud မှာအခြားသူအ ကောင့်ဖြစ်နေတာတွေ။ မိမိအကောင့် password မေ့နေလို့ Delete လုပ်လို့
မရတာတွေအတွက် အဆင်ပြေကြမယ်ထင်မိပါတယ်။ ၁)မိမိ iDevice သည် Jailbroken ဖြစ်ရပါမည်။ ၂)Cydia မှ iFile Tweak ကိုအင်စတောလိုက်ပါ။ ၃)iFile ထဲဝင်ပြီးအောက်ပါလမ်းကြောင်းထဲသွား
 ပြီး Delete လုပ်ပါမည်။ iFile > var > mobile > Library > account ဖိုဒါထဲတွင်ရှိသောဖိုင် ၃ ခုကို Delete လုပ်ပါ။ ၄)iFile ထဲမှနောက်လမ်းကြောင်းတခုသို့ဝင်းပြီး delete ထပ်မံပြုလုပ်ပေးရန်လိုအပ်ပါ
သည်။ iFile > var > mobile > Library > configurationProfiles > ClirntTruth.plist ဆိုတာကို configurationProfile ဖိုဒါထဲဝင် ပါကတွေ့ရပြီး သူ့ကို delete လုပ်ပြီး iDevice ကို
reboot or power off / on ချပေးလိုက်ပါ။ iDevice ပြန်ပွင့်လာပါက setting > iCloud တွင်
 User Account မရှိတာကိုမြင်တွေ့ရမှာဖြစ် ပါတယ်။ Jailbroken Devices တွေအဆင်ပြေ ကြပါစေ။
 ( Non-Jailbroken Devices တွေ တော့မသိပါ) မှတ်ချက်။ ။ iCloud Account delete မလုပ်ခင်
 က setting > mail, calendar, contact ထဲတွင် ထည့်ထားသော mail များကို icloud account delete လုပ်ပြီးချိန်တွင် ပြန်ထည့်ပေးပြီးမိမိ mail account ထဲမှ contact, note အစရှိတာတွေကို ပြန်ဖွင့်ပေးရန်
လိုအပ်ပါသည်။
ref:iOS Knowledge Bank.MM
အဆင်ပြေပါစေ..
Thursday, February 19, 2015
Tool 3 English Version Download
iTool 3 English Version လေးပါ.... iTune Version 12.1.xx ကို Support လုပ်ပါတယ်...Download ဆွဲကျပါကုန်!!!!
Password - applyxeon
or
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Friday, May 16, 2014
IOS 7 နှင့်အထက်မှာ မိမိစိတ်ကြိုက် Font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းခြင်း
iOS 7 နှင့်အထက်မှာ ဇော်ဂျီ font ကို Jailbreak မလိုဘဲထည့်သွင်းနိုင်ပြီဆိုတာကတော့ သိသူတွေများကြပါတယ်။
ဒါတင်မက မိမိစိတ်ကြိုက် font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းနိုင်ပြီဆိုတာ သိသူ နည်းနေပါသေးတယ်။
ဧပြီလကုန်လောက်မှာ AnyFont အမည်ရဆော့ဝဲလေးတစ်ခု iTunes ပေါ်ကိုရောက်ရှိလာပါတယ်။
ဒီဆော့ဝဲလေးက သင့်ဖုန်းကို Jailbreak လုပ်စရာမလိုဘဲ စိတ်ကြိုက် font ဒီဇိုင်းကို device ထဲသို့ထည့်သွင်းပေးမှာဖြစ်ပါတယ်။
Installation profiles စနစ်ကိုအသုံးပြုပြီး font သွင်းစေတဲ့ AnyFont ဆော့ဝဲလေးကို ယခုအခါ iTunes Store မှာ ၀.၉၉ ဒေါ်လာနဲ့ဝယ်ယူလို့ရနေပါပြီ။
AnyFont ဆော့ဝဲကို free ရယူလိုသူများကတော့ Tongbu ဆော့ဝဲထဲကနေ free သွင်းယူနိုင်ပါတယ်။
OpenType (.OTF) သို့ TrueType (.TTF) စတဲ့ font format ၂ မျိုးကို ဒီဆော့ဝဲအသုံးပြုပြီး font ထည့်သွင်းနိုင်မှာပါ။
အသုံးပြုပုံအနေနဲ့ကတော့ Mail app , Dropbox , file manager စတဲ့ဆော့ဝဲတွေနဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး ယင်း app တွေထဲမှာ ကိုယ်က ကြိုတင်ထည့်သွင်းထားခဲ့တဲ့ font ဖိုင်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။
ဥပမာ mailbox ထဲမှာ သူများက (သို့မဟုတ်) ကိုယ့်ဘာသာ မေးလ်ပို့ထားတဲ့ font file ကိုဖွင့်ကြည့်ရမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ဖွင့်လိုက်ပါက Open in Anyfont ဆိုတာပေါ်လာပါမယ် ။
အဲဒါကိုနှိပ်လိုက်မှ font က AnyFont ဆော့ဝဲထဲမှာပွင့်လာပြီး font installation step များကိုဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။တစ်ချို့ဆော့ဝဲတွေမှာကျ Open in….. လို့ပဲပေါ်တာမျိုးရှိတတ်ပါတယ်။
အဲဒါကိုနှိပ်ပြီး Anyfont ကိုနှိပ်ရင်လည်းအပေါ်မှာပြောခဲ့တဲ့ step နဲ့အတူတူပဲဖြစ်ပါတယ်။ Font က AnyFont ဆော့ဝဲထဲကိုရောက်ရှိနေပြီဆိုရင်တော့ သွင်းလိုတဲ့ font file ကိုနှိပ်ပြီး install လုပ်နိုင်ပါပြီ။
Font သွင်းရန်Tap to install ကိုနှိပ်လိုက်လိုက်ရုံပါပဲ။
Font Install Profile ပေါ်လာပြီး Install ကိုနှိပ်လိုက်တာနဲ့ သွင်းလိုတဲ့ font ကိုသွင်းပြီးသွားပြီဖြစ်ပါတယ်။
Any Font နဲ့ စိတ်ကြိုက် font ထည့်သွင်းခြင်းကိုလက်တွေ့လုပ်ပြထားတဲ့ ဗီဒီယိုကျူတိုရီရယ်ကိုတော့အောက်မှာကြည့်ရှုပါ။ 
