Showing posts with label Freeware. Show all posts
Showing posts with label Freeware. Show all posts
Tuesday, October 1, 2013
USB Stick မှာဖိုင်တွေကို Password ခတ်ပြီးသိမ်းပေးမယ့် Granite Portable
USB Stick မှာ Personal Data တွေ၊ အရေးကြီးတဲ့ ဒေတာတွေကိုသိမ်းထားတတ်တယ်ဆိုရင်တော့ သင့်ဖိုင်တွေကို သူများတွေ Access လုပ်လို့ မရအောင် Password ခတ်ပြီးသိမ်းထားသင့်ပါတယ်။ ဒီလို ပြုလုပ်ဖို့  Tools  တွေအများကြီးရှိပါတယ်။အဲဒီထဲကတစ်ခုဖြစ်တဲ့ Granite Portable ဆိုတဲ့ Freeware ကိုအသုံးပြုနည်းကိုရေးပါမယ်။
Granite က Portable ဖြစ်ပြီး အင်စတောလုပ်စရာမလိုပါဘူး။ Granite ကိုဒေါင်းလုပ်လုပ်ပြီး ရင် ZIP ဖိုင်ကိုရရှိမှာပါ။အဲဒီဖိုင်ကို သင့် USB Stick ကို Extract လုပ်ပါ။ USB Stick မှာတင်မကဘဲ သင့်ကွန်ပြူတာမှာတောင်မှ အသုံးပြုလို့ ရပါတယ်။ ဖိုဒါထဲမှာ Vault ဖိုဒါကိုတွေ့ မြင်နိုင်ပြီးအဲဒီိဖိုဒါမှာ သင့်ဖိုင်တွေကို Encrypted လုပ်ပြီး Password ခတ်ပြီးသိမ်းပေးမှာဖြစ်ပါတယ်။ Password ခတ်ပြီးသိမ်းစရာမလို တဲ့ဖိုင်တွေကို လည်း သီးခြားသိမ်းထားနိုင်ပါတယ်။ အဲဒီ Vault ကိုဖွင့်ဖို့  Password လို အပ်မှာဖြစ်ပြီး Password ကိုသတ်မှတ်ပေးရမှာပါ။
Password သတ်မှတ်ပေးဖို့  Granite Portable Launcher ကို  Run ရပါမယ်။ပြီးရင် User Name, Password သတ်မှတ်ပေးပါ။Password ကို Confirm လုပ်ပေးပါ။ I accept the Terms and Conditions မှာအမှန်ခြစ်ပေးပြီး Login ကိုနှိပ်ပါ။
Login ၀င်ပြီးရင် System Tray မှာ G icon ကိုတွေ့ မြင်ရမှာဖြစ်ပြီး icon ကိုနှိပ်ပါ။Main Interface ပေါ်လာရင် Vault ကိုနှိပ်ပါ။ Vault ဖိုဒါဝင်းဒိုးပေါ်လာမှာဖြစ်ပြီးသိမ်းချင်တဲ့ဖိုင်တွေကို အဲဒီဖိုဒါထဲမှာသိမ်းပါ။Granite က ဖိုင်တွေကိုသိမ်းပေးတဲ့အပြင် Facebook,Wikipedia,Google,YouTube စတဲ့ နာမည်ကြီးဝက်ဆိုက်တွေကို Bookmark မှတ်ပေးထားတာကိုတွေ့ မြင်ရမှာပါ။အဲဒီ Bookmark ကနေ သက်ဆိုင်ရာဝက်ဆိုက်ကိုအလွယ်တကူသွားနိုင်ပါတယ်။နောက်ပြီး Control Panel,Sounds,Fonts စတဲ့ System Programs တွေကိုလည်း အလွယ်တကူသုံးနိုင်အောင်ပြုလုပ်ပေးထားပါတယ်။သိမ်းချင်တာတွေသိမ်းပြီးရင်တော့ Exit လုပ်ပါ။
Granite  ကို Windows XP,Windows Vista,Windows 7,Windows 8 အားလုံးမှာသုံးနိုင်ပါတယ်။
Friday, September 20, 2013
သင့်ကွန်ပြူတာရဲ့ Hardware Information တွေကို အသေးစိတ်ပြပေးမယ့် Speccy
images (3)
သင့်ကွန်ပြူတာမှာပါရှိတဲ့ Hardware တွေ အကြောင်းအသေးစိတ်သိချင်ရင်တော့ Speccy ဆိုတဲ့ Freeware ကိုသုံးပါ။ နာမည်ကြီး CCleaner ရဲ့ Developers တွေကပြုလုပ်ထားတာဖြစ်ပြီး Portable Version လည်းရှိပါတယ်။တစ်ခြားကွန်ပြူတာက Hardware တွေကို စစ်ဆေးချင်ရင်တော့ Portable Version ကအဆင်ပြေပါတယ်။
