Sunday, September 29, 2013

Widgets

Gmail မှာ Scheduled,Self-Destruct အသုံးပြုနိုင်မယ့် mxHero Toolbox

clip_image001

Gmail က လူသုံးအများဆုံး Email Provider တွေထဲကတစ်ခုပါ။ ဒါပေမယ့် Gmail မှာ အီးမေးတွေကို အချိန်သတ်မှတ်ပြီးပို့ လို့ မရပါဘူး။ပို့ ပြီးတဲ့ အီးမေးကို ရရှိသူကဖတ်ပြီးတာနဲ့ အလိုလို ဖျက်ဆီးပေးဖို့ မလုပ်ပေးနိုင်ပါဘူး။သင်ပို့ လိုက်တဲ့ အရေးကြီးအီးမေး ကို တစ်ဖက်လူကလက်ခံရရှိလား၊ မရရှိဘူးလား ဆိုတာကိုလည်းသင်မသိနိုင်ပါဘူး။အဲဒီလို အပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့  mxHero Toolbox ဆိုတဲ့ Chrome Extension ကိုအသုံးပြုနိုင်ပါတယ်။

mxHero Toolbox ရဲ့  Features များ။

1.Reply Timeout

Reply Timeout က သင်ပို့ လိုက်တဲ့အရေးကြီးအီးမေးကို တစ်ဖက်လူက ဖတ်  ၊မဖတ် Track လုပ်ပေးနိုင်ပြီးမဖတ်ရသေးရင်သင့်ကို Alert လုပ်ပေးနိုင်ပါတယ်။

2. Attachment Track

Attachment Track ကလည်း Reply Timeout လို ပါပဲ။ ကွာခြားသွားတာက Attachment ပဲဖြစ်ပါတယ်။သင်ပို့ လိုက်တဲ့ Attachment ကို လက်ခံရရှိသူက Access လုပ်မလုပ် သိနိုင်ပါတယ်။

3. Self Destruct

သင့်ရဲ့ Personal  Data တွေကို အီးမေးပေးပို့ တော့မယ်ဆိုရင် ဒီ Feature ကအသုံးဝင်ပါတယ်။အီးမေးလက်ခံရရှိသူက ဖတ်ပြီးတာနဲ့  အဲဒီအီးမေးကို အလိုလို ဖျက်ဆီးပေးနိုင်ပါတယ်။

4. Send Later

တစ်ခါတစ်ရံမှာ အချိန်မတော် တဲ့အချိန်မှ အီးမေးပို့ ရတဲ့ အချိန်မျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အခြေအနေမှာ Schedule လုပ်ပြီးပေးပို့ နိုင်ပါတယ်။အရေးကြီးတဲ့အီးမေး ပို့ ရတော့မယ့် အချိန်မှာလည်းအသုံးဝင်ပါတယ်။ Schedule  လုပ်ထားခြင်းဖြင့် မေ့ လျော့နိုင်တဲ့ပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားပါပြီ။

mxHero Toolbox  ကိုအသုံးပြုခြင်း။

Chrome Web Store ကနေ mxHero Toolbox ကို Download လုပ်ပါ။Gmail ကို login ၀င်ရင် mxHero Toolbox အသုံးပြုနည်းကို ပြသပေးပါလိမ့်မယ်။ Compose button ကိုနှိပ်ရင် အ၀ါရောင် mxHero Toolbox icon ကိုတွေ့ မြင်နိုင်ပါတယ်။

clip_image003

Recipient Email  , Subject ကိုဖြည့်ပြီးရင် mxHero Toolbox icon ကိုနှိပ်ပါ။ဒါဆိုရင် အပေါ်မှာပြောပြခဲ့တဲ့ Feature တွေကို တွေ့ မြင်အသုံးပြုနိုင်ပါတယ်။

clip_image005

mxHero Toolbox က သင့် Gmail မှာပိုမိုကောင်းမွန်တဲ့ Features တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။အရေးကြီး အီးမေးတွေကိုပေးပို့ နေရတဲ့သူတွေ ၊ အလုပ်မှာ Gmail  ကိုအသုံးပြုနေရတဲ့သူတွေ အတွက် အလွန်အသုံးဝင်တဲ့ Extension တစ်ခု ဖြစ်ပါတယ်။

0 comments:

Post a Comment