http://goo.gl/7ETVZB ဒီလင့်ခ်မှာ Download ပါ
Google က iOS အတွက် Hangouts App ကို Major Upgrade အနေနဲ့ ပြုလုပ်ပေးလိုက်ပါပြီ။ Phone Call တွေကို Hangouts ကနေပဲပြုလုပ်လို့ ရလာပြီး Google Voice ကိုလည်း Hangouts ကနေပဲသုံးနိုင်ပါပြီ။ Animated GIF တွေကိုလည်းသုံးလို့ ရလာပြီး Online/Offline Status တွေကိုသိနိုင်ပါပြီ။ Google Voice ကတော့ US Only ပဲသုံးလို့ ရမှာဖြစ်ပါတယ်။ Google Voice Number ရှိတဲ့သူတွေကတော့ Google Voice နဲ့  Hangouts ကိုချိတ်ဆက်ထားလို့ ရပါတယ်။ Google Voice ကိုဝင်လာတဲ့ ဖုန်းတွေကို Hangouts ကနေ ပြောလို့ ရသလို၊ Hangouts ကနေလည်း Google Voice Number ကိုသုံးပြီး ဖုန်းခေါ်ဆိုမှုတွေပြုလုပ်နိုင်ပါတယ်။ Google Voice နဲ့ ချိတ်ဆက်ထားရင်တော့ US, Canada က Phone Number တွေကို Free ခေါ်ဆိုနိုင်ပါတယ်။
Google က iOS အတွက် YouTube App ကို တစ်နေ့ က Update ပြုလုပ်ပေးခဲ့ပါတယ်။ပြောင်းလဲမှုတွေ တော့ သိပ်မရှိပေမယ့် အသုံးဝင်တဲ့ Feature အသစ်တစ်ခုပါရှိလာပါတယ်။ Video Quality ကို ပြောင်းလဲကြည့်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။အဲဒီအတွက် YouTube Video တွေကို Quality ကောင်းကောင်းနဲ့ ကြည့်ချင်သူတွေ အတွက်ရော၊ ကွန်နက်ရှင်မကောင်းလို့  Quality နှိမ့်ပြီးကြည့်ချင်တဲ့သူတွေ အတွက်ပါအဆင်ပြေသွားပါပြီ။
App ကို Update လုပ်ပြီးရင် Video ရဲ့ ညာဘက် မှာ button ကိုတွေ့ မြင်နိုင်ပါတယ်။ အဲဒီ button ကိုနှိပ်ရင် video quality,closed captioning,flag as inappropriate ဆိုပြီး options သုံးခုတွေ့ မြင်ရပါမယ်။ Video Quality ကိုနှိပ်ပြီး နှစ်သက်ရာ Quality ကိုပြောင်းကြည့်နိုင်ပါပြီ။
Video တစ်ခုကြည့်ပြီးနောက်တစ်ခုကိုပြောင်းကြည့်ရင် Quality က Auto ဖြစ်သွားမှာဖြစ်ပြီး ပြန်ပြောင်းပေးရမှာဖြစ်ပါတယ်။ နှစ်သက်ရာ Video Quality ကို Default အနေနဲ့ သတ်မှတ်လို့ တော့ မရသေးပါဘူး။တစ်ခုမှတ်ထားရမှာက ၀ိုင်ဖိုင် ကိုအသုံးပြုနေမှသာ Video Quality ကို ပြောင်းလို့ ရမယ်လို့ ဖတ်ရပါတယ်။
iOS 7 ကို Update လုပ်ပြီးသူတွေအတွက် တစ်ချို့  Apps တွေကကောင်းကောင်းအလုပ်မလုပ်တာတွေဖြစ်နိုင်ပါတယ်။ Developer တွေက သူ တို့  ရဲ့ App တွေကို iOS 7 မှာအဆင်ပြေစွာသုံးလို့ ရအောင် Update မလုပ်ကြသေးလို့ ဖြစ်နိုင်ပါတယ်။ iOS 7 နဲ့  အဆင်ပြေအောင် Update လုပ်ပေးလိုက်တဲ့ Apps တွေကို အောက်မှာစာရင်းပြုစုပေးထားပြီးဒေါင်းလုပ်လုပ်နိုင်ပါတယ်။ အားလုံးကို တော့ မဖော်ပြပေးနိုင်ပေမယ့် နာမည်ကြီးပြီး အသုံးများတဲ့ Apps တွေကို ဦးစားပေးဖော်ပြလိုက်ပါတယ်။