Speccy ကို Run လို့  Error Message ကျလာရင် Administrator  အနေနဲ့  Run ပေးရပါမယ်။Run ပြီးရင် သင့်ကွန်ပြူတာရဲ့ Detailed Overview ကိုတွေ့ မြင်ရမှာပါ။
1
Section တစ်ခုချင်းစီမှာ အသေးစိတ်အချက်အလက်တွေကိုကြည့်နိုင်ပါတယ်။CPU panel မှာ Processor က Support ပေးတဲ့ Technology တွေရဲ့ အသေးစိတ်အချက်အလက်တွေကို တွေ့ မြင်နိုင်ပါတယ်။ဒါ့အပြင် Code Name,Family,Bus Speeds,Temperature တွေ နဲ့ တစ်ခြားအချက်အလက်တွေကိုတွေ့ မြင်နိုင်ပါတယ်။
2
Graph Indicators တွေကို နှိပ်ပြီး Temperature  ,  Speed တွေကိုကြည့်နိုင်ပါတယ်။
3
RAM panel မှာတော့ Brand,Part Number,Frequency,Latency နဲ့ တစ်ခြားအချက်အလက်တွေကိုတွေ့ မြင်နိုင်ပြီး RAM ထပ်စိုက်ရင်ဖြစ်ဖြစ် ၊ Upgrade လုပ်ရင်ဖြစ်ဖြစ် ဒီသတင်းအချက်အလက်တွေကအသုံးဝင်ပါတယ်။
4
Motherboard Page မှာတော့ Chipset,BIOS တွေကို တွေ့ မြင်နိုင်ပါတယ်။
5
6
Speccy ကို XP,Vista,2000,2003 နဲ့  Windows 7 (32 & 64-bit versions) တို့ မှာ သုံးနိုင်ပါတယ်။
Download Speccy
Saturday, September 14, 2013
Windows Explorer ကို Tab တွေနဲ့ အသုံးပြုမယ်။
ashampoo 05
ashampoo 06
Version 3 မှာထပ်ဖြည့်ထားတဲ့ Feature တွေပါဝင်လာပြီး Bookmark Folder ပေါ်မှာ Middle Click နှိပ်ရင် အဲဒီဖိုဒါကို နောက်ထပ် Tab အသစ်တစ်ခု အနေနဲ့ ဖွင့်ပေးမှာပါ။ဖိုဒါ တစ်ခုခုအပေါ်မှာ Middle Click နှိပ်ရင်လည်း နောက်ထပ် Tab အသစ်တစ်ခုအနေနဲ့ ဖွင့်ပေးမှာပါ။Tab တစ်ခုကို Double Click နှိပ်ပြီးပိတ်နိုင်သလို Tab တစ်ခုအပေါ်မှာ Cursor ချပြီး Mouse Wheel ကို ကစားခြင်းဖြင့်လည်း Tab တွေကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Startup မှာ ပြီးခဲ့တဲ့ Session က Tab တွေကို ပြန်အသုံးပြုနိုင်တာတွေ၊ Theme တွေ ပြောင်းလဲသုံးနိုင်တာတွေ၊ Bookmark တွေကို Import,Export လုပ်နိုင်တာတွေကို Setting ထဲမှာပြုလုပ်နိုင်ပါတယ်။
ashampoo 07
Keyboard Shortcuts for Clover
ashampoo 08
Clover ကို Windows XP / Windows 7 / Windows 8 မှာသုံးနိုင်ပြီး ဖိုင်ဆိုက်ကလည်းသေးငယ်ပါတယ်။
Download Clover @ Official Site   or Softpedia
Tuesday, September 10, 2013
IP Address ကိုဖျောက်ပေးမယ့် SafeIP
SafeIp က သင့် ရဲ့ IP Address ကိုဖျောက်ပေးနိုင်ပြီး ISP က ပိတ်ထားတဲ့ ဆိုက်တွေ၊ နိုင်ငံကန့် သတ်ချက်အရပိတ်ထားတဲ့ ဆိုက်တွေကို ကြည့်ရှုစေနိုင်ပါတယ်။ဒါ့အပြင် သင့်ကွန်ပြူတာနဲ့  အင်တာနက် ကဆက်သွယ်ပေးပို့ မှုတွေကို Encrypt လုပ်ပေးနိုင်တဲ့အတွက် Privacy အနေနဲ့ လုံခြုံမှုရှိစေပါတယ်။
SafeIP-Connected
