Wednesday, September 4, 2013
Chrome ရဲ့  Extension တွေကို Manage လုပ်ပေးမယ့် SimpleExtManager
SimpleExtManager ကို အင်စတာလုပ်ပြီးရင် အိုင်ကွန်ကို Toolbar မှာတွေ့ မြင်နိုင်ပါတယ်။အိုင်ကွန်ကိုနှိပ်ပြီး Extension တွေကို Enable/Disable လုပ်နိုင်ပါတယ်။အောက်ကို ဆက်ဆင်းသွားရင် Apps ,Themes တွေကို တွေ့ မြင်နိုင်ပါတယ်။ Gear Icon ကိုနှိပ်ရင် Extension ရဲ့  Option/Setting Page ကိုရောက်ရှိမှာပါ။
ashampoo 02ashampoo 03
Extension တွေကိုရှာဖွေ ဖို့  Search Box လည်းပါရှိပါတယ်။Search Box ဘေးက Disable All ကိုနှိပ်ပြီး Extension အားလုံးကို Disable လုပ်နိုင်ပါတယ်။ SimpleExtManager ရဲ့ Options မှာ Extension တွေကို Group တွေ ခွဲခြားထားနိုင်ပါတယ်။ Groups တွေ ကို Groups Tab မှာတွေ့ မြင်နိုင်ပြီး Group အလိုက် Enable/Disable  လုပ်နိုင်ပါတယ်။
ashampoo 04
Install SimpleExtManager
Tuesday, September 3, 2013
Chrome Extension များကို Manual Update ပြုလုပ်ခြင်း။
download (1)
Chrome က အင်စတောလုပ်ထားတဲ့ Extension တွေကို Auto Update လုပ်ပေးပါတယ်။ ကျွန်တော် ဟာ AdBlock Plus အသုံးပြုသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စပြီး AdBlock Plus က ကြော်ညာတွေကို Block လုပ်မပေးနိုင်တော့တာတွေ့ မြင်လာရပါတယ်။ ဘာလို့ လဲ ဆိုတော့ ၀က်ဆိုက်ပိုင်ရှင်တွေ ကလည်း သူ တို့ ဆိုက် ကကြော်ညာတွေကို လာရောက်လည်ပတ်သူတွေ တွေ့ မြင်ဖို့  Anti AdBlocker တွေ ကို Update လုပ်ပြီးသုံးကြပါတယ်။ AdBlocker တွေကလည်း Anti AdBlocker တွေကို ကျော်ဖြတ်ဖို့  အမြဲ Update လုပ်ပေးကြပါတယ်။အဲဒီအတွက် AdBlocker တွေနဲ့  Anti AdBlocker တွေ ရဲ့ ပြိုင်ပွဲဟာ ကြောင်နဲ့ ကြွက်ကစားပွဲလို ပါပဲ။ တစ်ယောက်တစ်လှည့်စီအနိုင်ရနေကြတာပါ။အဲဒီလို အခြေအနေမျိုးမှာ Chrome က Extension ကို Auto Update မလုပ်ပေးသေးဘူးဆိုရင် Manual Update ပြုလုပ်နိုင်ပါတယ်။
ဒီလိုလုပ်ဖို့  Chrome Setting က နေ Extension Page ကိုသွားပါ။ Developer mode ကို Enable လုပ်ပါ။ဒါဆိုရင် “Update extensions now” ဆိုတာပေါ်လာပြီး Manual Update လုပ်နိုင်ပါပြီ။
ashampoo 05
Wikipedia မှာ သက်ဆိုင်ရာ YouTube Video တွေကို ပြပေးမယ့် WikiTube
ashampoo 04
