သင့်ကွန်ပြူတာက Google Chrome ရဲ့ Bookmarks တွေကို တစ်ခြားကွန်ပြူတာတွေ ၊ android device တွေနဲ့  sync လုပ်နိုင်ပါတယ်။ကွန်ပြူတာတွေ မှာ sync လုပ်ဖို့ အတွက်တော့ သင့် google chrome browser မှာ သင့် google account နဲ့ link မလုပ်ရသေးရင် link လုပ်ပြီး advanced sync setting ကိုဝင်ပြီး sync လုပ်မယ့် option တွေရွေးပေးရင်ရပါပြီ။ Android device နဲ့  sync လုပ်ဖို့ အတွက်တော့ Chrome Marks Lite ဆို တဲ့ android application ကိုသုံးပါမယ်။
- Setting Up Bookmark Syncing In Chrome
- Google Chrome Browser ရဲ့  wrench icon ကိုနှိပ်ပြီး settting ထဲဝင်ပြီး google account နဲ့  sign in လုပ်ပြီးရင် Advanced Sync Setting ကိုနှိပ်ပါ။Sync Everything drop down menu ကိုနှိပ်ပြီး Choose What To Sync ကိုရွေးပေးပြီး sync လုပ်မယ့် options တွေကိုရွေးပေးပါ။
Sync Bookmarks With Other Computers
တစ်ခြားကွန်ပြူတာကနေ သင့် chrome bookmarks ကို sync လုပ်ဖို့ အတွက် အပေါ်ကအဆင့်တွေအတိုင်းပဲ setting ထဲကနေ သင့် google account နဲ့လင့်လုပ်ပြီး sync လုပ်နိုင်ပါပြီ။အဲဒီကွန်ပြူတာတွေကအများသုံးဖြစ်နေရင်တော့တစ်ခြားသူတွေ ရဲ့ google account တွေနဲ့  link လုပ်ထားမှာသေချာပါတယ်။အဲဒီအတွက် setting ထဲက Users အောက်မှာ Add new user ကိုနှိပ်ပြီး user name and password ထည့်ပေးပြီး သင့်အကောင့်ကို အပ်လုပ်ပြီးတာနဲ့ sync လုပ်နိုင်ပါပြီ။
Googel account တစ်ခုထက်ပိုပြီး link လုပ်ထားတဲ့အတွက် သင့်အကောင့်ကို add လုပ်ပြီးတာနဲ့  သင့်အကောင့်အတွက် browser widows တစ်ခုထပ်ပေါ်လာပြီး Chrome Browser ဘယ်ဘက်အပေါ်ထောင့်မှာ သင့် random user name and user icon ပေါ်လာပါ လိမ့် မယ်။ အဲဒီကနေ user account တွေ ပြောင်း လဲ အ သုံး ပြု နိုင် ပါ တယ်။ user name and icon တွေကိုသင်ကြိုက်နှစ်သက်ရာပြောင်းနိုင်ပါတယ်။
Sync Bookmarks With Android Devices
Android devices တွေနဲ့  sync လုပ်ဖို့ အတွက် ChromeMarks Lite ဆိုတဲ့ android application ကိုသုံးပါမယ်။Application ကို install လုပ်ပြီးဖွင့်ပြီးရင်တော့ သင့် google account ထည့်သွင်းပြီး permission ပေးရပါမယ်။ပြီးရင် sync ကိုနှိပ်ပြီး စတင်ပြီး sync လုပ်နိုင်ပါပြီ။
ChromeMarks Lite က auto syncing မလုပ်နိုင်ပါဘူး။Update လုပ်ချင်တဲ့အခါတိုင်း sync ကိုနှိပ်ပေးရပါမယ်။စက္ကန့် ပိုင်းအတွင်းမှာပဲ bookmarks တွေ ပေါ်လာပါပြီ။ ပေါ်လာတဲ့ bookmark ကိုနှိပ်လိုက်တာနဲ့  default browser နဲ့ ဖွင့်ပါလိမ့်မယ်။Default browser မရှိရင်တော့ browser ရွေးဖို့  message box ကျလာပြီးသင် ရွေးချယ်တဲ့ browser နဲ့ bookmark တွေကိုဖွင့်နိုင်ပါပြီ။
ChromeMarks Lite က free အနေနဲ့ သုံးရင်တော့သင့် android browser မှာ bookmark တွေသွင်းပေးမှာမဟုတ်ပါဘူး။သင့် bookmark တွေကိုသုံးချင်တဲ့အခါတိုင်း ChromeMarks Lite application ကိုအရင်ဖွင့်ပြီးမှ Android browser နဲ့ တွဲသုံးရမှာပါ။Android browser မှာ bookmark တွေသွင်းနိုင်ဖို့  ChromeMarks Full Version ကို upgrade လုပ်နိုင်ပါတယ်။
Google Play Store ကနေ ဒေါင်းလုပ်လုပ်မရရင် ဒီဆောင်းပါး (or) ဒီဆောင်းပါး ကိုဖတ်ပါ။
0 comments:
Post a Comment