Thursday, September 5, 2013

Widgets

သင့် Favorite Websites တွေကို Sidebar ကနေလွယ်လွယ်သုံးမယ်။

ashampoo 03

Facebook,Gmail,Google  စတဲ့ဝက်ဆိုက်တွေကို နေ့ စဉ်နေ့ တိုင်း အကြိမ်ကြိမ်အသုံးပြုတဲ့သူတွေအတွက်တော့ TabCross ဆိုတဲ့ Firefox Add-On ကိုနှစ်သက်ကြမယ်လို့ ထင်ပါတယ်။TabCross က Tab Management  Add-On တစ်ခုဖြစ်ပြီးတစ်ခြား Add-On တွေနဲ့ မတူဘဲ နည်းနည်းထူးခြားပါတယ်။ တစ်ခြားဝက်ဆိုက်တွေ ကြည့်နေရင်းနဲ့  ပဲ သင့် Favorite Site တွေကို Sidebar ကနေအသုံးပြုနိုင်တဲ့အတွက် Multitasking လုပ်ဖို့ အဆင်ပြေစေပါတယ်။

TabCross ကိုအင်စတောလုပ်ပြီးရင် ညာဘက် မှာ Sidebar တစ်ခုတွေ့ မြင်နိုင်ပြီး Google,Gmail,Facebook,YouTube,Dropbox,Yahoo,Favorites စတာတွေကို တွေ့ နိုင်ပါတယ်။Favorites ကတော့ သင်နှစ်သက်တဲ့ တစ်ခြား ၀က်ဆိုက်တွေကို Add လုပ်ဖို့ အတွက်အသုံးပြုနိုင်ပါတယ်။အဲဒီအတွက် Tab မှာဝက်ဆိုက်တစ်ခုကိုအသုံးပြုနိုင်သလို Sidebar မှာလည်း သင်နှစ်သက်တဲ့ ၀က်ဆိုက်တွေကို Mobile Version ပုံစံမျိုးနဲ့  အသုံးပြုနိုင်ပါတယ်။

TabCross

TabCross က Favorite တွေကို Cloud နဲ့  Sync လုပ်ပေးနိုင်ပြီးတစ်ခြား Device တွေ ကနေအသုံးပြုရင်လည်းသင်ပြုလုပ်ထားတဲ့ Customization အတိုင်းအသုံးပြုနိုင်မှာပါ။Sync လုပ်ဖို့ အတွက် Facebook အကောင့်နဲ့  Integrate လုပ်ပေးရပါမယ်။ ၀က်ဆိုက်တွေ Add လုပ်ဖို့ အတွက် + Button ကိုနှိပ်ပြီး အောက်ကပုံအတိုင်းပြုလုပ်ပေးနိုင်ပါတယ်။

Favorites_

ဒါ့အပြင် Sidebar ကို အဖွင့်အပိတ်လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။

TabCross-collapse

နောက်ထပ်ကောင်းမွန်တဲ့ Feature တစ်ခုကတော့ Sidebar ကို အကျယ်ချဲ့ ပြီးကြည့်နိုင်ပါတယ်။ဘယ်ဘက်အောက်က မျှားပုံကို နှိပ်ရမှာပါ။

Popup

TabCross က အခုလောလောဆည်တော့ Firefox မှာသာအသုံးပြုလို့ ရနိုင်ပြီး Chrome User တွေ အတွက်တော့ စောင့်မျှော်ရအုံးမှာပါ။

Install TabCross

 

0 comments:

Post a Comment