Tuesday, November 10, 2015

iCloud Account အား Password မလိုပဲ Delete လုပ်နည်း။ ( Only for Jailbroken Device) ( Tested on iOS 9- 9.0.2 )






ကဲ iDevice Users တွေအတွက် Jailbreak ပြု လုပ်ထားသူတွေအတွက်နှစ်သက်စေမယ်ထင်ပါ တယ်။ Apple မှာ iCloud Account ကြောင့်စိတ် ညစ်ရနေသူတွေရှိကြမှာပါ။ ဆိုင်တွေမှာ Jailbreak လုပ်ပြီး iCloud မှာအခြားသူအ ကောင့်ဖြစ်နေတာတွေ။ မိမိအကောင့် password မေ့နေလို့ Delete လုပ်လို့
မရတာတွေအတွက် အဆင်ပြေကြမယ်ထင်မိပါတယ်။ ၁)မိမိ iDevice သည် Jailbroken ဖြစ်ရပါမည်။ ၂)Cydia မှ iFile Tweak ကိုအင်စတောလိုက်ပါ။ ၃)iFile ထဲဝင်ပြီးအောက်ပါလမ်းကြောင်းထဲသွား
 ပြီး Delete လုပ်ပါမည်။ iFile > var > mobile > Library > account ဖိုဒါထဲတွင်ရှိသောဖိုင် ၃ ခုကို Delete လုပ်ပါ။ ၄)iFile ထဲမှနောက်လမ်းကြောင်းတခုသို့ဝင်းပြီး delete ထပ်မံပြုလုပ်ပေးရန်လိုအပ်ပါ
သည်။ iFile > var > mobile > Library > configurationProfiles > ClirntTruth.plist ဆိုတာကို configurationProfile ဖိုဒါထဲဝင် ပါကတွေ့ရပြီး သူ့ကို delete လုပ်ပြီး iDevice ကို
reboot or power off / on ချပေးလိုက်ပါ။ iDevice ပြန်ပွင့်လာပါက setting > iCloud တွင်
 User Account မရှိတာကိုမြင်တွေ့ရမှာဖြစ် ပါတယ်။ Jailbroken Devices တွေအဆင်ပြေ ကြပါစေ။
 ( Non-Jailbroken Devices တွေ တော့မသိပါ) မှတ်ချက်။ ။ iCloud Account delete မလုပ်ခင်
 က setting > mail, calendar, contact ထဲတွင် ထည့်ထားသော mail များကို icloud account delete လုပ်ပြီးချိန်တွင် ပြန်ထည့်ပေးပြီးမိမိ mail account ထဲမှ contact, note အစရှိတာတွေကို ပြန်ဖွင့်ပေးရန်
လိုအပ်ပါသည်။
ref:iOS Knowledge Bank.MM
အဆင်ပြေပါစေ..

Monday, November 9, 2015

လီကွမ်းယု (နားဝင်မချိုတဲ့ အမှန်တရားများ) ဘာသာပြန်စာအုပ်ဖြစ်ပါတယ်...



Download - Download 1
Download - Download 2
Credit: စာအုပ်စာပေ လူ့မိတ်ဆွေ

အဆင်ပြေပါစေ..

"MMNearBy App (Beta Version) ကို အခမဲ့ ရယူနိုင်"



မိမိတည်နေရာပေါ်မူတည်၍ အနီးအနားရှိ အေတီအမ်စက်၊ ဆေးခန်း၊ ကဖေး၊ ရဲစခန်း၊ ဈေးဝယ်စင်တာစသည်တို့၏ နေရာကို မြေပုံပေါ်တွင် ရှာဖွေသကဲ့သို့ မိုဘိုင်းဖုန်းမှ ရှာဖွေနိုင်မည့် MMNearBy (မြန်မာ့အနီးအနား) မိုဘိုင်းဖုန်း လမ်းညွှန် Application ကို အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။

"App ကတော့ မိုဘိုင်းဖုန်း လမ်းညွှန်ပုံစံ ပြည်တွင်းက Developer တွေနဲ့ ရေးထားတာပါ။ ဖုန်းကနေပဲ ကိုယ်သွားချင်တဲ့ နေရာတော်တော် များများကို မြေပုံပေါ်မှာ ကြည့်သလိုမျိုး ရှာဖွေနိုင်မှာပါ။ ဖုန်းရဲ့ Location-Based ကို အခြေခံ ဖန်တီးထားသည့် Appဖြစ်လို့ သုံးတဲ့အချိန်မှာ ဖုန်းမှာ အင်တာနက် ဖွင့်ထားမှရမှာပါ။ GPS စနစ်ထောက်ပံ့ ပါဝင်တဲ့ ဘယ်ဖုန်းမှာမဆို အသုံး ပြုနိုင်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ကိုယ်ရှာချင်တဲ့နေရာတွေ မြန်မာလို ရှာဖွေနိုင်မှာဖြစ်ပါတယ်" ဟု Myanmar Digital မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

