Tuesday, September 10, 2013

Widgets

Software တွေ Uninstall လုပ်မရဘူးလား? ဒီနည်းကိုသုံးပါ။

microsoft_fix_it_small

Windows ရဲ့ Uninstaller ကို အသုံးပြုရင် Files, Folders,Registry စတဲ့ အမှိုက်တွေကျန်တတ်တဲ့အတွက် သင့်ကွန်ပြူတာမှာ ဆော့ဝဲတွေ သွင်းတာ၊ဖြုတ်တာများလာတာနဲ့ အမျှ စက်လေးလံလာတတ်ပါတယ်။အဲဒီအတွက် Leftover အမှိုက်တွေကိုရှင်းပေးနိုင်တဲ့ Uninstaller တွေကို အသုံးပြုဖို့ အကြံပေးပါတယ်။ Uninstaller တွေ မှာ ဖြုတ်မရတဲ့ ဆော့ဝဲတွေကို Force Uninstall လုပ်ပေးနိုင်တဲ့အစွမ်းလည်းရှိကြပါတယ်။ဒါပေမယ့် တစ်ချို့ အခြေအနေတွေ မှာတော့ Uninstaller တွေသုံးလည်း ဆော့ဝဲတွေကို ဖြုတ်မရတဲ့အခြေအနေမျိုးတွေ ကြုံတွေ့ ရတတ်ပါတယ်။ဒီလို အခြေအနေမျိုးမှာ Microsoft Fit It ကိုအသုံးပြုနိုင်ပါတယ်။

Microsoft Fix It  ၀က်ဆိုက်ကိုသွားပြီး (1) အဆင့် မှာ Top Solutions ကို Default အနေနဲ့ ရွေးချယ်ထားပြီးဖြစ်ပါလိမ့်မယ်။ (2) အဆင့်မှာ All problem areas ကိုရွေးချယ်ပေးပါ။

ashampoo 03

(3) အဆင့်မှာ “Fix problems with programs that can’t be installed or uninstalled” က Run Now ကိုနှိပ်ပြီး Fix It ကိုဒေါင်းလုပ်လုပ်ပါ။

ashampoo 05

Download ရလာတဲ့ Fix It ကို Run ပြီး ဖြုတ်မရတဲ့ Program ကို ရွေးချယ်ပြီးဖြုတ်ပါ။

2013-06-05_0807_thumb

ဒါဆိုရင် ဖြုတ်မရတဲ့ ဆော့ဝဲကို Force Uninstall လုပ်ပေးပါလိမ့်မယ်။

2013-06-05_0809_thumb

0 comments:

Post a Comment