Thursday, September 12, 2013

Widgets

Windows 8/8.1 မှာ BIOS Settings ကိုဝင်နည်း။

Windows 8/8.1 မှာပြောင်းလဲသွားတဲ့အချက်တွေ ထဲမှာ BIOS Settings ကို ၀င်ရောက်နည်းပါပါဝင်ပါတယ်။Windows 8 ကို Preinstalled လုပ်ထားတဲ့ Device တွေ မှာပြောင်းလဲသွားတာဖြစ်ပြီး အရင်ဝင်းဒိုးတွေကနေ Windows 8 ကို Upgrade လုပ်ထားတဲ့ Device တွေ မှာတော့ အရင်နည်းအတိုင်းပဲ BIOS Settings ထဲဝင်နိုင်ပါတယ်။ Windows Boot တက်တဲ့အချိန်မှာ ပြတဲ့ “Press F2 to enter setup” စတဲ့ ကီးကိုနှိပ်ပြီးဝင်နိုင်ပါတယ်။Windows 8 Device တွေမှာတော့ Advanced Startup Options ထဲကနေ ၀င်ရောက်ရမှာဖြစ်ပြီး  Advanced Startup Options ထဲဝင်ရောက်နည်းကို  ဒီဆောင်းပါး မှာဖတ်ပါ။နောက်ပြီး Windows 8 မှာ BIOS အစား UEFI ကိုပြောင်းလဲအသုံးပြုလာပါတယ်။

Advanced Startup Options ထဲရောက်သွားရင် Troubleshoot ကိုနှိပ်ပါ။

windows-8-boot-options-menu (1)

UEFI Firmware Settings ကိုနှိပ်ရင် BIOS ကို အသုံးပြုနိုင်ပါပြီ။

access-uefi-firmware-settings-in-windows-8

တကယ်လို့  UEFI Settings ကို မတွေ့ ရင် သင့်ကွန်ပြူတာ က UEFI ကို Support မပေးလို့ ဖြစ်ပါတယ်။အဲဒီကွန်ပြူတာမှာ အရင်နည်းသုံးပြီး BIOS Settings ထဲဝင်ရောက်ပါ။

 

0 comments:

Post a Comment