Showing posts with label Windows Tips And Tricks. Show all posts
Showing posts with label Windows Tips And Tricks. Show all posts
Sunday, November 3, 2013
သင့် ကွန်ပြူတာ မှာ Virus တွေ့ ရင်ဘယ်လို သတ်မလဲ?
clip_image002
သင့် ကွန်ပြူတာ က Antivirus က Virus တွေ့ တယ်လို့ သတိပေးရင်ပဲဖြစ်ဖြစ်၊ သင့်ကွန်ပြူတာ က လေးလံလာပြီး အလုပ်ကောင်းကောင်းမလုပ်တော့ရင်ဖြစ်ဖြစ် ဒီနည်းလမ်းကိုသုံးပြီး Virus တွေကိုရှင်းနိုင်ပါတယ်။
Antivirus က Virus ကို တွေ့ ရင် ဘာလုပ်ရမလဲ?
သင့် Antivirus က Virus တွေ့ ပါတယ်လို့ သတိပေးတာ ဟာ ကောင်းတဲ့ အချက်တစ်ခုဖြစ်ပြီး Antivirus က Virus ကို နိုင်နင်းစွာကိုင်တွယ်ထားနိုင်တဲ့သဘောပါ။
clip_image003
Antivirus အသုံးမပြုဘူးဆိုရင်
Antivirus အသုံးမပြုတဲ့ သူတွေ ကိုတော့ အခုပဲ အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။ Avast , AVG , Microsoft Security Essential တို့ က Free အသုံးပြုနိုင်ပြီး စွမ်းဆောင်ရည်ကလည်းကောင်းမွန်ပါတယ်။ Windows 8 /8.1 အသုံးပြုသူတွေကတော့ Antivirus တစ်ခု သီးသန့် သုံးစရာမလိုဘဲ သူ့ မှာ Built-in ပါတဲ့ Microsoft Security Essential ကိုနာမည်ပြောင်းထားတဲ့ Windows Defender ကိုသုံးနိုင်ပါတယ်။
clip_image004
Internet Security Suite တွေမှာ ပါတဲ့ ပိုမိုကောင်းမွန်တဲ့ Features တွေဖြစ်တဲ့ two-way firewalls, phishing filters, anti-theft , spam filter,web safety    စတာတွေကိုပါသုံးချင်ရင်တော့ Internet Security Suite ကို ကိုယ်တိုင်ပြုလုပ်ပါ။ Cracked Version တွေကို အသုံးပြုတာကိုတော့ အားမပေးပါဘူး။ အဲဒီ Cracked Version တွေ ကိုယ်တိုင် ဟာ Virus ,Malware တွေဖြစ်နေတတ်ပါတယ်။
သင့် Antivirus က Virus ကို မသတ် နိုင်ရင်
သင့် ကွန်ပြူတာ မှာ Virus ၀င်ရောက်နေတယ်လို့ သံသယ ရှိပြီး Antivirus ကလည်း မဖမ်းမိ ၊ မသတ်နိုင်ဘူး ထင်ရင် တစ်ခြား Antivirus နဲ့ သတ်နိုင်ပါတယ်။
Antivirus တော်တော်များများက One-Time Scanning Tool တွေပြုလုပ်ပေးထားပါတယ်။ ESET Online Scanner ကို အင်စတောလုပ်စရာမလိုဘဲ ဒေါင်းလုပ် လုပ်ပြီး တာနဲ့  Quick Scan လုပ်နိုင်ပါတယ်။ သင့် စက်မှာရှိပြီးသား Antivirus ကိုလည်း ဖြုတ်စရာမလိုတဲ့အတွက်အဆင်ပြေပါတယ်။ Bitdefender 60-Second Virus Scanner ကလည်း အဲဒီလို မျိုး လုပ်ဆောင်ပေးနိုင်ပါတယ်။
Scanner က Virus တွေ့ ပြီလို့ အချက်ပေးရင် အဲဒီ Scanner နဲ့ ပဲ သတ်လို့ ရပါတယ်။ သင့်ရဲ့  Antivirus အဟောင်း ကိုတော့ ဖြုတ်ပြီး အခြားတစ်ခုနဲ့ လဲလှယ်အသုံးပြုသင့်ပါတယ်။
clip_image005
သတ်ဖို့ ခက်ခဲ တဲ့ Virus မျိုးကို သတ်ဖို့ 
တစ်ချို့  Virus , Malwares တွေဟာ အလွန်အစွမ်းထက်ပြီး သင့် System မှာ နက်နက်ရှိုင်းရှိုင်း ပူးကပ်နေတတ်ပါတယ်။ အဲဒီလို Virus တွေဆိုရင် သတ်ဖို့ အလွန်ခက်ခဲပါတယ်။
ဒီလိုအခြေအနေမှာဆို Safe Mode ကအသုံးဝင်ပါတယ်။ Safe Mode မှာဆိုရင် Virus အပါအ၀င် Third-Party Software တွေဟာ အလုပ်မလုပ်နိုင်ပါဘူး။ Safe Mode ကိုဝင်ပြီး Antivirus ကို  Scan လုပ်ခိုင်းရင် Virus ကိုသတ်ကောင်းသတ်နိုင်ပါတယ်။ Safe Mode ကို ၀င်ဖို့ အတွက် ကွန်ပြူတာကို Restart လုပ်ပြီး F8 ကီး ကို နှိပ်ပါ။ Boot Options Menu ရောက်ရင် Safe Mode ကိုရွေးပါ။ Safe Mode ရောက်ရင် Antivirus ကို Run ပြီး Virus ကိုသတ်ပါ။ Safe Mode မှာ အင်တာနက်အကူအညီလိုချင်ရင်တော့ Boot Options Menu မှာ Safe Mode with Networking ကိုရွေးပါ။
