Wednesday, October 2, 2013
Dead Computer ကဖိုင်တွေကို ပြန်ရယူနည်းများ။
clip_image002
သင့်ကွန်ပြူတာ Boot မတက်တော့ဘူးလား? Windows ပြဿနာဖြစ်နိုင်သလို Hardware ပြဿနာလည်းဖြစ်နိုင်ပါတယ်။ကွန်ပြူတာက အရေးကြီးတဲ့ဖိုင်တွေကို ရယူချင်လား? ဒီနည်းလမ်းတွေကိုသုံးကြည့်ပါ။
Windows Installation Disc ကနေ Boot တက်ပြီးဖိုင်တွေကို ရယူပါ။
clip_image004
ဒီနည်းက သင့်ကွန်ပြူတာရဲ့ Hard Drive ပျက်ဆီးနေတဲ့ အခြေအနေမှာတောင် ဖိုင်တွေ ပြန်ရယူကောင်းရယူနိုင်ပါတယ်။
Hard Drive ကိုဖြုတ် တစ်ခြား ကွန်ပြူတာမှာ တပ်ဆင် ပြီးဖိုင်တွေကိုရှာပါ။
Windows CD/DVD or USB Stick ကနေ Boot တက်လို့ မရရင်တော့ Hardware ပြဿနာကြောင့်ဖြစ်နိုင်ပါတယ်။ Motherboard,CPU,Memory,Video Card , Power Supply စတဲ့ တစ်ခြားသောအစိတ်အပိုင်းတွေ ကြောင့် ဆိုရင် သင့် Hard Drive ကကောင်းမွန်ပြီးဖိုင်တွေကိုပြန်ရှာနိုင်လို့ ရပါသေးတယ်။ Hard Drive ကိုကွန်ပြူတာကထုတ်ပြီးတစ်ခြားကွန်ပြူတာမှာတပ်ဆင်ပြီး ဖိုင်တွေကိုပြန်ရှာပါ။
clip_image006
clip_image008
ဒီနည်းက  Cases တွေ ပါရှိတဲ့ Desktop Computers တွေမှာတော့ လွယ်ကူပေမယ့် Laptops တွေမှာတော့ အနည်းငယ်ခက်ခဲပါတယ်။အထူးသဖြင့် Laptop အတွင်းပိုင်းကိုဖွင့်ဖို့  Design လုပ်ထားတာမဟုတ်တဲ့ Closed Laptops တွေမှာဆိုပိုခက်ခဲပါတယ်။တကယ်လို့  Hard Drive ကိုဖြုတ်တာ၊ တပ်ဆင်တာမလုပ်တတ်ရင် Manufacturer Web Site ဒါမှမဟုတ် အင်တာနက် မှာ သတင်းအချက်အလက်တွေ ရှာဖွေလို့ ရနိုင်ပါတယ်။တကယ်လို့ သင့်ဖိုင်တွေ ဟာ အလွန်အရေးကြီးတဲ့ဖိုင်တွေဆိုရင်တော့ Computer Services Center ကို သွားပြီးဖိုင်တွေကို ပြန်ရယူနိုင်ပါတယ်။
ဒီလို အနေအထားမျိုးမရောက်အောင် သင့်ရဲ့ အဖိုးတန်ဖိုင်တွေကို အမြဲတမ်း Backup လုပ်ထားဖို့ အကြံပေးလိုက်ပါတယ်။
Samsung galaxy s4 GT-I9500,.ကို root လုပ်နည်း
Samsung galaxy s4 GT-I9500, GT-I9505, SGH-I337M, SPH-L720.ကို Error ကင်းပြီးအလွယ်တစ်ကူ root လုပ်နိုင်မဲ့ နည်းလမ်းလေးတစ်ခုပါ။တကယ်တော့  ဒီဘက်ခေတ်ထဲမှာroot လုပ်တာဟာသိပ်မခက်ခဲတော့ ပါဘူး ။အရမ်းကိုပွင့် လင်းတဲ့ ခေတ်ကိုရောက်သွားပါပြီခင်ဗျာ။
အခုဖော်ပြပေးမဲ့ နည်းလမ်းလေးက လွယ်ကူရိုးရှင်းပြီး 99.9% နှုန်းအလုပ်လုပ်ပါတယ်ခင်ဗျာ။ဖုန်းကိုroot လုပ်တော့ မယ်ဆိုရင်တော့် ဘက်ထရီ ကို အားပြည့် အောင်ထည့် ထားပေးကြပါခင်ဗျာ။
ဖုန်းနှင့် ကွန်ပျူတာကို Micro-USB/USB cord လေးနှင့် ချိတ်ဆက်လိုက်ပါ။
 USB Debugging လုပ်ပေးပါ။unknow source ကိုအမှတ်ခြစ်ပေးပါ။အသေးစိတ်ကြည့် ရန်နိပ်ပါ။
