Thursday, November 29, 2012

Free Movie Subtitler : Hard Code An External Subtitle File Into A Video File

သင့် ကွန်ပြူတာမှာ Movie တွေကြည့်တဲ့အခါ subtitle မပါခဲ့ ရင် အွန်လိုင်းကနေ ဒေါင်းလုပ်လုပ်ပြီးကြည့်ရပါတယ်။Video player က သင်ဒေါင်းလုပ်လုပ်ထားတဲ့ subtitle ကို support မလုပ်လို့ ဘဲဖြစ်ဖြစ်၊သင့် movie ဖိုင်မှာ subtitle ကိုအသေထိုးထားချင်လို့ ဘဲဖြစ်ဖြစ် ဒီလို အခြေနေမျိုးမှာ free movie subtitler ဆိုတဲ့ tool လေးက အသုံးဝင်ပါတယ်။Avi,mpeg အပါအ၀င်တစ်ခြား video format တွေကို support ပေးပြီး ၊ subtitle format တွေအနေနဲ့  .sub,  .srt နှစ်မျိုး ကို support ပေးပါတယ်။

Windows 8 Upgrade Assistant

သင့်ကွန်ပြူတာမှာ windows 8 ကို install မလုပ်ခင်မှာသင့်ကွန်ပြူတာရဲ့  hardware,applications အပြင် ကွန်ပြူတာနဲ့ တွဲဖက်အသုံးပြုနေတဲ့ printers,scanners,peripheral devices တွေဟာ windows 8 နဲ့  compatible ဖြစ်မဖြစ် သိရှိနိုင်အောင်ပြုလုပ်ပေးမယ့် microsoft ရဲ့ windows 8 upgrade assistant ပါ။ဒီ application ကို မ run ခင်မှာသင့် ရဲ့  printer,scanner စတဲ့ peripheral devices တွေကို ချိတ်ဆက်ထားဖို့ လိုပါတယ်။

How To Download Torrent Without Torrent Client

အရင်ဆောင်းပါးတစ်ခုမှာ What is torrent file ? and how to download it ဆိုတာရေးပေးခဲ့ပါတယ်။Torrent transfer ကိုတစ်ချို့  ISP တွေက throte(slow down) လုပ်ထားတဲ့အတွက် ဒေါင်းလုပ်လုပ်ရတာကြာတတ်ပါတယ်။နောက်ပြီး ကျွန်တော်တို့ ရဲ့ ကွန်နက်ရှင်နှေးခြင်း၊share ratio(seeder-leecher ratio) တွေအပေါ်မူတည်ပြီး ဒေါင်းလုပ်လုပ်ရတာကြာတတ်ပါတယ်။အခုတော့ torrent ဖိုင်တွေကို ဒေါင်းလုပ်ဆွဲပေးနိုင်တဲ့ online bittorrent client တွေအဖြစ်ပြုလုပ်ပေးနိုင်တဲ့ free web service တွေပေါ်လာပါပြီ။အဲဒီ web service တွေကို torrent ဖိုင်တွေကို အရင်ဒေါင်းလုပ်ဆွဲခိုင်းပြီး မှ ရလာတဲ့ဖိုင်ကို ကျွန်တော်တို့ ကြိုက်နှစ်သက်ရာ Download Managers တွေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။

Wednesday, November 28, 2012

What Is Torrent File? And How To Download It

Internet မှာဖိုင်တွေ ကို share လုပ်ဖို့ email, file hosting sites တွေကို အသုံးပြုကြပါတယ်။BitTorrent ဆိုတာကတော့အဲဒီနည်းတွေနဲ့ မတူတဲ့ peer-to-peer file sharing (p2p) နည်းပညာတစ်ခုပါ။ဖိုင်တွေကို အင်တာနက် ပေါ် upload လုပ်ပြီး share လုပ်တာမဟုတ်ဘဲ ကွန်ပြူတာတွေကနေ အခြားကွန်ပြူတာတွေဆီကို  တိုက်ရိုက် share လုပ်ပေးပါတယ်။တစ်ခြားနည်းတွေလို server တစ်ခုတည်းကနေပဲဒေါင်းလုပ်လုပ်စရာမလိုဘဲ bittorrent network အတွင်းမှာ အပြန်အလှန် file တွေ share လုပ်ပေးပါတယ်။

Free Download Nero 12 Platinum (12.0.02900) With Serial And Patch

1

Nero video,nero kwik media,nero burning rom,nero recode,nero backitup စတဲ့ applications တွေစုံလင်စွာပါရှိတဲ့ complete multimedia suite ပါ။အရင် versions တွေနဲ့ နှိုင်းယှဉ်ကြည့်ဖို့  compare versions page မှာဖတ်ရှုပါ။Nero video ဖြင့် video တွေကို edit လုပ်နိုင်ပါတယ်။video,music ,media ဖိုင်တွေအားလုံးကို nero kiwik media ကနေ ကြည့်ရှုနားဆင်နိုင်ပါတယ်။Nero burning rom ဖြင့် cd,dvd,blu-ray disc တွေကို burn ပေးနိုင်ပါတယ်။Nero recode ဖြင့် video and audio conversion တွေပြုလုပ်နိုင်ပါတယ်။Nero backitup ကတော့ သင့်ဖိုင်တွေကို live backup ပြုလုပ်ပေးနိုင်ပါတယ်။ Video tutorial and Manual တွေကို official nero website မှာလေ့လာနိုင်ပါတယ်။Windows 8 compatible ဖြစ်ပါတယ်။

