Monday, July 15, 2013

Widgets

TeamViewer QuickSupport : Android , IOS Devices တွေကို ကွန်ပြူတာကနေ ထိန်းမယ်။ Troubleshoot လုပ်မယ်။

ashampoo 03

TeamViewer ဆိုတာ နာမည်ကြီး remote control app တစ်ခုပါ။TeamViewer ကို windows အချင်းချင်း control လုပ်ဖို့  android , ios device တွေကနေ windows ကိုထိန်းဖို့ အသုံးပြုနိုင်ပါတယ်။အခု တော့ teamviewer က windows ကနေ android,ios devices တွေကို control, troubleshoot လုပ်ဖို့  TeamViewer QuickSupport ဆိုတဲ့ android,ios app ကို မိတ်ဆက်လိုက်ပါပြီ။ ဒီဆောင်းပါးမှာတော့ android phone ကို အသုံးပြုပြီး TeamViewer QuickSupport ကို review လုပ်ထားပါတယ်။

TeamViewer QuickSupport  ကို android မှာအင်စတောလုပ်ပြီးရင် ID ထုတ်ပေးပါမယ်။အဲဒီ ID ကို  windows ဒါမှမဟုတ်တစ်ခြား teamviewer client အင်စတောလုပ်ထားတဲ့ control, troubleshoot လုပ်ပေးမယ့်သူကို ပေးရမှာပါ။Send my ID ကိုနှိပ်ပြီးပေးလို့ ရသလို  messenger , email စတဲ့ သင်အဆင်ပြေလို ပေးနိုင်ပါတယ်။

Moborobo20130715145038

 

Windows က teamviewer ကနေ partner ID မှာ အပေါ်က ID ထည့်ပေးပါ။ ကျွန်တော်ထည့်ပေးတုန်းက teamviewer windows client ကို update လုပ်ဖို့ ပြောတဲ့အတွက် update လုပ်ပြီး ချိတ်ဆက်ရပါတယ်။

ashampoo 04

 

android device မှာ permission ပေးရပါမယ်။

Moborobo20130715150644

 

ဒါဆိုရင် ၀င်းဒိုး က teamviewer မှာ android device ကို remote access လုပ်နိုင်ပါပြီ။ Remote control ကိုနှိပ်ပြီး ၀င်းဒိုးကနေ android phone ကို စပြီး control လုပ်လို့ ရပါပြီ။

ashampoo 05

 

Screenshot ရိုက်တာတွေ ၊Screen record လုပ်တာတွေ၊ file transfer လုပ်တာတွေ အပြင် android device တစ်ခုလုံးကို ၀င်းဒိုးက နေ control လုပ်လို့  အသုံးပြုလို့ ရသွားပါပြီ။သင့် android device တွေ မှာ ပြဿနာဖြစ်ပြီး ကျွမ်းကျင်သူတစ်ယောက်ကို အကူအညီတောင်းပြီး ပြဿနာတွေ ဖြေရှင်း ချင်တဲ့အခါမှာ ဒီ feature ကတော်တော်အသုံးဝင်ပါတယ်။

ashampoo 14ashampoo 15

 

Dashboard window ကို ပြန်သွားရင် android device ရဲ့ system info ကိုတွေ့ မြင်နိုင်ပြီး chat box ကနေ ချက်တာတွေ၊ clipboard က စာသားတွေကို ပေးပို့ တာတွေ ပြုလုပ်နိုင်ပါတယ်။

ashampoo 16

Moborobo20130715153705

Screenshot tab မှာ request screenshot လုပ်လို့ ရပြီး ဖုန်းမှာ  screenshot ရိုက်တဲ့ ကီး ကို ပြပေးမှာပါ။ကျွန်တော့် huawei android မှာတော့ power off + volume down ကိုနှိပ်ဖို့ ပြောပါတယ်။ ကီးကိုနှိပ်လိုက်ရင် screenshot ရိုက်ပြီး ၀င်းဒိုး က teamviewer ကို အလိုလို  ပို့ ပေးမှာပါ။

ashampoo 11

Moborobo20130715153705

Application tab မှာတော့ app တွေကို remote uninstall လုပ်နိုင်ပါတယ်။

ashampoo 12

 

Processes tab မှာတော့ run နေတဲ့ process တွေကို တွေ့ မြင်နိုင်ပြီး သတ်နိုင်ပါတယ်။ Settings tab မှာတော့ wifi network တွေကို add,edit လုပ်နိုင်ပါတယ်။

ashampoo 13

 

TeamViewer QuickSupport က android , ios devices တွေ မှာ ပြဿနာတွေ ဖြစ်လို့ သင်မဖြေရှင်းနိုင်တော့ဘဲ ကျွမ်းကျင်သူတစ်ယောက်ဆီကအကူအညီရယူတဲ့ အချိန်မျိုးတွေ မှာတော်တော်အသုံးဝင်ပါတယ်။

Download TeamViewer QuickSupport  for Android  from Google Play Store  (or) Dropbox   (5) mb

Download TeamViewer QuickSupport  for ISO from ITunes Store

Download TeamViewer for Windows from www.teamviewer.com/en/index.aspx

www.kothuya.com 

2 comments:

  1. HTC explorer A310 ဖုန်းကို အကိုအကူညီနဲ့မြန်မာဖေါင့်ထည့်ပေးပါလားခင်ဗျာ မလုပ်တက်တော့ခက်ခဲနေလို့ပါ ကျေးဇူးတင်ပါတယ်... laykyawkyaw@gmail.com

    ReplyDelete
    Replies
    1. facebook က myanmar mobile user group မှာ မေးကြည့်ပါညီ။ member ၀င်ပြီး ဖုန်း အခက်အခဲတွေကို မေးလို့ ရပါတယ်။ member အားလုံးကကူညီပြောပြကြပါတယ်။

      https://www.facebook.com/groups/mmua.mobile/

      Delete