ဒီအဆင့် မှာတော့  root tool လေးကို run ပြီးတာနှင့်  root ဆိုတာလေးကိုနိပ်ပေးရုံပါပဲခင်ဗျာ။
အန္တရယ်ရှိတဲ့ နည်းလမ်းတွေနှင့် root မလုပ်ပဲနှင့် ယခုပြသပေးထားသောနည်းနှင့် အန္တရယ်ကင်းစွာနှင့် root လုပ်နိုင်ပါပြီခင်ဗျာ
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Chrome,Firefox မှာ Tab တွေ ကို Hide/Restore လုပ်မယ်။
clip_image002
Browser တွေကနေ ၀က်ဆိုက်တွေ ကြည့်ရင်း Tab တွေများပြားလာတဲ့ အခြေအနေမျိုးကိုကြုံဖူးမှာပါ။ Tab တွေအများကြီးဖွင့်ထားတာဟာ System Memory ကို စားသုံးတဲ့အတွက် စက်လေးလံလာတတ်ပါတယ်။နောက်ပြီး Tab တွေများပြားတဲ့အတွက် Browsing လုပ်ရတာလည်း သိပ်ပြီးအဆင်မပြေတော့ပါဘူး။နောက်တစ်ချက်က သင့်ရဲ့  Privacy ကိုကာကွယ်ချင်ရင် Tabs တွေကို အမြန် Hide လုပ်နိုင်ဖို့ လိုပါတယ်။အဲဒီလို လုပ်ဖို့ အတွက် Chrome , Firefox မှာ Tab Management Extension တွေရှိပါတယ်။
Chrome
Chrome မှာ OneTab ဆိုတဲ့ Extension က Tab တွေကို အမြန် Hide/Restore လုပ်ပေးနိုင်ပါတယ်။ OneTab ကိုအင်စတောလုပ်ပြီးရင် OneTab icon ကို URL Bar မှာတွေ့ မြင်ရမှာဖြစ်ပြီး icon ကိုနှိပ်ရင် ဖွင့်ထားတဲ့ Tabs တွေအားလုံးကို Tab တစ်ခုထဲမှာစုစည်းပေးထားမှာပါ။ သိမ်းပေးထားတဲ့ Tab တွေအားလုံးကိုပြန် Restore လုပ်နိုင်သလို တစ်ခုချင်းစီရွေးပြီးလည်း Restore လုပ်နိုင်ပါတယ်။မလိုအပ်တာတွေကိုလည်း  Delete လုပ်နိုင်ပါတယ်။OneTab က သိမ်းထားတဲ့ Tabs တွေကို ရက်စွဲအလိုက် Group တွေခွဲပြီးသိမ်းပေးနိုင်တဲ့အတွက်နောက်နေ့ တွေ မှာပြန်အသုံးပြုချင်ရင်လည်းအဆင်ပြေစေပါတယ်။
clip_image004
clip_image006
OneTab ကောင်းမွန်တဲ့ Tab Management Extension တစ်ခုဖြစ်ပါတယ်။Tabs တွေကို တစ်ခြားစက်တွေ မှာ အလွယ်တကူ Sync လုပ်ပေးနိုင်မယ့် Feature ကို Developer ကဖြည့်ဆည့်ပေးနိုင်ရင်ပိုအသုံးဝင်မယ်လို့ ထင်ပါတယ်။ တကယ်လို့  သင့် Browser ရဲ့ Memory အသုံးပြုမှုကိုပဲလျှော့ချချင်တယ် ဒါပေမယ့် Tabs တွေကိုတော့ မပိတ်ချင်ဘူးဆိုရင် The Great Suspender  ဆိုတဲ့ Chrome Extension ကိုသုံးနိုင်ပါတယ်။အချုပ်အားဖြင့် OneTab က Tab တွေကို အများကြီးဖွင့်ပြီးအသုံးပြုတဲ့သူတွေ အတွက် ကောင်းမွန်တဲ့ Tab Management Extension တစ်ခုဖြစ်ပါတယ်။
Install OneTab From Chrome Web Store
Firefox
clip_image008
သာမာန်အချိန်မှာ ၀က်ဆိုက်တွေ ကြည့်နေရင် T Button က အမည်းရောင်ဖြစ်နေမှာဖြစ်ပြီး Tabs တွေကို Hide လုပ်ထားရင် T Button က အပြာရောင်ပြပေးမှာပါ။
clip_image010