You Tube Link  
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
ref:MMAS
Monday, March 3, 2014
iDevice များ Battery စားသက်သာစေရန် လုပ်ဆောင်သင့်သော 15 ချက်
1. Close Background App
- App တစ်ခုခုကို အသုံးပြုပြီးတိုင်း ချက်ချင်းဖြစ်ဖြစ် ပြန်မသုံးသေးဘူးဆိုရင် အဲ့ဒီ App ကို Complete Close လုပ်ပေးပါ။
2. Proper Charging
- သင့်ရဲ့ iDevice ကိုတစ်လမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် Battery 20% အောက်ရောက်အောင် အသုံးပြုပြီးနောက် Full Charge ကို Non-Stop ပြန်သွင်းပါ။အားသွင်းနေတုန်းမှာ တခြားဘာမှမလုပ်ဆောင်သင့်ပါ။
ထို့ ပြင် နေ့ စဉ် ပုံမှန် အားတစ်ကြိမ်တော့ သွင်းပေးပါ။
3. Avoid Heat
- အပူဟာ Battery တွေအတွက် အရေးကြီးဆုံး သတိထားရမဲ့အချက်ဖြစ်ပါတယ်။သင့်ရဲ့ iDevice ကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ နေမဲ့နေရာမျိုးတွေဖြစ်စေ ၊ တခြားသော အပူချိန်မြင့်မားသောနေရာမျိုးတွေမှာဖြစ်စေ ထားရှိခြင်းကို ရှောင်ရှားသင့်ပါတယ်။
4. Wifi
- သင့်ရဲ့ iDevice ကို Wifi အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ Wifi မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။
5. Bluetooth
- သင့်ရဲ့ iDevice ကို Bluetooth အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ Bluetooth မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။
6. Turn Off AirDrop
- သင့်ရဲ့ iDevice ကို AirDrop အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ AirDrop မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။
7. Lock Your iDevice
- Auto-Lock Feature ကိုအချိန်အတိုင်းအတာ တစ်ခုအဖြစ်သတ်မှတ်ပေးထားခြင်းကြောင့် သတိမေ့လို့ ပဲဖြစ်ဖြစ် အခြားအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် Lock မဖြစ်ပဲ Device ပွင့်နေခြင်းကြောင့် Battery ကုန်ခြင်းကို ကာကွယ်ထားနိုင်ပါတယ်။
8. Upgrade Your Software
- သင့်ရဲ့ iDevice တွေကို Apple မှထုတ်လုပ်ပေးထားသော နောက်ဆုံး iOS Version တွေကို Upgrade အမြဲတမ်းလုပ်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ Apple မှသူတို့ရဲ့ iDevice တွေရဲ့အားနည်းချက် ချို့ယွင်းချက်တွေကို အစဉ်အမြဲရှာဖွေပြီး ပြုပြင်ပေးနေမှူကြောင့် Battery Performance တွေကိုပါ ပိုမိုကောင်းမွန်စေပါတယ်။
9. Don’t Use Third Party Charger
- ဒီအချက်က အတော်အရေးကြီးပါတယ်။Apple ရဲ့ iDevice တွေကို Apple iDevice ဝယ်ကတည်းကပါလာတဲ့ Battery Charger နဲ့ပဲအားသွင်းပါ။အခြားသော ပြင်ပ Company ကထုတ်လုပ်တဲ့ Battery Charger တွေနဲ့ အားမသွင်းသင့်ပါဘူး။အခန့် မသင့်ရင် ပေါက်ကွဲပြီး အသက်ပါဆုံးရှူံးနိုင်ပါတယ်။
10. Use Static Wallpaper
- Dynamic Background ပုံလေးတွေက လှပပေမဲ့ Battery ကိုတော့ ပိုစားပါတယ်။ ဒါကြောင့် Battery ပိုကြာရှည်ခံစေချင်ရင် လှူပ်ရှားမှူမရှိတဲ့ Static Background Image လေးတွေကိုသာသုံးသင့်ပါတယ်။
11.Automatic Downloads
- Automatic Downloads လုပ်ဆောင်ချက်ဟာ မိမိရဲ့ iDevice ထဲမှာ ရှိတဲ့ App တွေကို Update အသစ်ထွက်တိုင်း နောက်ကွယ်ကနေ Auto Update လုပ်ဆောင်ပေးလေ့ရှိပါတယ်။ဒါကြောင့် ဒီ Feature ကိုပိတ်ထားခြင်းအားဖြင့် Battery စားနှူန်းကို လျော့ချနိုင်ပါတယ်။
13. Adjust Auto Brightness
- Auto-Brightness ကို On ပေးထားခြင်းကြောင့် မိမိရဲ့ iDevice တွေမှာ Battery စားနှူန်းကို လျော့ချပေးနိုင်ပါတယ်။
14. Location Services
- အချို့ App တွေက သင့်ရဲ့လက်ရှိတည်နေရာကို အသုံးပြုကြပါတယ်။အချိန်တိုင်းလိုလို သင့်ရဲ့ လက်ရှိတည်နေရာကို ထောက်လှမ်းနေမယ်ဆိုရင် Battery အကုန်မြန်ပါတယ်။ဒါကြောင့် မလိုအပ်ဘူးဆိုရင် Location Service ကိုပိတ်ထားသင့်ပါတယ်။
15. Mobile Data
- ကိုယ့်ရဲ့ iDevice တွေမှာ မလိုအပ်ပဲနဲ့ Mobile Data On ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ 3G/4G တွေဟာလိုင်းဆွဲအားမြန်တယ်ဆိုပေမဲ့ Battery ကိုလည်းပိုစားပါတယ်။ဒါကြောင့် မလိုအပ်ဘူးဆိုရင် Off လုပ်ပေးထားသင့်ပါတယ်။
Be Sociable, Share!