Safe Mode မှာလည်း Virus ကိုမသတ်နိုင်ဘူးဆိုရင် Antivirus Rescue CD တွေကို Boot တက်ပြီး သတ်ပါ။ Rescue CD တွေကို အသုံးပြုရင် Virus ရဲ့ အနှောင့်အယှက် မရှိတဲ့ အတွက် အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။ Kaspersky Rescue CD အသုံးပြုနည်းကိုရေးပေးထားပါတယ်။ Bitdefender , Avira တို့ ရဲ့  Rescue CD တွေကို လည်း အခမဲ့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုနည်းကတော့ Kaspersky နဲ့ သိပ်ပြီး ကွာခြားမှာမဟုတ်ပါ။
clip_image006
နောက်ဆုံး Virus ကိုဘယ်လို နည်းနဲ့ မှသတ်လို့ မရတော့ဘူးဆိုရင် ဒါမှမဟုတ် Virus ကိုသတ်ပြီးတဲ့ အခါမှာ သင့် System ဟာ တော်တော်ပျက်ဆီး သွားပြီဆိုရင်  Factory Reset ချလိုက်ပါ။ ကွန်ပြူတာ တော်တော်များများမှာ Recovery Partition or Restore Partition ပါရှိပြီး Boot တက်တဲ့ အချိန် မှာ သတ်မှတ်ထားတဲ့  ကီး တစ်ခု ကို နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ကီး ကတော့ စက်တစ်လုံး နဲ့ တစ်လုံး မတူတဲ့အတွက် အင်တာနက် ကနေရှာပါ။ Windows Installer Disc ရှိရင် Clean Install လုပ်ပါ။ Clean Install လုပ်ရင် ဖိုင်တွေ ၊ Programs တွေအားလုံးကိုဖျက်ပစ်မှာဖြစ်တဲ့အတွက် အရေးကြီးဖိုင်တွေကို Backup လုပ်ပါ။ Windows 8/8.1 မှာဆိုရင် Factory Reset လုပ်ဖို့ အတွက် အသစ်ပါရှိလာတဲ့ Reset Feature ကိုသုံးနိုင်ပါတယ်။
Thursday, October 17, 2013
Windows 8.1 ကို Upgrade လုပ်ဖို့  အတွက် Windows 8 PC မှာပြင်ဆင်ထားသင့်တဲ့ အချက်များ။
clip_image001
Personal Data တွေကို Backup လုပ်ပါ။
System Drive မှာဒေတာတွေ သိမ်းထားတယ်ဆိုရင် Backup လုပ်ထားသင့်ပါတယ်။ဒါမှမဟုတ် Data Partition တစ်ခုပြုလုပ် အသုံးပြုသင့်ပါတယ်။ Windows 8 မှာ Backup လုပ်ဖို့ အတွက် Windows 7 မှာပါရှိတဲ့ Backup Tool ကိုသုံးနိုင်ပါတယ်။အဲဒီ Tool ကိုအသုံးပြုဖို့  Search Box ကနေ Windows 7 File Recovery လို့ ရိုက်ပြီးဖွင့်ပါ။ Set Backup ကိုနှိပ်ပြီး ဖိုင်တွေကို External Drive တစ်ခုမှာသိမ်းပါ။
clip_image003
Windows 8 မှာအသစ်ပါရှိလာတဲ့ Backup Tool တစ်ခုဖြစ်တဲ့ File History ကိုလည်းသုံးနိုင်ပါတယ်။
System Image ပြုလုပ်ပါ။
clip_image004
Windows 8.1 အတွက် Drivers တွေ Update ရမလားစစ်ဆေးပါ။
သင့် PC ရဲ့ Hardware တွေ Windows 8.1 မှာကောင်းကောင်းအလုပ်လုပ်ဖို့  Driver တွေကို Update လုပ်ဖို့ လိုတယ်။သင့်ကွန်ပြူတာမှာ Drivers တွေကို Update လုပ်ဖို့  System Tool ပါခဲ့ရင် အဲဒီ Tool ကိုသုံးနိုင်ပါတယ်။မပါခဲ့ရင်တော့ သင့်ကွန်ပြူတာရဲ့ Support Site ကနေ Driver တွေရှာပြီး ဒေါင်းလုပ်လုပ်ထားပါ။
clip_image005
Windows 8.1 ကို Windows 8 ကနေ မဟုတ်ဘဲ အရင်ဝင်းဒိုးတွေကနေ Upgrade လုပ်ချင်ရင်တာ့ ဒီဆောင်းပါး မှာဖတ်ပါ။
Monday, October 14, 2013
သင်သိသင့်တဲ့  Windows System Restore အကြောင်း။
clip_image001
သင့်ကွန်ပြူတာအလုပ်ကောင်းကောင်းမလုပ်တော့ရင် Windows System Restore က ကယ်တင်ပေးနိုင်ပါတယ်။System Restore လုပ်တယ်ဆိုတာ Windows System ကို Backup လုပ်တာဖြစ်ပါတယ်။ System Restore Point ဆိုတာဘာလဲ? System Restore feature ကို သုံးသင့်သလား ဒါမှမဟုတ် မသုံးဘဲ Disable လုပ်သင့်သလား? သုံးမယ်ဆိုရင် ဘယ်လို အသုံးပြုရမလဲ? စတဲ့မေးခွန်းတွေကို ဒီဆောင်းပါးကအဖြေပေးပါလိမ့်မယ်။
System Restore Points ဆိုတာဘာလဲ?