Saturday, November 24, 2012

How To Install Windows From A USB Stick

1

USB stick ကနေ ၀င်းဒိုးတင်ဖို့ နည်းဝေမျှလိုက်ပါတယ်။ဒီနည်းက သင့်ကွန်ပြူတာမှာ cd/dvd drive မရှိလို့ ဘဲဖြစ်ဖြစ် ၊သယ်ယူရလွယ်ကူတဲ့ USB stick နှင့်သင့်သူငယ်ချင်းတွေဆီကနေ ၀င်းဒိုး ကူးယူလာပြီး အဲဒီ ကနေ ၀င်းဒိုးတင်ချင်လို့ ဘဲဖြစ်ဖြစ်အသုံးဝင်မှာပါ။ အဲဒီ အတွက်  Microsoft ရဲ့  Windows 7 USB/DVD Download Tool ကို အ သုံးပြုမှာပါ။ Windows 7 လို့ နာမည်တပ်ထားပေမယ့် windows 8 iso ဖိုင်တွေနဲ့ လည်းအလုပ်လုပ်နိုင်သလို windows xp, vista, 7  တို့ မှာ install လုပ်ပြီးအသုံးပြုနိုင်ပါတယ်။တစ်ခုသတိထားရမှာက အဲဒီ tool က သင့် USB stick ကို ဖော်မက် ချ မှာပါ။အဲဒီအတွက် USB stick ထဲက ဖိုင်တွေကို Backup လုပ်ထားပါ။သင် install လုပ်မယ့် ဝင်းဒိုး ရဲ့  iso ဖိုင်ကို လည်းဖန်တီးရပါမယ်။

Friday, November 23, 2012

SoundWire : Windows ကသီချင်းကို Android မှာနားထောင်မယ်။

1

Windows ကွန်ပြူတာကနေဖွင့်ထားတဲ့သီချင်းတွေကို android device တွေမှာနားထောင်လို့ ရအောင်ပြုလုပ်ပေးနိုင်တဲ့ SoundWire ပါ။ဒီလိုပြုလုပ်ဖို့ အတွက် ၀င်းဒိုး ကွန်ပြူတာမှာ soundwire server application ကို သွင်းရမှာဖြစ်ပြီး android device မှာတော့ SoundWire Full Version ကို သွင်း ထား ရ ပါ မယ်။  ပြီး ရင် ကွန် ပြူ တာ က နေ wifi လွှင့်ဖို့  Connectify လို ဆော့ဝဲကိုသုံးနိုင်ပါတယ်။

Applications တွေသွင်းပြီးရင် သင့်ကွန်ပြူတာကနေ wifi လွှင့်ပြီး android device မှာချိတ်ဆက်ထားပါ။ပြီးရင် ကွန်ပြူတာက soundwire server application ကိုဖွင့်ပါ။

2

Android device က soundwire application ကိုဖွင့်ပြီး server address နေရာမှာ soundwire server application က server address ကိုထည့်ပေးပြီး soundwire ပုံကိုနှိပ်ပေးပါ။ဒါဆိုရင်တော့ သင့်ကွန်ပြူတာက ဖွင့်တဲ့သီချင်းတွေကို android device မှာနားထောင်လို့ ရပါပြီ။

3

Download SoundWire Server Application(Windows) @  georgielabs.cjb.net/

Download SoundWire Full Version(Android) from Dropbox  (or)  mirrorcreator

Wednesday, November 21, 2012

How To Convert A Video Into GIF Animation Format

Video ဖိုင်တွေကို gif ဖိုင်အဖြစ်ပြောင်းချင်ရင်တော့ freeware တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။Video file တွေဖြစ်တဲ့ mp4,avi,mpeg,wmv စတဲ့ ဖိုင်တွေကို gif ဖိုင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ movie to animated gif converter ပါ။တစ်ခြား movie ဖိုင်တွေကိုအပေါ်ကဖိုင်ဖောက်မက် တွေအဖြစ်ပြောင်းလဲနိုင်ဖို့  Converters တွေလည်းတင်ပေးထားပါတယ်။Movie to animated gif converter ကဖိုင်ဆိုက်ကလည်း (70) kb ၀န်းကျင် သာရှိပြီးသေးငယ်ပြီးအသုံးပြုရတာလွယ်ကူတဲ့  အပြင် Install လုပ်စရာမလို တဲ့ portable အမျိုးအစားပါ။