Showing posts with label Firefox. Show all posts
Showing posts with label Firefox. Show all posts
Saturday, October 12, 2013
Firefox For Android အတွက် အသုံးဝင် Addons များ။
Ashampoo_Snap_01
Firefox Browser က Desktop ရော Android Version မှာပါ Addons တွေကိုအသုံးပြုလို့ ရတဲ့ Browser တစ်ခုဖြစ်ပါတယ်။ Android အတွက် Addons တွေကတော့ Desktop လောက်မများသေးပေမယ့် အသုံးဝင်တဲ့ Addons တွေ ရှိပါတယ်။
Full Screen Mobile
Mobile Devices တွေမှာ Screen ကသေးငယ်တဲ့အတွက် ကြည့်ရတာအဆင်မပြေလှပါဘူး။ Full Screen Mobile Addon က Firefox Menu မှာ Full Screen ကြည့်ဖို့  Option ကို ဖြည့်ပေးမှာဖြစ်ပြီး Website တွေကို Full Screen ကြည့်နိုင်ပါတယ်။Full Screen ကြည့်ရင် Android Noti Bar နဲ့  Firefox’s Interface ကို Hide လုပ်ပေးထားမှာဖြစ်တဲ့အတွက် ၀က်ဆိုက်တွေကို ကောင်းမွန်စွာကြည့်နိုင်ပါတယ်။Full Screen Mode ကနေ Exit လုပ်ဖို့ အတွက် Menu Button ကနေ ပြုလုပ်နိုင်သလို Screen ကို Long-Press ဖိထားလို့ ရပါတယ်။
clip_image001
Phony
Phony က User Agents ကိုပြောင်းပေးနိုင်တဲ့ Addon ဖြစ်ပါတယ်။ သင့် Android Phone မှာ ၀က်ဆိုက်တွေကို ကြည့်ရင် Android Version အနေနဲ့ ပဲကြည့်နိုင်မှာပါ။ Desktop , iPhone,iPad Versions တွေ နဲ့  ကြည့်ချင်ရင် Phony ကိုသုံးပါ။ Phony ကိုသုံးရင် သင့် Android Phone ကနေ ၀က်ဆိုက်တွေကြည့်နေပေမယ့် iPhone,iPad,Desktop ကနေကြည့်သလို မြင်တွေ့ ရမှာပါ။နောက်အသုံးဝင်တဲ့ အချက်တစ်ခုကတော့ တစ်ချို့ ဝက်ဆိုက်တွေက iPhone,iPad စတဲ့ Device တွေကနေကြည့်မှကြည့်လို့ ရတာဖြစ်ပါတယ်။ Phony ကိုသုံးရင် သင့် Android Device မှာ အဲဒီကြည့်မရတဲ့ဆိုက်တွေကို ကြည့်နိုင်မှာပါ။
Phony ကို အင်စတောလုပ်ပြီးရင် Firefox Menu ကနေ Phony ကိုနှိပ်ပါ။Desktop Firefox,Android(Phone),Android(Tablet),iPhone,iPad စတဲ့  User Agents တွေကိုတွေ့ မြင်နိုင်ပြီး အသုံးပြုနိုင်ပါတယ်။
clip_image002
URL Fixer
Android Device တွေ ဟာ Screen သေးငယ်တဲ့အတွက် စာရိုက်ရတာ အဆင်မပြေလှပါဘူး။ စာမှားပြီးရိုက်မိတဲ့ အဖြစ်အပျက်တွေ ခနခန တွေ့ ကြုံရမှာပါ။ URL Fixer က မှားရိုက်မိတဲ့ Web Address တွေကို အလို လို ပြုပြင်ပေးနိုင်ပါတယ်။
clip_image003
YouTube Embed2Link
Firefox Browser ကနေ YouTube Video တွေကြည့်ရတာ YouTube App ကနေကြည့်ရသလောက်အဆင်မပြေလှပါဘူး။YouTube Embed2Link က Browser က YouTube Video တွေကို YouTube App ကနေကြည့်လို့ ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။
clip_image004
RememberPass
Firefox မှာ Passwords တွေကို မှတ်သားပေးနိုင်ပြီး Websites တွေ Login ၀င်တဲ့အခါအလိုလို ဖြည့်ပေးနိုင်ပါတယ်။ဒါပေမယ့် တစ်ချို့ ဝက်ဆိုက်တွေက အဲဒီ Option ကို Block လုပ်တတ်ကြပါတယ်။RememberPass ကအဲဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ဝက်ဆိုက်တွေမှာ Login  ၀င်တဲ့အခါမှာ Firefox က Password ကိုမှတ်သားပေးဖို့  Message ကျမလာတဲ့အခြေအနေကြုံတွေ့ နေရရင်တော့ RememberPass ကိုသုံးပါ။
