Sunday, February 10, 2013
Google Adds Over 1,000 Emoticons To Gmail’s New Compose[Updates]
1
Gmail new compose ကို သုံးနေပြီလား?သင်သတိထားမိရင် gmail new compose က emoticon ကို နှိပ်ရင် “coming soon” ဆိုတဲ့ message ကိုတွေ့ မြင်ရမှာပါ။အခုတော့ gmail new compose မှာ emoticon ကို သုံးလို့ ရပါပြီ။အဲဒီအတွက် သင့်သူငယ်ချင်း၊မိတ်ဆွေ တွေဆီကို emoticon လေးတွေ သုံးပြီး မေး ပို့ နိုင်ပါပြီ။အရင် old compose မှာတော့ emoticon အနည်းငယ်သာရှိပြီး new compose မှာ emoticon 1000 ကျော်ထပ်ဖြည့်ထားပါတယ်။
Saturday, February 9, 2013
How To Remove All Modern Applications From Windows 8
1
Windows 8 မှာ နဂို ပါရှိလာတဲ့ Modern or Metro applications တွေကို တွေ့ မြင်နိုင်ပါတယ်။အဲဒီ applications တွေ ဟာ touch screen device တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာပါ။သင်ဟာ touch screen device တွေကို အသုံးပြုသူမဟုတ်ရင် အဲဒီ applications တွေအားလုံးကို တစ်ပြိုင်နက်တည်း ဖြုတ် နိုင်ပါတယ်။Windows Store ကိုတော့ဖြုတ်လို့ မရပါဘူး။အဲဒီအတွက်  ဖြုတ်လိုက်တဲ့ modern apps   တွေကို သင်နောက်ပိုင်းမှာပြန်အသုံးပြုချင်ရင်  Windows Store ကနေပြန်ပြီးအင်စတောလုပ်နိုင်ပါတယ်။Application တစ်ခုချင်းစီ ကို ပဲသီးသန့် ဖြုတ်ချင်ရင်တော့ Customize The Windows 8 Start Screen ဆိုတဲ့ ဆောင်းပါးကိုဖတ်ပါ။
Thursday, February 7, 2013
Control YouTube & Vimeo Playback In Chrome From IOS Or Android[ Chrome Extension ]
7
သင့်ရဲ့ android နဲ့  ios  device တွေကို  remote control လို အသုံးပြုပြီးသင့်ကွန်ပြူတာ ရဲ့ chrome browser ကနေ ကြည့်ရှုနေတဲ့ YouTube & Vimeo က video တွေကို ထိန်းချုပ်နိုင်ပါတယ်။Volume အတိုးအလျှော့ ပြုလုပ်နိုင်ပြီး အဲဒီ channel က video တွေကို next/previous ကြည့်နိုင်ပါတယ်။Rewind ,fast-forward ပြုလုပ်နိုင်ပါတယ်။Search bar လည်းပါရှိပြီး video တွေကိုရှာဖွေကြည့်ရှုနိုင်ပါတယ်။ဒီလိုကြည့်ရှုနိုင်ဖို့ အတွက် android or ios device တွေအတွက် de mobo application ကို အင်စတော့လုပ်ရမှာဖြစ်ပြီး သင့်ကွန်ပြူတာက chrome browser မှာတော့ YouTube Couch Mode ဆိုတဲ့ Extension ကို အင်စတောလုပ်ရမှာဖြစ်ပါတယ်။YouTube,Vimeo အပြင် တစ်ခြား web sites တွေဖြစ်တဲ့ pandora,grooveshark,google dos,slideshare,last.fm,scribd စတာတွေကို ပါ ios or android device ကနေ ထိန်းချုပ် ကြည့်ရှုနိုင်ပါတယ်။
Wednesday, February 6, 2013
Save Web Pages,Audio,Video & Files To Google Drive [Chrome Extension]
1
သင့်မှာ  google အ ကောင့် တစ်ခု  ရှိ ရင်  Google Drive    ဆိုတဲ့  cloud service ကို အသုံးပြုပြီးသင့်ဖိုင်တွေကို အင်တာနက်ပေါ်မှာသိမ်းထားလို့ ရပြီး နေရာတိုင်းမှာသင့်ဖိုင်တွေကိုအသုံးပြုလို့ ရပါတယ်။ဒါ့အပြင် ဖိုင်တွေကို ပြန်လည်ဝေမျှလို့ လည်းရပါတယ်။သင်ဟာ google chrome အသုံးပြုသူတစ်ယောက်ဆိုရင် Save To Google Drive ဆိုတဲ့ google ရဲ့  official  extension ကို သုံးပြီး အင်တာနက်က web pages တွေ ဖိုင်တွေကို သင့်ရဲ့ google drive ကို တိုက်ရိုက်သိမ်းလို့ ရပါတယ်။အဲဒီအတွက် download & upload လုပ်စရာမလိုဘဲ အချိန်ကုန်သက်သာစေပါတယ်။