နားလည်ရခက်တဲ့အကြောင်းအရာတွေ ကိုလေ့လာတဲ့အခါမှာ ဆောင်းပါးကို ဖတ်လေ့လာတာထက် Video Tutorial တွေကို ကြည့်ပြီးလေ့လာရတာပိုအဆင်ပြေပါတယ်။ Wikipedia မှာသိချင်တာတွေ ရှာဖွေကြည့်ရှုတဲ့အခါမှာလည်း တစ်ချို့  အဓိပ္ပါယ်တွေ နားမလည်ဘူးဆိုရင် Video တွေကြည့်လို့ ရရင်အဆင်ပြေမှာပါ။ WikiTube ကဒီအခက်အခဲကိုဖြေရှင်းပေးနိုင်ပါတယ်။ Wikipedia နဲ့  YouTube ၀က်ဆိုက်နှစ်ခုကိုပေါင်းစည်းပြီးပြပေးနိုင်ပါတယ်။Wikipedia မှာသိချင်တာတွေ ရှာတိုင်းသက်ဆိုင်ရာ YouTube Video တွေကို ပြပေးမှာဖြစ်တဲ့အတွက် သင်သိချင်တဲ့အကြောင်းအရာကိုလွယ်လွယ်ကူကူလေ့လာသိရှိနိုင်ပါတယ်။ WikiTube က Extension တစ်ခုဖြစ်ပြီး Chrome Browser မှာအသုံးပြုနိုင်ပါတယ်။
Install WikiTube
ashampoo 03
Monday, September 2, 2013
ISO ဖိုင်ကနေ Boot တက်နည်း။
images (1)
သင့်မှာ ၀င်းဒိုးအခွေ မရှိရင် Recovery Drive or Recovery Disc တစ်ခုတော့ဆောင်ထားသင့်ပါတယ်။အဲဒီအတွက် သင့်ကွန်ပြူတာ Boot မတက်တော့ တဲ့ အချိန်တွေမှာ Refresh & Reset ,system restore , safe mode ,system image recovery စတဲ့ troubleshoot လုပ်နိုင်တဲ့ tools တွေကို အသုံးပြုနိုင်မှာပါ။ Recovery Drive or Recovery Disc လုပ်ဖို့  External Drive or USB Stick or CD/DVD စတာတွေကို မသုံးချင်ဘူးဆိုရင် ISO ဖိုင်ကနေပဲ Boot တက်နိုင်ပါတယ်။ ISO ဖိုင်ကနေ Boot တက်ပြီးဝင်းဒိုးတင်လို့ ရမှာတော့ မဟုတ်ပါဘူး။အပေါ်မှာပြောခဲ့သလို troubleshoot လုပ်တဲ့ tools တွေကို ပဲသုံးနိုင်မှာပါ။
ဒီလို လုပ်ဖို့ အတွက် EasyBCD  Free Version ရှိရင်ရပါပြီ။EasyBCD ကိုအင်စတောလုပ်ပြီးရင် Run ပါ။ Add New Entry ကိုနှိပ်ပြီး ISO tab ကိုနှိပ်ပါ။ Name မှာ အသုံးပြုမယ့် Windows ISO နာမည်ကိုရေးပါ။Path မှာ Windows ISO ဖိုင်ကိုရွေးပေးပါ။ Mode မှာ Run from Disk ကိုရွေးပေးပါ။Add Entry ကိုနှိပ်ပါ။
ashampoo 06
ဒါဆိုရင် Boot Menu မှာ Windows Blue ISO ဆိုပြီး Entry တစ်ခုတိုးလာမှာဖြစ်ပြီး ၀င်းဒိုး Boot မတက်တော့ရင် Troubleshoot လုပ်လို့ ရပါပြီ။တစ်ခြား ISO ဖိုင်တွေ၊Backup Image တွေ ကနေ Boot တက်ဖို့ လည်း ဒီနည်းကိုသုံးနိုင်ပါတယ်။ ISO ဖိုင်တွေကို System Drive မှာ မထားဖို့ တော့ အကြံပေးထားပါတယ်။
September တစ်လလုံး Free Live Show တွေကြည့်ရမယ့် iTunes Festival London 2013 App( iOS )
ashampoo 02