clip_image005
Stylish
နာမည်ကြီး Addon တစ်ခုဖြစ်ပြီး Facebook အပါအ၀င် ၀က်ဆိုက်တွေကို သင်နှစ်သက်ရာ ဒီဇိုင်းနဲ့ ကြည့်လို့  ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။Stylish က Desktop Browsers တွေမှာလည်းသုံးနိုင်ပြီး အသုံးပြုနည်း ကိုရေးပေးဖူးပါတယ်။ Android မှာလည်း Stylish ကို သုံးလို့ ရလာပြီဖြစ်ပါတယ်။
clip_image006
Adblock Plus
နာမည်ကြီး Addon တစ်ခုဖြစ်ပြီး Desktop Browsers တွေမှာလည်းသုံးလို့ ရပါတယ်။ Desktop Browsers တွေမှာအသုံးပြုနည်းကိုရေးပေးထားပြီး ဒီဆောင်းပါး မှာလေ့လာပါ။အခုတစ်ခါ Firefox Android  မှာသုံးလို့ ရလာပါပြီ။ Adblock Plus က ၀က်ဆိုက်တွေ က ကြော်ညာတွေကို Block လုပ်ပေးနိုင်တဲ့အတွက် ၀က်ဆိုက်တွေ ကြည့်ရတာအဆင်ပြေသလို ၊ ကြော်ညာတွေကို ပိတ်ထားခြင်းအားဖြင့် ကွန်နက်ရှင်ကို ကောင်းစေမှာပါ။Adblock Plus က ကြော်ညာတွေကို အလိုလို Block လုပ်ပေးမှာပါ။ တစ်ခြား အနှောင့်အယှက်ဖြစ်စေတဲ့ ပုံတွေ ၊ Elements တွေကိုလည်း Manual Block လုပ်နိုင်ပါတယ်။
clip_image001
Android အတွက် Firefox Addons တွေကို Firefox Browser က Menu > Add-ons ကနေ ဒေါင်းလုပ်လုပ်နိုင်သလို ၀က်ဆိုက်ကနေ တစ်ဆင့်လည်း ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Visit Firefox Addons Page
Monday, October 7, 2013
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ရှာဖွေခြင်း။
download
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက  သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့ Extension တွေအစားပေါ့ပါးတဲ့ Extension တွေကို အသုံးပြုရင် Browser ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်စေမှာပါ။ ဒီဆောင်းပါးမှာ Browser Extension တွေရဲ့ Memory Consumption,CPU Usage စတာတွေကို သိနိုင်မယ့်နည်းတွေကို ရေးပါမယ်။
Mozilla Firefox
Firefox မှာ Browser Extensions တွေ ရဲ့ Memory Usage ကိုသိနိုင်ဖို့  အတွက် နည်းလမ်းမရှိပါဘူး။ Extension တစ်ခု ကို ထပ်ပြီးအသုံးပြုမှသာသိနိုင်ပါတယ်။ about:addons-memory extension ကို Firefox မှာ အင်စတောလုပ်ပါ။ပြီးရင် Address Bar ကနေ about:addons-memory လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် အင်စတောလုပ်ထားတဲ့ Extensions တွေကို တွေ့ မြင်ရမှာဖြစ်ပြီး Memory အသုံးပြုမှုအလိုက် စီထားတာတွေ့ ရမှာပါ။ Memory အသုံးပြုမှုများတဲ့ Extension တွေ ကို သိရှိနိုင်ပြီး Disable လုပ်နိုင်ပါပြီ။
clip_image002
Google Chrome
Task Manager ကိုဖွင့်ဖို့ အတွက် Chrome’s Menu Button ကိုနှိပ်ပါ။Tools>Task Manager ကိုနှိပ်ပါ။ Ctrl+Escape ကိုနှိပ်ပြီးဖွင့်လည်းရပါတယ်။
