Windows 8 မှာ System Recovery ပြုလုပ်ဖို့  Refresh & Reset ဆိုတဲ့ Feature အသစ်ပါရှိလာပါတယ်။ သင့်ကွန်ပြူတာအလုပ်ကောင်းကောင်းမလုပ်တဲ့အချိန်မှာ Refresh & Reset ကအသုံးဝင်ပါတယ်။Refresh & Reset နဲ့ ပတ်သက်ပြီး Custom Refresh Image ပြုလုပ်နည်းကိုလည်းရေးပေးထားပါတယ်။ Windows 7 ကစပြီး ပါရှိလာတဲ့ System Image ကိုလည်း Windows 8 မှာသုံးလို့ ရပါတယ်။Windows 8 မှာတော့ System Image ပြုလုပ်ဖို့ Windows 7 နဲ့ အနည်းငယ်ကွာခြားသွားပါတယ်။
Search box ကနေ Recovery လို့ ရိုက်ပြီး Settings ကိုနှိပ်ပါ။Windows 7 File Recovery ကိုနှိပ်ပါ။
ဘယ်ဘက်က Create a system image ကိုနှိပ်ပါ။
System Image ကိုသိမ်းမယ့်နေရာကိုရွေးပေးပါ။ External Storage, DVD or Local Storage စသဖြင့် ရွေးချယ်နိုင်ပါတယ်။
Backup Settings ကို Confirm လုပ်ပေးပြီး Start Backup button ကိုနှိပ်ပါ။ဒါဆိုရင် System Image တစ်ခုကို ပြုလုပ်ပြီးပါပြီ။
System Image ကို Restore လုပ်ချင်ရင် Advanced Startup Options ထဲက System Image Recovery ကိုအသုံးပြုရမှာပါ။
0 comments:
Post a Comment