TabSlash က OneTab လို မျိုး Tab တွေကို ရွေးချယ်ပြီး Restore လုပ်လို့ မရပါဘူး။ မလိုအပ်တော့တဲ့ Tab တွေကိုလည်း  Delete လုပ်လို့ မရပါဘူး။Restore လုပ်ရင် Tabs အားလုံးကို ပြန်ဖွင့်ပေးမှာပါ။အချုပ်အားဖြင့် TabSlash က Tabs တွေကို အမြန် Hide လုပ်ဖို့  ကောင်းမွန်တဲ့ Tab Management Add-On တစ်ခုဖြစ်ပါတယ်။
Install TabSlash For Firefox
windows 7 နှင့်  windows Vista အတွက် Activator
windows 7 နှင့်  windows  Vista  အတွက်  Activator လေးပါ။ ကလစ်တစ်ချက်တည်းနှင့် 
OEM logos လေးနဲ့ windows  active ဖြစ်သွားစေမယ်နော်။အသုံးပြုရတာလည်းလွယ်တယ်ဖိုင်ဆိုဒ်ကလည်း( 6mb ) ထဲပါခင်ဗျာ။
အကြောင်းအမျိုးမျိုးကြောင့်  windows အတင်အချခဏခဏလုပ်သူများနှင့်  windows ခွေကော်ပီတွေသုံးနေကျတဲ မိတ်ဆွေတွေ အခက်မကြုံရလေအောင်ဆောင်ထားချင်ရင်တော့ အောက်မှာယူလိုက်ပါခင်ဗျာ။ဒီကောင်လေးက
windows 7 Ultimate, Professional and Home Premium (32bit and 64bit)
Windows Vista Ultimate, Business, Home Basic and Home Premium (32bit and 64bit) တွေမှာအလုပ်လုပ်ပါတယ်။
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
်format factory နဲ့ video;photo; audio ပြောင်းလိုသူများအတွက်
format factory နဲ့ video;photo; audio ပြောင်းလိုသူများအတွက်
formart factory ဆိုရင်သိပ်မစိမ်းကြပါဘူးနော်။ဒီကောင်လေးကနောက်ဆုံး up to date ကလေးဖြစ်နေလို့ အချိန်နှင့် တစ်ပြေးညီပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။မသိသေးတဲ မိတ်ဆွေတွေအတွက်ကတော့ ဒီကောင်လေးက video format ; photo formart; audio format တွေကိုမိမိတို့ လိုသလိုပြောင်းလို့ ရပါတယ်။တစ်ခြားနေရာတော်တော်များများမှာအလွယ်တစ်ကူဒေါင်း
လုပ်လို့ ရပေးမယ့် မလိုလားအပ်တဲ့  tool bar တွေအပိုတန်ဆာပလာတွေမပါရလေအောင်ဒီမှာ
အလွယ်တစ်ကူဒေါင်းလုပ်ယူနိုင်ပါပြီခင်ဗျာ။
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
scaner သမားတွေနှင့်  photographer သမားတွေအတွက် vuescan
 photographer သမားတွေနှင့်  scan servies တွေကိုလုပ်ဆောင်နေကျသူ တွေရဲ့ လျို့ ဝှက်ချက် ဖြစ်တဲ့  vuescan ။  ဒီကောင်လေးက ဓါတ်ပုံပညာရှင်တွေသုံးတဲ့ ဆောင့် ဝဲလေးပါ (ဝါသနာရှင်တွေလည်းအထူးနှစ်သက်ကြပါတယ်)အရမ်းကောင်းလို့ ဒေါင်းလုပ်အရေအတွက်ပေါင်း5 million တောင်ရှိတယ်လို့ ကမ္ဘာကိုကြွေးကျော်ထားပါတယ်။ကျွန်တော့် ပရိတ်သတ်ကြီးကိုလည်းပြန်လည်မျှဝေ
လိုက်တယ်နော်။ဒီကောင်လေးကWindows 8, 7, Vista, XP, 2000 တွေမှာအသုံးပြုလို့ ရပါတယ်အသုံးပြုရတာရှုပ်၇ှုပ်ထွေးထွေးမရှိပဲရိုးရှင်းတဲ့ မူဟန်တွေကြောင့် အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်