အင်တာနက်ကဆောင်းပါးတစ်ပုဒ်ကို သင်ဖတ်နေတဲ့အချိန် အလုပ်ကလည်း ပေါ်လာလို့ သွားရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံဖူးမှာပါ။အဲလို အခြေအနေမှာ အဲဒီဆောင်းပါးကို နောက်မှဖတ်ဖို့ သိမ်းပေးနိုင်တဲ့ Web Application or Bookmarking Service တစ်ခုဖြစ်တဲ့ Pocket ကို သုံးနိုင်ပါတယ်။များသောအားဖြင့်လူတွေ ကနောက်မှဖတ်ဖို့  Browser မှာ Bookmark မှတ်ပြီးသိမ်းထားတတ်ကြပါတယ်။ဒီလို မှတ်ရင် Browser မှာ Bookmark တွေ နဲ့ ရှုပ်ပွနေပြီးတော့ အဆင်မပြေပါဘူး။Pocket က အရင်တုန်းက read it later လို့  နာမည်တွင်ပါတယ်။ဆောင်းပါးတွေသာမက image,video စတာတွေကိုပါသိမ်းနိုင်ပါတယ်။ chrome,firefox,safari စတဲ့ browser တွေမှာ Pocket ရဲ့  extension (or) add-on တွေကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။ Extension (or) Add-on တွေမသုံးချင်ရင်လည်း bookmarklet ကို သုံးနိုင်ပါတယ်။Android,iphone,ipad စတဲ့ devices တွေအတွက်လည်း Pocket ရဲ့  application တွေရှိ ပြီး အဲဒီ devices တွေကနေ ဆောင်းပါးတွေ သိမ်းတာတွေ ဖတ်တာတွေပြုလုပ်နိုင်ပါတယ်။သင်သိမ်းထားတဲ့ဆောင်းပါးတွေကို သင်နှစ်သက်ရာ device တွေကနေ sync လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် Pocket က တစ်ခြား third-party application 300 ကျော် မှာ integration ပါရှိပြီး အဲဒီ applications တွေကနေ သင့် Pocket အကောင့်ကို တိုက်ရိုက်သိမ်းနိုင်ပါတယ်။Pocket က totally free ပါ။
Pocket ၀က်ဆိုက် မှာအကောင့်တစ်ခု လုပ်ပါ။ပြီးရင် အဲဒီဆိုက်မှာပဲ browser entension or add-on တွေကို အင်စတောလုပ်ပြီးသုံးပါ။ Android,ios devices တွေအတွက် application တွေကိုလည်း အဲဒီဆိုက်ကနေတစ်ဆင့် သက်ဆိုင်ရာ application store တွေကနေ အခမဲ့ဒေါင်းလုပ်လုပ်ပြီးသုံးနိုင်ပါတယ်။
Browser ကနေဆောင်းပါးများသိမ်းခြင်း။
