Thursday, June 20, 2013

Widgets

Sandboxie : Applications တွေကို Sandboxie မှာ စမ်းသပ်အသုံးပြုမယ်

1

Applications တွေကို သင့် ကွန်ပြူတာမှာ တကယ် အင်စတောမလုပ်ပဲနဲ့ စမ်းသပ်သုံးစွဲချင်တဲ့ အခါမျိုးတွေ ၊ အန္တရာယ် ရှိနိုင်တဲ့ Applications တွေကို စမ်းသပ်အသုံးပြုချင်တဲ့ အခါမျိုးတွေ မှာ Sandboxie ကအသုံးဝင်ပါတယ်။သင့်ကွန်ပြူတာမှာ အင်စတောလုပ်ပြီးသား  applications,browsers, email client  တွေကိုလည်း Sandboxie မှာ run ပြီးသုံးနိုင်ပါတယ်။Sandboxie က အရင် version တွေ မှာ Windows 32 bit system တွေမှာပဲသုံးနိုင်ပါတယ်။ အခု version 4.02 မှာတော့ Windows 64 bit system တွေကို  fully support ပေးလာတဲ့အတွက် Sandboxie အကြောင်းရေးပေးလိုက်ပါတယ်။

Sandboxie က Sandbox လို့ ခေါ်တဲ့ Virtual Environment တစ်ခု ဖန်တီးပြီး Applications တွေကို run ပေးနိုင်တာကြောင့်  သင့်ရဲ့ System ကို မထိခိုက်စေပါဘူး။

1

Installation

Sandboxie ကို အင်စတောလုပ်ရင် Driver ကို အင်စတောလုပ်ပါလိမ့်မယ်။ Driver အင်စတောလုပ်တာ fail ဖြစ်ရင် System ကို restart ချပြီး Sandboxie ကို ပြန်ပြီးအင်စတောလုပ်ပါ။အင်စတောလုပ်ပြီးရင် Software Compatibility ၀င်းဒိုးကိုတွေ့ မြင်ရပြီး အဲဒီ Software တွေ Sandboxie မှာကောင်းကောင်းအလုပ်လုပ်နိုင်ဖို့  OK နှိပ်ပါ။ပြီးရင်တော့ Sandboxie အသုံးပြုနည်း အခြေခံကို ပြပေးပါလိမ့်မယ်။ဒီဆောင်းပါးမှာတော့ Sandboxie က ပြပေးတဲ့ အခြေခံအသုံးပြုနည်းတွေကို မရေးတော့ဘဲ ကျော်သွားပါမယ်။

ashampoo 01

Using Sandboxie

Programs တွေကို Sandboxie မှာ အသုံးပြုခြင်း

Sandboxie ကို အင်စတောလုပ်ပြီးရင် Sandboxie Control ၀င်းဒိုးမြင်ရမှာပါ။ Sandbox DefaultBox အပေါ်မှာ right click နှိပ်ပြီး browser , email reader, program, start menu , windows explorer စတာတွေကို sandboxie မှာ run ပြီးသုံးနိုင်ပါတယ်။Program တစ်ခု ကို sandboxie မှာ run ဖို့  တစ်ခြားနည်းတစ်ခု က desktop က program  shortcut ပေါ်မှာ right click နှိပ်ပြီး context menu ကနေ Run sandboxed ကိုနှိပ်ပါ။

ashampoo 05

ashampoo 21

System tray မှာလည်း sandboxie အိုင်ကွန်ကို တွေ့ မြင်နိုင်ပြီး right click နှိပ်ပြီး  sandboxie ကို အသုံးပြုနိုင်ပါတယ်။

ashampoo 17

Program တစ်ခု ကို Sandboxie မှာ run ကြည့်ရင် title bar မှာ [#] ကို တွေ့ မြင်ရပြီး အ၀ါရောင်ဘောင်ခတ်ပြီး တွေ့ မြင်ရမှာပါ။ပုံမှာ Paint ကို Sandboxie မှာ run ကြည့်တာပါ။