System Restore ဆိုတာ Windows ME မှာစပါလာတဲ့ Windows operating system ရဲ့ Feature တစ်ခုဖြစ်ပါတယ်။Restoration မှာပါရှိတဲ့ Data Types တွေကတော့  System Files,Installed Applications,Windows Registry, System Settings တို့ ပဲဖြစ်ပါတယ်။ သင်တွေ့ မြင်တဲ့အတိုင်းပဲ System Restores ကို အသုံးပြုဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမယ့် မှန်ကန် တဲ့ အခြေအနေ အချိန်အခါမှာ အသုံးချတတ်ရင်တော့ အလွန်အသုံးဝင်ပါတယ်။
clip_image002[1]
Restore Points တွေကို ကိုယ်တိုင်ပြုလုပ်နိုင်သလို System က လည်း အလိုလို ပြုလုပ်တတ်ပါတယ်။Restore Points တွေကို အလိုလို ပြုလုပ်တတ်တဲ့ အချိန်တွေကတော့
·         Windows Update က Updates တွေကို အင်စတောလုပ်တဲ့အခါ
·         System Drivers တွေကို Install , Update လုပ်တဲ့အခါ
·         System Restore ပြုလုပ်ဖို့  Schedule လုပ်ခိုင်းထားတဲ့အခါ
System Restore ကို သုံးသင့်သလား?
·         Control Panel ကိုဖွင့်ပါ။
·         System ကိုဖွင့်ပါ။ ရှာမတွေ့ ရင် Search Box ကနေရှာဖွင့်ပါ။
·         ဘယ်ဘက်မှာရှိတဲ့ System Protection ကို နှိပ်ပါ။
·         Configure ကိုနှိပ်ပါ။
·         Disk Space Usage slider ကို ပြောင်းလဲ ပြီး Disk Space ကိုသတ်မှတ်ပေးပါ။
clip_image003[1]
သတ်မှတ်ထားတဲ့ Disk Space က တဖြည်းဖြည်းပြည့်လာရင် Older Restore Points တွေကို ဖျက်ပေးပြီးအသစ်တွေကို သိမ်းပေးထားပါတယ်။ Restore Points တွေကို ကိုယ်တိုင်လည်း ရှင်းလင်းနိုင်ပါတယ်။ဒါပေမယ့် နောက်ဆုံးတစ်ခုကိုတော့ ရှင်းလို့ မရပါဘူး။ Restore Points တွေကို ရှင်းဖို့ အတွက်အောက်ကနည်းအတိုင်းပြုလုပ်ပါ။
·         System Drive အတွက် Disk Cleanup ကို Run ပါ။( Computer အောက်က System Drive ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Disk Cleanup ကိုနှိပ်ပါ။
·         Clean up system files ကိုနှိပ်ပါ။
·         More Options tab ကိုနှိပ်ပါ။
·         System Restore and Shadow Copies မှာ Clean up ကိုနှိပ်ပါ။
clip_image004[1]
Windows System Restore ကို Set Up ပြုလုပ်ခြင်း။
System Restore ကို Enable ပြုလုပ်ဖို့  အောက်ကနည်းအတိုင်းပြုလုပ်ပါ။
·         Control Panel ကိုဖွင့်ပါ။
·         System ကိုဖွင့်ပါ။
·         System Protection ကို နှိပ်ပါ။
·         Configure ကိုနှိပ်ပါ။
·         Restore system settings and previous versions of file ကိုရွေးပါ
System Restore Point တစ်ခုပြုလုပ်ချင်ရင်အောက်ကနည်းအတိုင်းပြုလုပ်ပါ။
·         Control Panel ကိုဖွင့်ပါ။
·         System ကိုဖွင့်ပါ။
·         System Protection ကို နှိပ်ပါ။
·         Create ကိုနှိပ်ပါ။
·         Restore Point ကို နာမည်ပေးပါ။
clip_image005[1]
System Restore Point တစ်ခုကို Windows 7 , Windows 8 မှာပြုလုပ်ပုံအသေးစိတ်ကို ဒီဆောင်းပါး မှာရေးပေးထားပါသေးတယ်။Windows System Restore ဟာ အရင် Windows Version တွေမှာထက်ပိုမိုကောင်းမွန်လာသော်လည်း အပြည့်အ၀တော့ယုံကြည့်လို့ မရပါဘူး။တစ်ခါတစ်လေမှာ Restore လုပ်လို့ မအောင်မြင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမှာ အောင်မြင်စွာ Restore လုပ်နိုင်ဖို့  ဒီဆောင်းပါး မှာလေ့လာပါ။Windows 8 ကိုအသုံးပြုမယ်ဆိုရင်တော့ System Restore လို အသုံးပြုလို့ ရတဲ့ Refresh or Reset စတဲ့ Feature တွေကိုအသုံးပြုနိုင်မှာပါ။
အချုပ်
System Restore က System ကို Backup လုပ်ပေးနိုင်တဲ့အတွက် သင့်ကွန်ပြူတာကောင်းကောင်းအလုပ်မလုပ်တော့တဲ့အချိန်မှာအလွန်အသုံးဝင်တဲ့ Tool တစ်ခုပါ။ နောက်ပေါ်တဲ့ Windows OS Version တွေမှာ System Restore ပြုလုပ်ရတာလွယ်ကူမြန်ဆန်ပါတယ်။အဲဒီအတွက် System Restore လို ကောင်းမွန်တဲ့ Feature ကို အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။  
Sunday, October 13, 2013
Reddit Website မှ Tech Hacks နည်းများ။
clip_image001