Pocket extension or add-on ကို browser မှာအင်စတောလုပ်ပြီးရင် browser မှာ pocket အိုင်ကွန်ကိုတွေ့ မြင်နိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ chrome browser ကို အသုံးပြုပြီးရေးပါတယ်။Pocket အိုင်ကွန်ကို နှိပ်ပြီး ဆောင်းပါးကို သိမ်းပါ။ဆောင်းပါးတွေကို Tag လုပ်ပြီးလည်းသိမ်းနိုင်ပါတယ်။ပုံတွေကို သိမ်းဖို့ အတွက် ပုံကို နှိပ်ပြီး ပေါ်လာတဲ့ page ကနေ pocket icon ကိုနှိပ်ပြီးသိမ်းပါ။YouTube လို Video ဆိုက်တွေက Video တွေကိုလည်းနောက်မှကြည့်ဖို့ သိမ်းနိုင်ပါတယ်။
Android, IOS Device များကနေ ဆောင်းပါးများသိမ်းခြင်း။
ဒီဆောင်းပါးမှာတော့ android phone ကနေ ဆောင်းပါးများသိမ်းတာကို ရေးပါတယ်။တစ်ခြား device တွေမှာလည်း အသုံးပြုနည်းက သိပ်ကွာမှာမဟုတ်ပါ။Pocket ကို အင်စတောလုပ်ပြီးရင် browser ကနေ သင်သိမ်းချင်တဲ့ဆောင်းပါးကို သိမ်းဖို့  menu ကနေ share page ကိုနှိပ်ပြီး Add to Pocket ကိုနှိပ်ရင်အဲဒီဆောင်းပါးကို သိမ်းပေးမှာပါ။
Email ပို့ ပြီးဆောင်းပါးများသိမ်းခြင်း။
ဒီနည်း က pocket extension or add-on တွေမရှိတဲ့ တစ်ခြားစက်တွေ မှာအသုံးပြုနေရတဲ့အခြေအနေမျိုးမှာ ပဲဖြစ်ဖြစ် pocket application မရှိတဲ့ဖုန်းကနေ ပဲဖြစ်ဖြစ် ဆောင်းပါးတွေကို သင့် pocket အကောင့်ကို ပို့ ပြီးသိမ်း ချင်ရင် အသုံးဝင်ပါတယ်။ add@getpocket.com ဆိုတဲ့ email address ကိုပေးပို့ ရမှာပါ။သင်သိမ်းချင်တဲ့ ဆောင်းပါး ရဲ့ url address ကို Email Body မှာထည့်ပေးပြီး ပို့ ပါ။ ပထမအကြိမ်အီးမေးပို့ ပြီးသိမ်းရင် Pocket က သင့်အီးမေးလိပ်စာကို Confirm Message ပို့ ပေးမှာဖြစ်ပြီး Confirm လုပ်ပေးပါ။ သင့် အီးမေးတွေ ကို Pocket Website မှာ Add လုပ်နိုင်ပါသေးတယ်။
သိမ်းထားတဲ့ဆောင်းပါးများဖတ်ရှုခြင်း။
သိမ်းထားတဲ့ဆောင်းပါးတွေကို browser ကနေကြည့်ချင်ရင် Pocket ၀က်ဆိုက် ကိုသွားပြီးသင့်အကောင့်နဲ့  login ၀င်ပြီးကြည့်ပါ။အောက်ကပုံမှာမြင်ရသလို ပဲ ဆောင်းပါးတွေ ၊ပုံတွေ ၊ video တွေအားလုံးကို ဖတ်ရှုကြည့်ရှုနိုင်ပါတယ်။
ဆောင်းပါးတွေကို email,facebook,twitter,buffer စတာတွေနဲ့ share လုပ်နိုင်သလို ဖတ်ပြီးလို့ ဖျက်ချင်ရင်ဖျက်နိုင်ပါတယ်။
Android,IOS devices တွေကနေ pocket application ကို ဖွင့်ပြီးသိမ်းထားတဲ့ဆောင်းပါးတွေကို sync လုပ်ပြီးဖတ်နိုင်ပါတယ်။
Destop App
