Friday, June 28, 2013
Widgets
ပျောက်နေတဲ့ Android Phone မှာ Tracking App မရှိရင်တောင်ပြန်ရှာနိုင်ပါတယ်။
ashampoo 02
Android Phone ပျောက်သွားလား? Tracking App လဲဖုန်းမှာထည့်မထားမိဘူးဆိုရင် ဘယ်လို ပြန်ရှာမလဲ?ပြန်ရှာလို့ ရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ သင့်ဖုန်းပျောက်သွားပြီးမှ ဖုန်းမှာ tracking app ကို Google Play Store ကနေ remote install လုပ်လို့ ရတဲ့ အတွက်ကြောင့်ပါ။သင့်ဖုန်းမှာတော့ သင့် google account ကို add ထားဖို့ တော့လိုပါတယ်။
Android Lost
ဒီဆောင်းပါးမှာတော့ android lost ကို သုံးပါမယ်။Android lost က android 2.2 and up မှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် ဖုန်းတော်တော်များများနဲ့  အဆင်ပြေပါတယ်။တစ်ခြား သင့်ဖုန်း နဲ့  compatible ဖြစ်တဲ့ tracking app တွေကိုလည်းသုံးနိုင်ပါတယ်။ Google Play Store မှာ Android Lost ကို အင်စတောလုပ်ပါ။This item cannot be installed in your device's country ဆိုပြီး အင်စတောလုပ်မရရင် VPNium Premium,TunnelBear,Ultrasurf တို့ လို ကျော်ခွတဲ့ ဆော့ဝဲသုံးပါ။
2
နောက် ပြီး ရင် တစ်ခြားဖုန်း တစ်ခု ကနေ သင့်ဖုန်းကို androidlost register လို့ ရိုက်ပြီး message ပို့ ပေးပါ။
Tracking
2
3
သင့်ဖုန်း မှာ Android Lost ကို remote install လုပ်ဖို့ နဲ့  register လုပ်ဖို့  သင့်ဖုန်းမှာ  google accout ရှိရ ပါမယ် ၊ သင့်ဖုန်း power on နေရ ပါမယ် ၊ သင့်ဖုန်းမှာ ကွန်နက်ရှင်ရှိနေရ ပါမယ်။ အောက်ကပုံမှာလို သင့် ဖုန်း က register လုပ်တာကို စောင့်နေပါတယ်  ဆို တဲ့ message ပေါ်နေရင်တော့ register လုပ်ပြီးတဲ့အထိစောင့်ပေးပါ။ Play Store ကနေ remote install ခနခနပြန်လုပ်ပေးပါ။ SMS ပို့ ပြီး register ခနခနပြန်လုပ်ပေးပါ။
4
0 comments:
Post a Comment