Saturday, September 8, 2012
Widgets
How To Install Windows 7 On VirtualBox
အရင်  ဆောင်း  ပါး တစ် ခု မှာ   VirtualBox   အ  ကြောင်း  ကို  ရေး ခဲ့ပြီး ပါပြီ။   အ ခု  တစ်  ခါ   virtualbox   မှာ  windows  7  ကို ဘယ်လို  Install လုပ်ရတယ်ဆိုတာပြောပြမှာပါ။  အခုဆောင်းပါးမှာ  VirtualBox 4.1.20-80170 (windows) version ကို အခြေခံပြီးရှင်းပြမှာဖြစ်တဲ့အတွက်တစ်ခြားversion များအသုံးပြုသူများအတွက် အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။VirtualBox 4.1.20-80170(windows) ကို လိုချင်ရင်တော့ ဒီမှာ download(or)download ရယူပါ။  ကျွန်တော့်   host os က  windows  7  ultimate (64) ပါ။ အဲဒီမှာ guest os windows 7 ultimate(64) ကို virtualbox မှာ install လုပ်နည်းကို ဆက်ပြောပါမယ်။
VirtualBox ကို ဖွင့်လိုက်တာနဲ့  VirtualBox Manager ပေါ်လာမှာပါ။အဲဒီကနေ virtual machine တစ်ခုကို install လုပ်ဖို့ new ကို နှိပ်ပါ။
1
Welcome to the New Virtual Machine wizard မှာ next ကို နှိပ်ပါ။
2
3
ဒီအဆင့်မှာတော့သင့် guest os အတွက် memory (ram) ကို ရွေးပေးရမှာပါ။ များများပေးရင်သင့် guest os ကမြန်မြန် အလုပ်လုပ်မှာပါ။ဒါပေမယ့် guest os run နေတဲ့အချိန်မှာတော့ host os က အဲဒီ memory ကိုအသုံးမပြုနိုင်ပါဘူး။ကျွန်တော်ကတော့ software အနည်းငယ်စမ်းသပ်အသုံးပြုဖို့ ရည်ရွယ်ပြီး ကျွန်တော့် ram က 4gb ရှိတဲ့အတွက် 1gb ပေးပါတယ်။
4
နောက်အဆင့်မှာတော့ Virtual Hard Disk တစ်ခုတည်ဆောက်ရမှာပါ။Start-up disk , create new hard disk ကို အမှန်ခြစ်ပေးပြီး next နှိပ်ပါ။
5
ဒီအဆင့်မှာ VDI(virtual disk image) ကိုပဲရွေးပြီး next နှိပ်ပါ။
6
ဒီအဆင့်မှာ တော့   Dynamically   allocated   (or)   Fixed   size   option နှစ်ခုထဲက  တစ်ခုရွေးရမှာပါ။  Dynamically   allocated ဆိုတာကိုရွေးပြီး နောက်အဆင့်မှာ 30 gb ပေးပြီး တကယ်အသုံးပြုတာ 10 gb ဆိုပါစို့ လွတ်နေတဲ့ 20 gb ကို သင့် host os ကသုံးနိုင်ပါတယ်။ Fixed size ကိုရွေးရင်တော့ အသေပေးထားတာဖြစ်တဲ့အတွက် နေရာလွတ်တွေကို သင့်  host os ကမသုံးနိုင်ပါဘူး။ဒီမှာတော့   Dynamically   allocated ကိုရွေးပြီး next နှိပ်ပါ။ပြီးရင် virtual   disk  location  and  size  ကိုသတ်မှတ်ပေးရမှာပါ။ Location   က တော့ ပြောင်း စ ရာ မ လို ပါ ဘူး ။  Size  က တော့  dynamically   allocated ကိုရွေးထားတဲ့အတွက်များများပေးလည်းပြဿနာမရှိပါဘူး။ပိုနေတဲ့နေရာတွေကိုသင့် host os ကအသုံးပြုနိုင်ပါတယ်။ ကျွန်တော်ကတော့ software အနည်းငယ်စမ်းသပ်သုံးဖို့ ရည်ရွယ်တဲ့အတွက် 30 gb ပေးပါတယ်။
7
ပြီးရင် create ကိုနှိပ်ပါ။ဒါဆိုရင်သင်  virtual machine တစ်ခုကို ဖန်တီးပြီးပါပြီ။Virtual machine ကို ရွေးပြီး start ကိုနှိပ်ပါ။
8