App ၏ ဖိုင်အရွယ်အစား 10.8MB ရှိမည်ဖြစ်ပြီး Android OS v4.0 နှင့်အထက် စမတ်ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုသည့်သုံးစွဲသူ ပမာဏပေါ် မူတည်၍ iOS version ၊ Windows Phone version ၊ Blackberry Version များကိုလည်း ထပ်မံ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ App အား အသုံးပြုလိုသူများ အနေဖြင့် http://www.mmnearby.com/app.apk တွင် ရယူနိုင်မည်ဖြစ်သည်။

http://www.internetjournal.media/news/4719
အဆင်ပြေပါစေ..

Sunday, November 1, 2015

အိမ်တွင်း ထိန်းသိမ်းရေး နည်းအသွယ်သွယ်


အိမ်တွေကို သေချာ ရှာဝယ်ရတာ ခက်သလို ထိန်းသိမ်းရန်လည်း ခက်ပါတယ်။ အထူးသဖြင့် ရန်ကုန်လို စည်ကားတဲ့ မြို့ကြီးမှာ အိမ် ကောင်းကောင်း ထိန်းသိမ်းနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒီတော့ နည်းလမ်းလေးများ မျှဝေ ပါရစေ။ wikihow မှာလည်း ဖတ်နိုင်ပါတယ်။ 

၁။ ကြမ်းပြင်ပေါ်ကို စွန်းထင်းစေတက်တဲ့ အရည်တွေဖိတ်ကျသွားရင်
သတင်းစာနဲ့ အရင်အုပ်ထားပါ ပြီးမှာ ရေမြုပ်နဲ့ ဖြည်းဖြည်းစီ သုတ်ပေးပါ။

Tuesday, July 28, 2015

အိမ်ခြံမြေ ဈေးကွက်ကို လေ့လာနိုင်မယ့် Application



အိမ်ခြံမြေ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြင် မြန်မာပြည် မြို့ကြီးများမှာ ရရှိနိုင်တဲ့ အိမ် ၊ ခြံ ၊ မြေ ၊ တိုက်ခန်း များကို စုစည်းဖော်ပြထားတဲ့ Application ဖြစ်ပါတယ်။

Wednesday, June 10, 2015

Viber update Version & Line update Version 6.10.15


==========================================



IOS 9 တွင် ပါဝင်လာမည့် အကောင်းဆုံး FEATURE သစ် (၅) မျိုး

Apple သည် တနင်္လာနေ့က ကျင်းပခဲ့သော WWDC 2015 တွင် နှစ်ကုန်ပိုင်း၌ မျိုးဆက်သစ် iPhone များနှင့်အတူ ဖြန့်ချိမည့် iOS ဗားရှင်းသစ်ကို ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။ ၎င်းဗားရှင်းကို ယနေ့မှစတင်ကာ developer account တစ်ခုရှိသူတိုင်း စတင်သုံးစွဲနိုင်ပြီ ဖြစ်သည်။

iOS 9 တွင် Apple က feature သစ်များကို ထည့်သွင်းပေးခဲ့ပြီး ၎င်းအနက် အကောင်းဆုံး feature သစ် (၅) မျိုးကို ဖော်ပြလိုက်ပါသည်။

(၁) ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားသည့် Siri

Siri သည် iOS 8 တွင် ပိုမိုကောင်းမွန်လာခဲ့သော်လည်း iOS 9 တွင် အပြောင်းအလဲများ ထပ်မံ ပြုလုပ်ထားသည်။ iOS 9 တွင် ပါဝင်သည့် Siri တွင် Apple က Proactive Assistant feature သစ်ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် Google Now နှင့် ဆင်တူပြီး သုံးစွဲသူမှ မည်သည့် လုပ်ဆောင်ချက်များ ပြုလုပ်ရန် မလိုဘဲ အချက်အလက်များ ဖော်ပြပေးမည် ဖြစ်သည်။

ဥပမာ အနေဖြင့် Siri ၏ Proactive Assistant feature သစ်သည် ယခင် သုံးစွဲမှုများနှင့် နေ့တစ်နေ့၏ အချိန်အပေါ်တွင်မူတည်ကာ app များကို ဖွင့်ပေးမည် ဖြစ်သည်။ အကြံပြုဖော်ပြပေးမည့် app ကို lock screen ၏ ဘယ်ဘက်အောက်ထောင့်နားနှင့် iOS 9 ၏ Spotlight search page သစ်တွင် တွေ့ရမည် ဖြစ်သည်။