Pocket ကဆောင်းပါးတွေကိုဖတ်ဖို့  ၊သိမ်းဖို့  Windows Desktop App ကိုအသုံးပြုဖို့ ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ဒါပေမယ့် သင့် စက်မှာ Chrome Browser အင်စတောလုပ်ထားဖို့ လို ပြီး Chrome Web Store ကနေ Pocket Desktop App ကို အင်စတောလုပ်ထားဖို့ လို ပါတယ်။ Desktop App ကို အသုံးပြုရင် ဆောင်းပါးတွေကို သင့်စက်ထဲကို ဒေါင်းလုပ်လုပ်တဲ့အတွက် Offline ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Pocket Desktop App ဟာ တစ်ခြား Desktop App တွေနဲ့ မတူဘဲ Chrome App Platforms အပေါ်အခြေခံပြီးပြုလုပ်ထားတာဖြစ်လို့  Chrome နောက်ထွက် တဲ့ Version တွေကို အင်စတောလုပ်ထားဖို့ လို ပါတယ်။
American Series တွေကို နှစ်သက်တဲ့သူတွေ အတွက် Series တွေ ပြမယ့်ရက်တွေကို သတိပေးနိုင်တဲ့ Free Web Services တစ်ခုဖြစ်ပါတယ်။သင့်ကို Email,RSS Feed, Calendar,iOS App စတာတွေနဲ့  သတိပေးနိုင်ပါတယ်။ American Series တွေကြည့်နေကျသူမဟုတ်ဘူးလား? American Series တွေကို ဒေါင်းလုပ်လုပ်နိုင်မယ့် နည်းတွေကိုလည်းရေးပေးပါမယ်။FollowShows ကို ၀က်ဆိုက်မှာသုံးလို့ ရသလို iOS Users တွေအတွက် iOS App ပါထွက်ရှိလာပြီဖြစ်ပါတယ်။
FollowShows ၀က်ဆိုက်ကိုသွားပြီး အကောင့်တစ်ခုလုပ်ပါ။ Facebook အကောင့်နဲ့ လည်းအသုံးပြုနိုင်ပါတယ်။Search Box ကနေ Series နာမည်ရိုက်ထည့်ပြီး Follow လုပ်ပါ။ နာမည်ကြီးပြီး ကျွန်တော်ကြည့်နေတဲ့ Series သုံးခုကတော့ Supernatural,Grimm,Game of Thrones တို့ ပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အတွက်စာဖတ်သူကိုလည်းကြည့်ဖို့ အကြံပေးပါတယ်။ပြီးရင်တော့ Calendar မှာ Series တွေ ပြမယ့်ရက်ကို တွေ့ မြင်နိုင်ပါတယ်။FollowShows မှာ Social Service လည်းရှိပြီးသူငယ်ချင်းတွေ ရှာလို့ ရသလို သူငယ်ချင်းတွေ ကြည့်တဲ့ Series တွေကို ပါ သိနိုင်ပါတယ်။
Settings ထဲဝင်ပြီး Email,RSS Feed,Calender စတာတွေနဲ့ သင့်ကို အသိပေးဖို့ ပြုလုပ်နိုင်ပါတယ်။FollowShows ၀က်ဆိုက်ကို ခနခနသွားစရာမလိုဘဲ Series တွေကို Track လုပ်ချင်တဲ့ အချိန်မှသွားစရာလို တာပါ။ Track လုပ်ပြီးရင်တော့ Email ကနေပဲ Series တွေပြမယ့်ရက်ကို သိနိုင်မှာပါ။
iOS User တွေအတွက် ၀က်ဆိုက်ကိုအသုံးပြုစရာမလို ဘဲ FollowShows App ကိုသုံးနိုင်ပါတယ်။Series တွေ ပြသမယ့် ရက်ရောက်ရင် Notification ပေးပြီးသိရှိနိုင်ပါတယ်။
ဒီလို မျိုး Series တွေကို Track လုပ်ပေးနိုင်တဲ့ TV Watchlist ဆိုတဲ့ Chrome Extension ကိုလည်းအသုံးပြုနိုင်ပါတယ်။
American Series တွေ ဘယ်မှာ Download လုပ်နိုင်မလဲ?
