Showing posts with label Root Tool For Android. Show all posts
Showing posts with label Root Tool For Android. Show all posts

Tuesday, November 5, 2013

ROOT အလွယ်တစ်ကူဖောက်ချင်သူများအတွက် V ROOT ပါ

V Root





ဒါလေးကတော့  ကျွန်တော်ဆောင်ထားတဲ့  V ROOT လေးပါ။သုံးရတာလည်းအဆင်ပြေပါတယ်
ANDROID VERSION  2.1 ကနေပြီး အမြင့်ဆုံး 4.2 အထိ Root ဖောက်ပေးနိုင်ပါတယ်ဗျာ။
ANDROID USER တွေလည်းအကြိုက်တွေ့ မှာပါ။
အသုံးလိုတဲ့ သူများရှိရင်အောက်မှာယူပေးကြပါခင်ဗျာ။အသုံးပြနည်း
ကတော့ ထွေထွေထူးထူးမရှိပါဘူး ခင်ဗျာ။
ကျွန်တော် ROOT ဖောက်တိုင်းရှင်းပြနေကျမို့ ရှင်းမပြတော့ ဘူးနော်
ေိေိ











DOWNLOAD -zippyshare , mediafire





အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။


စိုင်းသူ

Monday, July 8, 2013

RootGenius General or SJRoot or Root Wizard v1.0.7

ashampoo 01

နာမည်ကြီး Brand မျိုးစုံကို Root နိုင်တယ်ဆိုတဲ့ RootGenius General or SJRoot or root Wizard v1.0.7ပါ.. အောက်မှာဖေါ်ပြထားတဲ့ နာမည်ကြီး Brand တွေ ကို Root အောင်မြင်တယ်လို့ ရေးထားပါတယ်။ ဖုန်းကို USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ထားပြီး Computer နဲ့ချိတ်ပါ။ Driver သိရမှာဖြစ်ပါတယ်။ ဒီကောင်ကို Run လိုက်ပြီး Root လို့ရပြီလို့ ရေးထားပါတယ်.. အောက်မှာ ဖေါ်ပြထားတဲ့ Brand တွေအပါအဝင် ဖုန်းအမျိုးအစေားပေါင်း 300 ကျော်ကို Root လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ခု ဗားရှင်းမှာတော့ ဖုန်း Model အမျိုးအစားပေါင်း 242 မျိုးကို Root လုပ်ဖို့ Tool ထပ်တိုးထားတယ်လို့ဆိုပါတယ်ခင်ဗျာ။Supported model တွေအားလုံးကို official site မှာကြည့်ပါ။


HTC
Huawei
ZTE
Sony
Google
Millet
Association
LG
Hisense
Amagatarai
Pantech
OPPO
Good domain
Quality rice
Cool
Zhuopu
Konka
Amoi

Download from Dropbox  (or)  Mirrorcreator (3) mb

ashampoo 01

Wednesday, June 26, 2013

Shuame Root V1.2.1

1

Shuame Root ကို myanmarmobileapp မှာတွေ့ လို့ တင်ပေးလိုက်ပါတယ်။တရုတ်ဖုန်း/Tablet တော်တော်များများကို Root လုပ်ပေးနိုင်တဲ့ Shuame Root v1.2.1 ကိုတင်ပေးလိုက်ပါတယ်။ တရုတ်ထုတ်ဖုန်း/Tablet တွေတင်မဟုတ်ပါဘူး ၊ အခြား LG/HTC/Samsung စတဲ့ ဖုန်းတော်တော်များများကိုလည်း ဒီ Tool လေးကိုအသုံးပြုပြီး root လုပ်နိုင်ပါတယ်။ Root လုပ်ရုံတင်မဟုတ်ပါဘူး ။ Bootloader mode ထဲဝင်တာတို့ ၊ recovery mode ထဲဝင်တာတို့ ၊ ဖုန်းရဲ့ Pattern lock ကိုဖြုတ်တာတို့ကိုပါလုပ်ဆောင်ပေးနိုင်ပါသေးတယ်။