ashampoo 07

Paint ကို အသုံးပြုပြီးပြုလုပ်လိုက်တဲ့ ပုံတွေကို C:\Sandbox ဖိုဒါအောက်မှာတွေ့ နိုင်ပါတယ်။Sandboxie ထဲ မှာ အသုံးပြုတဲ့ programs တွေကနေ ပြုလုပ်လိုက်တဲ့ဖိုင်တွေ Browsers တွေကနေ ဒေါင်းလုပ်လုပ်လိုက်တဲ့ ဖိုင်တွေကို အဲဒီဖို ဒါမှာ တွေ့ မြင်နိုင်ပြီး အဲဒီဖိုင်တွေကို သင် ပြောင်းချင်တဲ့နေရာကို ကူးနိုင်ပါတယ်။အဲဒီသိမ်းထားတဲ့ဖိုင်တွေကို ကြည့်ဖို့   Sandbox DefaultBox ပေါ် right click နှိပ်ပြီး Explore Contents ကိုနှိပ်ပါ။

ashampoo 14

ashampoo 08

Programs တွေကို Sandboxie မှာ အင်စတောလုပ်ခြင်း

Programs တွေကို Sandboxie မှာ စမ်းသပ်သုံးဖို့  installer ပေါ်မှာ right click နှိပ်ပြီး Run sandboxed ကိုနှိပ်ပါ။အင်စတောလုပ်တဲ့ဖိုဒါက တကယ့် system folder မှာ အင်စတောလုပ်တာမဟုတ်ဘဲ C:\sandbox ဖိုဒါမှာအင်စတောလုပ်ပေးမှာပါ။ဒါဆိုရင် Programs တွေကို တကယ့် system မှာ အင်စတောလုပ်စရာမလို ဘဲ စမ်းသပ်အသုံးပြုနိုင်ပါပြီ။

ashampoo 09

Sandboxie မှာ အင်စတောလုပ်ထားတဲ့ programs တွေရဲ့  install folder ကို  C:\sandbox အောက်မှာ ရှာတွေ့ နိုင်ပြီး shortcut တွေကို desktop မှာတင်ထားနိုင်ပါတယ်။အဲဒီ programs တွေက delete contents မလုပ်မချင်းသုံးနိုင်ပါတယ်။

ashampoo 16

ashampoo 15

Immediate Recovery

ဖိုင်တွေကို save လုပ်တဲ့အခါ immediate recovery လုပ်မလားမေးတတ်ပါတယ်။အဲဒါက sandbox ဖိုဒါမှာဖိုင်တွေသိမ်းတာဖြစ်တဲ့အတွက်  Delete contents လုပ်တဲ့အချိန်မှာ ဖိုင်တွေ ဖျက်ပြစ်မှာပါ။အဲဒီအတွက် sandbox ဖိုဒါကဖိုင်တွေကို သင်ကြိုက်တဲ့နေရာမှာသိမ်းဖို့  ပြောတာပါ။ Same Folder ထဲမှာ recover လုပ်နိုင်သလို Any Folder ကိုရွေးပြီး recover လုပ်နိုင်ပါတယ်။နောက်မှ Quick recovery လုပ်ပြီးသိမ်းနိုင်တဲ့အတွက်ချက်ချင်း မသိမ်းချင်ရင် Close ကိုနှိပ်ပါ။

ashampoo 11

Quick Recovery

Sandboxie ထဲမှာ အသုံးပြုထားတဲ့ programs  တွေကနေပြုလုပ်ထားတဲ့ဖိုင်တွေ browsers တွေကနေ  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်တွေကို ရယူဖို့ အတွက်အပေါ်ကနည်း တွေအတိုင်းပြုလုပ်နိုင်ပါတယ်။နောက်နည်းဖြစ်တဲ့ Quick recovery ကပို ပြီးလွယ်ကူအဆင်ပြေပါတယ်။Sandbox DefaultBox ပေါ်မှာ right click နှိပ်ပြီး Quick recovery ကိုနှိပ်ပါ။