REF:apple4mm
Wednesday, December 25, 2013
Download Evasi0n 7 1.0.1 To Remove TaiG And Jailbreak 7.0.4 UnTethered
IOS 7ကိုJailbreak လုပ်နိုင်တဲ့ Evasion 7.1.0.0လေးက ယခုတခါအသစ်တဖန် Version 7.1.0.1 ထွက်လာပြန်ပြီ။ အရင်Versionမှာ ပြသာနာတွေရှိတယ်ဆိုတာ Official Site မှာတောင်းပန်ထားပါတယ်။ ယခုဗားရှင်းမှာတော့ China Unofficial Appတခုဖြစ်တဲ့ TaiGကို ဖယ်ရှားပစ်ထားပါတယ်။
One Clickနဲ့ IOS 7.0.4အထိကို JailBreakလုပ်နိုင်ပါတယ်။ I phone 4,4S,5,5C,5S,
I pad2,3,4,I pad Mini 2,I pad Air Modelsများနှင့် အခြားIOS 7 Firmwareတင်
ထားတဲ့ Deviceများအားလုံးကို Jailနိုင်ပါတယ်။ 
အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)
<<<Evasi0n 7 1.0.1 Download Window>>>
<<<Evasi0n 7 1.0.1 Download Mac>>>
Thursday, October 24, 2013
iOS 7.0.3 ရဲ့  Feature အသစ် iCloud Keychain ဆိုတာဘာလဲ ? ဘယ်လိုအသုံးပြုရမလဲ ?
clip_image002
Apple’s Event ပြီးတဲ့နောက်ပိုင်းမှာ Update ပေးလိုက်တဲ့ iOS 7.0.3 မှာ iMessages တွေမှာဖြစ်တဲ့ Bugs တွေကိုပြုပြင်ပေးထားပြီး UI Animations တွေအနည်းငယ်ပြောင်းလဲလိုက်ပါတယ်။ Features အသစ်တွေလည်းပါရှိလာပြီးအဲဒီထဲကအလွန်ကောင်းမွန်တဲ့ iCloud   မှာအသစ်ပါလာတဲ့ Sub-Feature တစ်ခုဖြစ်တဲ့  Keychain အကြောင်းကိုမျှဝေပါတယ်။
What is Keychain?
Keychain က နာမည်ကြီး Password Manager တွေဖြစ်တဲ့ LastPass , Dashlane တို့ လိုဖြစ်ပါတယ်။ သင့်ရဲ့ Passwords, Credit Card Information တွေကို Encrypted လုပ်ပြီး Cloud မှာသိမ်းပေးထားမှာဖြစ်ပြီး iOS Devices တွေအားလုံးမှာ Sync လုပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Encryption Key or PIN Code ကိုပြုလုပ်ရမှာဖြစ်ပြီး သင့်ဒေတာတွေကို လုံခြုံအောင်ကာကွယ်ထားနိုင်ပါတယ်။ အဲဒီ Feature က iOS, Mac တို့ မှာ Default အားဖြင့် Disable လုပ်ထားတာဖြစ်ပါတယ်။ သင့် Passwords တွေကို Device အားလုံးမှာ Sync လုပ်ပြီးအသုံးပြုဖို့  Keychain ကို Enable လုပ်ပြီးအသုံးပြုနည်းကို အောက်မှာဆက်လေ့လာပါ။
iOS မှာ iCloud Keychain ကို Enable ပြုလုပ်ခြင်း။
ပထမဆုံး Safari Browser မှာ Passwords , Credit Card Info တွေကိုသိမ်းခိုင်းရမှာဖြစ်ပါတယ်။ Settings>Safari> Passwords & AutoFill ကိုသွားပြီးလိုအပ်တာတွေကို Enable လုပ်ပါ။
clip_image003
clip_image004
clip_image005
4-digit PIN Code အပြင် ပိုမိုရှုပ်ထွေးပြီး လုံခြုံတဲ့ Password တွေကိုပြုလုပ်နိုင်သလို Random Security Code ကိုနှိပ်ပြီး iOS ကပြုလုပ်ပေးတဲ့ Passwords ကိုသုံးနိုင်ပါတယ်။ Security Code ကိုသေချာမှတ်သားထားဖို့ အရေးကြီးပါတယ်။
PIN Code ပြုလုပ်ပြီးရင်  Phone Number တွေထည့်ပေးဖို့ တောင်းပါမယ်။ ဖုန်းနံပါတ်ထည့်ပေးပါ။ Device အသစ်တွေမှာ Keychain ကို  Setup လုပ်တဲ့အခါ သင့် Keychain အသုံးပြုထားတဲ့  Device တွေကိုအသုံးပြုလို့ မရနိုင်တဲ့အခြေအနေတွေမှာ အဲဒီဖုန်း နံပါတ်ကို အသုံးပြုနိုင်တဲ့အတွက် အထောက်အကူပြုပါတယ်။
clip_image006
အားလုံးပြီးသွားရင်တော့ Safari မှာသိမ်းထားတဲ့ Passwords , Credit Card Info တွေကို Keychain-Enabled Device တွေအားလုံးမှာ Sync လုပ်ပြီးသုံးနိုင်ပါပြီ။ Safari ကနေပြီးသင့်ဝက်ဆိုက်တွေကို အသုံးပြုရင် ကီးဘုတ်အပေါ်နားမှာ AutoFill Option ကိုတွေ့ မြင်အသုံးပြုနိုင်ပါတယ်။ Settings>Safari>Passwords & AutoFill > Saved Passwords မှာ သိမ်းထားတဲ့ Passwords တွေကို Edit လုပ်နိုင်ပါတယ်။
Friday, October 4, 2013
Internet Connection ကိုမြှင့်တင်ပေးဖို့  DNS Server ပြောင်းနည်းများ။
ethernet-connection
Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com) ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Addressတွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ ဥပမာ သင်က facebook.com လို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS Serverက IP Address အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က facebookကို အသုံးပြုလို့ ရတာပါ။ သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS Server က ကြားထဲကနေ အလုပ် လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့ DNS ကို သုံးကြပါတယ်။ သင့် အင်တာနက် Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISPရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ Router, Windows, Smart Phones တွေမှာ DNS Server ကို ပြောင်းနည်းတွေကို ရေးပေးလိုက်ပါတယ်။
On Your Router
သင့်ရဲ့ Network တစ်ခုလုံးအတွက် DNS Serverကို ပြောင်းလဲချင်ရင် Router ကနေ ပြောင်းပါ။ အဲဒီ Network တစ်ခုလုံးမှာ ချိတ်ဆက်နေတဲ့ PCs, Smartphones, Tablets, Game Consolesနဲ့ တစ်ခြား Device တွေ အားလုံးက Router က DNS Server ကို အသုံးပြုတာ ဖြစ်ပါတယ်။ Default အားဖြင့်တော့ Router တွေက Internet Service Providerရဲ့ DNS Server ကို အသုံးပြုကြတာပါ။ Router က DNS Server ကို ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် အဲဒီ Network ထဲမှာ ချိတ်ဆက်နေတဲ့ Device တွေ အားလုံးက သင်သတ်မှတ်ထားတဲ့ DNS Server ကို အသုံးပြု ကြမှာပါ။
ဒီလိုလုပ်ဖို့ Routerရဲ့ Web Interfaceကို အသုံးပြုပါ။ ပြောင်းလဲနည်းကတော့ သင့်ရဲ့ Router ပေါ်မူတည်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာ သင်မသိရင် Router’s Manual မှာ Instructions တွေကို ရှာပြီးလေ့လာပါ။ Default Password ကိုလည်း မှတ်သားပါ။
လေ့လာပြီးရင် Pages တစ်ခုခု မှာ DNS Option ကို တွေ့ရှိရမှာဖြစ်ပြီး DNS Server ကို ပြောင်းလဲပါ။ ဒီလို ပြောင်းလဲခြင်းဟာ Network တစ်ခုလုံးကို အကျိုးသက်ရောက်စေပါတယ်။ ပြောင်းလဲအသုံးပြုဖို့ Google DNS, Open DNS စသဖြင့် အမျိုးမျိုးရှိပြီး Google ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အောက်ကပုံမှာ တွေ့မြင်ရတာကတော့ Google DNS Server ဖြစ်ပြီး Primary DNS Server က  8.8.8.8 ဖြစ်ပြီး Secondary DNS Serverက  8.8.4.4 ဖြစ်ပါတယ်။
clip_image004
Windows – Control Panel
တစ်ခြား Device တွေမှာလည်း DNS Serverကို သီးခြား ပြောင်းလဲအသုံးပြုနိုင်ပြီး Windows မှာ Network Adapter တစ်ခုချင်းစီအတွက် သီးခြား DNS Serverတွေ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သင်က Laptop တစ်လုံးထဲမှာ Wireless, Wired Network Connections နှစ်ခုစလုံး အသုံးပြုတယ်ဆိုရင် Wi-Fi, Ethernet စတဲ့ ကွန်နက်ရှင်တွေအတွက် တစ်ခုချင်းစီ သီးခြားပြောင်းလဲပေးရမှာပါ။ Windows မှာ DNS Server ပြောင်းလဲဖို့  Taskbar က Network Icon ပေါ်မှာ Right Click နှိပ်ပြီး Open Network and Sharing Center ကိုနှိပ်ပါ။
clip_image005
ဘယ်ဘက်မှာရှိတဲ့ Change adapter settings ကိုနှိပ်ပါ။
clip_image006
ပြောင်းလဲချင်တဲ့ Network Adapter ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။
clip_image007
Properties ၀င်းဒိုးပေါ်လာရင် Internet Protocol Version 4 (TCP/IPv4) ကိုရွေးချယ်ပြီး Properties ကိုနှိပ်ပါ။
clip_image008
Use the following DNS server addresses” ကို ရွေးချယ်ပေးပြီး “Preferred DNS server:”, “Alternate DNS server:” စတာတွေမှာ သင်နှစ်သက်ရာ DNS Server Addressesကို ဖြည့်ပေးပါ။ DNS Server Addressesတွေကို Google ကနေရှာနိုင်ပါတယ်။ အောက်မှာတော့ Google DNS, OpenDNS နှစ်ခုရဲ့ DNS Server Addresses တွေကို ဖော်ပြပေးထားပါတယ်။
Google DNS
