Screen Capture လုပ်ပေးနိုင်တဲ့ဆော့ဝဲတစ်ခုပါ။Video capture လည်းလုပ်ပေးနိုင်ပါတယ်။Web Page တွေကိုလည်း ဖမ်းယူ ပေးနိုင်ပါတယ်။Capture လုပ်ပြီးတဲ့ image , video တွေကို edit လုပ်ပေးနိုင်တဲ့ editor လည်းပါရှိပါတယ်။Full screen တစ်ခုလုံး ဒါမှမဟုတ် နှစ်သက်ရာ ၀င်းဒိုး တစ်ခု ကို ဖမ်းယူပေးနိုင်ပါတယ်။ သင်နှစ်သက်ရာ rectangular region ကို သတ်မှတ်ပြီး ဖမ်းယူပေးနိုင်သလို Freehand region ဖြင့် သင်နှစ်သက်ရာ ပုံစံဖြင့် ဖမ်းယူပေးနိုင်ပါတယ်။ Output file format တွေ ကတော့ bmp,gif,jpg,png,tif,pdf စတဲ့ ဖိုင်အနေနဲ့ သိမ်းနိုင်ပါတယ်။Video capture ဖြင့်ဖမ်းယူထားတဲ့ ဖိုင်တွေကို Wmv ဖိုင်အနေနဲ့  output ထုတ်ပေးနိုင်ပါတယ်။ဖမ်းယူထားတဲ့ ပုံတွေမှာ watermark တွေ ထည့်သွင်းနိုင်ပါတယ်။Screen capture software တွေထဲမှာ ဖိုင်ဆိုက်သေးငယ်ပြီး tools တွေ စုံလင်စွာပါရှိပါတယ်။