Monday, September 16, 2013

Widgets

Android Device က Video , Media တွေကို TV မှာကြည့်မယ်။

chromecast

မကြာမီ က Google က Chromecast ဆို တဲ့ Device ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။Chromecast က Android Device,iOS Device, Chrome Browser  တွေက Online Video,Media တွေကို TV မှာ ကြည့်လို့ ရအောင်လုပ်ပေးနိုင်ပါတယ်။TV က HDMI Port မှာတပ်ဆင်ပြီးအသုံးပြုရမှာပါ။Chromecast က 35 Dollar တန်ကြေးရှိပါတယ်။Chromecast ထွက်ပေါ်လာပြီးသိပ်မကြာမီ မှာပဲ Android Developer တစ်ယောက်က CheapCast ဆိုတဲ့ Android Application တစ်ခုကို ဖြန့် ချီခဲ့ပါတယ်။CheapCast App က Chromecast Emulator ဖြစ်ပြီး  Android Device တစ်ခု ကနေ အခြားတစ်ခုကို Video,Media တွေ ထုတ်လွှင့်ပြသပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ Chromecast မလိုဘဲ  Cheapcast ကိုအသုံးပြုပြီး Android Device ကနေ TV ကို Media တွေ Stream လုပ်တဲ့နည်းကိုရေးပါမယ်။

လိုအပ်တဲ့အရာများ

- CheapCast App ကို အင်စတောလုပ်  ပြီး Media တွေကို ထုတ်လွှင့်ပေးတဲ့ Host Device အနေနဲ့ သုံးဖို့ Android Device တစ်ခု

- Video တွေ ကြည့်ဖို့ အတွက်  Remote  Device အနေနဲ့ သုံးဖို့  Android or iOS Device တစ်ခု

- HDMI port ပါတဲ့ TV တစ်လုံး

- Micro HDMI cable (Host Device  မှာ HDMI Port ပါခဲ့ရင်)

- MHL adapter ( Host Devie မှာ HDMI Port မပါခဲ့ရင်)

Android Device အချင်းချင်း Video တွေ ထုတ် လွှင့်ပေးဖို့ အတွက်တော့ အပေါ်ဆုံးက အချက်နှစ်ချက်ပဲလို အပ်မှာပါ။Android ကနေ TV ကို Video တွေ ထုတ်လွှင့်ပေးဖို့ အတွက် Android Phone(Host Device) တစ်လုံးနဲ့ အောက်ဆုံးက အချက်နှစ်ခုထဲက တစ်ခုလို အပ်ပါတယ်။

Android Device တစ်ခုကနေ တစ်ခြား တစ်ခု ကို Media တွေ Stream လုပ်ခြင်း။

CheapCast ကို Google Play Store ကနေ ဒေါင်းလုပ်လုပ်ပြီးAndroid Device(Host) မှာ အင်စတောလုပ်ပါ။Friendly name  ကို နှစ်သက်ရာပေးပြီး Play Button ကိုနှိပ်ပါ။ပြီးရင် Chromecast Supported App တွေ ဖြစ်တဲ့ Netflix, YouTube, Play Movies and Music စတဲ့ App တွေကိုဖွင့်ပြီးတစ်ခြား Android Device(Remote Device) ကို Video , Media တွေထုတ်လွှင့်လို့ ရပါပြီ။

Android Device ကနေ TV ကိုထုတ်လွှင့်ခြင်း။

တစ်ချို့  Android Device တွေမှာ HDMI Port ပါရှိပါတယ်။အဲဒီဖုန်းနဲ့  TV ကို HDMI Cable နဲ့ ချိတ်ဆက်ပြီးရင် သင့် Android  Device က  Video,Media တွေကို TV မှာကြည့်နိုင်ပါပြီ။

အခုနောက်ပိုင်းထွက်တဲ့ ဖုန်းတွေမှာ MHL (Mobile High-Definition Link) ကို Support ပေးကြပါတယ်။အဲလို ဖုန်းမျိုးဆိုရင် MHL Cable ကို သုံးပြီး TV နဲ့ ချိတ်ဆက်ပြီးအသုံးပြုနိုင်ပါတယ်။

ဒါဆိုရင် သင့် Android Device က Video,Media တွေကို သင့် TV မှာကြည့်နိုင်ပါပြီ။လောလောဆည် တော့ Netflix, YouTube, Play Movies and Music စတဲ့ Chromecast Enabled App တွေကို သာ ကြည့်နိုင်ပြီးနောက်ပိုင်းမှာ Blip, Vevo, Devour, Hulu Plus, and HBO Go စတဲ့ App တွေက Chromecast ကို Support ပေးလာဖွယ်ရှိပါတယ်။

2 comments:

  1. အကိုရေ S2 ကို 4.1.2 လုပ်လိုက်တာစာတွေ အမှားပေါ်နေတယ် ကူညီလို့ ရရင် ကူညီပါလား အကို

    ReplyDelete
  2. ညီမရေ ဖုန်း နဲ့ ပတ်သက်ရင် Myanmar Mobile User Group မှာ မေးကြည့်ပါ။အဲမှာ Phone User တွေများပြီးညီမ အခက်အခဲကို ဖြေရှင်းပေးပါတယ်။https://www.facebook.com/groups/mmua.mobile/

    ReplyDelete