ဒါဆိုရင် Extensions,Web Apps တွေ ရဲ့  Memory Usage တွေကိုတွေ့ မြင်နိုင်ပြီးသင့် Browser ကိုနှေးကွေးစေတဲ့ Extension တွေကို Disable လုပ်နိုင်ပါပြီ။
clip_image004
Browser’s Safe Mode ကိုအသုံးပြုပါ။
Mozilla Firefox
Firefox button ကိုနှိပ်ပြီး Help>Restart with Add-ons Disabled ကိုနှိပ်ပါ။
clip_image006
Google  Chrome
Chrome icon ကို right click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Shortcut tab ကိုသွားပါ။ Target မှာ အောက်ကပုံမှာလို --disable extensions ဆိုတဲ့စာသားကို နောက်ဆုံးမှာဖြည့်ပေးပြီး Ok နှိပ်ပါ။ Chrome Browser ကိုပိတ်ပါ။ System Tray က အိုင်ကွန်ကိုလည်းပိတ်ပါ။ ပြီးရင် Shortcut ကိုအသုံးပြုပြီး Chrome ကိုဖွင့်ပါ။ Safe Mode ကို Disable လုပ်ဖို့  Shortcut မှာ Edit ပြန်လုပ်ပြီး Chrome ကို Restart လုပ်ပါ။
clip_image008
Browser Extensions တွေ ဟာ အသုံးဝင်ပေမယ့် တစ်ခြား Software တွေလို ပဲ သင့်ကွန်ပြူတာမှာ Run နေတာပါ။ Extension တွေ အများအပြားအသုံးပြုခြင်းဟာ Browser ကိုလေးစေပါတယ်။အဲဒီအတွက် တကယ်အသုံးလို တဲ့ Extension တွေကို ပဲအင်စတောလုပ်သင့်သလို ၊ Memory အသုံးပြုမှုနည်းပါးတဲ့ Extension တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
Wednesday, October 2, 2013
Chrome,Firefox မှာ Tab တွေ ကို Hide/Restore လုပ်မယ်။
clip_image002
Browser တွေကနေ ၀က်ဆိုက်တွေ ကြည့်ရင်း Tab တွေများပြားလာတဲ့ အခြေအနေမျိုးကိုကြုံဖူးမှာပါ။ Tab တွေအများကြီးဖွင့်ထားတာဟာ System Memory ကို စားသုံးတဲ့အတွက် စက်လေးလံလာတတ်ပါတယ်။နောက်ပြီး Tab တွေများပြားတဲ့အတွက် Browsing လုပ်ရတာလည်း သိပ်ပြီးအဆင်မပြေတော့ပါဘူး။နောက်တစ်ချက်က သင့်ရဲ့  Privacy ကိုကာကွယ်ချင်ရင် Tabs တွေကို အမြန် Hide လုပ်နိုင်ဖို့ လိုပါတယ်။အဲဒီလို လုပ်ဖို့ အတွက် Chrome , Firefox မှာ Tab Management Extension တွေရှိပါတယ်။
Chrome
Chrome မှာ OneTab ဆိုတဲ့ Extension က Tab တွေကို အမြန် Hide/Restore လုပ်ပေးနိုင်ပါတယ်။ OneTab ကိုအင်စတောလုပ်ပြီးရင် OneTab icon ကို URL Bar မှာတွေ့ မြင်ရမှာဖြစ်ပြီး icon ကိုနှိပ်ရင် ဖွင့်ထားတဲ့ Tabs တွေအားလုံးကို Tab တစ်ခုထဲမှာစုစည်းပေးထားမှာပါ။ သိမ်းပေးထားတဲ့ Tab တွေအားလုံးကိုပြန် Restore လုပ်နိုင်သလို တစ်ခုချင်းစီရွေးပြီးလည်း Restore လုပ်နိုင်ပါတယ်။မလိုအပ်တာတွေကိုလည်း  Delete လုပ်နိုင်ပါတယ်။OneTab က သိမ်းထားတဲ့ Tabs တွေကို ရက်စွဲအလိုက် Group တွေခွဲပြီးသိမ်းပေးနိုင်တဲ့အတွက်နောက်နေ့ တွေ မှာပြန်အသုံးပြုချင်ရင်လည်းအဆင်ပြေစေပါတယ်။
clip_image004
clip_image006