Preferred: 8.8.8.8
Alternate: 8.8.4.4
OpenDNS
Preferred: 208.67.222.222
Alternate: 208.67.220.220
clip_image009
Windows – Quick Switching
DNS Servers တွေကို အပေါ်ကနည်းအတိုင်း ပြောင်းလဲ အသုံးပြုရတာ လုပ်ရတဲ့အဆင့်တွေများပြီး အလုပ်ရှုပ်ပါတယ်။ သင့် ဟာ DNS Servers တွေကို အမြဲပြောင်းလဲပြီး အသုံးပြုသူတစ်ယောက်ဆိုရင်တော့ DNS Jumper ဆိုတဲ့ Freeware ကို အသုံးပြုဖို့ အကြံပေးပါတယ်။
DNS Jumperကို သုံးရင် အလွယ်တကူနဲ့ Google Public DNS, OpenDNS စတာတွေ အပြင်တစ်ခြား DNS (၃၉) ခုကို အလွယ်တကူ ပြောင်းလဲသုံးနိုင်ပါတယ်။ နောက်ပြီး DNS Jumperက Fastest DNS တွေကို ရှာပေးနိုင်လို့ အမြန်ဆုံး DNS ကို ရွေးချယ် သုံးနိုင်ပါတယ်။ DNS Jumper ကို run ပြီး Fastest DNS ကို နှိပ်ပါ။
clip_image010
Find Fastest DNS ကိုနှိပ်ပါ။
clip_image011
ဒါဆိုရင်အမြန်ဆုံး DNS ကိုတွေ့ မြင်နိုင်ပြီး Apply Fastest DNS ကိုနှိပ်ပါ။
clip_image012
သင့် ISP ရဲ့ DNS ကို ပြန်ပြောင်းချင်ရင်တော့ star iconကို နှိပ်ပြီး Default DNSကို နှိပ်လိုက်ရင် နဂို DNS ကို ပြန်ပြောင်းပေးမှာပါ။
clip_image014
Windows – Command Line
အပေါ်ကနည်းတွေကို မသုံးဘဲ Command ကို အသုံးပြုနိုင်ပါသေးတယ်။ Command Prompt ကို Administrator အနေနဲ့ Run ပြီးအောက်က Command ကို ရိုက်ထည့်ပေးပြီး Enter ခေါက်ပါ။ ဒီ Command ကို Batch Files အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
netsh interface ip set dns name=”Local Area Connection” static 8.8.8.8
change-dns-server-from-command-prompt
On Your Smartphone or Tablet
Android, iOS Device တွေမှာလည်း DNS Server ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီလို ပြောင်းလဲအသုံးပြုတာက Single Network တစ်ခုတည်းကိုပဲ အကျိုးသက်ရောက်စေပါတယ်။ သဘောက Home Networkမှာ DNS Server ပြောင်းလဲ အသုံးပြုတယ်ဆိုပါစို့ ။ Wi-Fi Network တစ်ခုကို ချိတ်ဆက်ပြီး အသုံးပြုရင် DNS Serverကို ထပ်ပြီး ပြောင်းလဲပေးဖို့ လိုပါတယ်။
ဒီလိုလုပ်ဖို့ Android ရဲ့ Wi-Fi Network List ကိုဖွင့်ပြီး ချိတ်ဆက်မိနေတဲ့ Network ပေါ်မှာ ဖိထားပါ။ Modify Network ကို နှိပ်ပြီး “Show advanced options” ဆိုတဲ့ Check Box မှာ အမှန်ခြစ်ပေးပါ။ IP Settingsမှာ Static ပြောင်းပေးရင် DNS Server ကို ပြောင်းလဲဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။
clip_image018
အပေါ်ကနည်းက သင့်ကို အလုပ်ရှုပ်စေတယ်ထင်ရင် DNS Serverကို အလွယ်တကူ ပြောင်းပေးတဲ့ Application ကို သုံးနိုင်ပါတယ်။ သင့် Android ဖုန်းက Root လုပ်ထားတယ် ဆိုရင်တော့ Set DNS  app ကိုသုံးနိုင်ပြီး သင်ပြောင်းချင်တဲ့ DNS Server ကို အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Set DNS က သင့်ဖုန်း Network တစ်ခုကို ချိတ်ဆက်မိပြီဆိုတာနဲ့ DNS Server ကို အလိုလို ပြောင်းပေးနိုင်ပါတယ်။
clip_image020
iOS Device တွေမှာလည်း ဒီနည်းအတိုင်း ပြောင်းနိုင်ပါတယ်။ Wi-Fi Settings ကိုသွားပြီး ချိတ်ဆက်မိနေတဲ့ Networkက Arrowကို Tap တစ်ချက်နှိပ်ပါ။ DNS field ကို တစ်ချက်နှိပ်ပြီး နှစ်သက်ရာ DNS Server ကို ပြောင်းနိုင်ပါတယ်။
Windows PCမှာ DNS Server ပြောင်းပြီးရင်တော့ အကျိုးသက်ရောက်စေဖို့  DNS Cache ကို Flush လုပ်ပေးရပါမယ်။ ဒီလို လုပ်ဖို့အောက်က Command ကို Command Prompt မှာ ရိုက်ပေးပါ။ DNS Jumper ကို အသုံးပြုရင်တော့ Flush DNS ပြုလုပ်ဖို့ Function ပါရှိပါတယ်။
ipconfig /flushdns
Myanmar ICT မှာကျွန်တော်ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
Sunday, September 22, 2013
Smart Phone ရဲ့  Camera ကို အသုံးချနည်းများ။
ashampoo 01