တစ်ခြား Features တွေ လည်းပါရှိပြီး Malware တွေကို Block လုပ်ပေးခြင်း၊ ကြော်ညာတွေကို Block လုပ်ပေးခြင်း၊Cookie တွေကို Block လုပ်ပေးခြင်း၊ Browser ID ကို ကာကွယ်ပေးခြင်း၊ IP Address ကို အလိုလို ပြောင်းပေးခြင်း၊DNS Privacy ကိုကာကွယ်ပေးခြင်း စတာတွေကိုလည်းပြုလုပ်ပေးနိုင်ပါတယ်။ Protection အပြည့်အ၀လို ချင်ရင်တော့ အဲဒီ Feature တွေအားလုံးကို အသုံးပြုပါ။
SafeIP-Optimization
IP Address ကို Hide လုပ်ပေးတဲ့ဆော့ဝဲတွေ၊ VPN ဆော့ဝဲတွေ က အင်တာနက်ကို တစ်ဆင့်ခံပြီးအသုံးပြုရတဲ့အတွက် ကွန်နက်ရှင်ကိုတော့ အနည်းငယ်ကျစေတာကို သတိပြုပါ။အကောင်းဆုံး ကွန်နက်ရှင်ကို ရစေဖို့  သင်နဲ့  အနီးစပ်ဆုံးဖြစ်တဲ့ IP Location ကိုရွေးချယ်ပါ။SafeIP နဲ့ ချိတ်ဆက်မိသွားပြီးရင် သင့် IP တကယ်ပြောင်းမပြောင်း whatismyip ၀က်ဆိုက်မှာစစ်ဆေးနိုင်ပါတယ်။
SafeIP မှာ နောက်ထပ် Free Web Service တစ်ခုရှိပြီး ဆော့ဝဲမသုံးချင်တဲ့သူတွေ အတွက် ပိတ်ထားတဲ့ဝက်ဆိုက်တွေကို ကြည့်နိုင်ဖို့  WebProxy Page မှာအသုံးပြုနိုင်ပါတယ်။
SafeIP က Freeware ဖြစ်ပြီး Windows XP ကနေ Windows 8 အထိသုံးနိုင်ပါတယ်။
Download SafeIP
Sunday, September 8, 2013
သင့်အလုပ်တွေကို အလိုလိုလုပ်ပေးမယ့် Folder Actions For Windows
MAC OS  မှာ ဖိုင်တွေ၊ဖိုဒါတွေကို Manage အလိုလို လုပ်ပေးနိုင်တဲ့ Feature ပါရှိပါတယ်။ထပ်ခါတလဲလဲလုပ်ရတဲ့အလုပ်တွေ ကို အလိုလိုလုပ်ပေးနိုင်တဲ့အတွက် အဲဒီ Feature ကတော်တော်အသုံးဝင်ပါတယ်။Windows မှာတော့ အဲလို Feature မပါတဲ့အတွက်အသုံးပြုချင်ရင် Third-Party Software ကိုအသုံးပြုရပါမယ်။Folder Actions For Windows ဆိုတဲ့ Freeware လေးက ဖိုင်တွေကို copy, move, rename, convert, compress စတာတွေကို အလိုလို လုပ်ပေးနိုင်ပါတယ်။
Folder Actions For Windows ကို အင်စတောလုပ်ရင် Advanced ကိုရွေးပြီး မလိုအပ်တဲ့ Toolbar,Search Engine တွေကို အင်စတောမလုပ်မိအောင်သတိပြုပါ။
Folder-Actions-avoid-crap
Folder Actions For Windows ကို အင်စတောလုပ်ပြီးရင် Background မှာ Run နေမှာဖြစ်ပြီး System Tray မှာတွေ့ မြင်နိုင်ပါတယ်။Icon ကို Double Click နှိပ်ပြီး Folder Actions For Windows ကို Run ပါ။ + Button ကိုနှိပ်ပြီးဖိုဒါတစ်ခု ရွေးချယ်ပေးပါ။ဒါမှမဟုတ် ဖိုဒါအသစ်တစ်ခုဆောက်လုပ်ပြီးအဲဒီဖိုဒါကို ရွေးချယ်ပေးပါ။Folder Actions For Windows က အဲဒီဖိုဒါကို စောင့်ကြည့်နေမှာဖြစ်ပြီး အဲဒီဖိုဒါထဲကို ဖိုင်တွေ ရောက်လာရင် သင်ခိုင်းထားတဲ့အလုပ်တွေကို အလို လို လုပ်ပေးမှာပါ။လုပ်ပေးနိုင်တဲ့အလုပ်တွေကို အောက်မှာဖတ်ပါ။
  • Show a new file alert, copy or move files
  • Rename files
  • Convert image files (bmp, jpg, tif, gif, png)
  • Convert audio files (wav, mp3, etc.)
  • Convert video files (avi, flv, etc.)
  • Compress or decompress files (zip, 7z, etc.)