OneTab ကောင်းမွန်တဲ့ Tab Management Extension တစ်ခုဖြစ်ပါတယ်။Tabs တွေကို တစ်ခြားစက်တွေ မှာ အလွယ်တကူ Sync လုပ်ပေးနိုင်မယ့် Feature ကို Developer ကဖြည့်ဆည့်ပေးနိုင်ရင်ပိုအသုံးဝင်မယ်လို့ ထင်ပါတယ်။ တကယ်လို့  သင့် Browser ရဲ့ Memory အသုံးပြုမှုကိုပဲလျှော့ချချင်တယ် ဒါပေမယ့် Tabs တွေကိုတော့ မပိတ်ချင်ဘူးဆိုရင် The Great Suspender  ဆိုတဲ့ Chrome Extension ကိုသုံးနိုင်ပါတယ်။အချုပ်အားဖြင့် OneTab က Tab တွေကို အများကြီးဖွင့်ပြီးအသုံးပြုတဲ့သူတွေ အတွက် ကောင်းမွန်တဲ့ Tab Management Extension တစ်ခုဖြစ်ပါတယ်။
Install OneTab From Chrome Web Store
Firefox
clip_image008
သာမာန်အချိန်မှာ ၀က်ဆိုက်တွေ ကြည့်နေရင် T Button က အမည်းရောင်ဖြစ်နေမှာဖြစ်ပြီး Tabs တွေကို Hide လုပ်ထားရင် T Button က အပြာရောင်ပြပေးမှာပါ။
clip_image010
TabSlash က OneTab လို မျိုး Tab တွေကို ရွေးချယ်ပြီး Restore လုပ်လို့ မရပါဘူး။ မလိုအပ်တော့တဲ့ Tab တွေကိုလည်း  Delete လုပ်လို့ မရပါဘူး။Restore လုပ်ရင် Tabs အားလုံးကို ပြန်ဖွင့်ပေးမှာပါ။အချုပ်အားဖြင့် TabSlash က Tabs တွေကို အမြန် Hide လုပ်ဖို့  ကောင်းမွန်တဲ့ Tab Management Add-On တစ်ခုဖြစ်ပါတယ်။
Install TabSlash For Firefox
Monday, September 16, 2013
Pocket : အင်တာနက်ကဆောင်းပါးတွေကို နောက်မှဖတ်ဖို့ သိမ်းထားမယ်။
1
အင်တာနက်ကဆောင်းပါးတစ်ပုဒ်ကို သင်ဖတ်နေတဲ့အချိန် အလုပ်ကလည်း ပေါ်လာလို့ သွားရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံဖူးမှာပါ။အဲလို အခြေအနေမှာ အဲဒီဆောင်းပါးကို နောက်မှဖတ်ဖို့ သိမ်းပေးနိုင်တဲ့ Web Application or Bookmarking Service  တစ်ခုဖြစ်တဲ့ Pocket ကို သုံးနိုင်ပါတယ်။များသောအားဖြင့်လူတွေ ကနောက်မှဖတ်ဖို့   Browser မှာ Bookmark မှတ်ပြီးသိမ်းထားတတ်ကြပါတယ်။ဒီလို မှတ်ရင် Browser မှာ Bookmark တွေ နဲ့ ရှုပ်ပွနေပြီးတော့ အဆင်မပြေပါဘူး။Pocket က အရင်တုန်းက read it later လို့  နာမည်တွင်ပါတယ်။ဆောင်းပါးတွေသာမက image,video စတာတွေကိုပါသိမ်းနိုင်ပါတယ်။ chrome,firefox,safari စတဲ့ browser တွေမှာ Pocket ရဲ့ extension (or) add-on တွေကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။ Extension (or) Add-on တွေမသုံးချင်ရင်လည်း bookmarklet ကို သုံးနိုင်ပါတယ်။Android,iphone,ipad စတဲ့ devices တွေအတွက်လည်း Pocket ရဲ့ application တွေရှိ ပြီး အဲဒီ devices တွေကနေ ဆောင်းပါးတွေ သိမ်းတာတွေ ဖတ်တာတွေပြုလုပ်နိုင်ပါတယ်။သင်သိမ်းထားတဲ့ဆောင်းပါးတွေကို  သင်နှစ်သက်ရာ device တွေကနေ sync လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် Pocket က တစ်ခြား third-party application 300 ကျော် မှာ integration ပါရှိပြီး အဲဒီ applications တွေကနေ သင့် Pocket အကောင့်ကို တိုက်ရိုက်သိမ်းနိုင်ပါတယ်။Pocket က totally free ပါ။
Pocket ၀က်ဆိုက်  မှာအကောင့်တစ်ခု လုပ်ပါ။ပြီးရင် အဲဒီဆိုက်မှာပဲ browser entension or add-on တွေကို အင်စတောလုပ်ပြီးသုံးပါ။ Android,ios devices တွေအတွက် application တွေကိုလည်း အဲဒီဆိုက်ကနေတစ်ဆင့် သက်ဆိုင်ရာ application store တွေကနေ အခမဲ့ဒေါင်းလုပ်လုပ်ပြီးသုံးနိုင်ပါတယ်။
