Tuesday, July 30, 2013

Widgets

Bagan Keyboard Pro 1.5

ashampoo 01

မင်္ဂလာပါခင်ဗျာ။ အားလုံးမျှော်လင့်နေတဲ့ Feature အသစ်တွေနဲ့ Bagan Keyboard Pro ကို Version 1.5 အနေနဲ့ Major Changes တွေ ပြုလုပ်ပြီး ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်ခင်ဗျာ။ အထူးခြားဆုံးအနေနဲ့ Jelly Bean စနစ်သုံး Devices တွေမှာ အရေး၊ အဖတ် နှစ်မျိုးလုံးအတွက် မြန်မာစာ ကို မှန်ကန်စွာမြင် ၊ ရိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိရိုက်လိုက်တဲ့ Font ကိုလဲ အခြား Jelly Bean စနစ်သုံး Devices တွေမှာလဲ မှန်ကန်စွာမြင်ရမှာဖြစ်ပါတယ်။ Android 4.0 စနစ်နှင့်အထက်သုံး ဖုန်းများအတွက် အလွန် သုံးသင့်သော Keyboard တစ်ခုဖြစ်ပါတယ်။
Bagan Keyboard Pro မူလ Version မှာ ပါတဲ့ အခြား မြန်မာ Keyboard တွေထက်ထူးခြားတဲ့ စာလုံးတွေကို ခန့်မှန်းပေးတဲ့ Auto Suggestion Sytem အပြင် ရရစ်၊ ရပင့်၊ ၀ဆွဲ၊ အောက်မြင့်တွေကို နေရာမှန်အောင် ပြုလုပ်ပေးတဲ့ Smart Zawgyi Feature (ဥပမာ။ ။ "နိုင်" ဟူသော စာလုံးကို ရိုက်လိုလျှင် "န" ရေးစရာမလိုပဲ မူလ "န" ကို "န" အဖြစ်သို့ ပြောင်းလဲပေးခြင်း)၊ စာရိုက်ရာမှာ မြန်ဆန်အောင် Shift Key နှိပ်စရာမလိုပဲ Keyboard Screen ကို Swipe Up လုပ်လိုက်ရုံနဲ့ Shift Key နှိပ်သကဲ့သို့ဖြစ်သွားနိုင်ခြင်း၊ အသုံးများသော စာလုံးများကို Shift Key နှိပ်စရာမလိုပဲ နှစ်ခါနှိပ်ပေးရုံဖြင့် စာလုံးပေါ်ခြင်း (ဥပမာ။ ။ "ဂ" ဟူသော စာလုံးကို ရိုက်လိုလျှင် "၈" ကို နှစ်ချက်နှိပ်လိုက်ပါက "ဂ" ဖြစ်သွားပါမည်။) Keyboard ၏ အလယ်ဗဟိုနေရာတွင်ရှိသော " ~ " Key သည် အဆင့် စာလုံးများကို ရေးရာတွင် အသုံးပြုရန်ဖြစ်ပါတယ်။ (ဥပမာ။ ။ "သတ္တိ" ဟူသော စာလုံးကို ရိုက်လိုလျှင် "သ + တ + ~ + တ + -ိ" ဟု ရိုက်လိုက်ပါက "သတ္တိ" ဖြစ်သွားပါမည်။) Keyboard ၏ အရောင်နှင့် Layout ကိုလဲ အနည်းငယ်ပြောင်းလဲထားပါတယ်။
ယခုကဲ့သို့ ထူးခြားသော Features များ၊ Android 4.0 အထက် မှန်ကန်အောင် ပြုလုပ်ထားသော Bagan Keyboard Pro Version ကို အခမဲ့ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ (၂.၈၂၀၁၃ မှ ၄.၈.၂၀၁၃ အထိ) ကျင်းပမည့် Yangon ICT Fair တွင်လဲ အခမဲ့ ဖြန့်ချိသွားမည်ဖြစ်ပါတယ်ခင်ဗျာ။

Download

Bagan Innovation Technology ရဲ့ Facebook Page မှကူးယူဖော်ပြပါသည်။

12

1 comments:

  1. jelly bean မှာပေါ်တဲ့ စာက မမှန်သေးဘူးဗျ

    ReplyDelete