အသေးစိတ်ကိုအောက်မှာလေ့ လာပေးပါခင်ဗျာ။
VueScan, the world's most popular scanner software, is used extensively by photographers, home users, scanning services and corporations. VueScan is a scanning program that works with most high-quality flatbed and film scanners to produce scans that have excellent color fidelity and color balance. It is very easy to use, and also has advanced features for restoring faded colors, batch scanning and other features used by professional photographers.
VueScan changes nothing on your system, installs nothing in your operating system and all other scanner software will continue to function. VueScan increases your productivity and saves you money. VueScan has advanced scanning options, powerful features, and greatly improves your scans with superior color accuracy and better color balance. VueScan supports more than 700 scanners and 209 digital camera raw files and takes about 5 minutes to download and install.
Features:
- Works with 1200 flatbed and film scanners
- Runs on Mac OS X, Windows and Linux
- Improves your productivity and quality of scans
- Has been downloaded more than 5 million times
- Create raw scan files
- ICC profiles and color spaces
- IT8 color calibration
Supported OS:
Windows 8, 7, Vista, XP, 2000
Installation Instructions:
1. Install Program.
2. Use given serial/name to register application.
3. Done, Enjoy
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
Tuesday, October 1, 2013
USB Stick မှာဖိုင်တွေကို Password ခတ်ပြီးသိမ်းပေးမယ့် Granite Portable
USB Stick မှာ Personal Data တွေ၊ အရေးကြီးတဲ့ ဒေတာတွေကိုသိမ်းထားတတ်တယ်ဆိုရင်တော့ သင့်ဖိုင်တွေကို သူများတွေ Access လုပ်လို့ မရအောင် Password ခတ်ပြီးသိမ်းထားသင့်ပါတယ်။ ဒီလို ပြုလုပ်ဖို့  Tools  တွေအများကြီးရှိပါတယ်။အဲဒီထဲကတစ်ခုဖြစ်တဲ့ Granite Portable ဆိုတဲ့ Freeware ကိုအသုံးပြုနည်းကိုရေးပါမယ်။
Granite က Portable ဖြစ်ပြီး အင်စတောလုပ်စရာမလိုပါဘူး။ Granite ကိုဒေါင်းလုပ်လုပ်ပြီး ရင် ZIP ဖိုင်ကိုရရှိမှာပါ။အဲဒီဖိုင်ကို သင့် USB Stick ကို Extract လုပ်ပါ။ USB Stick မှာတင်မကဘဲ သင့်ကွန်ပြူတာမှာတောင်မှ အသုံးပြုလို့ ရပါတယ်။ ဖိုဒါထဲမှာ Vault ဖိုဒါကိုတွေ့ မြင်နိုင်ပြီးအဲဒီိဖိုဒါမှာ သင့်ဖိုင်တွေကို Encrypted လုပ်ပြီး Password ခတ်ပြီးသိမ်းပေးမှာဖြစ်ပါတယ်။ Password ခတ်ပြီးသိမ်းစရာမလို တဲ့ဖိုင်တွေကို လည်း သီးခြားသိမ်းထားနိုင်ပါတယ်။ အဲဒီ Vault ကိုဖွင့်ဖို့  Password လို အပ်မှာဖြစ်ပြီး Password ကိုသတ်မှတ်ပေးရမှာပါ။
