Friday, March 29, 2013
WinX HD Video Converter Deluxe 3.12.6 [Giveaway]
1
Windows Uninstaller : Tool To Uninstall Windows From Dual-Boot
ashampoo 01
Windows 7 နဲ့ Windows 8 ကို Dual-Boot လုပ်နည်းကို ရေးပေးပြီးပါပြီ။နောက်ပြီး Dual-Boot ကနေ Windows 8 ကို uninstall လုပ်နည်းကိုလည်းရေးပေးပြီးပါပြီ။Dual-Boot ကနေ မလို ချင်တဲ့ ၀င်းဒိုးတွေကို ပြန်ဖြုတ်ရတာ လုပ်ရတဲ့ အဆင့်တွေ များပါတယ်။Windows Uninstaller ဆိုတဲ့ ဆော့ဝဲက လွယ်လွယ်ကူကူနဲ့  Dual-Boot သုံးနေတဲ့ ကွန်ပြူတာက Windows (Vista, Windows 7, and Windows 8 only) တွေကို လွယ်လွယ်ကူကူ Uninstall လုပ်ပေးနိုင်ပါတယ်။
Thursday, March 28, 2013
Ad-Aware Pro Security 10.5 [Giveaway][လိုင်စင်အမှန်တစ်ခုအလကားပေးမည်။]
adawaregiveaway
Lavasoft ရဲ့  Ad-Aware Pro Security  One PC For One Year လိုင်စင် အမှန်တစ်ခု တစ်ယောက် သောသူ ကို အလကားကံစမ်းမဲဖေါက်ပေးပါမည်။ ဒီဆော့ဝဲရဲ  လိုင်စင်က (36 $) တန်ဖိုးရှိပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာ များသောအားဖြင့်ဆော့ဝဲတွေ Antivirus တွေ ကိုဝယ်သုံးနေကြတာမဟုတ်ပါဘူး။Cracker,Keygen,Patch  စတာတွေ နဲ့ full version ဖြစ်အောင်လုပ်ပြီးသုံးနေကြတာပါ။Antivirus တွေ ဆိုရင် လည်း လိုင်စင် တွေကို share လုပ်ပြီးသုံးနေကြတာပါ။အခုနောက်ပိုင်း Antivirus တွေ ဟာ virus definition ကို update လုပ်တဲ့ အချိန်မှာ လိုင်စင် တွေကို စစ်ဆေးပြီး block လုပ်တတ်ကြပါတယ်။အဲဒီအတွက် Antivirus တွေ ကို လိုင်စင် share လုပ်ပြီးသုံးရတာ အဆင်မပြေပါဘူး။ကျွန်တော် ကိုယ်တိုင်လည်း Antivirus လိုင်စင်တွေ block လုပ်ခံရတာကြောင့်စိတ်ညစ်ပြီး အွန်လိုင်းမှာ လိုင်စင် အမှန်တွေ အလကားပေးတဲ့ ဆိုက်တွေ ကို လိုက် ရှာ ပြီးသုံးနေတာ တော် တော် အဆင်ပြေနေပြီးစိတ်ချမ်းသာပါတယ်။ Antivirus လိုင်စင် အမှန် သုံးချင်သူတွေ အတွက် ကျွန်တော် ကံစမ်းမဲ ပေါက်ထားတဲ့ Ad-Aware Pro Security ကွန်ပြူတာတစ်လုံးအတွက် တစ်နှစ်စာအသုံးပြုခွင့်လိုင်စင် တစ်ခု ကို တစ်ယောက်သောသူကို အလကားပေးပါမယ်။
Elcomsoft Wireless Security Auditor Pro 5.1.271 Full Version
1
Wireless Network တွေ ရဲ့ password တွေကို ရှာဖွေ ဖော်ထုတ်ပေးနိုင်ပါတယ်။တစ်နည်းအားဖြင့် သင့် network ရဲ့ password ကို လည်း ဘယ်လောက် လုံခြုံ လဲဆို တာ စမ်းသပ်နိုင်ပါတယ်။Brute-force attack,dictionary attack,word attack,mask attack,combination attack,hybrid attack စတဲ့ နည်း တွေ စုံလင်စွာ ပါရှိပါတယ်။http://www.elcomsoft.com/ewsa.html မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
