Sunday, September 29, 2013

Widgets

Chrome ရဲ့  Desktop Applicatons များ။

clip_image002

ဒီလအစောပိုင်းက Google က Chrome Web Store မှာ Package Apps တွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။Web Apps တွေကို Desktop Apps  အနေနဲ့ သုံးလို့ ရလာတာဖြစ်ပါတယ်။ဒီဆောင်းပါးမှာ Chrome Packaged Apps တွေထဲက ကောင်းတဲ့ Apps တစ်ချို့ ကို ဖော်ပြလိုက်ပါတယ်။

What Are Chrome Packages Apps?

Chrome Packaged Apps ဆိုတာကတော့ Web Apps တွေကို Desktop Apps အနေနဲ့ သုံးလို့ ရလာတာဖြစ်ပါတယ်။တစ်ခြား Web Apps တွေ နဲ့ မတူတဲ့အချက်က Offline အသုံးပြုလို့ ရတာဖြစ်ပြီး Web Apps တွေကို သင့်ကွန်ပြူတာမှာအင်စတောလုပ်ပေးထားတာပါ။တစ်ချို့  Apps တွေအသုံးပြုဖို့ တော့ Internet ရှိမှ Function ပြည့်ပြည့်၀၀သုံးနိုင်မှာပါ။

clip_image004

Google Hangouts

Google Talk လို မျိုး Desktop မှာသုံးလို့ ရမယ့် Google Hangouts ဖြစ်ပါတယ်။Browser ကိုအသုံးပြုနေရင်လည်း Hangouts ကို Browser အပေါ်ကနေ သုံးလို့ ရပါတယ်။အဲဒီအတွက်ဘယ်ဝက်ဆိုက်ကိုကြည့်နေနေ Hangouts ကိုသုံးလို့ ရမှာပါ။Mobile Phone တွေက Hangouts  နဲ့ လည်း Message တွေ Sync လုပ်ပေးမှာဖြစ်ပါတယ်။

Install Hangouts

clip_image006

Any.DO

Any.DO ကတော့ to do list app ဖြစ်ပြီး Mobile Device တွေ အတွက်လည်း Apps တွေ ရှိပါတယ်။ အလုပ်တွေလုပ်ဖို့  မှတ်သားထားနိုင်ပြီး Device အားလုံးမှာ Sync လုပ်နိုင်ပါတယ်။

Install Any.DO

clip_image008

Wunderlist

Wunderlist က အင်တာနက်ကဆောင်းပါးတွေကို နောက်မှဖတ်ဖို့ သိမ်းပေးထားနိုင်တဲ့ Read Later app တစ်ခုဖြစ်ပါတယ်။

Install Wunderlist

clip_image010

Google Keep

Google ရဲ့  Note မှတ်တဲ့ App ဖြစ်ပြီး Mobile Device တွေအတွက်လည်း App တွေ ရှိပါတယ်။ Note တွေမှတ်သားနိုင်ပြီး Device တွေ မှာ Sync လုပ်နိုင်ပါတယ်။

Install Google Keep

clip_image012

Pocket

Pocket ကလည်း Wunderlist လို ပဲ အင်တာနက်ကဆောင်းပါး၊ပုံတွေ၊ ဗီဒီယိုတွေကိုနောက်မှဖတ်ဖို့ သိမ်းပေးထားနိုင်ပါတယ်။ Pocket အသုံးပြုနည်းကို ရေးပေးထားပြီး ဒီဆောင်းပါး မှာဖတ်ပါ။

Install Pocket

clip_image014

Remo

Remo က Music Player ဖြစ်ပြီး သင့်ကွန်ပြူတာက သီချင်းတွေကိုနားထောင်လို့ ရပါတယ်။ Remo ကို သင့် Smart Phone နဲ့ လည်း Control လုပ်နိုင်ပါတယ်။

Install Remo

clip_image016

အခုဖော်ပြလိုက်တဲ့ Chrome Packaged Apps တွေဟာအနည်းငယ်ပဲရှိတာဖြစ်ပြီး  Chrome Web Store က For Your Desktop section မှာ အများကြီးရှိပါသေးတယ်။

Checkout Chrome Packaged Apps

0 comments:

Post a Comment