Password သတ်မှတ်ပေးဖို့  Granite Portable Launcher ကို  Run ရပါမယ်။ပြီးရင် User Name, Password သတ်မှတ်ပေးပါ။Password ကို Confirm လုပ်ပေးပါ။ I accept the Terms and Conditions မှာအမှန်ခြစ်ပေးပြီး Login ကိုနှိပ်ပါ။
Login ၀င်ပြီးရင် System Tray မှာ G icon ကိုတွေ့ မြင်ရမှာဖြစ်ပြီး icon ကိုနှိပ်ပါ။Main Interface ပေါ်လာရင် Vault ကိုနှိပ်ပါ။ Vault ဖိုဒါဝင်းဒိုးပေါ်လာမှာဖြစ်ပြီးသိမ်းချင်တဲ့ဖိုင်တွေကို အဲဒီဖိုဒါထဲမှာသိမ်းပါ။Granite က ဖိုင်တွေကိုသိမ်းပေးတဲ့အပြင် Facebook,Wikipedia,Google,YouTube စတဲ့ နာမည်ကြီးဝက်ဆိုက်တွေကို Bookmark မှတ်ပေးထားတာကိုတွေ့ မြင်ရမှာပါ။အဲဒီ Bookmark ကနေ သက်ဆိုင်ရာဝက်ဆိုက်ကိုအလွယ်တကူသွားနိုင်ပါတယ်။နောက်ပြီး Control Panel,Sounds,Fonts စတဲ့ System Programs တွေကိုလည်း အလွယ်တကူသုံးနိုင်အောင်ပြုလုပ်ပေးထားပါတယ်။သိမ်းချင်တာတွေသိမ်းပြီးရင်တော့ Exit လုပ်ပါ။
Granite  ကို Windows XP,Windows Vista,Windows 7,Windows 8 အားလုံးမှာသုံးနိုင်ပါတယ်။
Android ဖုန်းတွေမှာ ဓါတ်ပုံလှလှပြင်ခြင်သူများအတွက်ပါ
Android ဖုန်းတွေမှာ ဓါတ်ပုံလှလှပြင်ခြင်သူများအတွက်ပါ
===================================
အရမ်းရမ်းကိုအသုံးဝင်မဲ့ Photo Studio PRO လေးပါ easy to use ( အသုံးပြုရတာလည်းလွယ်) တယ်နော်  developer က google play store ပေါ်ကို September 27, 2013 ရက်နေ့ ကမှ တင်လိုက်တယ်ဗျာ ဈေးနှုန်းက 5$ တောင်ပေးရတယ်ဗျာ။လုံးဝအသစ်စက်စက်လေးပါဗျာ။ဒီကောင်လေးက မိမိတို ဖုန်းနှင့် ဓါတ်ပုံတွေကိုစိတ်ကြိုက်ပြင်ယူလို့ ရနိုင်မဲ့  အသုံးဝင် apk လေးပါခင်ဗျာ။မိမိတို့ ရိုက်ယူလို့ ရတဲ့ photo တွေကို background တွေပြောင်းချင်သလိုပြောင်းလို့ ရသလို effect ပေါင်း200 ကျော်တောင်ပါဝင်ပြီး template ပေါင်း၁၀၀ ကျော်ပါဝင်တယ်။
အသုံးဝင်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ဒီကောင်လေးကမည်သည့် အမျိုးအစားနှင့် မဆိုကိုက်
ညီမှု့ ရှိပြီး android version 2.2 နှင့် အထက်မှာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။ဖိုင်ဆိုဒ်ကတော့   10 MB  ပါ။
အသေးစိတ်ကိုတော့ အောက်မှာလေ့ လာပေးပါ။
အသစ်တင်တိုင်း Facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