iTunes Festival London 2013 ကို Live ကြည့်လို့ ရမယ့် iTunes Festival London 2013 App ပါ။နာမည်ကြီးတွေ ဖြစ်တဲ့ Lady Gaga,Katy Perry,Justin Timberlake,Elton John အပါအ၀င်အဆိုတော်ပေါင်းများစွာက September တစ်လလုံးဖျော်ဖြေတင်ဆက်ကြမှာပါ။UK မှာနေတဲ့သူတွေ အတွက် ထိုင်ခုံ လက်မှတ်ကို ကံစမ်းလို့ ရပါသေးတယ်။Live မကြည့်လိုက်ရတဲ့သူတွေ အတွက်လည်း ပြန်ပြီးကြည့်နိုင်ပါတယ်။အသေးစိတ်ကို http://www.itunesfestival.com/  မှာဖတ်ရှုနိုင်ပါတယ်။ iOS Device မရှိသူတွေ အတွက် iTunes ကနေကြည့်ရှုနိုင်သလို Apple TV ကနေလည်းကြည့်ရှုနိုင်ပါတယ်။
Download iTunes Festival London 2013
ashampoo 03ashampoo 04
Sunday, September 1, 2013
Kaspersky 2012/2013 ကနေ Kaspersky 2014 ကို Free Upgrade ပြုလုပ်ပါ။
ashampoo 04
Upgrade-Kaspersky-2012-2013-to-2014-guide_thumb
Upgrade လုပ်ဖို့ နည်း (၂) နည်းရှိပါတယ်။ ပထမနည်းကတော့ Kaspersky Version အဟောင်းကို Uninstall လုပ်စရာမလို ဘဲ Version 2014 ကို Install လုပ်ပြီး Upgrade လုပ်နိုင်ပါတယ်။ဒုတိယ နည်းကတော့ Version အဟောင်းကို Uninstall လုပ်ပြီး မှ Version 2014 ကို အင်စတောလုပ်တဲ့နည်းပါ။ Kaspersky ကတော့ ဒုတိယနည်းကို အသုံးပြုဖို့ အကြံပေးထားပါတယ်။ဘယ်နည်းကို ပဲ အသုံးပြုသည်ဖြစ်စေလိုင်စင်ကို ပြန်ပြီး Activate လုပ်စရာမလို အောင်ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း(၁)
Kaspersky Antivirus 2014 or Kaspersky Internet Security 2014 ကို သက်ဆိုင်ရာ Version အလိုက်ဒေါင်းပါ။Trial Version ကို ဒေါင်းရမှာပါ။ Run နေတဲ့ Programs တွေကို ပိတ်ထားပါ။ ပြီးရင် Setup ဖိုင်ကို Run ပြီးအင်စတောလုပ်ပါ။နောက်ဆုံး Wizard မှာ Restart လုပ်ပေးပါ။ဒါပါပဲ။ လိုင်စင်ကိုလည်းပြန်ပြီး Activate လုပ်စရာမလို ပါဘူး။
Upgrade-Kaspersky-2012-2013-to-2014-picture5_thumb
နည်းလမ်း(၂)
Kaspersky Version အဟောင်းတွေကို Uninstall လုပ်ပါ။ Uninstall လုပ်တဲ့ Wizard မှာ License information ကို Save လုပ်ပါ။ Restart လုပ်ခိုင်းရင် Restart လုပ်ပေးပါ။တကယ်လို့  Uninstall လုပ်လို့ မရရင် Kaspersky Removal Tool  ကိုသုံးပါ။
Upgrade-Kaspersky-2012-2013-to-2014-picture13_thumb
ပြီးရင်တော့ နည်းလမ်း (၁) ကအတိုင်းပဲ Kaspersky 2014 ကို အင်စတောလုပ်လို့ ရပါပြီ။လိုင်စင် ကိုလည်း ပြန်ပြီး Activate လုပ်စရာမလိုပါဘူး။ Kaspersky 2014 Trial Version တွေကို Kaspersky ,CNet တို့ မှာ ဒေါင်းနိုင်ပါတယ်။
Video Call ပါအသုံးပြုလို့ ရလာတဲ့ IMO(Android & iOS)
ashampoo 02