ထို့အပြင် email ကိုကြည့်နေချိန် Siri ကိုဖွင့်ပြီး “remind me about this later” ဟု ပြောကြားသည့်အခါ Siri က သက်ဆိုင်ရာ email ကို ဖွင့်ပေးရန်အတွက် reminder တစ်ခု ဖန်တီးပေးမည် ဖြစ်သည်။

Proactive Assistant သည် invitation များနှင့် event များကိုလည်း Calendar app တွင် အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

သို့သော်လည်း Google Now ကဲ့သို့ အချက်အလက်များကို Apple server များတွင် သိမ်းဆည်းထားမည် မဟုတ်သလို third party များထံသို့လည်း ဝေမျှပေးမည် မဟုတ်ကြောင်း Apple မှ ဆိုခဲ့သည်။

(၂) Apple Pay အဆင့်မြှင့်တင်မှုများ

Apple Pay ကို Discover card များနှင့် စတင်အသုံးပြုနိုင်ပြီး ၎င်းငွေပေးချေမှုစနစ်ကို ယခုနှစ်အတွင်း Trader Joe’s နှင့် Baskin Robbins ကဲ့သို့သော နာမည်ကျော်ဆိုင်များ၌ စတင်လက်ခံသွားမည် ဖြစ်သည်။ ထို့အပြင် Apple သည် အသေးစား စီးပွားရေးလုပ်ငန်းများတွင် သုံးနိုင်မည့် Apple Pay သုံးနိုင်သော card reader သစ်များကို မိတ်ဆက်ရန် Square နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

(၃) Apple iOS app များကို အဆင့်မြှင်တင်ထားခြင်း

Notes app တွင် toolbar တစ်ခုနှင့် built-in check list အထောက်အပံ့ ပါဝင်လာသည်။ ထို့အပြင် Camera app နှင့် camera roll အသုံးပြုခြင်းကို ထောက်ပံ့ပေးထားသောကြောင့် ဓာတ်ပုံများကို ထည့်သွင်းနိုင်ပြီး drawing support ကိုလည်း ၎င်း app တွင် ထောက်ပံ့ပေးထားသည်။ iCloud က iOS နှင့် Mac ထုတ်ကုန်များမှ အရာမှန်သမျှကို sync လုပ်ပေးမည် ဖြစ်သည်။

Apple Maps app တွင်လည်း မြေပုံအသစ်များနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အချက်အလက်များကို ထောက်ပံ့ပေးထားသည်။ သုံးစွဲသူတစ်ဦးက ဘူတာတစ်ခု သို့မဟုတ် မှတ်တိုင်တစ်ခုကို နှိပ်လိုက်သည့်အခါ ကား/ရထား ထွက်ခွာမည့်အချိန်၊ နောက်ကျမည့် အချိန်နှင့် အခြားအချက်အလက်များကို ရရှိနိုင်မည် ဖြစ်သည်။ Transit feature ကို မြို့ ၁၀ မြို့တွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

ဆက်လက်ပြီး Apple က News ဟုခေါ်သည့် app အသစ်ကို iOS 9 တွင် မိတ်ဆက်ပေးခဲ့သည်။ အဆို app သစ်တွင် ရင်းမြစ်အများအပြားမှ သတင်းများကို လှပသည့် interactive user interface ဖြင့် ဖတ်ရှုနိုင်မည် ဖြစ်သည်။

(၄) iPad multitasking

iPad တွင် iOS 9 ကို အသုံးပြုသည့်အခါ app switcher သစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် app သစ်များကို screen ပေါ်တွင် slide လုပ်ကာ သုံးနိုင်သလို split view ဖြင့်လည်း screen ပေါ်တွင် app အများအပြားကို တစ်ပြိုင်နက် သုံးနိုင်မည် ဖြစ်သည်။ Picture-in-picture feature ကလည်း မည်သည့် app အပေါ်တွင်မဆို video တစ်ခု၏ thumbnail ကို တင်ကာ ကြည့်နိုင်မည် ဖြစ်သည်။

(၅) Low Power Mode

၎င်း feature သစ်ကို enable လုပ်ထားသည့်အခါ ဘက်ထရီသက်တမ်းကို နောက်ထပ် ၃ နာရီအထိ တိုးမြှင့် သုံးစွဲနိုင်မည် ဖြစ်သည်။

Ref: BGR
ref : internet journal