Browser ကနေဆောင်းပါးများသိမ်းခြင်း။
Pocket extension or add-on ကို browser မှာအင်စတောလုပ်ပြီးရင် browser မှာ pocket အိုင်ကွန်ကိုတွေ့ မြင်နိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ chrome browser ကို အသုံးပြုပြီးရေးပါတယ်။Pocket အိုင်ကွန်ကို နှိပ်ပြီး ဆောင်းပါးကို သိမ်းပါ။ဆောင်းပါးတွေကို Tag လုပ်ပြီးလည်းသိမ်းနိုင်ပါတယ်။ပုံတွေကို သိမ်းဖို့ အတွက် ပုံကို နှိပ်ပြီး ပေါ်လာတဲ့ page ကနေ pocket icon ကိုနှိပ်ပြီးသိမ်းပါ။YouTube လို Video ဆိုက်တွေက Video တွေကိုလည်းနောက်မှကြည့်ဖို့ သိမ်းနိုင်ပါတယ်။
ashampoo 02
Android, IOS  Device များကနေ ဆောင်းပါးများသိမ်းခြင်း။
ဒီဆောင်းပါးမှာတော့ android phone ကနေ ဆောင်းပါးများသိမ်းတာကို ရေးပါတယ်။တစ်ခြား device တွေမှာလည်း အသုံးပြုနည်းက သိပ်ကွာမှာမဟုတ်ပါ။Pocket ကို အင်စတောလုပ်ပြီးရင် browser ကနေ သင်သိမ်းချင်တဲ့ဆောင်းပါးကို သိမ်းဖို့  menu ကနေ  share page ကိုနှိပ်ပြီး Add to Pocket ကိုနှိပ်ရင်အဲဒီဆောင်းပါးကို သိမ်းပေးမှာပါ။
Moborobo20130725152734
Email ပို့ ပြီးဆောင်းပါးများသိမ်းခြင်း။
email-phone
သိမ်းထားတဲ့ဆောင်းပါးများဖတ်ရှုခြင်း။
သိမ်းထားတဲ့ဆောင်းပါးတွေကို browser ကနေကြည့်ချင်ရင် Pocket ၀က်ဆိုက် ကိုသွားပြီးသင့်အကောင့်နဲ့  login ၀င်ပြီးကြည့်ပါ။အောက်ကပုံမှာမြင်ရသလို ပဲ  ဆောင်းပါးတွေ ၊ပုံတွေ ၊ video တွေအားလုံးကို  ဖတ်ရှုကြည့်ရှုနိုင်ပါတယ်။
ashampoo 03
ဆောင်းပါးတွေကို email,facebook,twitter,buffer စတာတွေနဲ့ share လုပ်နိုင်သလို ဖတ်ပြီးလို့ ဖျက်ချင်ရင်ဖျက်နိုင်ပါတယ်။
ashampoo 04
Android,IOS devices တွေကနေ pocket application ကို ဖွင့်ပြီးသိမ်းထားတဲ့ဆောင်းပါးတွေကို sync လုပ်ပြီးဖတ်နိုင်ပါတယ်။
Moborobo20130725155441
Destop App
Pocket ကဆောင်းပါးတွေကိုဖတ်ဖို့  ၊သိမ်းဖို့  Windows Desktop App ကိုအသုံးပြုဖို့ ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ဒါပေမယ့် သင့် စက်မှာ Chrome Browser အင်စတောလုပ်ထားဖို့ လို ပြီး Chrome Web Store ကနေ Pocket Desktop App ကို အင်စတောလုပ်ထားဖို့ လို ပါတယ်။ Desktop App ကို အသုံးပြုရင် ဆောင်းပါးတွေကို သင့်စက်ထဲကို ဒေါင်းလုပ်လုပ်တဲ့အတွက် Offline  ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Pocket-for-Windows-main
Pocket Desktop App ဟာ တစ်ခြား Desktop App တွေနဲ့ မတူဘဲ Chrome App Platforms အပေါ်အခြေခံပြီးပြုလုပ်ထားတာဖြစ်လို့  Chrome နောက်ထွက် တဲ့ Version တွေကို အင်စတောလုပ်ထားဖို့ လို ပါတယ်။
Sunday, September 8, 2013
Google Search Results Indirection ကိုကျော်ဖို့  Don’t Track Me Google ကိုသုံးပါ။
ku-bigpic
Google Search ကနေ တစ်ခုခု ရှာလိုက်လို့ ကျလာတဲ့ Results တွေကို နှိပ်ရင် သက်ဆိုင်ရာ ၀က်ဆိုက်ကို တန်းမသွားဘဲ Google ကနေတစ်ဆင့် သွားတာကို တွေ့ မြင်ရမှာပါ။Google Search Results က ၀က်ဆိုက် လိပ်စာတွေကို ကူးပြီး Address Bar မှာ Paste လုပ်ကြည့်ရင် ကွဲကွဲပြားပြားတွေ့ မြင်နိုင်ပါတယ်။