Wednesday, March 27, 2013
Google Keep : Notes & To-Do Lists For Web & Android
ashampoo 01
Google က  မှတ်စုမှတ် နိုင်တဲ့ service တစ်ခု ဖြစ်တဲ့ Google Keep ကို စတင်ဝန်ဆောင်မှုပေးလိုက်ပါပြီ။သင့်မှာ Google account တစ်ခု ရှိရင် Google Keep ကို သုံးနိုင်ပါတယ်။Text တွေ အပြင် image,voice တွေကို ပါ မှတ်စုမှတ်နိုင်ပါတယ်။သင့် android phone ကနေ Google Keep ကို အသုံးပြုနိုင်ဖို့  android application ကို ပါ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Web Service နဲ့  android application နှစ်ခု မှာ မှတ်ထားတဲ့ notes တွေကို sync လုပ်နိုင်ပါတယ်။
Tuesday, March 26, 2013
CyberLink PowerDVD Ultra 12 Full Version
1
Features တွေ များစွာ ပါရှိတဲ့ DVD player တစ်ခု ပါ။Blu-ray and DVD movies တွေကို HD,3d quality နဲ့ ကြည့်ရှုနိုင်ပါတယ်။Facebook, YouTube, and Flickr စတဲ့ social sites တွေကို power dvd ကနေပဲ ကြည့်ရှုနိုင်ပါတယ်။သင့်ကွန်ပြူတာ က video,music ,photo ဖိုင်တွေကို  organize လုပ်ပေးနိုင်ပြီး power dvd က နေကြည့်ရှုနားဆင်နိုင်ပါတယ်။iPhone, iPad, Android phone and tablet တွေမှာ အသုံးပြုလို့ ရမယ့်  ဖောက်မက်တွေကို ပြောင်းလဲပေးနိုင်တဲ့  video converter ပါရှိပါတယ်။Windows 8 မှာ အသုံးပြုနိုင်ပါတယ်။Feature အပြည့်အစုံကို Official Site မှာ ကြည့်ရှုနိုင်ပါတယ်။
Monday, March 25, 2013
Chris TV Online 8.60 Premium With Serial
1
ကမ္ဘာ တစ်ဝန်း က Premium TV Channels တွေကို ကြည့်ရှုနိုင်ပါတယ်။Movies, TV Shows,Radio Stations တွေကို ဖမ်းယူကြည့်ရှုနိုင်ပြီး record လုပ်နိုင်ပါတယ်။Expat Internet Browser ပါရှိပြီး Hulu.com, Netflix.com, BBC iPlayer, ITV Player စတဲ့ ၀က်ဆိုက်တွေကို လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အသေးစိတ်ကို http://online.chris-tv.com/ မှာလေ့လာနိုင်ပါတယ်။
Book Collector Pro 9.1 With Crack
1
သင့်ကွန်ပြူတာက Ebook တွေကို organize လုပ်ပေးနိုင်တဲ့ ဆော့ဝဲ တစ်ခုပါ။ .rft, .lit, .pdf, .djvu, .epub, .txt စတဲ့ ဖိုင်ဖော်မက်တွေအပြင် တစ်ခြား book file တွေကို  auto collect လုပ်ပေးနိုင်ပါတယ်။Ebook တွေကို edit လုပ်နိုင်ပါတယ်။Cover Image တွေကို လည်း ရွေးချယ်ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Ebook တွေကို sync လုပ်နိုင်ပြီး share လည်းလုပ်နိုင်ပါတယ်။Book Collector ရဲ့ feature တွေကို ထပ်ဖြည့်ပေးနိုင်တဲ့ Add-on တွေ လည်း ရှိပါသေးတယ်Book Collector ရဲ့ features တွေကအများကြီးပါ။အသေးစိတ်ကို http://www.collectorz.com/book/ မှာ လေ့လာပါ။