Wednesday, September 11, 2013

Widgets

YouTube Video တွေကို Animated GIF ပြောင်းမယ်။

animation (1)

YouTube က Video တွေက နှစ်သက်တဲ့အပိုင်းကို ပဲဖြစ်ဖြစ်၊ Video တစ်ကားလုံးကိုပဲဖြစ်ဖြစ် Animated GIF ပြောင်းချင်ရင် အရင်ဆုံး Video ကို Download လုပ်ရပါမယ်။ပြီးမှ QGifer  ,  Movie To GIF Converter  စတဲ့ Software တွေသုံးပြီး Video ကနေ GIF ပြောင်းရပါမယ်။ Video ကို ဒေါင်းလုပ်မလုပ်ချင်ရင် Chrome ရဲ့  Extension ဖြစ်တဲ့ MakeGIF Video Capture ကိုသုံးပါ။

Extension ကို အင်စတောလုပ်ပြီးရင် Menu Bar မှာ Blue Icon ကိုတွေ့ မြင်နိုင်ပါတယ်။YouTube or Vimeo စတဲ့ဝက်ဆိုက်တွေကို သွားပြီး Video ကို ရွေးချယ်ပါ။ ပြီးရင် အိုင်ကွန်ကို နှိပ်ရင် HTML 5 Video  Player ကို  Enable လုပ်ဖို့ ပြောပါလိမ့်မယ်။OK ကိုနှိပ်ပါ။

ashampoo 02

HTML 5 ဆိုတာကတော့ Flash Player မလိုဘဲနဲ့  Online Video တွေကို ကြည့်ရှုနိုင်တဲ့နည်းပညာဖြစ်ပါတယ်။YouTube မှာ အဲဒီ Feature ကို Trial အနေနဲ့ ပေးသုံးထားပါတယ်။OK ကိုနှိပ်ရင် YouTube ရဲ့ HTML 5 ကို Enable လုပ်ရမယ့် Page ကိုရောက်မှာဖြစ်ပြီး Join လုပ်ပါ။အချိန်မရွေး Leave ပြန်လုပ်လို့ ရပါတယ်။

ashampoo 03

Join လုပ်ပြီးရင် Video Page ကိုပြန်သွားပြီး Video တစ်ခုကို ကြည့်ပါ။အိုင်ကွန်ကိုနှိပ်ပါ။ OK နှိပ်ပြီး Flash Player အစား HTML 5 Player ကိုသုံးပါ။

makegif-switch-html5-video

HTML 5 Player ကို Full Screen အနေနဲ့ ပြပေးမှာဖြစ်ပြီး “Start” ကိုနှိပ်ပြီး Video တွေကို Record လုပ်လို့ ရပါပြီ။ Pause လုပ်လို့ ရသလို ပြီးရင် Done ကိုနှိပ်ပါ။

makegif-start-recording

Capture Settings မှာလည်း Recording Quality,Size(Max Size is 448), Capture FPS,Max Frame စတာတွေကို ပြောင်းလဲနိုင်ပါတယ်။

ashampoo 04

Capture လုပ်ပြီးရင် Preview ကြည့်နိုင်ပြီး Frame အလိုက်ကြည့်နိုင်သလို မလိုချင်တဲ့ Frame တွေကိုဖျက်နိုင်ပါသေးတယ်။Text တွေ ထည့်တာတွေ၊ Frame တွေကို Reverse လုပ်တာတွေလည်းပြုလုပ်နိုင်ပါတယ်။ပြီးရင်တော့ Generate GIF ကိုနှိပ်ပါ။

makegif-edit-frame

Generate လုပ်ပြီးရင်တော့ Animated GIF ကို ဒေါင်းလုပ်လုပ်နိုင်ပါပြီ။

makegif-banana-song

 

0 comments:

Post a Comment