StudioLine Web 3.70.54.0 With Serial
1
Web designer software တစ်ခုပါ။Programming မတတ်ဘဲနဲ့ ဝက်ဆိုက်တွေအလွယ်တကူပြုလုပ်နိုင်ပါတယ်။အသင့်ပါရှိပြီးသား design template တွေပါရှိပြီး စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။ပြုလုပ်ပြီးတဲ့ ၀က်ဆိုက်တွေကို IE,Chrome,Firefox,Opera,Safari စတဲ့ browser တွေနဲ့ preview ကြည့်နိုင်ပါတယ်။Windows® 8 / 7 / Vista / XP SP3 စတဲ့ OS တွေမှာသုံးနိုင်ပါတယ်။Tutorial တွေကို www.studioline.net မှာလေ့လာနိုင်ပါတယ်။
Pimp My Picture 1.1.5.87 With Patch
1
Tuesday, February 5, 2013
Windows 8 မှာ Custom Refresh Image ပြုလုပ်ခြင်း။
1
Create A Custom Refresh Image
WinX menu (Win+X) ကို နှိပ်ပြီး command prompt(admin) ကို နှိပ်ပါ။
2
Refresh images တွေကို သီးသန့် ဖိုဒါတစ်ခုမှာသိမ်းဖို့ အတွက် C: အောက်မှာ CustomRefreshImages ဆိုတဲ့ ဖိုဒါတစ်ခု အရင်ပြုလုပ်ထားပါ။ပြီးရင် Command Prompt မှာ အောက်က command ကို ရိုက်ပါ။ Image1 နာမည်အစားသင်ကြိုက်နှစ်သက်ရာနာမည်ပေးနိုင်ပါတယ်။နောက်ပြီး ကြိုက်နှစ်သက်သလောက် custom fresh image တွေပြုလုပ်နိုင်ပြီး ကြိုက်နှစ်သက်ရာ image ကို အသုံးပြုပြီး refresh လုပ်နိုင်ပါတယ်။”Recovery image creation and registration completed successfully” ဆိုတဲ့ message ပေါ်လာရင် custom refresh image ပြုလုပ်တာပြီးဆုံးပါပြီ။
recimg /createimage C:\CustomRefreshImages\Image1
3
Custom image တွေတစ်ခုထက်ပို ပြုလုပ်ထားရင်တော့ နောက်ဆုံးပြုလုပ်ထားတဲ့ image က current image ဖြစ်နေမှာဖြစ်ပြီး refresh လုပ်တဲ့အချိန်မှာ အဲဒီ image ကို အသုံးပြုမှာပါ။တစ်ခြား image တွေကို current image အဖြစ်သတ်မှတ်ဖို့ အောက်က command ကို သုံးပါ။Image1 နေရာမှာ current image အဖြစ်သုံးမယ့် image ရဲ့ နာမည်ကို ရိုက်ပါ။
recimg /setcurrent C:\CustomRefreshImages\Image1
5
Current refresh image ကို သိရှိနိုင်ဖို့ အတွက် အောက်က command ကို သုံးနိုင်ပါတယ်။
recimg /showcurrent
6
Custom refresh image ကို အသုံးမပြုချင်တော့ဘဲ default အတိုင်းပဲထားချင်ရင်တော့အောက်က command ကို သုံးပါ။
recimg /deregister
1
www.kothuya.com
Facebook Page ကို Like ပြီးအားပေးပါအုံး
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
Monday, February 4, 2013
Disable User Account Control Prompt In Windows 8
ashampoo
Windows 8 မှာ သင်အသုံးပြုနေကျ applications တွေကို အသုံးပြုတိုင်း user account control ပေါ်လာလို့ အလုပ်ရှုပ်ရင် မပေါ်အောင်ဖျောက်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် Admin account နဲ့  Windows 8 ကို ၀င်ပြီး Charms Bar (Win + C) ကိုသွားပြီး Search ကို နှိပ်ပြီး search box ကနေ uac လို့ ရိုက်ပါ။ပြီးရင် Setting ကို နှိပ်ပြီး  “Change User Account Control settings” ကို နှိပ်ပါ။