Reddit က နာမည်ကြီးဝက်ဆိုက်တစ်ခုဖြစ်ပြီးကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ သိပ်အသုံးမပြုကြသေးတာတွေ့ ရပါတယ်။ Reddit မှာစိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတွေ ရှိပြီး Life Hacks နည်းတွေ၊ Tech Hacks နည်းတွေလည်းရှိပါတယ်။ဒီဆောင်းပါးမှာ Reddit မှာတွေ့ ရှိရတဲ့ Tech Hacks နည်းများထဲကကောင်းတဲ့နည်းတွေကို မျှဝေပါတယ်။
Gmail အကောင့်တစ်ခု ထဲနဲ့  Online Accounts တွေများစွာဖွင့်ပါ။
Website or Web Service တစ်ခု မှာ အကောင့်နှစ်ခု ဒါမှမဟုတ် အကောင့်များစွာဖွင့်ဖို့  Gmail အကောင့်တစ်ခုထဲကိုအသုံးပြုလို့ ရတယ်ဆိုတာသင်သိပါသလား? သင့် Gmail အကောင့်မှာ Plus Sign ထည့်ပြီး Gmail အကောင့်ကို ပွားပြီးသုံးလို့ ရပါတယ်။ ဥပမာ သင့် Gmail အကောင့်က thuya@gmail.com ဆိုပါစို့ ။ thuya+one@gmail.com  လို့ ပြောင်းလဲ ပေးလိုက်ပြီးအကောင့် နောက်တစ်ခု ဖွင့် လို့ ရပါတယ်။ thuya+one@gmail.com လို့ ပြောင်းလိုက်တဲ့အတွက် Website or Web Service က အသုံးမပြုရသေးတဲ့ အကောင့်တစ်ခု လို့ အထင်မှားစေပါတယ်။ thuya+one@gmail.com လို့ လိပ်စာပြောင်းလိုက်ပေမယ့်လည်း  Website or Web Service ကပို့ တဲ့ အီးမေး က  thuya@gmail.com ဆီကိုပဲရောက်မှာဖြစ်ပါတယ်။
Number Keys , J , K, L ကိုသုံးပြီး YouTube ကြည့်ပါ။
သင့် Keyboard က Number Keys တွေဖြစ်တဲ့ 1 to 9 ကိုသုံးပြီး YouTube Video တွေကို 10% to 90%  ကျော်ကြည့်လို့ ရတယ်ဆိုတာသင်သိပါသလား? ဒါ့အပြင် J ,  L  key ကိုသုံးပြီး Video ကို ၁၀ စက္ကန့် စာ Rewind , Fast Forward ကြည့်လို့ ရပါတယ်။ K  key ကိုနှိပ်ပြီး Play/Pause လုပ်နိုင်ပါတယ်။
သင့် Smartphone ကို ပေတံလို အသုံးပြုပါ။
clip_image002
ပိတ်ထားတဲ့ဝက်ဆိုက်တွေကို ကြည့်ဖို့  Google Translate ကိုသုံးပါ။
ဒီနည်းကတော့ သိတဲ့သူတွေ သိကြသလို မသိတဲ့သူတွေ လည်း ရှိပါတယ်။ဝက်ဆိုက်တစ်ခု ကို ပိတ်ထားလို့ ကြည့်မရဘူးဆိုရင် www.translate.google.com ကိုသွားပြီး ကြည့်မရတဲ့ ၀က်ဆိုက်လိပ်စာကိုထည့်ပေးပါ။ဒါဆိုရင် အဲဒီဆိုက်ကို သင်ကြည့်နိုင်ပါပြီ။
သင့် ပိုက်ဆံအိတ်ကို Smartphone Stand အနေနဲ့ အသုံးပြုပါ။
Video Chat ဖို့ ပဲဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်ဖို့ ပဲဖြစ်ဖြစ် ၊ Movie ကြည့်ဖို့ ပဲဖြစ်ဖြစ် Smartphone Stand တစ်ခုလို နေလား? သင့် ပိုက်ဆံအိတ်ကို Smartphone Stand အနေနဲ့ အသုံးပြုနိုင်ပါတယ်။
clip_image003
Laser Pointer ကို Smartphone Camera အတွက် Macro Lens အဖြစ်အသုံးပြုပါ။
clip_image004
Presentations တွေအတွက် သီးခြား User Account တစ်ခုအသုံးပြုပါ။
သင့် Laptop ကိုအသုံးပြုပြီး Presentation တွေပြုလုပ်နေကျဆိုရင် User Account ကိုသီးခြားအသုံးပြုသင့်ပါတယ်။မဟုတ်ရင် Presentation ပြုလုပ်နေတဲ့အချိန်မှာ Email, Messenger တွေက Notifications တွေတက်လာပြီးအနှောင့်အယှက်ဖြစ်စေပါတယ်။Windows,Mac,Linux အားလုံးမှာ သီးခြား User Account တွေပြုလုပ်အသုံးပြုနိုင်ပါတယ်။
Printer ကိုစမ်းသပ်ဖို့  Google ကိုအသုံးပြုပါ။
clip_image005
စာဖတ်သူရဲ့ Favourite Hacks တွေကိုလည်းဝေမျှခဲ့ပါအုံး။
Reddit မှာ Tech Hacks နည်းတွေ များစွာရှိပြီး အခုဖော်ပြထားတာတွေက အနည်းငယ်သာဖြစ်ပါတယ်။စာဖတ်သူမှာလည်း အင်တာနက်ကနေ လေ့လာထားတဲ့ Tech Hacks,Life Hacks နည်းတွေရှိရင် လည်း မျှဝေခဲ့ပါအုံး။
Saturday, October 12, 2013
Windows Computer မှာမလိုအပ်တော့တဲ့ Windows Update ဖိုင်တွေကို ရှင်းပေးမယ့် Windows Update Cleanup
clip_image002
Windows 7 မှာ Service Pack 1 ကို အင်စတောလုပ်နည်း  နဲ့  Service Pack 1 ကိုအင်စတောလုပ်ပြီးတဲ့အခါမှာ မလိုအပ်တော့တဲ့ Backup ဖိုင်တွေကိုရှင်းနည်း ကိုရေးပေးဖူးပါတယ်။အခုတော့ Microsoft က အောက်တိုဘာ (၇) ရက်နေ့ က  Windows Update Cleanup ကို Windows Update ကနေ အင်စတောလုပ်ခွင့် ပေးခဲ့ပါတယ်။ Windows Update Cleanup ကပိုမိုကောင်းမွန်ပြီးမလိုအပ်တော့တဲ့ Windows Update ဖိုင်တွေကို ရှင်းပေးတဲ့အတွက်ပိုအသုံးဝင်ပါတယ်။
Windows Update Cleanup ကဘာတွေလုပ်ပေးမှာလဲ?
