သင့် အကြိုက်ဆုံး ဆိုက် တွေက သတင်းတွေ ၊ဆောင်းပါး တွေကို ဆိုက်တွေကို သွား ပြီး လိုက်ဖတ်ရတာ အချိန်ကုန်ပါတယ်။အဲဒီအစားအဲဒီဆိုက်တွေကဆောင်းပါးအသစ်တင်တိုင်း၊သတင်းအသစ်တင်တိုင်းသင့်ဆီ အီးမေးပို့ ပေးရင်ဘယ်လောက်အဆင်ပြေမလဲ?သင့်အကြိုက်ဆုံး ဆိုက်တွေက ဆောင်းပါးအသစ်တွေ၊သတင်းအသစ်တွေတင်တိုင်းသင့်ဆီ အီးမေး အလိုလို ရောက် အောင် ယူလို့ ရတဲ့ service ကို email subscribe လို့ ခေါ်ပါတယ်။အဲဒီအကြောင်းကို တော်တော်များများသိပါတယ်။ဒါပေမယ့်မသိတဲ့သူတွေတွေ့ ရလို့ ဒီကြောင်းရေးပါဆို လို့ ရေးပေးတာပါ။
ကျွန်တော့်ရဲ့ ဘလော့မှာတော့ Subscribe Via Email လို့ ရေးထားပါတယ်။တစ်ခြားဆိုက်တွေမှာတော့Get the best articles in your email for free. Access Exclusives. Over 400,000 subscribers! စသဖြင့်အမျိုးမျိုး ရေးကြပါတယ်။တစ်ချို့ မြန်မာဆိုက်တွေမှာလည်း ဆောင်းပါးအသစ်တင်တိုင်းအီးမေးပို့ ပေးပါမည်။ စသဖြင့်အမျိုးမျိုးရေးကြပါတယ်။ဆိုက်တိုင်းမှာ email subscribe လုပ်နိုင်ဖို့ လုပ်ပေးထားပါတယ်။
ပုံမှာပြထားတဲ့နေရာမျိုးမှာ သင့်အီးမေးကို ရိုက်ထည့်ပေးပြီး submit, subscribe ကိုနှိပ်ပါ။ပြီးရင် google feedburner service သုံးထားတဲ့ဆိုက်တွေဆိုရင်တော့အောက်ကပုံလိုပေါ်လာပါလိမ့်မယ်။
spam ,bot တွေဖြစ်မှာစိုးတဲ့အတွက် သင်အမှန်တကယ်လူဖြစ်ကြောင်းသက်သေပြဖို့ အတွက် ပြထားတဲ့စာတွေရိုက်ထည့်ပေးပြီး Complete Subscription Request ကိုနှိပ်ပေးပါ။
ပြီးရင်တော့ သင့်အီးမေးဆီ verification message တစ်စောင်ပို့ လိုက်ပြီး အဲဒီအီးမေးကလင့်ကိုနှိပ်ပြီး activate လုပ်ပေးဖို့ ၊ inbox မှာမတွေ့ ရင် spam/bulk folder မှာ ကြည့်ဖို့  message box ပေါ်လာပါလိမ့်မယ်။အီးမေးပိုင်ရှင် အစစ် အမှန်ဖြစ်ကြောင်းသက်သေပြရတဲ့သဘောပါပဲ။ အဲဒီအီးမေးကလင့်ကိုနှိပ်မှသင့်ရဲ့  email subscribe လုပ်တာအောင်မြင်မှာပါ။ အဲဒီလင့်ကိုမနှိပ်ရင်တော့ သင့်ဆီအီးမေးရောက်မှာမဟုတ်ပါဘူး။
သင့်အီးမေးဆီဝင်လာတဲ့ စာကိုဖွင့်ပြီး activate လုပ်ဖို့ ပေးထားတဲ့လင့်ကိုနှိပ်ပေးပါ။ပြီးရင်တော့ activate ဖြစ်ကြောင်း page တစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ email subscribe လုပ်တာအောင်မြင်ပါပြီ။
Unsubscribe
သင်အဲဒီဆိုက်တွေကအီးမေးမလိုချင်တော့ရင်တော့ Unscribe လုပ်လို့ ရပါတယ်။ Unscribe လုပ်ဖို့ အဲဒီဆိုက်ကအီးမေးကိုဖွင့်ပါ။
အီမေး အောက် ဆုံး ကို သွား ရင် အပေါ်ကပုံ ကစာလိုမျိုးတွေ့ ရမှာပါ။ unsubscribe now ကိုနှိပ်ပြီး subscribe လုပ်ထားတဲ့သင်မလိုချင်တော့တဲ့ဆိုက်တွေကအီးမေးတွေကို unsubscribe လုပ်နိုင်ပါတယ်။သင်ဟာဆိုက်တွေတော်တော်များများကemail subscribe လုပ်ထားရင်တော့ အဲဒီဆိုက်တွေကအီးမေးတိုင်းကိုဖွင့်ပြီး unsubscribe လိုက်လုပ်ရတာ အချိန်ကုန်ပြီးပျင်းဖို့ ကောင်းပါတယ်။ ဒီလို အနေအထားမျိုးမှာဆိုရင်တော့ သင်မလိုချင်တော့တဲ့ဆိုက်တွေကအီးမေးတွေကိုတစ်နေရာတည်းကနေ unsubscribe လုပ်နိုင်ဖို့  free web service တစ်ခုရှိပါတယ်။ဒီအကြောင်း ဒီဆောင်းပါး မှာဖတ်ပါ။
0 comments:
Post a Comment