Online မှာ American Series တွေ၊ ရုပ်ရှင်တွေကိုဒေါင်းလုပ်လုပ်နိုင်တဲ့ဆိုက်တွေ ရှိပြီး GlowGaze ဆိုတဲ့ဆိုက်အကြောင်းရေးပေးဖူးပါတယ်။GlowGaze မှာ တိုက်ရိုက်ဒေါင်းလုပ်လုပ်လို့ ရသလို ၊ Torrent Client တွေနဲ့ လည်းဒေါင်းလုပ်လုပ်နိုင်ပါတယ်။ကျွန်တော်ကတော့ ရုပ်ရှင် တွေ၊ Series တွေကို Torrent ဆိုက်တွေ ကဒေါင်းပါတယ်။ Torrent တွေ အကြောင်းနဲ့ Torrent Client တွေ မသုံးဘဲဒေါင်းလုပ်လုပ်နည်းတွေကို ရေးပေးထားပါတယ်။ Torrent တွေကို ဒေါင်းလုပ်လုပ်နိုင်တဲ့နည်းတွေ အများကြီးရှိပြီး Browser Extension တွေနဲ့ လည်းဒေါင်းနိုင်သလို ၊ Torch Browser ကနေလည်းဒေါင်းနိုင်ပါတယ်။ ကျွန်တော် အကြိုက်ဆုံးနည်းကတော့ Torrent Client တွေ မသုံးဘဲ Zbigz လို Online Torrent Client ကိုသုံးပြီး IDM နဲ့ ဒေါင်းပါတယ်။တစ်ခုရှိတာက Zbigz က အစကတော့ Max File Size ကို 8 GB အထပေးထားတဲ့အတွက် ဖိုင်ဆိုက်ကြီးကြီးတွေကို ဒေါင်းရတာအဆင်ပြေပါတယ်။အခုတော့ 1 GB ပဲပေးတော့တဲ့အတွက် ဖိုင်ဆိုက်ကြီးကြီးတွေ ဒေါင်းချင်ရင် Zbigz လို မျိုးတစ်ခြားဆိုက်တွေ ကိုလည်း Google ကနေရှာသုံးနိုင်ပါတယ်။Series တစ်ခု က ဖိုင်ဆိုက် 300 MB ၀န်းကျင်ပဲရှိတဲ့အတွက် ဒေါင်းရတာအဆင်ပြေပါတယ်။
Have Fun!!!!
Skype ရဲ့  နောက်ဆုံးထွက် Versions တွေ မှာ Video Message တွေပါပို့ လို့ ရလာပါတယ်။Platforms အားလုံးမှာအသုံးပြုလို့ ရလာတာဖြစ်ပြီး Windows, Windows Phone, Mac, iOS, Android, Blackberry စတာတွေမှာသုံးနိုင်ပါတယ်။ နောက်ဆုံးထွက် Version ကိုတော့ Update လုပ်ထားဖို့ လိုပါတယ်။
On Windows 8
Skype ရဲ့ Windows 8 Modern App မှာ Video Message ပို့ ဖို့ အတွက် Contact တစ်ယောက်ကို ရွေးချယ်ပါ။ + Sign Button ကိုနှိပ်ပြီး Send Video Message ကို နှိပ်ပါ။
On Windows Phone
Windows Phone မှာ Video Message ပို့ ဖို့  Friend တစ်ယောက်ကို ရွေးချယ်ပါ။ဒါပေမယ့် အဲဒီ Friend က Offline ဖြစ်နေမှ Video Message ပို့ လို့ ရမှာပါ။ Leave a video message ကို နှိပ်ပါ။
On iPhone
iPhone မှာလည်း Windows Phone အတိုင်းပြုလုပ်နိုင်ပါတယ်။
Video Message Option ကိုမတွေ့ ရသေးရင် Skype ကို Update လုပ်ပါ။ Platforms အားလုံးအတွက် Skype Web Site ကနေတစ်ဆင့်ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Google Play , iTunes အပြင် တစ်ခြား Market တွေကနေလည်းဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Skype ၀က်ဆိုက်ကို ၀င်လို့ မရရင် Vpnium (Windows), Hola Unblocker (Android) စတာတွေကို သုံးနိုင်ပါတယ်။