Windows Update Cleanup က Windows Update ကနေ Update လုပ်ပြီးတဲ့အခါမှာကျန်ခဲ့တဲ့ မလိုအပ်တော့တဲ့ ဖိုင်တွေကို ရှင်းပေးမှာဖြစ်တဲ့အတွက် သင့်ကွန်ပြူတာမှာနေရာလွတ်တွေ ရရှိစေမှာပါ။Windows Update ပြုလုပ်ရင်းက သိမ်းပေးထားတဲ့ မလိုအပ်တဲ့ဖိုင်တွေဟာ ဖိုင်ဆိုက်ကြီးမားတဲ့အတွက် သင့်ကွန်ပြူတာမှာ နေရာလွတ်တော်တော်ရရှိလာမှာပါ။ Windows Update Cleanup က Windows 7 Service Pack 1 နဲ့ နောက်ပိုင်း Version တွေမှာ မှအသုံးပြုနိုင်မှာပါ။
Windows 7 Computers
clip_image003
တကယ်လို့  Windows Update Cleanup ကိုမတွေ့ ရရင် Windows Update Cleanup ကို Windows Update ကနေ အင်စတောမလုပ်ရသေးလို့ ဖြစ်ပါတယ်။Microsoft Website ကို သွားပြီး Windows Update Cleanup ကို Manual ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပါ။
Windows 8 Computers
Windows 8 မှာတော့ Windows Update Cleanup ကိုသုံးဖို့ အနည်းငယ်ကွာခြားမှုရှိပါတယ်။ Win + R ကိုနှိပ်ပြီး cleanmgr လို့ ရိုက်ပြီး Enter ခေါက်ပါ။ System Drive ကိုရွေးပြီး အိုကေနှိပ်ပါ။
Windows Update Cleanup ကိုမတွေ့ ရရင် Clean up system files ကိုနှိပ်ပါ။
clip_image004
Disk Scan ကိုနောက်တစ်ခါ ထပ် Run ပါလိမ့်မယ်။ ပြီးရင်တော့ Windows Update Cleanup မှာအမှန်ခြစ်ပေးပြီး အိုကေနှိပ်ပါ။
clip_image005
ဒါဆိုရင် သင့်ကွန်ပြူတာမှာမလိုအပ်တော့တဲ့ Windows Update ဖိုင်တွေကိုရှင်း ပြီးနေရာလွတ်တွေ အများကြီးရရှိပါပြီ။
Tuesday, October 8, 2013
Windows Computer ကို စကားပြောခိုင်းဖို့ နည်း ငါး နည်း။
clip_image002
Windows Computer ကို ဆောင်းပါးတွေ၊ စာတွေ ဖတ်ခိုင်းလို့ ရတဲ့ နည်းတွေ ရှိပါတယ်။ အမြင်အာရုံမကောင်းတဲ့ သူတွေ တောင်မှ Windows ကိုအသုံးပြုနိုင်ဖို့  Microsoft ကပြုလုပ်ပေးထားပါတယ်။
Microsoft Word ကိုဆောင်းပါးတွေ ဖတ်ခိုင်းပါ။
Microsoft Word က ဆောင်းပါးတွေကို ဖတ်ပြနိုင်ပါတယ်။ အဲဒီ Feature ကိုအသုံးပြုနိုင်ဖို့  ဘယ်ဘက်အပေါ်ထောင့်က drop down arrow ကိုနှိပ်ပါ။ More Commands ကိုနှိပ်ပါ။
clip_image003
Quick Access Toolbar ကိုနှိပ်ပါ။ Choose commands from မှာ Commands Not in the Ribbon ကိုရွေးပါ။ Speak ကို ရွေးချယ်ပြီး Add button ကိုနှိပ်ပါ။ပြီးရင် OK နှိပ်ပါ။
clip_image004
ဒါဆိုရင်  Quick Access Toolbar မှာ Speak button ပေါ်လာပါပြီ။စာတွေ ၊ဆောင်းပါးတွေကို Select လုပ်ပြီး Speak button ကိုနှိပ်ရင် Microsoft Word က သင့်ကို အသံထွက်ဖတ်ပြပါလိမ့်မယ်။
clip_image005
Narrator ကိုအသုံးပြုပါ။
Balabolka
Balabolka  က DOC/DOCX,TXT,PDF,EPUB,ODT ဖိုင်တွေကို တိုက်ရိုက်ဖွင့်ပြီးအသံထွက်ဖတ်ပြပေးနိုင်ပါတယ်။ဒါ့အပြင် ဖိုင်တွေကို MP3 ဖော်မက်ကိုပြောင်းပေးနိုင်ပါတယ်။ အဲဒီအတွက် သင့် Smart Phones မှာ ဆောင်းပါးတွေကို နားထောင်လို့ ရပါပြီ။ Batch Conversion ပါရှိပြီး  Documents တွေအများကြီးကို တစ်ပြိုင်နက် MP3 ဖော်မက်ကိုပြောင်းပေးနိုင်ပါတယ်။
clip_image006
Typeit Readit
Typeit Readit မှာစာတွေ၊ဆောင်းပါးတွေကို Paste လုပ်ပြီး အသံထွက်ဖတ်ခိုင်းနိုင်သလို TXT ဖိုင်တွေကိုလည်း ဖွင့်ပြီးအသံထွက်ဖတ်ခိုင်းနိုင်ပါတယ်။ နောက်ပြီးဖိုင်တွေကို WAV ဖော်မက်ကိုပြောင်းပေးနိုင်ပါတယ်။ Typeit Readit က Windows ရဲ့ Voices တွေကိုအသုံးပြုပါတယ်။
clip_image007
Natural Reader Free (Windows,Mac)
clip_image008
eSpeak (Windows,Linux,Mac)
Windows ရဲ့  Voices တွေကို နားထောင်ရတာရိုးအီနေရင်တော့ eSpeak ကိုသုံးပါ။ eSpeak မှာ သူ့ ကိုယ်ပိုင် Engine ပါရှိပါတယ်။ eSpeak က TXT ဖိုင်တွေကို တိုက်ရိုက်ဖွင့်ပြီးအသံထွက်ဖတ်ပြနို်င်သလို WAV ဖော်မက်ကိုလည်းပြောင်းပေးနိုင်ပါတယ်။
clip_image009
ဘာကိုရွေးချယ်မလဲ?
