Tuesday, September 10, 2013
Widgets
Windows 8/8.1 ကို Windows 7 အသွင်ပြောင်းနည်း။
make-windows-8-look-like-7-main
Windows 8  ရဲ့ လုံးဝပြောင်းလဲသွားတဲ့ Modern UI ,Start Screen , Metro App တွေကတော့ ၀င်းဒိုး အသုံးပြုသူတွေ ကြားမှာပြောစရာတွေ ဖြစ်ခဲ့ပါတယ်။Windows 8 မှာ လူပြောအများဆုံးဖြစ်တဲ့ အကြောင်းအရာကတော့ Start Menu မပါရှိတော့တာဖြစ်ပြီး Windows 8.1 မှာတော့ ပြန်လည်ပါဝင်လာခဲ့ပါတယ်။Windows 7 မှာမပါတဲ့ Features တွေ Windows 8 မှာ ပါရှိလာသလို Windows 7 က Features တစ်ချို့ ကိုလည်း Windows 8 မှာဖြုတ်ချလိုက်ပါတယ်။ဒီဆောင်းပါးမှာ Windows 8 ကို Windows 7 ရဲ့ User Interface နဲ့  အသုံးပြုနိုင်ဖို့ နဲ့  မသုံးချင်တဲ့ Features တွေကို Disable ပြုလုပ် ဖို့  Windows 7 က Feature တွေကို ပြန်လည်အသုံးပြုနိုင်ဖို့ နည်းတွေကို ရေးပါမယ်။ဒီနည်းတွေကို အသုံးပြုပြီး Windows 8 ကို Windows 7 ကို အသွင်ပြောင်းပြီးသုံးနိုင်မှာပါ။
Start Screen , Charms Bar, Hot Corners စတာတွေကို Disable လုပ်ပါ။
Windows 8/8.1 မှာ Login ၀င်ပြီးရင် Start Screen ကို အရင်ဆုံးရောက်သွားမှာပါ။Windows 8.1 မှာတော့ Desktop ကို ရောက်ဖို့  ပြုလုပ်နိုင်ပါတယ်။Start Screen နဲ့  Modern UI Features တွေကို Remove လုပ်လို့ မရပေမယ့် Disable လုပ်ပေးနိုင်တဲ့ Program တွေ ရှိပါတယ်။ Metro Killer ဆိုတဲ့ Freeware က Start Screen, Hot Corners တွေကို Disable လုပ်ပေးနိုင်ပါတယ်။Restart ချလိုက်ရင်တော့ Start Screen ပြန်ပေါ်လာမှာဖြစ်ပြီး Metro Killer ကို ပြန်အသုံးပြုရမှာပါ။
နောက်ထပ် Freeware တစ်ခုကတော့ Skip Metro Suite ဖြစ်ပြီး Start Screen ကို Bypass လုပ်ဖို့ နဲ့ Charms Bar , Hot Corners တွေကို Disable လုပ်ဖို့ သုံးနိုင်ပါတယ်။
make-windows-8-look-like-7-1
Start Menu ကို Install လုပ်ပါ။
Start Menu ကို အသုံးပြုနိုင်ဖို့  Freeware အများအပြားရှိပြီး Pokki,StartMenu8,IObit Start 8 , Classic Shell, ViStart,Win8StartButton စတာတွေကို သုံးနိုင်ပါတယ်။Windows 8.1 မှာတော့ Start Menu ပြန်ပြီးပါရှိလာတဲ့အတွက် တစ်ခြား ဆော့ဝဲများမလို ပါ။
make-windows-8-look-like-7-3
Aero Glass Effect ကို Enable လုပ်ပါ။
Windows 8 မှာ Aero Glass Transparency ကို ဖြုတ်လိုက်တဲ့အတွက် Aero Glass ကို သုံးချင်ရင် WinAero Aero Glass Enabler  ကို သုံးနိုင်ပါတယ်။
winaeroglass
File Explorer Ribbon ကို Disable လုပ်ပါ။
make-windows-8-look-like-7-6
Default Programs တွေကို ပြောင်းပါ။
Windows 8 မှာ Default အားဖြင့် Music,Video,Image တွေကို ဖွင့်ရင် Modern App တွေ နဲ့ ဖွင့်ပေးမှာဖြစ်ပြီး Desktop Programs တွေ ကို အသုံးပြုနိုင်ဖို့  Default Programs တွေကို ပြောင်းလဲသတ်မှတ်ပေးပါ။Control Panel က Default Programs မှာပြောင်းလဲပေးရမှာပါ။ အလွယ်ပြောင်းချင်ရင်တော့ Music,Video,Image ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး  Open with> Choose default program ကနေပြောင်းနိုင်ပါတယ်။သိပ်နားမလည်တဲ့သူတွေအတွက်  ဒီဆောင်းပါး  မှာအကျယ်ဖတ်ပါ။
make-windows-8-look-like-7-7
Gadgets တွေကို Restore လုပ်ပါ။
Windows 8 မှာ Gadgets တွေကို Support မပေးတော့တဲ့အတွက် Gadgets တွေကို အသုံးပြုချင်ရင် 8GadgetPack  ဆိုတဲ့ ဆော့ဝဲကို အသုံးပြုနိုင်ပါတယ်။ဒါဆိုရင် Gadgets တွေကို အသုံးပြုလို့ ရပါပြီ။
make-windows-8-look-like-7-10
DVD Player အသုံးပြုပါ။
Windows 8 မှာ DVD တွေကို ကြည့် လို့ မရတော့တဲ့အတွက် VLC Media Player လို မျိုး Freeware တွေ အသုံးပြုနိုင်ပါတယ်။
make-windows-8-look-like-7-11
Windows 7 Wallpaper
Windows 8 ရဲ့  Desktop Wallpaper ကို Windows 7 Wallpaper အသုံးပြုချင်သေးရင် Windows 7 Default Wallpaper ကို အင်တာနက်ကနေရှာပြီးအသုံးပြုနိုင်ပါတယ်။ Wallpaper  ပေါ်မှာ Right Click နှိပ်ပြီး Set as desktop background ကိုနှိပ်ပြီးသုံးနိုင်ပါတယ်။
Make-Windows-8-look-like-Windows-7-Picture6_thumb
အပေါ်ကနည်းတွေကို သုံးပြီး Windows 8 မှာ မပါတော့တဲ့ Windows 7 ရဲ့  Features တွေ ကို ပြန်အသုံးပြုနိုင်ပါတယ်။Windows 8 မှာပါရှိလာတဲ့ Features အသစ်တွေကိုလည်းမနှစ်သက်ရင် ဖြုတ်ပစ်နိုင်ပါပြီ။အဲဒီအတွက် Windows 8 ကို Windows 7 အနေနဲ့ သုံးနိုင်ပြီဖြစ်ပါတယ်။
Myanmar ICT မှာကျွန်တော်ရေးသားထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
0 comments:
Post a Comment