Tuesday, September 10, 2013

Widgets

IP Address ကိုဖျောက်ပေးမယ့် SafeIP

SafeIp က သင့် ရဲ့ IP Address ကိုဖျောက်ပေးနိုင်ပြီး ISP က ပိတ်ထားတဲ့ ဆိုက်တွေ၊ နိုင်ငံကန့် သတ်ချက်အရပိတ်ထားတဲ့ ဆိုက်တွေကို ကြည့်ရှုစေနိုင်ပါတယ်။ဒါ့အပြင် သင့်ကွန်ပြူတာနဲ့  အင်တာနက် ကဆက်သွယ်ပေးပို့ မှုတွေကို Encrypt လုပ်ပေးနိုင်တဲ့အတွက် Privacy အနေနဲ့ လုံခြုံမှုရှိစေပါတယ်။

SafeIP-Connected

တစ်ခြား Features တွေ လည်းပါရှိပြီး Malware တွေကို Block လုပ်ပေးခြင်း၊ ကြော်ညာတွေကို Block လုပ်ပေးခြင်း၊Cookie တွေကို Block လုပ်ပေးခြင်း၊ Browser ID ကို ကာကွယ်ပေးခြင်း၊ IP Address ကို အလိုလို ပြောင်းပေးခြင်း၊DNS Privacy ကိုကာကွယ်ပေးခြင်း စတာတွေကိုလည်းပြုလုပ်ပေးနိုင်ပါတယ်။ Protection အပြည့်အ၀လို ချင်ရင်တော့ အဲဒီ Feature တွေအားလုံးကို အသုံးပြုပါ။

SafeIP-Optimization

IP Address ကို Hide လုပ်ပေးတဲ့ဆော့ဝဲတွေ၊ VPN ဆော့ဝဲတွေ က အင်တာနက်ကို တစ်ဆင့်ခံပြီးအသုံးပြုရတဲ့အတွက် ကွန်နက်ရှင်ကိုတော့ အနည်းငယ်ကျစေတာကို သတိပြုပါ။အကောင်းဆုံး ကွန်နက်ရှင်ကို ရစေဖို့  သင်နဲ့  အနီးစပ်ဆုံးဖြစ်တဲ့ IP Location ကိုရွေးချယ်ပါ။SafeIP နဲ့ ချိတ်ဆက်မိသွားပြီးရင် သင့် IP တကယ်ပြောင်းမပြောင်း whatismyip ၀က်ဆိုက်မှာစစ်ဆေးနိုင်ပါတယ်။

SafeIP မှာ နောက်ထပ် Free Web Service တစ်ခုရှိပြီး ဆော့ဝဲမသုံးချင်တဲ့သူတွေ အတွက် ပိတ်ထားတဲ့ဝက်ဆိုက်တွေကို ကြည့်နိုင်ဖို့  WebProxy Page မှာအသုံးပြုနိုင်ပါတယ်။

SafeIP က Freeware ဖြစ်ပြီး Windows XP ကနေ Windows 8 အထိသုံးနိုင်ပါတယ်။

Download SafeIP

 

0 comments:

Post a Comment