ashampoo 13
ashampoo 14
တကယ်လို့ သင်ဟာ Google Search Results က လင့်တွေ ရဲ့ Direct URL ကို လို ချင်ရင် အောက်နည်းတွေကို သုံးနိုင်ပါတယ်။ Direct URL ကိုရတဲ့အတွက် သွားချင်တဲ့ ၀က်ဆိုက်ကို လျှင်လျှင်မြန်မြန်သွားနိုင်တာကိုလည်းတွေ့ ရမှာပါ။
Chrome
Chrome User တွေအတွက်တော့ Don't Track Me Google ဆိုတဲ့ Extension ကိုသုံးနိုင်ပါတယ်။
Firefox
Firefox User တွေ ကတော့ Script Manager တစ်ခုဖြစ်တဲ့ Greasemonkey Add-On ကို အရင်အင်စတောလုပ်ပါ။ပြီးမှာ userscript.org ၀က်ဆိုက်က Don't Track Me Google ဆိုတဲ့ Script ကို အင်စတောလုပ်ပါ။
Thursday, September 5, 2013
သင့် Favorite Websites တွေကို Sidebar ကနေလွယ်လွယ်သုံးမယ်။
ashampoo 03
Facebook,Gmail,Google  စတဲ့ဝက်ဆိုက်တွေကို နေ့ စဉ်နေ့ တိုင်း အကြိမ်ကြိမ်အသုံးပြုတဲ့သူတွေအတွက်တော့ TabCross ဆိုတဲ့ Firefox Add-On ကိုနှစ်သက်ကြမယ်လို့ ထင်ပါတယ်။TabCross က Tab Management  Add-On တစ်ခုဖြစ်ပြီးတစ်ခြား Add-On တွေနဲ့ မတူဘဲ နည်းနည်းထူးခြားပါတယ်။ တစ်ခြားဝက်ဆိုက်တွေ ကြည့်နေရင်းနဲ့  ပဲ သင့် Favorite Site တွေကို Sidebar ကနေအသုံးပြုနိုင်တဲ့အတွက် Multitasking လုပ်ဖို့ အဆင်ပြေစေပါတယ်။
TabCross ကိုအင်စတောလုပ်ပြီးရင် ညာဘက် မှာ Sidebar တစ်ခုတွေ့ မြင်နိုင်ပြီး Google,Gmail,Facebook,YouTube,Dropbox,Yahoo,Favorites စတာတွေကို တွေ့ နိုင်ပါတယ်။Favorites ကတော့ သင်နှစ်သက်တဲ့ တစ်ခြား ၀က်ဆိုက်တွေကို Add လုပ်ဖို့ အတွက်အသုံးပြုနိုင်ပါတယ်။အဲဒီအတွက် Tab မှာဝက်ဆိုက်တစ်ခုကိုအသုံးပြုနိုင်သလို Sidebar မှာလည်း သင်နှစ်သက်တဲ့ ၀က်ဆိုက်တွေကို Mobile Version ပုံစံမျိုးနဲ့  အသုံးပြုနိုင်ပါတယ်။
TabCross
TabCross က Favorite တွေကို Cloud နဲ့  Sync လုပ်ပေးနိုင်ပြီးတစ်ခြား Device တွေ ကနေအသုံးပြုရင်လည်းသင်ပြုလုပ်ထားတဲ့ Customization အတိုင်းအသုံးပြုနိုင်မှာပါ။Sync လုပ်ဖို့ အတွက် Facebook အကောင့်နဲ့  Integrate လုပ်ပေးရပါမယ်။ ၀က်ဆိုက်တွေ Add လုပ်ဖို့ အတွက် + Button ကိုနှိပ်ပြီး အောက်ကပုံအတိုင်းပြုလုပ်ပေးနိုင်ပါတယ်။
Favorites_
ဒါ့အပြင် Sidebar ကို အဖွင့်အပိတ်လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။
TabCross-collapse
နောက်ထပ်ကောင်းမွန်တဲ့ Feature တစ်ခုကတော့ Sidebar ကို အကျယ်ချဲ့ ပြီးကြည့်နိုင်ပါတယ်။ဘယ်ဘက်အောက်က မျှားပုံကို နှိပ်ရမှာပါ။
Popup
TabCross က အခုလောလောဆည်တော့ Firefox မှာသာအသုံးပြုလို့ ရနိုင်ပြီး Chrome User တွေ အတွက်တော့ စောင့်မျှော်ရအုံးမှာပါ။
Install TabCross
Thursday, August 29, 2013
Facebook အကောင့် Hack မခံရအောင်ကာကွယ်ပေးမယ့် FB Phishing Protector
download (1)