ashampoo 12

Same Folder ထဲမှာ recover လုပ်နိုင်သလို Any Folder ကိုရွေးပြီး recover လုပ်နိုင်ပါတယ်။တစ်ခု မှတ်ထားရမှာက Quick recovery က sandbox  ဖိုဒါအောက်က Desktop, Favorites and My Documents  စတဲ့ဖိုဒါကဖိုင်တွေကိုပဲ scan လုပ်ပေးမှာပါ။သင်သိမ်းထားတဲ့ ဖိုဒါက တစ်ခြားနေရာမှာဆိုရင် Add Folder ကိုနှိပ်ပြီး ဖိုင်တွေ သိမ်းထားတဲ့ဖိုဒါကို add ပါ။ပြီးမှ scan လုပ်ခိုင်းပြီး recover လုပ်ပါ။

ashampoo 13

Delete Contents

Programs တွေကိုလည်းစမ်းသပ်အသုံးပြုပြီးပြီ လို ချင်တဲ့ ဖိုင်တွေကိုလည်း recover လုပ်ပြီးပြီဆိုရင် Sandbox ထဲမှာအင်စတောလုပ်ထားတဲ့ programs တွေ သိမ်းထားတဲ့ဖိုင်တွေကို ရှင်းနိုင်ပါတယ်။ဒီလိုလုပ်ဖို့ Sandbox DefaultBox ပေါ်မှာ right click နှိပ်ပြီး Delete Contents ကိုနှိပ်ပါ။

ashampoo 19

Free Vs Pro

ကျွန်တော် စမ်းသပ်သုံးကြည့်တာတော့ Sandboxie ကအလုပ်ကောင်းကောင်းလုပ်ပါတယ်။ဒါပေမယ့် Sandboxie ထဲမှာ run လို့ မရတဲ့ programs အနည်းငယ်ရှိပြီး Known Conflicts page မှာကြည့်ပါ။ Sandboxie က free နဲ့  pro version နှစ်မျိုးရှိပြီး pro version မှာတော့ programs , folders တွေကို အလို လို sandbox မှာ run အောင်ပြုလုပ်နိုင်တဲ့ Forced Programs, Forced Folders ဆိုတဲ့ feature ပါဝင်ပါတယ်။Sandboxie မှာ Sandbox DefaultBox အပြင် နောက်ထပ် sandbox တွေပြုလုပ်သုံးနိုင်ပါတယ်။ဒါပေမယ့် sandbox နှစ်ခု မှာ programs တွေကို တစ်ပြိုင်နက်သုံးလို့ မရဘဲ pro version သုံးမှသာ sandbox နှစ်ခု လုံးမှာ programs တွေတစ်ပြိုင်နက်သုံးလို့ ရမှာပါ။Pro version ကို ရှာတွေ့ ရင်တင်ပေးပါမယ်။ Programs တွေကို စမ်းသပ်အသုံးပြုဖို့ အတွက်ဆိုရင်တော့ Free version သုံးရတာလည်းအဆင်  အဆင်ပြေပါတယ်။Free version သုံးလို့  ရက် ၃၀  ပြည့်ရင်တော့ pro version သုံးဖို့  message ကျလာပါတယ်။စက္ကန့် အနည်းငယ်စောင့်ပြီး Click to close this window and continue ကိုနှိပ်ပြီး free version ကို ဆက်သုံးနိုင်ပါတယ်။Free version က အချိန်အကန့် အသတ်မရှိသုံးနိုင်ပါတယ်။အောက်က message box လေးသာကျလာတာပါ။

ashampoo 04

Sandboxie Vs  VirtualBox

Programs တွေကို စမ်းသပ်သုံးစွဲဖို့  အတွက်  VirtualBox ကို လည်းသုံးနိုင်ပါတယ်။VirtualBox ကိုအသုံးပြုရင် သင့် system က ram memory ကို မျှပြီးပေးထားရပါတယ်။အဲဒီအတွက် VirtualBox ကို သုံးရင် စက်လေးတတ်ပါတယ်။ အဲဒီအတွက် programs တွေကို စမ်းသပ်သုံးမယ်ဆိုရင် Sandboxie ကပိုကောင်းပါတယ်။ Operation System တွေကို စမ်းသပ်သုံးချင်တယ်ဆိုရင်တော့ VirtualBox က ကောင်းပါတယ်။

Download Sandboxie @ www.sandboxie.com/

0 comments:

Post a Comment