  • Perform a user-defined action*
Download Folder Actions For Windows
Wednesday, September 4, 2013
Locked File တွေ ကို Schedule လုပ်ပြီးဖျက်ပေးမယ့် Reboot Delete File Ex
ဖိုင်တစ်ခုကိုဖျက်တဲ့အခါ “File in use”, “Cannot delete file: Access Denied” or “The source or destination file may be in use.” စတဲ့ Message တွေကျလာတာကြုံဖူးကြမှာပါ။ Programs တစ်ချို့ ၊ Windows Process တစ်ချို့  က အဲဒီဖိုင်ကို အသုံးပြုနေတဲ့အချိန်မျိုးတွေ မှာ အဲဒီ Message ကျလာတတ်ပါတယ်။အဲဒီအခြေအနေမျိုးမှာအဲဒီဖိုင်ကို ဖျက်ဖို့  Unlocker လို Program မျိုးကိုသုံးနိုင်ပါတယ်။ Unlocker လို Program မျိုးကို အသုံးပြုရင် အန္တရာယ်ရှိပါတယ်။တစ်ချို့  System File တွေ ပါပျက်ဆီးတတ်လို့ ဖြစ်ပါတယ်။ Reboot Delete File Ex ဆိုတဲ့ Freeware က ဖျက်လို့ မရတဲ့ဖိုင်ကို Reboot လုပ်တဲ့အချိန်မှာ Schedule လုပ်ပြီးဖျက်ပေးနိုင်တဲ့အတွက် စိတ်ချရပြီး အန္တရာယ်ကင်းပါတယ်။
Reboot Delete File Ex ကို Run ပြီးရင်ဖိုင်ကိုရွေးချယ်ပေးပြီး Delete File ကို နှိပ်ပေးပါ။ဒါဆိုရင် Reboot လုပ်တဲ့အချိန်မှာအလိုလို ဖျက်ပေးပါလိမ့်မယ်။
Reboot-Delete-File-Ex-v1.0
Reboot Delete File Ex ကို Windows XP, Windows Vista, Windows 7 and Windows 8  မှာသုံးနိုင်ပါတယ်။
Download Reboot Delete File Ex
Monday, August 26, 2013
မမြင်စေချင်တဲ့ Program Windows တွေကို ဖွက်ထားပေးမယ့် HiddeX
သင့် အလုပ်မှာ အလုပ်ရှင်က အလုပ်ကလွဲပြီးတစ်ခြား Programs တွေ သုံးတာ ကို မကြိုက်ဘူးဆိုရင်  Program တွေကို ဖွက်ထား ပေးနိုင်တဲ့ HiddeX ဆိုတဲ့ Portable Freeware ကိုသုံးပါ။ Mouse နဲ့  Keyboard Shortcut ကို အသုံးပြုပြီး Browser, Chat App,Game,Video Player တွေ ရဲ့ ဝင်းဒိုးကို ဖျောက်ပေးထားနိုင်ပါတယ်။Windows XP, Windows Vista, Window 7 and Windows 8 မှာသုံးနိုင်ပါတယ်။
HiddeX ကို Run ပြီးရင် Applications တွေကို တွေ့ မြင်နိုင်ပြီး Hide လုပ်ချင်တဲ့ Application ကို Double Click နှိပ်ပြီး TO HIDE pane ထဲကို ထည့်ပေးရမှာပါ။Keyboard hotkeys,Mouse hotkeys နှစ်ခုမှာ Hotkeys တွေကို သတ်မှတ်ပေးပါ။
Hiddex
HiddeX က Programs တွေ အပြင် Services တွေကို ပါ Hide လုပ်ပေးနိုင်ပါတယ်။Type Section မှာအသုံးပြုနိုင်ပါတယ်။ HiddeX ကို စ ဖွင့်ရင် hotkeys တွေကို activate လုပ်ဖို့ ၊ ၀င်းဒိုးတွေကို hide လုပ်ဖို့  on start HiddeX မှာသတ်မှတ်နိုင်ပါတယ်။
HiddeX-2.3
Download HiddeX 
Wednesday, August 21, 2013
Windows Programs တွေကို အမြန်ဆုံး Speed နဲ့  Run ပေးမယ့် Full Throttle
သင်နေ့ စဉ်အသုံးပြုနေတဲ့ Programs တွေ ကို လျှင်လျှင်မြန်မြန် အသုံးပြုချင်ရင်တော့ Full Throttle  ဆို တဲ့ Freeware ကို သုံးကြည့်ပါ။ Memory နည်းလို့ လေးလံနေတဲ့စက်တွေ ၊ Programs တွေများပြားပြီးလေးလံနေတဲ့စက်တွေ မှာ အသုံးပြုရင်အဆင်ပြေစေပါတယ်။ စာစီစာရိုက် Programs တွေကို မြန်မြန်ဆန်ဆန်သုံးချင်ရင်ပဲဖြစ်ဖြစ်၊ ဂိမ်းတွေ ကိုမြန်မြန်ကစားချင်ရင်ပဲဖြစ်ဖြစ် ၊ အင်တာနက်နဲ့ အသုံးပြုရတဲ့ Communication Software တွေ မှာ အသံ၊ ရုပ်တွေ ကို ကောင်းမွန်စွာ အသုံးပြုချင်ရင်ပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ Full Throttle က ကွန်နက်ရှင်ကောင်းအောင်တော့မလုပ်ပေးနိုင်ပါဘူး။ Programs တွေကို ပဲ မြန်မြန် အသုံးပြုနိုင်အောင်လုပ်ပေးနိုင်တာပါ။