Phishing Attack ဆိုတာ ၀က်ဆိုက် Login Page အတုတွေ ကို အသုံးပြုပြီးသင့်အကောင့် Username , Password တွေကိုခိုးယူတဲ့နည်းတစ်ခုဖြစ်ပါတယ်။ အီးမေးက နေ Facebook ကို Login ၀င်ခိုင်းတဲ့လင့်တွေပို့ ပြီး  Login Page အတုကို ရောက်သွားမှာပါ။ အဲဒီမှာ သင့်အကောင့် Username,Password တွေကိုဖြည့်မိရင်တော့ သင့်အကောင့် Hack ခံလိုက်ရပါပြီ။Phishing အကြောင်းသိတဲ့သူတွေ ကတော့ ၀က်ဆိုက်လိပ်စာကို ဂရုတစိုက်သတိထားကြည့်ကြပါတယ်။ဒါပေမယ့်လည်းတစ်ခါတစ်လေတော့လည်း သတိမထားမိတဲ့အတွက် အခိုးခံကြရပါတယ်။အဲဒီနည်းက အသုံးအများဆုံးခိုးနည်းဖြစ်လို့  Google,Facebook တို့ က သင့်ထံအီးမေးပို့ ပြီး ဘယ်တော့မှ Login မလုပ်ခိုင်းဘူးလို့  ပြောကြားထားတာကို သတိပြုပါ။ဒီလို Phishing Page အတုအယောင်တွေကို ကာကွယ်ပေးနိုင်တဲ့ FB Phishing Protector ဆိုတဲ့ Firefox Add-On ကို အင်စတောလုပ်ထားရင်တော့ သင့်ဖေ့ဘုတ်အကောင့် ကို အခိုးခံရခြင်းမှကင်းဝေးစေမှာပါ။
Phish
Download FB Phishing Protector
Saturday, August 24, 2013
Firefox ကို Reset ချရင်ဘာဖြစ်မလဲ?
images (1)
Firefox Browser ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေဖြစ်နေပြီး ပြုပြင်လို့ လည်းမရတော့ဘူးဆိုရင် Reset ချနိုင်ပါတယ်။ Reset လုပ်ဖို့  Help > Troubleshooting Information ကိုနှိပ်ပါ။ဒါမှမဟုတ် Address Bar မှာ  about:support လို့ ရိုက်ပါ။
ashampoo 21
Page တစ်ခုပေါ်လာပြီးညာဘက်က Reset Firefox ကိုနှိပ်ပါ။
1
Reset ချရင် Search Engine , Home Page တွေကို Default အတိုင်းပြုပြင်မှာဖြစ်ပြီး extensions, sync settings, open tabs, tab groups ,themes , toolbars စတာတွေအားလုံးကို ဖျက်ပစ်မှာပါ။ Passwords, Form Data, Browsing history, Favorites or Bookmarks, Cookies ,Plugins စတာတွေကိုတော့ မဖျက်ပဲ ပြန်အသုံးပြုနိုင်ပါတယ်။
Saturday, August 10, 2013
Browser တွေရဲ့  Memory အသုံးပြုမှုကို လျှော့ချပေးနိုင်တဲ့ Extension များ။
Browser မှာ Tab တွေ အများကြီးဖွင့်ပြီး အသုံးပြုတဲ့သူတွေ အတွက် စက်လေးလံလာတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ ဖူးမှာပါ။ Memory များတဲ့စက်တွေ မှာသိပ်မသိသာပေမယ့် Memory နည်းတဲ့စက်တွေ မှာ တော့ စက်လေးလံလာတာတွေ ၊ Crash ဖြစ်တာတွေ နဲ့ ကြုံကြရပါတယ်။အဲဒီအတွက် Firefox နဲ့  Chrome ရဲ့  Memory အသုံးပြုမှုကို အလို လို လျှော့ချပေးနိုင်တဲ့ Extension တွေ ကို ရေးပေးလိုက်ပါတယ်။
UnloadTab (Firefox)
Firefox User တွေ အတွက် UnloadTab ကိုသုံးနိုင်ပါတယ်။UnloadTab ကို အင်စတောလုပ်ပြီးရင် Add-On Manager ကနေ UnloadTab ရဲ့  Options ကိုသွားပါ။ Firefox ဖွင့်ဖွင့်ခြင်းမှာ Selected Tab တွေကို ပဲ Load လုပ်ခိုင်းဖို့  အောက်က ပုံမှာလို ရွေးပေးပါ။ဒါမှမဟုတ် Tab အားလုံးကို ဖွင့်ခိုင်းဖို့ လည်းရွေးချယ်နိုင်ပါတယ်။Unload inactive tabs after: မှာတော့ အသုံးမပြုတဲ့ Tab တွေကို