Friday, June 21, 2013

Widgets

Web Of Trust : သင့် ယုံကြည်စိတ်ချစွာ ကြည့်နိုင်မယ့် ဆိုက်တွေကို ဖော်ပြပေးမယ့် WOT

1

Internet Websites တွေမှာ သင့်အကောင့်တွေ ကို ခိုးယူနေတဲ့ဆိုက်တွေ ၊ virus , malware တွေ ဖြန့် ဝေနေတဲ့ဆိုက်တွေ များစွာ ရှိပါတယ်။အဲဒီဆိုက်တွေ ကို သင် ဘယ်လို သိနိုင်မလဲ? Web Of Trust (WOT) က community-driven service တစ်ခု ဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ဆိုက်တွေကို ကမ္ဘာတစ်ဝန်း က WOT အသုံးပြုသူတွေ က rate လုပ်ပေးထားကြပါတယ်။အဲဒီအတွက် WOT ကို အသုံးပြုရင် ယုံကြည်စိတ်ချရတဲ့ဆိုက်လား ? အန္တရယ် ရှိတဲ့ဆိုက်လား ? ဆိုတာ သင်ခွဲခြားသိနိုင်ပါတယ်။WOT က browser မှာ အင်စတောလုပ်ပြီး အသုံးပြုရတဲ့ add-on ,extension ဖြစ်ပြီး Firefox,Chrome , Internet Explorer, Safari and Opera စတဲ့ browser တွေ မှာသုံးနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ chrome ကို အသုံးပြုပြီး ရေးမှာပါ။

Setting Up WOT

WOT ကို chrome မှာ အင်စတောလုပ်ပြီးရင် welcome page ကို ရောက်သွားပါမယ်။ Protection setting ၃ ခု ထဲက သင် အသုံးပြုမှုပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ဝက်ဆိုက်အားလုံးမှာ rating icon ပြပေးစေချင်ရင် Basic ကို ရွေးချယ်ပါ။ Poorly rated sites တွေကို ပဲ rating icon ပြပေးစေချင်ရင် Light ကိုရွေးပါ။Parental Control ကို ရွေးပြီး ကလေး တွေ နဲ့ မသင့်တော်တဲ့ဆိုက်တွေကို block လုပ်ခိုင်း လို့ ရပါတယ်။Welcome page ဒုတိယအဆင့်မှာ sign up လုပ်ရင်တော့ ၀က်ဆိုက်တွေ နဲ့ ပတ်သက်ပြီး ကွန်းမန့် တွေ ရေးနိုင်တာတွေ ၊ ဖိုရမ် တွေ မှာ ၀င်ရောက်ဆွေးနွေးနိုင်တာတွေ လုပ်နိုင်ပါတယ်။ဒီအဆင့်က optional ဖြစ်ပြီး မလုပ်လည်းရပါတယ်။

2

Using WOT

Google ကနေ ဖြစ်ဖြစ် တစ်ခြား search engine ကနေ ဖြစ်ဖြစ် တစ်ခုခုကို ရှာရင် ၀က်ဆိုက်တွေ ဘေးမှာ WOT icon ကို တွေ့ မြင်နိုင်ပြီးစိတ်ချရတဲ့ဆိုက် ဟုတ်မဟုတ်သိရှိနိုင်ပါတယ်။Social Media, online email, shortened urls, many popular sites တွေမှာပါ wot icon ကိုတွေ့ မြင်နိုင်ပါတယ်။ အရောင်သတ်မှတ်ချက်တွေကို အောက်ကပုံမှာတွေ့ မြင်နိုင်ပါတယ်။

ashampoo 03

Browser က WOT icon ကို နှိပ်ပြီး  သင် ရောက်ရှိနေတဲ့ ၀က်ဆိုက် ရဲ့  rating ကို ကြည့်နိုင်သလို သင်ကိုယ်တိုင်လည်း rate လုပ်ပေးနိုင်ပါတယ်။ 

ashampoo 04

Rating မကောင်းတဲ့ ဆိုက်တစ်ခုကို သင်ဝင်ရောက် ရင် WOT က သင့်ကို warning ပေးပါလိမ့်မယ်။ ဒါပေမယ့် warning ကို လစ်လျှူ ရှုပြီး ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံပေါ့ဗျာ။

ashampoo 05

Browser  က WOT icon ကို right click နှိပ်ပြီး options ထဲဝင်ရောက်နိုင်ပါတယ်။Options ထဲမှာတော့ သင်ဟာ adult ဖြစ်ရင် child safety ကို off လုပ်လို့ ရတာတွေ ၊ wot icon ကို ပြပေးမယ့် search engine တွေကို ရွေးချယ်တာတွေ ၊warning level ကို ချိန်ညှိတာတွေ ၊ color blind တွေ အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ wot ကို အသုံးပြုနိုင်တာတွေ ပြုလုပ်နိုင်ပါတယ်။

Checkout WOT @ www.mywot.com/

0 comments:

Post a Comment