သင့် Smart Phone ရဲ့  Camera ဟာ Photo,Video တွေ ရိုက်ဖို့ အတွက်သာအသုံးဝင်တာမဟုတ်ပါဘူး။ဈေးသက်သာတဲ့ ပစ္စည်းတွေကို ရှာဝယ်ဖို့ ၊ ဘာသာပြန်ဖို့ ၊ Scanner အဖြစ်အသုံးပြုဖို့ စတာတွေကို ပါ ပြုလုပ်နိုင်ပါတယ်။
ကုန်ပစ္စည်းတွေကိုဈေးသက်သာတဲ့ နေရာမှာရွေးချယ်ဝယ်ယူပါ။ 
Store တစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီ ပစ္စည်း ရဲ့ ဈေးနှုန်းကို Online Store တွေ ကဈေးနှုန်း နဲ့ နှိုင်းယှဉ်ဖို့ အတွက် Application တွေ ရှိပါတယ်။ပစ္စည်းရဲ့  Barcode ကို Application ကနေ Scan လုပ်ပြီး Online Store က ဈေးနှုန်း တွေ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Amazon ရဲ့  Price Check က အဲလို လုပ်ပေးနိုင်ပါတယ်။Online မှာဈေးဝယ်ဖို့  Shwemoney Virtual Visa Card ကို သုံးနိုင်ပါတယ်။
ashampoo 02
ဘာသာပြန်ဖို့ သုံးပါ။
နားမလည်တဲ့ဘာသာစကားတစ်ခုကို ဘာသာပြန်ဖို့ အတွက်လည်းသင့် Camera ကို သုံးနိုင်ပါတယ်။ Google Translate Application က Optical Character Recognition (OCR) စွမ်းရည်ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Camera ကနေ Photo အဖြစ်ရိုက်ပြီး Google Translate ကနေဘာသာပြန်နိုင်ပါတယ်။
google-translate-from-camera
Visual Search လုပ်ဖို့ သုံးပါ။
Search Application တွေ မှာ စာနဲ့ ရိုက်ပြီးသိချင်တာရှာနိုင်သလို ပုံနဲ့ လည်းရှာနိုင်ပါတယ်။ဥပမာအားဖြင့် Product တစ်ခု အကြောင်းသိချင်တယ်ဆိုရင် Product ကို Photo အနေနဲ့ ရိုက်ပြီးအဲဒီ Product ရဲ့  သတင်းအချက်အလက်တွေကို ရှာနိုင်ပါတယ်။Google Goggles Application မှာ Visual Search ကို သုံးနိုင်ပါတယ်။
google-goggles-product-recognition
Scanner အဖြစ်သုံးပါ။
Smart Phone ရဲ့  Camera ကို Scanner အဖြစ်သုံးနိုင်ပါတယ်။Google Drive , Evernote , Scan To PDF Free  စတဲ့ Application တွေက Document တွေကို Scan လုပ်ပြီး PDF ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။
evernote-android-page-camera
QR Code တွေကို Scan လုပ်ပါ။
QR Code( Quick Response code)တွေကို Application Store,Billboards,Advertisements,Products တွေ မှာ တွေ့ မြင်နိုင်ပါတယ်။အဲဒီ QR Code တွေကို QR Code Scanner application တွေသုံးပြီးတော့ Scan လုပ်ပြီးသက်ဆိုင်ရာ ၀က်ဆိုက်တွေ မှာ Products တွေ ရဲ့  သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။အဲဒီအတွက် ၀က်ဆိုက်လိပ်စာရိုက်ရတဲ့ အလုပ်ရှုပ်မှုကင်းဝေးစေပါတယ်။
qr-code-scanning
Security Camera အနေနဲ့ သုံးပါ။
Smart Phone ရဲ့  Camera ကို Security Camera အနေနဲ့ လည်းသုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phone တစ်လုံးရှိရင် အဲဒီ Phone ကို IP Webcam လို Application ကိုသုံးပြီး Security Camera အဖြစ်နဲ့ သုံးနိုင်ပါတယ်။ 
2013-02-27_135340
Smart Phone တွေ ဟာ အိတ်ကပ်အရွယ်အစားရှိတဲ့ Computer တွေ ဖြစ်ပါတယ်။အဲဒီအတွက် Application တွေသုံးပြီးSmart Phone တွေရဲ့ Camera တွေမှာ သာမာန် Phone တွေ၊ Digital Camera ထက်ပို ပြီးစွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေ ကို အသုံးချနိုင်ပါတယ်။
Myanmar ICT မှာကျွန်တော်ရေးသားထားသောဆောင်းပါးကို ကူးယူဖော်ပြပါသည်။
Wednesday, September 18, 2013
iOS 7 ကို Install မလုပ်ခင်ပြုလုပ်ရမယ့်အချက်များ။
iOS_6_iOS_7_610x406
iOS 7 ကို မနက်ဖြန်ဆိုရင် အခမဲ့ Update လုပ်နိုင်တော့မှာဖြစ်ပါတယ်။iOS 7 မှာတော့ ဒီဇိုင်းတွေဟာလုံးဝပြောင်းလဲသွားမှာဖြစ်ပြီး Control Center,Photo Filters,AirDrop စတဲ့ Features အသစ်တွေလည်းပါရှိလာမှာဖြစ်ပါတယ်။ iOS 7 ကို အောင်အောင်မြင်မြင်အင်စတောလုပ်နိုင်ဖို့ ပြုလုပ်သင့်တဲ့အချက်တွေရှိပါတယ်။
သင့် Device ဟာ iOS 7 ကိုအင်စတောလုပ်နိုင်မလား?