Full Throttle  ကို အင်စတောလုပ်ပြီးရင် System Tray မှာ Run နေပါလိမ့်မယ်။ Right Click နှိပ်ပြီး Add program ကနေ Programs တွေကို ရွေးပေးပါ။
full-throttle
Full Throttle က Running Processes တွေကို စောင့်ကြည့်နေပြီး သင်ရွေးချယ်ထားတဲ့ Programs စပြီး Run တာနဲ့ CPU ကို အမြင့်မားဆုံးစွမ်းဆောင်အောင်ပြုလုပ်ပေးပါလိမ့်မယ်။ Programs တွေကို Add,Remove လုပ်လို့ ရသလို Context Menu ကနေ Enable,Disable လုပ်နိုင်ပါသေးတယ်။Full Throttle ကို Windows Vista ကနေ Windows 8 အထိသုံးနိုင်ပါတယ်။
Download Full Throttle
Saturday, August 17, 2013
Windows ရဲ့  Activity တွေကို ပြပေးမယ့် LastActivityView
Windows မှာ Error တက်လို့  ဘာတွေ လုပ်ခဲ့ မိသလဲဆိုတာပြန်ကြည့်ချင်တဲ့ အချိန်မျိုးတွေ၊ သင့် ကွန်ပြူတာမှာ တစ်ခြားတစ်ယောက်က ဘာတွေ သုံးသွားလဲဆိုတာ ကိ သိချင်တဲ့အချိန်မျိုးတွေ မှာ LastActivityView ဆို တဲ့ Portable Freeware လေးကအသုံးဝင်ပါတယ်။
LastActivityView-2013-08-16-13_22_38
LastActivityView ပြပေးနိုင်တဲ့ Activities တွေကို အောက်မှာကြည့်ပါ။
  • Run .EXE file
  • Open file or folder
  • View Folder in Explorer
  • Software Installation
  • System Started
  • System Shutdown
  • Resumed from sleep
  • Network Connected
  • Network Disconnected
  • Software Crash
  • Software stopped responding (hang)
  • Blue Screen
  • User Logon
  • User Logoff 
  • Restore Point Created
  • Windows Installer Started
  • Windows Installer Ended
LastActivityView ကနေ ပြပေးတဲ့သတင်းအချက်အလက်တွေကိုလည်း Text File,CSV,  XML, or HTML စတဲ့ဖောက်မက်တွေနဲ့ သိမ်းနိုင်ပါတယ်။ Windows 8 အပါအ၀င် ၀င်းဒိုးအားလုံးမှာသုံးနိုင်ပါတယ်။
Download LastActivityView
Tuesday, August 13, 2013
Windows 8 ရဲ့  Desktop Programs တွေအတွက် Custom Tiles ပြုလုပ်ခြင်း။
ashampoo 19
Windows 8 မှာ Desktop Program တစ်ခု အင်စတောလုပ်လိုက်ရင် Start Screen မှာလည်း အဲဒီ Program ရဲ့  Tile ကို Pin လုပ်လိုက်ပါတယ်။Metro App တွေ ရဲ့ Tile တွေ ကလှပပြီး Desktop App တွေ ရဲ့ Tile တွေက မလှပတာကို တွေ့ မြင်နိုင်ပါတယ်။အဲဒီအတွက် Desktop App တွေရဲ့ Tile တွေကို Metro App ရဲ့ Tile တွေလို လှပပြီးစတိုင်ကျအောင် ပြုလုပ်ချင်ရင် Obly Tile ဆို တဲ့ Freeware ကိုသုံးနိုင်ပါတယ်။
Program တွေ အတွက် Custom Tile ပြုလုပ်ခြင်း။
Obly Tile ကို အသုံးပြုရတာလွယ်ကူပါတယ်။ဒီဆောင်းပါးမှာ VLC Player အတွက် Custom Tile ပြုလုပ်ထားပါတယ်။Obly Tile ကိုဖွင့်ပြီးရင် နာမည်ပေးပါ။Program Path မှာ Installation Folder က exe ဖိုင်ကို ရွေးပေးပါ။Tile Image အတွက်တော့အသင့်ပြုလုပ်ပြီးသား Metro Icons  တွေကို PNG ဖိုင်အနေနဲ့ ဒေါင်းပြီး ရွေးချယ်ပေးပါ။Background Color မှာလည်း သင်နှစ်သက်ရာ ရွေးနိုင်ပါတယ်။VLC အတွက်တော့ မူလကာလာဖြစ်တဲ့ လိမ္မော်ရောင်ကိုရွေးထားပါတယ်။magnifying glass icon ကနေ Preview ကြည့်နိုင်ပါသေးတယ်။ပြီးရင် Create Tile ကိုနှိပ်ပါ။
1
ဒါဆိုရင် Start Screen မှာ VLC Tile ကို Metro Style နဲ့ တွေ့ မြင်နိုင်ပါပြီ။Drag and Drop လုပ်ပြီးနှစ်သက်ရာနေရာပြောင်းနိုင်ပါတယ်။