First run wizard ပေါ်လာရင် next နှိပ်ပြီး နောက် တစ်ဆင့်မှာလည်း select installation media မှာ cd/dvd နဲ့  install လုပ်မှာဖြစ်တဲ့အတွက် Host drive E  ကိုရွေးပြီး  next  နှိပ်ပါ။နောက်အဆင့်မှာ  windows 7 (64)  အခွေကိုထည့်ပြီး start ကိုနှိပ်ပါ။အခုဆိုရင် virtual machine မှာ windows 7 ကို install လုပ်ပါပြီ။ Windows 7 installation wizard အတိုင်းဆက်လုပ်ပါ။ဒါပြီးရင်တော့ virtual machine တစ်ခု ကို အောင်အောင်မြင်မြင် ဖန်တီးပြီးပါပြီ။ဒါပေမယ့် အရေးကြီးတာတစ်ခုကျန်ပါသေးတယ်။
Guest addition
Guest   addition   ဆိုတာ  virtual   machine  ပိုမို  ကောင်း  မွန် အောင် အ လုပ်လုပ်ဖို့  ထပ်ဖြည့်ထားတဲ့ system  application , driver စတာတွေပါ။သင်သတိထားမိရင် သင့် virtual machine window ပေါ်မှာ mouse pointer ဟာအလုပ်ကောင်းကောင်းမလုပ်ပါဘူး။အဲဒီအတွက် guest addition ကို install လုပ်ရမှာပါ။Guest addition support ပေးနိုင်တဲ့ feature အများကြီး ထဲကမှ နောက်အရေးကြီးတဲ့ feature ကတော့ shared folder ပါ။သင့် host os ကဖိုင်  တွေ  ၊ဖိုဒါ  တွေ ကို guest  os  ကအသုံးပြုနိုင်ဖို့  shared folder တည်ဆောက်ပြီးအသုံးပြုရမှာပါ။Guest addition ကို safe mode မှာ install လုပ်ခိုင်းတဲ့အတွက် virtual machine ကို shut down လုပ်ပါ။Shut down လုပ်ပြီးရင် virtual machine ကို ရွေးပြီး Setting အောက်က display ကိုရွေးပြီး video memory ကို 30 mb တိုးပေးပြီး Enable  3d  acceleration , enable 2d video acceleration ကို အမှန်ခြစ်ပေးပါ။သင့် guest os ရဲ့  video performance ပိုကောင်းအောင်ပါ။ပြီးရင် virtual machine ကို start လုပ်ပြီး F8 ကို နှိပ်ပြီး safe mode နဲ့ ဝင်ပါ။ပြီးရင် device menu အောက်က install guest addition ကို နှိပ်ရင် guest addition installation wizard ပေါ်လာပါလိမ့်မယ်။မပေါ်ရင်တော့ my computer အောက်က D အောက်မှာ guest addition application (64) ကို run ပြီး install လုပ်ပါ။ပြီးရင် reboot လုပ်ပေးပါ။
10
Shared Folder
Guest addition ကို သွင်းပြီးရင် shared folder သုံးလို့ ရပါပြီ။အဲဒီအတွက် သင့် host os မှာ shared folder တစ်ခု တည်ဆောက်ပါ။ပြီးရင် Virtualbox manager window မှာ virtual machine ကို ရွေးပြီး shared folder ကိုနှိပ်ပါ။ပြီးရင် add shared folder button ကိုနှိပ်ပြီး other ကိုရွေးပြီး shared folder ကိုရွေးပါ။ပြီးရင် auto mount,make permanent ကို အမှန်ခြစ်ပေးပြီး ဆက်လုပ်ပါ။
9
Guest os က windows explorer ကိုဖွင့်ပြီး network အောက်မှာ shared folder ပေါ်မပေါ် ကြည့်ပါ။ shared folder turn off message ပေါ်လာရင် turn on လုပ်ပေးပါ။ဒါဆိုရင် network အောက်မှာ shared folder ပေါ်လာပါပြီ။အခုဆိုရင် windows 7 host os မှာ windows 7 guest os တစ်ခုအောင်အောင်မြင်မြင် install လုပ်ပြီးပါပြီ။
0 comments:
Post a Comment