iOS 7 ကို အင်စတောလုပ်နိုင်မယ့် Device တွေကို Apple က စာရင်းပြုလုပ်ပေးထားပါတယ်။အောက်ကပုံ ကို Click နှိပ်ပြီးအကြီးချဲ့  ကြည့်ပါ။
ashampoo 01
အသုံးမပြုတဲ့ Apps တွေကို Uninstall လုပ်ပါ။
သင့် Device ဟာ အင်စတောလုပ်နိုင်မယ့် စာရင်းထဲမှာပါပြီဆိုရင် အသုံးမပြုတဲ့ Apps တွေကို ဖြုတ်ပစ်ပါ။ Update လုပ်တဲ့ အခါမှာ အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် ဖြစ်ဖို့ အတွက်ပါ။
အသုံးပြုမယ့် Apps တွေကို Update လုပ်ပါ။
အသုံးပြုမယ့် Apps တွေကိုလည်း နောက်ဆုံး Version ကို Update လုပ်ပါ။ iOS 7 ကို အင်စတောလုပ်ရင် Apps တွေကို အလိုလို ဒေါင်းလုပ်လုပ်ခိုင်းပါလိမ့်မယ်။ iOS 7 ကိုအင်စတောမလုပ်ခင် Apps တွေကို ကိုယ်တိုင် Update လုပ်ထားခြင်းဖြင့် iOS 7 ကိုအင်စတောလုပ်တဲ့အခါမှာပိုမိုမြန်ဆန်စေမှာပါ။
Backup လုပ်ပါ။
OS တစ်ခုကို အင်စတောမလုပ်ခင်မှာ Backup လုပ်ဖို့ အရေးကြီးပါတယ်။တစ်စုံတစ်ခု အမှားအယွင်းဖြစ်ခဲ့ရင် Backup ကနေပြန်ပြီး Restore လုပ်နိုင်ဖို့ ပါ။
iTunes ကို Update လုပ်ပါ။
အပေါ်က အချက်တွေကို ပြုလုပ်ပြီးရင်တော့ iOS 7 ကို အင်စတာလုပ်ဖို့  အဆင်သင့်ဖြစ်ပါပြီ။
Monday, September 16, 2013
သင့်ရဲ့  Computer,Tablet,Phone တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်များ။
laptop-tablet-and-smartphone
Personal Data တွေကို Backup လုပ်ပါ။
2_thumb3
Smart Phone,Tablet တွေကို Backup လုပ်ဖို့ အတွက် Android,iOS နှစ်မျိုးလုံးသုံးလို့ ရတဲ့ Moborobo  ဆိုတဲ့ Windows Software ကိုသုံးနိုင်ပါတယ်။
3_thumb[1]
DRM Purchases တွေကို Deauthorize လုပ်ပါ။
Online က ၀ယ်ယူထားတဲ့ သီချင်းတွေ၊ဆော့ဝဲတွေ စတဲ့ Digital Content တွေကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ။တစ်ချို့ ပစ္စည်းတွေက Digital Rights Management(DRM) နည်းပညာပါရှိပြီးသင့် ကွန်ပြူတာကို အမှတ်အသားလုပ်ထားတာဖြစ်ပါတယ်။
ကွန်ပြူတာကို Deauthorize လုပ်ဖို့  DRM application ကို အသုံးပြုရမှာပါ။ ဥပမာအားဖြင့် iTunes မှာ Store menu ကနေ Deauthorize This Computer ကိုနှိပ်ရမှာပါ။ကံကောင်းတဲ့အချက်ကတော့ Deauthorize လုပ်ဖို့ မေ့ခဲ့ရင် နောက်ပိုင်းမှ Deauthorize လုပ်နိုင်ဖို့  iTunes ကပြုလုပ်ပေးထားပါတယ်။
itunes-deauthorize-computer
Smart Phones တွေမှာတော့ DRM activation လို တဲ့ Service တွေမရှိသေးပါဘူး။အဲဒီအတွက် Smart Phone တွေမှာတော့ ဒီကိစ္စကိုထည့်သွင်းစဉ်းစားစရာမလို ပါ။
Drive ကို Wiipe လုပ်ပါ။
ဒီအပိုင်းမှာတော့ HDD Drive တွေ အသုံးပြုတဲ့ Windows 7 နဲ့  အရင်ဝင်းဒိုးတွေအတွက်အကျုံးဝင်ပါတယ်။တကယ်လို့ သင့်ကွန်ပြူတာဟာ SSD Drive တပ်ဆင်ထားရင် ၊ Windows 8 PC,Tablet,Smart Phone တွေအတွက်ဆိုရင် နောက် အပိုင်းကိုကျော်ဖတ်ပါ။
HDD Drive တပ်ဆင်ထားတဲ့ ကွန်ပြူတာမှာဆိုရင် ဖိုင်တွေကို ရိုးရိုးဖျက်ပစ်ရုံနဲ့ မလုံလောက်ဘဲ သင့်ကွန်ပြူတာကိုဝယ်ယူသွားသူကသင့်ဖိုင်တွေကိုပြန်ရှာနိုင်ပါတယ်။အဲဒီအတွက် DBan လို Tool မျိုးကိုသုံးနိုင်ပါတယ်။DBan က သင့် Drive တစ်ခုလုံးကို ဖျက်ဆီးပစ်မှာဖြစ်ပြီး တစ်ချို့ စက်တွေမှာပါရှိတဲ့ Recovery Partition ကိုပါဖျက်ဆီးပစ်မှာပါ။အဲဒီအတွက် သင့် Personal Data တွေသူများတွေ ပြန်ရှာမတွေ့ နိုင်တော့ပါ။
image241
SSD Drive တပ်ဆင်ထားတဲ့ ကွန်ပြူတာတွေ မှာတော့ ဖိုင်တွေကို ဖျက်လိုက်ရင် TRIM Command ကိုအသုံးပြုပြီးချက်ချင်းဖျက်လိုက်တာပါ။ပြန်ရှာလို့ လည်းမရပါဘူး။အဲဒီအတွက် သင့်ကွန်ပြူတာက SSD Drive ဆိုရင် Wipe လုပ်ဖို့ မလို ပါ။