ashampoo 20
Folder , Websites တွေ အတွက် Custom Tile ပြုလုပ်ခြင်း
Folder , Websites တွေ အတွက် Custom Tile ပြုလုပ်ဖို့  Program Path မှာ Folder Path,Website URL ထည့်ပေးပြီးပြုလုပ်နိုင်သလို Choose Folder or WebSite Url options ကိုလည်းရွေးချယ်ပြီးပြုလုပ်နိုင်ပါတယ်။
2
Tile Manager
အပေါ်နားက ဖိုဒါ ပုံကို နှိပ်ပြီး Tile Manager ကိုသုံးနိုင်ပါတယ်။Tile Manager မှာ Oble Tile နဲ့ ပြုလုပ်ထားတဲ့ Tile တွေကို Edit လုပ်နိုင်သလို Start Screen မှာရှိပြီးသား Tile တွေကို လည်း Custom Tile ပြုလုပ်နိုင်ပါတယ်။နောက်ပြီးအသုံးများတဲ့ Shortcuts တွေ ဖြစ်တဲ့ Shutdown, Restart,Task Manager စတာတွေ အတွက်လည်း Custom Tile တွေ ပြုလုပ်နိုင်ပါတယ်။3
သင်ဟာ Metro Start Screen ကိုနှစ်သက်သူဖြစ်ပြီး Start Screen ကို desktop program launcher အဖြစ်အသုံးပြုသူတစ်ယောက်ဆိုရင် Obly Tile က တော်တော် အသုံးဝင်တဲ့ Freeware တစ်ခုပါ။
Sunday, August 4, 2013
ဖိုင်တွေကို ပုံမှာဖွက်ထားပေးနိုင်တဲ့ Steganography
ဖိုင်တွေကို ပုံမှာဖွက်ပေးနိုင်တဲ့ Software တွေ အများကြီးရှိပေမယ့် Steganography ရဲ့ ထူးခြားချက်က zip,rar ဖိုင်တွေကို ဖွက်ပေးနိုင်တာပါ။ Steganography က freeware ဖြစ်ပြီး Windows XP, Vista, 7 and 8 မှာသုံးနိုင်ပါတယ်။
Steganography ကိုအင်စတောလုပ်ပြီးရင် Image ဖိုင်ကို ရွေး၊ဖွက်မယ့်ဖိုင်ကိုရွေး၊ Output Name ကို နာမည်ပေး၊ Output Location ကို သတ်မှတ်ပေးပြီးရင် Create ကိုနှိပ်ပါ။jpg အမျိုးအစားပုံကိုပဲအသုံးပြုလို့ ရပါတယ်။
ashampoo 03
ဒါဆိုရင် ပုံတစ်ပုံထွက်လာပြီး အဲဒီပုံကို image viewer တစ်ခုခုနဲ့ ဖွင့်ရင် ပုံကိုပဲမြင်ရမှာဖြစ်ပြီး သင်ဖွက်ထားတဲ့ဖိုင်တွေကို မြင်ရမှာမဟုတ်ပါ။သင်ဖွက်ထားတဲ့ဖိုင်တွေကို အသုံးပြုချင်ရင် အဲဒီ image ဖိုင် ရဲ့ file extension type ကို သင် ဖွက်ထားတဲ့ ဖိုင်ရဲ့ extension type ဖြစ်တဲ့  zip or rar ကိုပြောင်းပေးရမှာပါ။
ashampoo 04
Alert : Image ဖိုင်ကို Edit လုပ်မိရင်တော့ သင်ဖွက်ထားတဲ့ဖိုင်တွေပေါ်လာမှာကို တော့ သတိပေးထားပါတယ်။
Download Steganography @ sourceforge.net/projects/steganography/
Saturday, July 13, 2013
ElevatedShortcut : UAC Prompt ကို ကျော်ဖို့ 
1
User Account Control (UAC) က ၀င်းဒိုးရဲ့ security feature တစ်ခုဖြစ်ပြီး တစ်ချို့  programs တွေကို အသုံးပြုတဲ့အခါမှာ admin အနေနဲ့ ခွင့်ပြု မပြုမေးတတ်ပါတယ်။ UAC prompt မပေါ်အောင် UAC ကို downgrade လုပ်လို့ ရပေမယ့် security ပိုင်းအရ မလုပ်သင့်ပါဘူးလို့  ပညာရှင်တွေက ရေးကြပါတယ်။သင်အသုံးပြုနေတဲ့ programs တွေကို ဖွင့်တိုင်း uac prompt ပေါ်လာတာကို မကြိုက်ရင်တော့ ElevatedShortcut ဆိုတဲ့ portable freeware လေးကဖြေရှင်းပေးနိုင်ပါတယ်။Elevated Shortcut ကို Windows 7 and Windows 8 မှာသုံးနိုင်ပါတယ်။
ElevatedShortcut  ကိုဒေါင်းပြီးရင် windows 7 နဲ့  windows 8 ဖိုဒါနှစ်ခုကိုတွေ့ ရမှာပါ။သက်ဆိုင်ရာ ၀င်းဒိုးအလိုက် exe ဖိုင်ကို run ပါ။New shortcut ကိုနှိပ်ပါ။
ashampoo 01
Target path မှာ UAC prompt မပေါ်စေချင်တဲ့ program ရဲ့ exe ဖိုင်ကို ရွေးပေးပါ။Folder to store shortcut မှာ desktop ကို ရွေးပါ။ OK နှိပ်ပါ။
ashampoo 03