Shuame Root ကိုအသုံးပြုပြီး Root လုပ်ဖို့အတွက် ကွန်ပျူတာမှာ မိမိရဲ့ ဖုန်းအမျိုးအစားအလိုက် Driver သွင်းထားဖို့လိုပါတယ်။ပြီးလျှင် ခုနက download လုပ်ခဲ့တဲ့ Shuame Root v1.2.1 ကို ကွန်ပျူတာမှာ install လုပ်ပြီး run လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမယ်။ ပေါ်လာရင် ပုံထဲကစက်ဝိုင်းပြထားတဲ့ ခလုတ်ကိုသွားပါ။

2

အောက်ပါအတိုင်းပေါ်လာပါမယ်။ ပြီးရင်ဖုန်း/Tablet ရဲ့ Setting > Developer Option ထဲက USB Debugging ကို enable လုပ်ထားပြီး ဖုန်း/Tablet ကိုကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ ပုံမှာ စက်ဝိုင်းအနီနဲ့ပြထားတဲ့ ခလုတ်ကိုနှိပ်ပါ။

3

ဖုန်း Driver ကိုကွန်ပျူတာမှာသွင်းထားပြီး USB Debugging Setting ကို On ခဲ့တယ်ဆိုရင်တော့ Root လုပ်ဖို့ Alert box လေးပေါ်လာရင် next လုပ်လိုက်ရုံပါပဲ ။ Root လုပ်ရတာကလည်းအရမ်းလွယ်ပါတယ်။ဖုန်းမှာ Super User (သို့) SU လို့ရေးထားတဲ့ icon လေးတွေ့ပြီဆိုရင်တော့ root process အောင်မြင်ပြီလို့ပြောလို့၇ပါပြီ။ကိုယ့်ရဲ့ ဖုန်း/Tablet က root ဖြစ်မဖြစ်ကိုတော့ root checker လို android app ကိုသုံးပြီးစစ်ဆေးကြည့်နိုင်ပါတယ်။

Download Shuame Root

Thursday, April 18, 2013

Android Multipurpose Toolkit Version 1.0

1

BAT Group  မှ ဆရာမ ဒေါ်ထားထားလွင်  ရဲ့ android multipurpose toolkit version 1.0 ကို myanmarmobileapp.com ကတွေ့ လို့ ပြန်လည်မျှဝေလိုက်ပါတယ်။ဖုန်း အမျိုးအစား တော်တော်များများကိုလွယ်ကူစွာပဲ root/unroot လုပ်ပေးနိုင်ပါတယ်။မြန်မာစာဖောင့်ထည့်ပေးနိုင်ပြီး Google Applications တွေ မပါတဲ့ဖုန်း တွေမှာ Google Applications တွေ ထည့်ပေးနိုင်ပါတယ်။Pattern Lock ကျနေတဲ့ဖုန်းတွေကို လော့ဖြည်ပေးနိုင်ပါတယ်။ဖိုင်ဆိုက်ကြီးပြီး လေး ဖိုင်ခွဲထားပါတယ်။လေးဖိုင်ကို ပေါင်းပြီးအသုံးပြုနည်းကို လည်း အောက်မှာ ဒေါင်းလုပ်လင့်ပေးထားပါတယ်။

Tuesday, March 5, 2013

Unlock Root Pro 3.36 With Patch

1

Android devices တွေကို လွယ်လွယ်ကူကူ နဲ့  root လုပ်ပေးနိုင်တဲ့ one click root tool တစ်ခုပါ။Supported model တွေကို www.unlockroot.com မှာ ကြည့်နိုင်ပါတယ်။Root မလုပ်ခင် အရင်ဆုံးသင့် android device ကို backup လုပ်ထားဖို့ အကြံပေးပါတယ်။Unlock Root နဲ့  အလားတူ SRS Root ကို လည်းတင်ထားပေးပါတယ်။SRS Root က freeware ဖြစ်ပြီး Unlock Root ကတော့ Patch နဲ့ Pro Version ဖြစ်အောင်ပြုလုပ်ရမှာပါ။

Monday, February 25, 2013

SRS Root : One Click Root For Android

1

Android Devices တွေကို လွယ်လွယ်ကူကူ one click နှိပ်ရုံနဲ့  root လုပ်ပေးနိုင်ပါတယ်။Android Version 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 စတာတွေကို root လုပ်ပေးနိုင်ပါတယ်။Root လုပ်ပေးနိုင်တဲ့ supported devices တွေကို official page မှာ ကြည့်ရှုနိုင်ပါတယ်။Root မလုပ်ခင် သင့် android device ကို Backup လုပ်ထားသင့်ပါတယ်။