Windows Explorer ကို Hack နည်းများ။
clip_image002
Windows 8 မှာ File Explorer လို့နာမည်ပြောင်းလိုက်တဲ့ Windows Explorer ဟာ ကွန်ပြူတာသုံးသူတိုင်း နေ့စဉ်နေ့တိုင်း အချိန် အတော်များများအသုံးပြုကြတဲ့ Application တစ်ခုဖြစ်ပါတယ်။ Browsers တွေမှာ Extensions တွေနဲ့ သင်နှစ်သက်သလို Customize လုပ်ကြပေမယ့် Windows Explorer လို အသုံးများတဲ့ Application တစ်ခုကို Hack လုပ်ဖို့ မစဉ်းစားမိကြပါဘူး။ သင့်အလုပ်တွေကို ပိုမို တွင်ကျယ်အောင် Windows Explorer ကို Customize လုပ်နည်းတွေရှိပါတယ်။
Copy to Folder , Move to Folder ကို အသုံးပြုပါ။
Copy to Folder, Move to Folder ကို Windows Explorer ရဲ့ Context Menu မှာအသုံးပြုနိုင်ဖို့ Registry ကို ပြောင်းလဲနိုင်ပါတယ်။ ဖိုင်၊ ဖိုဒါတွေအပေါ် Right Click နှိပ်ပြီး တစ်ခြား ဖိုဒါတွေဆီကို Copy, Move လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Copy, Move လုပ်ရင် မြန်ဆန်ပြီး အဆင်ပြေစေပါတယ်။ ဒီလိုလုပ်ဖို့ Seven Forum  က Registry ဖိုင်ကို အသုံးပြုနိုင်ပါတယ်။ Registry ဖိုင် လေးခုရရှိမှာဖြစ်ပြီး Copy to Folder ကို Add လုပ်ဖို့ တစ်ခု၊ Remove လုပ်ဖို့ တစ်ခု၊ Move to Folder ကို Add လုပ်ဖို့တစ်ခု၊ Remove လုပ်ဖို့တစ်ခုတို့ ဖြစ်ပါတယ်။ အဲဒီအတွက် အသုံးမပြုချင်တဲ့အခါမှာ ပြန်ဖြုတ်နိုင်ပါတယ်။
 clip_image004
Send To Menu ကို ပြုပြင်ပါ။
ဖိုင်၊ ဖိုဒါတွေအပေါ် Right Click နှိပ်ပြီး Send To ကို အသုံးပြုနိုင်ပါတယ်။ ဖိုင်တွေကို Desktop ကိုပို့တာ၊ Compress  လုပ်တာ၊ Email ပို့တာနဲ့ တစ်ခြား အရာတွေကို အသုံးပြုနိုင်ပါတယ်။ ပို့လိုရတဲ့ အရာတွေကတော့ အကန့်အသတ် ရှိပါတယ်။ အဲဒီ Send To Menu မှာ တစ်ခြားအရာတွေကို ထပ်ဖြည့်ချင်ရင် ဒီနည်းကိုသုံးပါ။ Send To Menu က တကယ်တော့ ဖိုဒါတစ်ခုဖြစ်ပြီး အဲဒီဖိုဒါကိုဖွင့်ပြီး Custom Shortcuts တွေ ထပ်ဖြည့်တာတွေ၊ ရှိတဲ့ Shortcuts တွေကို ဖျက်ပစ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလို လုပ်ဖို့ Windows Key + R ကိုနှိပ်ပြီး Run Dialog ကိုဖွင့်ပါ။ shell:sendto လို့ရိုက်ပြီး Enter ခေါက်ပါ။ ဖိုဒါပွင့်လာရင် သင်အသုံးပြုချင်တဲ့ Shortcuts တွေကို အဲဒီဖိုဒါထဲကို ပို့ပါ။ မလိုအပ်တာတွေကိုလည်း ဖျက်ပါ။
 clip_image006
Context Menu ကို ပြုပြင်ပါ။
Windows Explorer ရဲ့ Context Menu or Right-Click Menu ဟာ ဆော့ဝဲတွေအင်စတောလုပ်တာများလာတာနဲ့ အမျှ Entry တွေများလာပြီး အသုံးပြုရတာ လေးလံလာပါတယ်။ အသုံးမပြုတဲ့ Entry တွေကို ဖြုတ်ပစ်ခြင်းဖြင့် Windws Explorer ကို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်မှာပါ။ ဒီလိုလုပ်ဖို့အတွက် CCleaner ကို သုံးနိုင်ပါတယ်။ CCleaner ကိုဖွင့်ပြီး Startup ထဲက Context Menu မှာ Entry တွေကို ဖြုတ်ပစ်နိုင်ပါတယ်။
clip_image008
CCleaner  အသုံးပြုရတာ လွယ်ကူပါတယ်။  ဒါပေမယ့် သင်သတိထားမိရင်  CCleaner ဟာ Entries အားလုံးကို သင့်ကို မပြပေးနိုင်ပါဘူး။ အဲဒီအတွက် ShellExView By NirSoft ကို သုံးရအောင်။ Official Page အောက်ဆုံးမှာ Download Link တွေ့ပါလိမ့်မယ်။  ပြီးရင် ShellExView ကို run လိုက်ရင် သင့်ကွန်ပြူတာ ရဲ့ Context Menu Entriesနဲ့ တစ်ခြား Shell Extensions တွေကို Scan လုပ်ပါလိမ့်မယ်။ Context Menu Entries ပဲ လိုချင်တဲ့အတွက် Option>Filter By Extension Type ကို နှိပ်ပြီး Context Menu ကို ရွေးပေးပါ။