Windows 8 အသုံးပြုသူတွေအတွက်တော့ အသစ်ပါရှိလာတဲ့ Feature တစ်ခုဖြစ်တဲ့ Refresh & Reset ကိုသုံးနိုင်ပါတယ်။ Refresh & Reset က သင့် Hard Drive တွေကဒေတာတွေကို ပြန်ရှာမရအောင် Wipe လုပ်ပေးနိုင်ပါတယ်။
windows-8-reset-fully-clean
Smart Phone, Tablet တွေမှာတော့ Factory Reset option ကိုသုံးနိုင်ပါတယ်။Android မှာ Settings>Backup & reset>Faactory data reset ကိုနှိပ်ပါ။ iOS မှာ Settings>General>Reset>Erase All Content and Settings ကိုနှိပ်ပါ။ Mobile Devices တွေ ဟာ Solid State Storage(SSD) ကိုအသုံးပြုတာကြောင့် သင့်ဒေတာတွေကို သူများပြန်ရှာတွေ့ မှာစိုးရိမ်စရာမလို ပါ။
android-factory-data-reset
အပေါ်ကနည်းတွေကို ပြုလုပ်ပြီးပြီဆိုရင်တော့  သင့် Devices တွေဟာ စက်ရုံထုတ် အသစ်အတိုင်းဖြစ်သွားပါပြီ။သင့် Device တွေကို တစ်ခြားသူကို ရောင်းချနိုင်ပါပြီ။သင့်ဒေတာတွေကို တစ်ခြားသူ ပြန်ရှာတွေ့ မှာစိုးရိမ်စရာမလို တော့ပါဘူး။
Friday, September 13, 2013
သင့် iPhone 5 ကို iPhone 5S အသွင်ပြောင်းနည်း
iPhone_5S_threesome_610x475
ဖုန်းအသစ်အဆန်းတွေကအမြဲတမ်းထွက်ပေါ်နေတာဖြစ်ပြီးအဲဒါတွေပေါ်တိုင်းသာလိုက်ဝယ်နေရရင် သင် ၀င်ငွေကောင်းအောင်တော်တော်ရှာရမှာပါ။အခုဆို iPhone 5S ပေါ်လာတော့မှာဖြစ်ပါတယ်။ iPhone  User တွေအနေနဲ့ iPhone 5S ကိုလိုချင်မိမှာအမှန်ပါ။  iPhone 5S မှာ iPhone 5 ထက်ထူးခြားကောင်းမွန်လာတဲ့ စွမ်းဆောင်ရည်တွေ ပါရှိလာပေမယ့် သိပ်ပြီးတော့ ပြောပလောက်အောင်မဟုတ်ပါဘူး။ သင့်မှာ iPhone 5 တစ်လုံးရှိရင် iPhone 5 S ရဲ့  Features တွေကို ၀ယ်စရာမလို ဘဲ  အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။
iOS 7 ကို အင်စတောလုပ်ပါ။
iOS_7_icons_270x320
iPhone 5S မှာ iOS 7 ကို စတင်ပွဲထုတ်အသုံးပြုလာမှာပါ။ တစ်ခြား iPhone user တွေလည်း September 18 ရက်မှာ iOS 7 ကို တရားဝင်အခမဲ့ အင်စတောလုပ်နိုင်မှာပါ။ အခုလောလောဆည်တော့ iOS 7 ကို သုံးချင်ရင်နောက်ဆုံးထွက် Developer Version တွေ အင်တာနက်မှာပြန့် နှံ့ နေပြီးရှာဖွေပြီးသုံးနိုင်ပါတယ်။ iOS 7 နောက်ဆုံး Version တွေကို Myanmar ICT မှာကျွန်တော်ရေးထားတဲ့ဆောင်းပါးမှာ Download လုပ်နိုင်ပြီး Update လုပ်နည်းကိုလည်းရေးပေးထားပါတယ်။
Performance ကို ကောင်းမွန်အောင်ပြုလုပ်ပါ။
ashampoo 04
ကောင်းမွန်တဲ့ Camera App တွေသုံးပါ။
Cortex_Cam_settings_270x405_270x405
ရွှေရောင် Cover အသုံးပြုပါ။
Skinit_iPhone_5_gold_270x271
iPhone 5S ကို ကာလာတောက်တောက်ပပတွေ နဲ့  နှစ်သက်ရာရွေးချယ်ဝယ်နိုင်အောင်ထုတ်လုပ်ထားပါတယ်။အထူးသဖြင့် ရွှေရောင်ကာလာက ရေးပန်းစားပြီး ထင်ပေါ်ပါတယ်။သင့် iPhone ကိုလည်း  iPhone 5S လို ထင်ရပြီးအမြင်တောက်ပချင်ရင်တော့ ရွှေရောင် Cover ကို ၀ယ်အသုံးပြုနိုင်ပါတယ်။
Fingerprint Scanner app သုံးပါ။
Fingerprint_scanner_app
iPhone 5S မှာ Fingerprint Scanner ပါရှိလာတာကို သိကြမှာပါ။ သင့် iPhone အပါအ၀င် အခုခေတ် Smart Phone တွေ မှာ Fingerprint ကို Scan လုပ်နိုင်တဲ့ စွမ်းရည်တွေရှိတယ်ဆိုတာသင်သိပါသလား? Mode Finger Scan app ကိုသုံးရင် iPhone 5S ရဲ့  Touch ID feature ကိုသင်သုံးနိုင်ပြီပေါ့။
အပေါ်ကနည်းတွေကိုပြုလုပ်ပြီးရင်တော့ သင့် iPhone  ဟာ iPhone 5S အသွင်ပြောင်းလဲသွားပြီပေါ့။