IMO အသုံးပြုသူတွေအတွက် အခုနောက်ဆုံးထွက် Version 3.8 မှာ Video Call ပါခေါ်လို့ ရလာပါတယ်။Voice Call ကိုလည်း ပိုပြီးကောင်းအောင်ပြုလုပ်ထားပါတယ်။ ကျန်တဲ့ Features တွေကတော့အားလုံးသိပြီးတဲ့အတိုင်းပါပဲ။ Facebook Chat, Google Talk, MSN, ICQ, AIM, Yahoo! Messenger, Jabber, Hyves, VKontakte and Steam စတာတွေ အားလုံးကို IMO တစ်နေရာထဲကပဲအသုံးပြုနိုင်ပါတယ်။ Group Chat အသုံးပြုလို့ ရသလို IMO Network မှာလည်းသူငယ်ချင်းတွေ ရှာလို့ ရပါတယ်။ pictures, text and voice messages စတာတွေလည်းအသုံးပြုလို့ ရပါတယ်။
Update လုပ်ပြီးသွားရင် Friend တွေရဲ့ ဘေးမှာ Video Call အိုင်ကွန်ကိုတွေ့ မြင်အသုံးပြုနိုင်ပါတယ်။ဒါပေမယ့် တစ်ဖက်ကသူငယ်ချင်းကလည်း IMO ကို အသုံးပြုနေမှ Video Call ကအလုပ်လုပ်မှာပါ။ မဟုတ်ရင်တော့ Error Message ပြပါလိမ့်မယ်။Video Call အသုံးပြုနေရင်းနဲ့ လည်း Audio , Chat စတာတွေကို သုံးနိုင်ပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုက Broadcast Section ကနေ Facebook,Twitter,LinkedIn မှာ Post တင်နိုင်ပါတယ်။
ashampoo 03
Download IMO for Android  ,   iOS
Samsung Galaxy ဖုန်း တွေ က Data တွေကို အလွယ်တကူကူးယူပေးနိုင်တဲ့ Samsung Smart Switch Mobile
Note-8-plus-2-smart-switch_610x407
Samsung Smart Switch ဆိုတဲ့ App က Samsung Galaxy ဖုန်းတွေ ကနေ အခြား Samsung Galaxy ဖုန်းတွေကို Contact, Memo, Message, Photo, Music, Video, Document, App List အပြင်တစ်ခြား ဒေတာတွေကို အလွယ်တကူကူးပြောင်းပေးနိုင်ပါတယ်။ ဒီ App ကဖုန်းအဟောင်းကနေ ဖုန်းအသစ်ကို ဒေတာတွေ ကူးပြောင်းတဲ့အခါမှာအသုံးဝင်ပါတယ်။
Samsung Smart Switch ကို ဖုန်း နှစ်လုံးမှာအင်စတောလုပ်ပြီးရင်  ဖုန်းနှစ်လုံးကို 50 cm အကွာအဝေးအတွင်းမှာထားပါ။ပြီးရင် ဖုန်းနှစ်လုံးက Samsung Smart Switch App ကိုဖွင့်ပါ။ App နှစ်ခုလုံးက Connect Button ကိုနှိပ်ပါ။
Smart_Switch_connect_270x426
ဖုန်း နှစ်လုံးချိတ်ဆက်မိသွားရင် ပြောင်းရွှေ့ နိုင်တဲ့ ဒေတာတွေကို တွေ့ မြင်နိုင်ပြီး Transfer Button ကိုနှိပ်ပြီးကူးယူနိုင်ပါတယ်။
Smart_Switch_choose_data_270x426
ဒေတာတွေ လက်ခံရယူမယ့် Device မှာ Accept လုပ်ပါ။
Smart_Switch_accept_data_270x426
Supported Devices , Supported Data တွေကို Play Store မှာကြည့်ရှုနိုင်ပါတယ်။
Download Samsung Smart Switch Mobile @ Play Store  or CNet