The operation completed successfully ! ဆိုပြီး ပေါ်လာပြီးရင် အဲဒီ program ရဲ့  elevated shortcut ကို desktop မှာတွေ့ မြင်နိုင်ပြီး အသုံးပြုရင် uac prompt ကို တွေ့ ရတော့မှာ မဟုတ်ပါဘူး။Remove shortcut ကိုနှိပ်ပြီး ပြုလုပ်ထားတဲ့ elevated shortcut ကို ဖျက်နိုင်ပါတယ်။
ashampoo 04
Download ElevatedShortcut @ WinAero
Friday, July 12, 2013
IObit Uninstaller: Windows 7/8/8.1 က Programs တွေကိုတစ်ပြိုင်နက် Batch Uninstall လုပ်ပေးနိုင်ပါတယ်။
1
သင့် ၀င်းဒိုး ရဲ့  built-in uninstaller နဲ့  တစ်ခြား uninstaller ဆော့ဝဲအများစုက program တွေကို တစ်ခု ချင်းစီပဲဖြုတ်ပေးနိုင်ပါတယ်။ Programs တွေ အများကြီးကို တစ်ပြိုင်နက် batch uninstall လုပ်ချင်ရင်တော့ IObit Uninstaller ကို သုံးပါ။နောက်ပြီး programs တွေရဲ့ ကျန်ခဲ့တဲ့ leftovers တွေ ဖြစ်တဲ့ shortcut , file, folder , registry တွေကိုလည်း scan လုပ်ပြီးရှင်းပေးနိုင်ပါတယ်။Uninstall မလုပ်ခင် မှာ system restore point လည်းပြုလုပ်နိုင်ပြီး အန္တရယ်ကင်းစွာ uninstall လုပ်နိုင်ပါတယ်။Batch Uninstall လုပ်ဖို့  Batch Uninstall check box မှာ အမှန်ခြစ်ပေးပါ။
ashampoo 05
နောက်ပြီးဖြုတ်ရခက်တဲ့ Browser Toolbar,extensions,add-on,plugins တွေကို ပါ ဖြုတ်ပေးနိုင်ပါတယ်။
ashampoo 06
Windows updates တွေကိုပါဖြုတ်ပေးနိုင်ပါသေးတယ်။
ashampoo 07
ဖြုတ်လို့ မရတဲ့ Programs တွေကို ဖြုတ်ဖို့  More drop down arrow ကိုနှိပ်ပြီး Forced Uninstall ကိုနှိပ်ပါ။File full path မှာ ဖြုတ်မရတဲ့ program ရဲ့ exe ဖိုင်ကို ရွေးပေးပါ။
ashampoo 08
IObit Uninstaller က freeware ဖြစ်ပြီး IObit Uninstaller Home Page  (or)  CNET မှာဒေါင်းနိုင်ပါတယ်။ဖိုင်ဆိုက်က 1 mb ကျော်ကျော်ပဲရှိပြီးသေးငယ်ပါတယ်။
Quick Disaster Recovery : Virus တွေဖျက်ဆီးသွားတဲ့ သင့် ၀င်းဒိုးကို ပြန်ပြင်ဖို့ 
images
သင့် ၀င်းဒိုး virus အကိုက်ခံလိုက်ရလို့  virus ကိုတော့ သတ်ပြီးသွားပြီ ဒါပေမယ့် virus ကြောင့် ၀င်းဒိုးရဲ့  function တွေ ကောင်းကောင်းအလုပ်မလုပ် တော့ရင် ဘယ်လို ပြန်ပြင်မလဲ ? အဲဒီအခြေအနေမှာ Quick Disaster Recovery ကအသုံးဝင်ပါတယ်။ Quick Disaster Recovery  က virus , malware တွေ အဓိက ထားပြီး တိုက်ခိုက်တတ်တဲ့ windows function တွေကို ပြန်ပြီး restore လုပ်ပေးနိုင်ဖို့  design လုပ်ထားပါတယ်။နောက်ပြီး Quick Disaster Recovery  က portable freeware ဖြစ်ပါတယ်။ကွန်ပြူတာမှာ ဆောင်ထားသင့်တဲ့ ဆော့ဝဲတစ်ခုပါ။Quick Disaster Recovery က ပြုပြင်ပေးနိုင်တဲ့ windows function တွေကတော့
  • Task Manager
  • Registry Editor
  • Command Line
  • Windows Search
  • Start > Run
  • Folder options
  • Show hidden files
  • Fix logon - logoff loop
  • quick-disaster-recovery
    Download Quick Disaster Recovery  @  https://sourceforge.net/projects/qdr/?source=dlp
    Thursday, July 4, 2013
    MouseController : Mouseေ၇ွ့ လျားမှုကို Record & Repeat လုပ်ပေးနိုင်ပါတယ်။
    ashampoo 01
    Mouse ကို click နှိပ်ရတဲ့ repetitive အလုပ်တွေ ပြုလုပ်ရတဲ့ အခါမှာ MouseController က အသုံးဝင်ပါတယ်။Online မှာ အကြိမ်အကန့် အသတ်မရှိ Vote ပေးနိုင်တဲ့ ပြိုင်ပွဲတွေ မှာဆိုလည်း ဒီ freeware ကအသုံးဝင်ပါတယ်။ဒါ့အပြင် MouseController က portable ဖြစ်ပြီး အင်စတောလုပ်စရာမလို ဘဲ သုံးနိုင်ပါတယ်။Windows XP, Windows Vista, Windows 7 and Windows 8 မှာသုံးနိုင်ပါတယ်။