ပန်းရောင်နဲ့ highlight လုပ်ထားတာကတော့ သင်အသစ်သွင်းထားတဲ့ Software တွေရဲ့ Context Menu Entry တွေဖြစ်ပြီး ကျန်တာကတော့ Windows  Built-in  Context  Menu  Entry တွေပဲဖြစ်ပါတယ်။  ShellExView က Product Name, Company တွေပါပြပေးနိုင်တဲ့အတွက် CCleaner ထက်ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ သင်အလိုမရှိတဲ့ context menu entryကို Select လုပ်ပြီး ဘယ်ဘက် အပေါ်ထောင့်က အနီရောင် Disable Selected Item ကိုနှိပ်ပေးပါ။ ပြီးရင်တော့ သင့်ကွန်ပြူတာကို Restart လုပ်ပေးရပါမယ်။
clip_image010
Context Menu မှာ Entry တွေ ဖြည့်ချင်ရင်တော့ FileMenu Tools လို ဆော့ဝဲမျိုးကိုသုံးနိုင်ပါတယ်။
Default Folder ကိုပြောင်းပါ။
Windows 7 မှာ Windows Explorer ကိုဖွင့်ရင် Libraries ဖိုဒါကို Default အနေနဲ့ ဖွင့်ပေးမှာပါ။ Libraries ဖိုဒါကို အသုံးမပြုတဲ့သူဆိုရင် အသုံးပြုတဲ့ တစ်ခြားဖိုဒါကို ပြောင်းနိုင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် Taskbar ပေါ်က Windows Explorer Shortcut ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Shortcut Box က Target မှာ သင်ဖွင့်ချင်တဲ့ ဖိုဒါလမ်းကြောင်းကို နောက်ဆုံးမှာ ဖြည့်ပေးပါ။
clip_image012
Windows Explorer မှာ Tab တွေကို အသုံးပြုပါ။
clip_image014
File တွေကို မြန်မြန်ကူးပြောင်းပါ။
Windows 7 နဲ့ အရင်ထွက်တဲ့ Windows Version တွေရဲ့ ဖိုင်တွေကူးပြောင်းတဲ့ နှုန်းက နှေးကွေးလှပါတယ်။ နောက်ပြီး ကူးပြောင်းတာကိုလည်း Pause, Resume လုပ်လို့မရပါဘူး။ Windows 8 မှာတော့ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းထားပါတယ်။ Windows 8 အသုံးမပြုတဲ့သူတွေ အတွက် အဲဒီလိုအပ်ချက်တွေကို အသုံးပြုချင်ရင် TeraCopy လို ဆော့ဝဲကို သုံးနိုင်ပါတယ်။ TeraCopyကို Context Menu ကနေ အလွယ်တကူ အသုံးပြုနိုင်ပြီး ဖိုင်တွေ၊ ဖိုဒါတွေ ကူးပြောင်းနိုင်ပါသေးတယ်။
clip_image016
စာဖတ်သူမှာ Windows Explorerနဲ့ ပတ်သက်ပြီး အသုံးဝင်မယ့် နည်းလမ်းတွေ ရှိရင်လည်းမျှေဝခဲ့ပါအုံး။
Myanmar ICT မှာ ကျွန်တော်ရေးထားသောဆောင်းပါးကိုမျှဝေပါတယ်။
Sunday, October 6, 2013
Windows Computer မှာနေရာလွတ်တွေ ရရှိနိုင်မယ့်နည်းများ။
clip_image002
သင့် Windows Computerမှာ နေရာလွတ်တွေ နည်းလာပြီဆိုရင်တော့ အောက်ကနည်းတွေနဲ့ နေရာလွတ်တွေ ရရှိအောင် ပြုလုပ်နိုင်ပါတယ်။
Disk Space ကို Analyze လုပ်ပါ။
ပထမဆုံး ပြုလုပ်သင့်တဲ့ အလုပ်ကတော့ Disk တွေကို Analyze ပြုလုပ်ရမှာပါ။ ဒီလိုလုပ်ဖို့အတွက် Disk Analyzer ဆော့ဝဲတွေ အသုံးပြုနိုင်ပါတယ်။ Disk Analyzer တွေက Hidden Files တွေကိုပါ ရှာဖွေပေးနိုင်ပြီး ဖိုင်ဆိုက်ကြီးတဲ့ ဖိုင်တွေကို လွယ်လွယ်ကူကူ ရှာပေးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် WinDirStat ကို သုံးနိုင်ပါတယ်။ Windows Directory Statistics လို့ အရှည်ခေါ်ပြီး သင့် System တစ်ခုလုံးကို Scan လုပ်ပေးနိုင်ပါတယ်။ Scan လုပ်ပြီးရင် Tree View အနေနဲ့ ပြပေးပြီး ဘယ်ဖိုဒါ၊ ဖိုင် တွေက နေရာအများဆုံး ယူလဲဆိုတာ လွယ်လွယ် သိနိုင်ပါတယ်။ နောက်ထပ် Tool တစ်ခု အနေနဲ့ WizTree ကို သုံးနိုင်ပါတယ်။ WizTree အသုံးပြုနည်းကို ဒီဆောင်းပါး  မှာဖတ်ပါ။
clip_image003
Temporary Files တွေကို ရှင်းပါ။