အချိန်အတိုင်းအတာသတ်မှတ်ပေးပြီး Auto Unload လုပ်ခိုင်းလို့ ရပါတယ်။နောက်တစ်ခုမှာ Background Tab တွေကိုဖွင့်ရင် Load / Unload လုပ်ဖို့ လည်းရွေးချယ်နိုင်ပါတယ်။ Facebook လို မျိုးအမြဲကြည့်တဲ့ ၀က်ဆိုက် တွေကို  အောက်ကပုံမှာလို Unload exclusion ထဲထည့်ထားလို့ ရပါတယ်။ အဲဒီအတွက် Facebook ကို Unload လုပ်မှာမဟုတ်တော့ပါဘူး။အောက်ကပုံအတိုင်းရွေးပေးလိုက်ရင် အဆင်ပြေပါတယ်။ အသုံးမပြုတဲ့ Tab တွေကို ၅ မီနစ် ကြာရင်အလို လို Unload လုပ်ပေးပါလိမ့်မယ်။ အဲဒါဆိုရင် Memory Usage ကို လျှော့ချပေးပြီးစက်မလေးတော့ပါဘူး။Unload လုပ်ထားတဲ့ Tab တွေက အရောင်ဖျော့ဖျော့လေး နဲ့ ပြနေမှာဖြစ်ပြီး အဲဒီ Tab တွေကို Select လုပ်လိုက်မှ Load လုပ်ပေးပါလိမ့်မယ်။
ashampoo 12
The Great Suspender(Chrome)
Chrome User တွေကတော့ The Great Suspender ကိုသုံးပါ။ Extension ကို အင်စတောလုပ်ပြီးရင် Setting Page မှာ အသုံးပြုဖို့  Select လုပ်လိုက်တဲ့ Tab တွေကို auto unsuspend လုပ်ဖို့  Check box မှာအမှန်ခြစ်ပေးပါ။Whitelist မှာတော့ အမြဲကြည့်တဲ့ဝက်ဆိုက်တွေကို Suspend မလုပ်ဖို့  သတ်မှတ်ထားနိုင်ပါတယ်။အသုံးမပြုတဲ့ tab တွေကို Auto Suspend လုပ်ဖို့ အချိန်သတ်မှတ်ပေးပါ။
ashampoo 13
Saturday, July 27, 2013
Mozilla ရဲ့  Firefox OS သုံး Smart Phone ကို Windows မှာစမ်းသုံးကြည့်ရအောင်။
1
Firefox Browser ကနေ Firefox OS Simulator Add-On  ကို အင်စတောလုပ်ပါ။Add-On က 50 mb ၀န်းကျင်လောက်ရှိပြီး ဆိုက်တော်တော်ကြီးတဲ့ အတွက်အချိန်အနည်းငယ်တော့ကြာမြင့်မှာပါ။ Unresponsive Script dialog  တွေပေါ်လာရင် Continue ကိုနှိပ်ပါ။အင်စတောလုပ်ပြီးသွားရင် Tools>Web Developer>Firefox OS Simulator ကိုနှိပ်ပါ။
ashampoo 02
Tab အသစ်မှာ page တစ်ခုပေါ်လာရင် Simulator Button ကိုနှိပ်ပြီး Firefox OS Simulator ကို run ပါ။
ashampoo 03
ဒါဆိုရင် Firefox OS Simulator ၀င်းဒိုးပေါ်လာပြီး Firefox OS Smart Phone ကို သင်စမ်းသပ်သုံးစွဲနိုင်ပါပြီ။
ashampoo 01
Android OS မှာလိုပဲဘယ်ဘက်  ညာဘက် ကို Swipe လုပ်ရင် Apps တွေကို တွေ့ မြင်ပြီးစမ်းသပ်သုံးနိုင်ပါတယ်။
ashampoo 04
Firefox Smart Phone မှာ ကိုယ်ပိုင် Application Store တစ်ခုပါ  ရှိပြီး Marketplace ဖြစ်ပါတယ်။အဲဒီကနေ Applications တွေကို အင်စတောလုပ်ပြီးစမ်းသပ်သုံးနိုင်ပါတယ်။ Firefox OS Applications တွေဟာ HTML5 app တွေဖြစ်ပြီး အင်စတောလုပ်စရာမလို ဘဲ သုံးလို့ ရ တယ်လို့ လည်း ဖတ်ရပါတယ်။
ashampoo 06
Firefox OS ကနေမဟုတ်ဘဲလည်း  marketplace.firefox.com/ ကိုသွားပြီး Firefox OS ရဲ  Applications တွေကိုလေ့လာနိုင်ပါတယ်။
Sunday, July 14, 2013
Firefox Offline Installer ကို Download လုပ်နည်း
download (1)
ashampoo 03
Systems & Languages page မှာ English (US) version ကို offline installer အနေနဲ့  download လုပ်နိုင်ပါတယ်။
ashampoo 04