    MouseController ကို run ပြီးရင် record လုပ်ဖို့ ကီး နဲ့  start playback လုပ်ဖို့ ကီးကို သတ်မှတ်နိုင်ပါတယ်။Repeat every မှာ အချိန်သတ်မှတ်ပေးပြီး playback ကို loop လုပ်ခိုင်းနိုင်ပါတယ်။Delay မှာ အချိန်သတ်မှတ်ပေးပြီး playback ကို start မလုပ်ခင်မှာ အချိန် စောင့်ခိုင်းထားနိုင်ပါသေးတယ်။MouseController ကို အသုံးပြုဖို့ အရင်ဆုံး record လုပ်ရပါမယ်။record လုပ်ဖို့ သတ်မှတ်ထားတဲ့ကီးကို နှိပ်ပါ။ပြီးရင် mouse ကို ရွေ့ လျား ပြီး သင်အလို အလျောက်ပြုလုပ်စေချင်တဲ့ action ကို လုပ်ဆောင်ပါ။record လုပ်တာကို ရပ်ဖို့  record လုပ်တဲ့ ကီးကို ပဲပြန်နှိပ်ပါ။ record လုပ်ထားတဲ့  Mouse action ကို အလို အလျောက်ခိုင်းစေဖို့ အတွက် start playback ကီးကို နှိပ်ပါ။Repeat မှာ အချိန်သတ်မှတ်ထားရင် သတ်မှတ်ထားတဲ့ အချိန်အတိုင်း mouse action တွေကို အလို လို လုပ်ဆောင်ပေးနေမှာပါ။
    ashampoo 02
    Time strretch ကို နှိပ်ပြီး mouse cursor ရဲ့  speed ကို သတ်မှတ်နိုင်ပါတယ်။
    ashampoo 03
    Record လုပ်ထားတာကိုလည်း save လုပ်ပြီးသိမ်းနိုင်ပါတယ်။
    ashampoo 04
    Download MouseController @ sourceforge.net/projects/mousecontroller/?source=dlp
    Tuesday, July 2, 2013
    QGifer : Video တွေကို Animated GIF ပြောင်းမယ်
    Good luck chuck
    Video တွေက သင်နှစ်သက်တဲ့ ဇာတ်ဝင်ခန်း ကို GIF ဖိုင်ပြောင်းပေးနိုင်တဲ့ open source application တစ်ခု ဖြစ်တဲ့ QGifer ပါ။ QGifer က video to gif ပြောင်းပေးနိုင်ရုံတင်မက image , text တွေကို ပါထည့်သွင်းပေးနိုင်ပါတယ်။Color ကိုလည်းချိန်ညှိနိုင်ပါတယ်။ QGifer ကို Windows XP, Windows Vista, Windows 7 and Windows 8 မှာသုံးနိုင်ပါတယ်။
    ဒီဆောင်းပါးမှာတော့ ဟာသ ကာားတစ်ကား ထဲက ဇာတ်ဝင်ခန်းတစ်ခု ကို GIF image ပြုလုပ်ထားပါတယ်။QGifer ကို အင်စတောလုပ်ပြီးရင် video ကို ဖွင့်ပါ။ slider ကို သုံးပြီး start point , end point ကို သတ်မှတ်နိုင်သလို အောက်က start point, end point သတ်မှတ်ပေးတဲ့  slider ကို လည်းသုံးနိုင်ပါတယ်။Output properties မှာ width, height တွေ ချိန်ညှိလို့ ရပါတယ်။
    ashampoo 03
    Preview properties မှာ zoom ကို ချိန်ညှိနိုင်ပြီး Margins တွေ ထည့် သွင်းဖို့ ပြုလုပ်နိုင်သလို Filters မှာလည်း hue, saturation and brightness တွေကို ချိန်ညှိနိုင်ပါတယ်။
    ashampoo 04
    Toolbar မှာ image, text တွေ ထည့်သွင်းဖို့  tool တွေ လည်းပါရှိပါတယ်။
    ashampoo 05
    ပြီးရင်တော့ Extract GIF ကို နှိပ်ပါ။ rendering frames လုပ်ပြီးရင် save button ကိုနှိပ်ပြီး သိမ်းနိုင်ပါတယ်။
    ashampoo 06
    QGifer လို မျိုး application တစ်ခု ဖြစ်တဲ့ movie to animated gif converter  အကြောင်းရေးပေးဖူးပါတယ်။QGifer က အသုံးပြုရတာပိုလွယ်ကူသလို image,text တွေ ထည့်သွင်းနိုင်တဲ့အပြင် color တွေကိုပါချိန်ညှိနိုင်လို့  ပို ကြိုက်ပါတယ်။Webcam ကနေ gif image တွေ ပြုလုပ်ဖို့ အတွက်တော့ PsykoGIF ဆိုတဲ့ web application ကို သုံးပါ။
    Download QGifer @ sourceforge.net/projects/qgifer/?source=dlp