Tuesday, September 3, 2013

Widgets

Chrome Extension များကို Manual Update ပြုလုပ်ခြင်း။

download (1)

Chrome က အင်စတောလုပ်ထားတဲ့ Extension တွေကို Auto Update လုပ်ပေးပါတယ်။ ကျွန်တော် ဟာ AdBlock Plus အသုံးပြုသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စပြီး AdBlock Plus က ကြော်ညာတွေကို Block လုပ်မပေးနိုင်တော့တာတွေ့ မြင်လာရပါတယ်။ ဘာလို့ လဲ ဆိုတော့ ၀က်ဆိုက်ပိုင်ရှင်တွေ ကလည်း သူ တို့ ဆိုက် ကကြော်ညာတွေကို လာရောက်လည်ပတ်သူတွေ တွေ့ မြင်ဖို့  Anti AdBlocker တွေ ကို Update လုပ်ပြီးသုံးကြပါတယ်။ AdBlocker တွေကလည်း Anti AdBlocker တွေကို ကျော်ဖြတ်ဖို့  အမြဲ Update လုပ်ပေးကြပါတယ်။အဲဒီအတွက် AdBlocker တွေနဲ့  Anti AdBlocker တွေ ရဲ့ ပြိုင်ပွဲဟာ ကြောင်နဲ့ ကြွက်ကစားပွဲလို ပါပဲ။ တစ်ယောက်တစ်လှည့်စီအနိုင်ရနေကြတာပါ။အဲဒီလို အခြေအနေမျိုးမှာ Chrome က Extension ကို Auto Update မလုပ်ပေးသေးဘူးဆိုရင် Manual Update ပြုလုပ်နိုင်ပါတယ်။

ဒီလိုလုပ်ဖို့  Chrome Setting က နေ Extension Page ကိုသွားပါ။ Developer mode ကို Enable လုပ်ပါ။ဒါဆိုရင် “Update extensions now” ဆိုတာပေါ်လာပြီး Manual Update လုပ်နိုင်ပါပြီ။

ashampoo 05

 

0 comments:

Post a Comment