


သင့် Android Phone မှာ နဂိုပါတဲ့ Stock Camera ထက်ကောင်းပြီး Feature တွေပိုမိုပါရှိတဲ့ Third-Party Camera Apps တွေများစွာရှိပါတယ်။ A Better Camera ဆိုတဲ့ Camera App အသစ်က Galaxy S4 မှာပါတဲ့ Camera Modes တွေတော်တော်များများပါရှိတာတွေ့ ရပါတယ်။ HDR, Panorama, Group Shot, Sequence Shot စတဲ့အဓိက Mode တွေပါရှိပါတယ်။
A Better Camera ရဲ့ သွင်ပြင်က ရိုးရှင်းပြီး အသုံးပြုရလွယ်ကူပါတယ်။ ပထမဆုံး အသုံးပြုရင် tutorial screen ကိုပြပေးမှာဖြစ်ပါတယ်။ပြီးရင်တော့ main interface ကိုရောက်သွားမှာဖြစ်ပြီး Auto-focus , flashlight , camera shooting modes , gallery launcher , အရှေ့  နဲ့ အနောက် ကင်မရာ တွေကို ပြောင်းနိုင်တဲ့ button, ဓါတ်ပုံရိုက်တဲ့ button စတာတွေကို တွေ့ ရမှာပါ။ အဲဒီ controls button တွေကို စနစ်တကျ စီထာပေးပြီး အလွယ်တကူအသုံးပြုနိုင်ပါတယ်။
ဓါတ်ပုံ ရိုက်ဖို့ အတွက် ရိုးရိုး ကင်မရာ ကအတိုင်းပဲ shooter button ကိုနှိပ်ပါ။ Mode တွေပြောင်းဖို့ အတွက် S button ကိုနှိပ်ရမှာပါ။
A Better Camera မှာ shooting modes (၁၂) မျိုးလောက်ပါရှိပါတယ်။ တစ်ချို့  တွေက Galaxy S4 ကင်မရာမှာပါတာတွေဖြစ်ပါတယ်။ Burst , Night , Object , Panorama, Self-Timer, HDR , Preshot ,Sequence , Single Shot, Expo , Video and Group Shot စတာတွေပါပါတယ်။ Object mode ကစိတ်ဝင်စားစရာကောင်းပြီး ရိုက်လိုက်တဲ့ ပုံက မလိုအပ်တဲ့ အရာဝတ္ထုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ Dynamic mode ကလည်း လှုပ်ရှားနေတဲ့ ပုံရိုပ်တွေကို အဆက်မပြတ် ဖမ်းယူပေးနိုင်ပါတယ်။
Group shot mode ကလည်း သူငယ်ချင်းတွေစုရိုက်တဲ့အခါမှာ အကောင်းဆုံး ပုံရရှိဖို့  ပုံတွေဆက်တိုက်ဖမ်းယူပေးနိုင်ပြီး ပုံအားလုံးကို ပေါင်းပြီး အကောင်းဆုံး ပုံတစ်ခုကို ပေါင်းစပ်ဖန်တီးပေးပါလိမ့်မယ်။ Panorama mode ကတော့ portrait mode နဲ့ ပဲရိုက်လို့ ရမှာဖြစ်ပြီး ဖုန်းကိုဒေါင်လိုက်ထောင်ရိုက်ရမှာပါ။ ကင်မရာနဲ့ မဆန့် တဲ့ မြင်ကွင်းကို အပြည့်လိုချင်တဲ့အခါမှာ သုံးနိုင်ပါတယ်။ မြင်ကွင်းရဲ့ ပထမ အပိုင်းကို အရင်ရိုက်ပါ။ နောက်ကျန်တဲ့ အပိုင်းကို ထပ်ရိုက်ပြီး ပုံနှစ်ခုကို ဆက်ပေးနိုင်တဲ့အတွက် လိုချင်တဲ့ မြင်ကွင်းကို အပြည့်အ၀ ရိုက်နိုင်ပါတယ်။
Settings ထဲမှာတော့ customize လုပ်နိုင်တဲ့ options တွေအများကြီးရှိပြီး General , Viewfinder Settings ထဲမှာ shooter sound ကို ပိတ်ပေးဖို့ ၊ ပုံအရွယ်အစားကို ပြောင်းဖို့  စတာတွေလုပ်နိုင်ပါတယ်။
A Better Camera က သင့် Android Phone မှာပါတဲ့ Stock Camera App ထက်ပိုကောင်းတဲ့ Features တွေပါရှိတဲ့အတွက် မြည်းစမ်းအသုံးပြုကြည့်စေချင်ပါတယ်။
Download A Better Camera from Play Store or Dropbox



နာမည်ကြီး Ad Blocker တစ်ခုဖြစ်တဲ့ Adblock Plus က Facebook ရဲ့ ကြော်ညာတွေကို ဖျောက်ပေးမယ့် Features အသစ်တွေကို ပြုလုပ်ပေးလိုက်ပါပြီ။ Facebook က မကြာမီက News Feed မှာ Video ကြော်ညာတွေကိုထည့်သွင်းမယ်လို့ ကြေညာထားပါတယ်။နောက်ပြီးအဲဒီ Video ကြော်ညာတွေက Auto Play ဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းတဲ့ ကျွန်တော်တို့ နိုင်ငံက Facebook User တွေအတွက်တော့ တော်တော်စိတ်ပျက်စရာကောင်းမှာပါ။ Video ကြော်ညာတွေကတော့ အခုထိပြုလုပ်ခြင်းမရှိသေးပါဘူး။ Video ကြော်ညာတွေထည့်သွင်းလာရင်လည်း Adblock Plus ကိုပဲအားကိုးရမယ်လို့ ထင်ပါတယ်။ အခုလည်း Adblock Plus က Facebook ရဲ့ News Feed , Sidebar တို့ မှာတွေ့ ရတဲ့ ကြော်ညာတွေသာမကဘဲ Sponsored Stories, Promoted Posts တွေကိုပါဖျောက်ပေးနိုင်မယ့် Features အသစ်တွေကို ပြုလုပ်ပေးလိုက်ပါပြီ။ News Feed မှာတွေ့ ရတတ်တဲ့ “entertainment pages you may like” , Sidebar မှာတွေ့ ရတတ်တဲ့ “nearby places” , “rate movies” စတာတွေကို ဖျောက်ပေးမယ့် Features အသစ်တွေဖြစ်ပါတယ်။
Options သုံးခုရှိပြီး Everything Option ကတော့ အောက်က အရာတွေအားလုံးကိုဖျောက်ပေးမှာပါ။
ကျန်တဲ့ Options နှစ်ခုကတော့ Sidebar နဲ့  Newsfeed က မမြင်ချင်တဲ့အရာတွေကိုဖျောက်ပေးမှာပါ။ အဲဒီ Feature တွေကိုအသုံးပြုဖို့  အတွက် Adblock Plus extension ကိုအရင် အင်စတောလုပ်ထားရမှာဖြစ်ပါတယ်။ပြီးရင်တော့ ဒီ Page ကိုသွားပြီး Options သုံးခုထဲက နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။
Adblock Plus ကိုသုံးပြီး ကြော်ညာတွေကို မဖျောက်မီက ပုံနဲ့ Adblock Plus ကိုသုံးပြီး ကြော်ညာတွေကို မတွေ့ ရတော့တဲ့ပုံနှစ်ပုံကို အောက်မှာ နှိုင်းယှဉ်ကြည့်ပါ။