Programs တွေ အင်စတော လုပ်တဲ့အခါ၊ Browsers တွေ အသုံးပြု တဲ့အခါမှာ Temporary Files တွေကို သင့်ကွန်ပြူတာမှာ သိမ်းထားပါတယ်။ ဒါတွေကို ရှင်းဖို့အတွက် CCleaner ကိုသုံးပါ။ Browser တွေမှာ Temporary Files တွေဖြစ်တဲ့ History, Downloads, Cache, Cookies တွေကို ရှင်းပေးဖို့ Options ပါရှိပေမယ့် CCleanerကို အသုံးပြုရင် Browser တွေအားလုံးက Temp Files တွေကို ရှင်းပေးနိုင်မှာပါ။ ဒါ့အပြင် Applicationတွေရဲ့ Temp Data, IM Logs, Program Caches စတာတွေကိုပါ ရှင်းပေးနိုင်ပါတယ်။CCleaner ကို Pro တစ်ယောက်လို အသုံးပြုနည်း  ကိုလည်းရေးပေးထားပါတယ်။
clip_image004
Duplicate Files တွေကို ရှင်းပါ။
သင့်ကွန်ပြူတာမှာ Duplicate Files တွေ ရှိနေမှာ သေချာပါတယ်။ Duplicate Files တွေက ဖိုင်ဆိုက်ကြီးတယ်ဆိုရင် သင့်ကွန်ပြူတာမှာ နေရာများစွာ ဆုံးရှုံးစေပါတယ်။ Duplicate Files တွေကိုရှင်းဖို့အတွက် dupeGuru ကို သုံးနိုင်ပါတယ်။
clip_image006
အသုံးမပြုတဲ့ Features တွေကို ပိတ်ပါ။
System Restore, Hibernation တို့လို Feature တွေကလည်း သင့် ကွန်ပြူတာရဲ့ Drive Space ကို အသုံးပြုပါတယ်။ Programs တွေကို အင်စတော လုပ်တဲ့အခါ၊ Systemကို ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုခုလုပ်တဲ့ အခါမှာ  System Restore Point တွေအလိုလို ပြုလုပ်တတ် ပါတယ်။
System Restore Point တွေကို ရှင်းပြစ်ဖို့ နည်းနှစ်နည်း ရှိပါတယ်။ တစ်နည်းက System Restore Point တွေကို ဖျက်ပြစ်ခြင်းဖြစ်ပြီး နောက်တစ်နည်းကတော့ System Restore Point တွေ ရယူမယ့် Storage Spaceကို ကန့်သတ်ထားခြင်း ဖြစ်ပါတယ်။ System Restore Point တွေကို လွယ်လွယ်ကူကူ ဖျက်ချင်ရင်တော့ CCleaner ကို သုံးနိုင်ပါတယ်။
clip_image007
Hibernationက System Feature တစ်ခုဖြစ်ပြီး သင့်ကွန်ပြူတာကို Shut Down မလုပ်ခင်မှာ ကွန်ပြူတာရဲ့ State ကို သိမ်းပေးထားတာ ဖြစ်ပါတယ်။ ကွန်ပြူတာကို ပြန်ဖွင့်တဲ့အခါမှာ သိမ်းထားတဲ့ State ကို ပြန်လည်အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီ သတင်းအချက်အလက်တွေကို Hibernation System Files မှာ သိမ်းထားတာဖြစ်ပြီး နေရာတော်တော် ယူတတ်ပါတယ်။ အဲဒီအတွက် Hibernation ကို Disable လုပ်ပြီး ဖိုင်ကို ဖျက်လိုက်ရင် နေရာလွတ်တွေ ပို ရလာမှာပါ။ဒီလို လုပ်ဖို့အတွက် Command Promptကို Admin အနေနဲ့ဖွင့်ပြီး powercfg -h off ကို ရိုက်ပေးပါ။
clip_image009
ဖိုင်တွေကို Cloud Storage မှာ သိမ်းပါ။
ဒီနေ့ခေတ်မှာ Cloud Storage တွေ အများအပြားရှိပြီး သင့်ဖိုင်တွေကို Cloud မှာ သိမ်းခြင်းအားဖြင့် သင့်ကွန်ပြူတာမှာ နေရာလွတ်တွေ ရနိုင်ပါတယ်။ Dropbox,  Sugarsyncတို့ကို သုံးနိုင်ပါတယ်။GoogleDrive ကိုအသုံးပြုသူတွေအတွက် Guide ကိုရေးပေးထားပါတယ်။
clip_image011
အသုံးမပြုတဲ့ Programs တွေကို Uninstall လုပ်ပါ။
အသုံးမပြုတဲ့ Programs တွေကို Uninstall လုပ်ခြင်းအားဖြင့်လည်း နေရာလွတ်တွေ ရနိုင်ပါတယ်။ ဒီလိုလုပ် ဖို့ Windows ရဲ့ Uninstaller ကို သုံးနိုင်သလို Advanced Uninstaller, Revo Uninstaller, iObit Uninstaller စတာတွေကို သုံးနိုင်ပါတယ်။ Programs တွေ အများကြီးကို ဖြုတ်ချင်ရင်တော့ iObit Uninstaller ရဲ့ Batch  Uninstall ကို အသုံးပြုရင် အလုပ်ရှုပ် သက်သာစေပါတယ်။ Third-Party Uninstaller တွေက Windows Uninstaller က မရှင်းပေးနိုင်တဲ့ Registry, Files တွေကိုပါ ရှင်းပေးနိုင်ပါတယ်။
clip_image012
အပေါ်ကနည်းတွေကိုအသုံးပြုပြီးသင့် ကွန်ပြူတာမှာနေရာလွတ်တွေ ရရှိနိုင်ပါပြီ။
Myanmar ICT မှာကျွန်တော်ရေးထားသောဆောင်းပါးကို ကူးယူဖော်ပြပါသည်။