iTunes Festival London 2013 ကို Live ကြည့်လို့ ရမယ့် iTunes Festival London 2013 App ပါ။နာမည်ကြီးတွေ ဖြစ်တဲ့ Lady Gaga,Katy Perry,Justin Timberlake,Elton John အပါအ၀င်အဆိုတော်ပေါင်းများစွာက September တစ်လလုံးဖျော်ဖြေတင်ဆက်ကြမှာပါ။UK မှာနေတဲ့သူတွေ အတွက် ထိုင်ခုံ လက်မှတ်ကို ကံစမ်းလို့ ရပါသေးတယ်။Live မကြည့်လိုက်ရတဲ့သူတွေ အတွက်လည်း ပြန်ပြီးကြည့်နိုင်ပါတယ်။အသေးစိတ်ကို http://www.itunesfestival.com/ မှာဖတ်ရှုနိုင်ပါတယ်။ iOS Device မရှိသူတွေ အတွက် iTunes ကနေကြည့်ရှုနိုင်သလို Apple TV ကနေလည်းကြည့်ရှုနိုင်ပါတယ်။
IMO အသုံးပြုသူတွေအတွက် အခုနောက်ဆုံးထွက် Version 3.8 မှာ Video Call ပါခေါ်လို့ ရလာပါတယ်။Voice Call ကိုလည်း ပိုပြီးကောင်းအောင်ပြုလုပ်ထားပါတယ်။ ကျန်တဲ့ Features တွေကတော့အားလုံးသိပြီးတဲ့အတိုင်းပါပဲ။ Facebook Chat, Google Talk, MSN, ICQ, AIM, Yahoo! Messenger, Jabber, Hyves, VKontakte and Steam စတာတွေ အားလုံးကို IMO တစ်နေရာထဲကပဲအသုံးပြုနိုင်ပါတယ်။ Group Chat အသုံးပြုလို့ ရသလို IMO Network မှာလည်းသူငယ်ချင်းတွေ ရှာလို့ ရပါတယ်။ pictures, text and voice messages စတာတွေလည်းအသုံးပြုလို့ ရပါတယ်။
Update လုပ်ပြီးသွားရင် Friend တွေရဲ့ ဘေးမှာ Video Call အိုင်ကွန်ကိုတွေ့ မြင်အသုံးပြုနိုင်ပါတယ်။ဒါပေမယ့် တစ်ဖက်ကသူငယ်ချင်းကလည်း IMO ကို အသုံးပြုနေမှ Video Call ကအလုပ်လုပ်မှာပါ။ မဟုတ်ရင်တော့ Error Message ပြပါလိမ့်မယ်။Video Call အသုံးပြုနေရင်းနဲ့ လည်း Audio , Chat စတာတွေကို သုံးနိုင်ပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုက Broadcast Section ကနေ Facebook,Twitter,LinkedIn မှာ Post တင်နိုင်ပါတယ်။
English Premier League တွေလည်းစပြီဆိုတော့ ဘောလုံးဝါသနာရှင်တွေအတွက် ဒီ Application က အသုံးဝင်ပါတယ်။ Live Scores တွေ ပြပေးနိုင်ပြီး Lineup စာရင်းတွေပါပြပေးနိုင်ပါတယ်။ဒါ့အပြင် EPL နဲ့ ပတ်သက်တဲ့ သတင်းတွေ ကိုလည်း သိရှိနိုင်ပါတယ်။EPL သာမကဘဲ UEFA Champions League,UEFA Europa League,F.A. Cup,Capital One Cup စတာတွေကို ပါ သိရှိနိုင်ပါတယ်။Goal and shot charts ကိုကြည့်ရှုနိုင်ပြီး Live text commentary ပါရှိတဲ့အတွက် ပွဲအခြေအနေကို အချိန်ပြည့်သိနိုင်ပါတယ်။Live league table လည်းပါရှိတဲ့အတွက် ပွဲအခြေအနေအလိုက် အသင်းတွေ ရဲ့ ဇယားရပ်တည်မှုအခြေအနေကို သိနိုင်ပါတယ်။ဒါ့အပြင် Sky Sports က သတင်း၊ပွဲမတိုင်ခင် သုံးသပ်ချက်တွေ၊ပွဲပြီးသုံးသပ်ချက်တွေကို ပါ သိနိုင်ပါတယ်။Player တွေ ရဲ့ Full Profile ကိုလည်းသိနိုင်ပြီး ဘောလုံးအသင်း၊ဘောလုံးသမားတွေရဲ့  Tweet တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီဖော်ပြပေးနိုင်ပါတယ်။